News @ M-Media

Tag: SerieA

  • အသင်းကြံ့ခိုင်မှုမှာ မိမိရောက်စဉ် ကတည်းက ဆိုးရွားနေခဲ့သည်ဟု အေစီနည်းပြ ဆီးဒေါ့ဖ်ဆို

    ဧပြီ ၁၃၊ ၂၀၁၄
    M-Media

    – မိမိရောက်ရှိလာသည့်အချိန်တွင် တစ်သင်းလုံးမှာ ကြံ့ခိုင်မှု ပြည့်ဝခြင်းမရှိဟု အေစီမီလန်အသင်း၏ နည်းပြ ဆီးဒေါ့ဖ်က ပြောကြားလိုက်သည်။

    388306_heroa

    နည်းပြဟောင်း အယ်လီဂရီလက်ထက်တွင် အသင်းမှာ အခြေအနေဆိုးရွားခဲ့ပြီး စီးရီးအေ အမှတ်ပေးဇယား အဆင့် ၁၁ အထိကျဆင်းခဲ့သောကြောင့် အသင်းက အလ်လီဂရီအား ထုတ်ပယ်ခဲ့ကာ ဆီးဒေါ့ဖ်ဖြင့် အစားထိုးခဲ့ခြင်းဖြစ်သည်။ ကာတာနီယာနှင့် ယနေ့တွင်ကစားမည့် ပွဲမတိုင်ခင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဆီးဒေါ့ဖ်က အလ်လီဂရီနီမှာ ရော်ဘင်ဟို အပါအ၀င် ကစားသမားများအားလုံး၏ ကြံ့ခိုင်မှုကို ထိန်းသိမ်းနိုင်ခြင်းမရှိဟု ပြောဆိုခဲ့သည်။

    “ရော်ဘင်ဟိုအပါအ၀င် တစ်သင်းလုံးဟာ ကြံခိုင်မှုပိုင်းဆိုင်ရာမှာ တော်တော်လေး ဆိုးရွားနေခဲ့ပါတယ်။ ကျွန်တော်ရောက်လာတဲ့အချိန်မှာ သူ(ရော်ဘင်ဟို) ဟာ ကြံ့ခိုင်မှုမပြည့်ဝပါဘူး။ ဒါပေမယ့် သူ့မှာ ကစားချင်စိတ်တော့ရှိပြီး၊ ပွဲအများဆုံး ပါဝင်ကစားရသူလည်းဖြစ်ပါတယ်။ သူဟာ လေ့ကျင့်ကွင်းမှာ တိုးတက်မှုအရှိဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်တယ်ဆိုတာ သေချာပါတယ်” ဟု ဆီးဒေါ့ဖ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

    ကစားသမားအဖြစ် အေစီမီလန်အသင်းအတွက် ၄၃၁ ပွဲကစားပေးခဲ့ပြီး ဂိုးပေါင်း ၆၀ သွင်းယူပေးနိုင်ခဲ့သည့် ဆီးဒေါ့ဖ်က အသင်းအနေဖြင့် တိုးတက်လာမည်ဟု ယုံကြည်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

  • အေစီမီလန်အသင်း၏ ရလဒ်ဆိုးများကြောင့် ပရိတ်သတ်များ ဆန္ဒပြ

    မတ် ၁၆၊ ၂၀၁၄
    M-Media
    379232_heroa
    – တစ်ချိန်တစ်ခါက စီးရီးအေ၏ အသင်းကြီးဖြစ်ခဲ့သော်လည်း ယခုလက်ရှိ စွမ်းဆောင်ရည် ကျဆင်းနေမှုကို မကျေနပ်သောကြောင့် အေစီမီလန်အသင်း ပရိတ်သတ်များက ဆန်စီရိုကွင်းရှေ့တွင် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

    ရာပေါင်းများစွာသော မီလန်ပရိတ်သတ်များမှာ ယနေ့တွင်ကစားမည့် ပါးမားအသင်းနှင့် စီးရီးအေပွဲမတိုင်ခင် ဆန်စီရိုကွင်းအား ၀န်းရံကာ အသင်းနှင့် အသင်းသားများအား ရှုံ့ချသော ကျွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

    ယခုနှစ်ဘောလုံးရာသီတွင် အေစီမီလန်အသင်း၏ ရလဒ်များမှာ ဆိုးရွားနေခဲ့သောကြောင့် နည်းပြဟောင်း အယ်လီဂရီအား ထုတ်ပယ်ကာ ကစားသမားဟောင်း ဆီးဒေါ့ဖ်ကို နည်းပြအဖြစ် ခန့်အပ်ထားသော်လည်း ရလဒ်များကောင်းလာခြင်းမရှိပဲ၊ ယခုလတ်တလောတွင်လည်း ၃ ပွဲဆက်တိုက်ရှုံးနိမ့်ထားပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှလည်းထွက်ခဲ့ရသည်။

  • ၁၁ မှတ်ဖြတ် ထားသော်လည်း ချန်ပီယံပြိုင်ပွဲ အဆုံးမသတ်သေးဟု ဂျူဗင်တပ် နည်းပြသတိပေး

    မတ် ၇၊ ၂၀၁၄
    M-Media

    374712_heroa

    – စီးရီးအေချန်ပီယံဖြစ်ရေးပြိုင်ဆိုင်မှုမှာ အဆုံးမသတ်သေးသောကြောင့် အသင်းရှိ ကစားသမားများ အာရုံစူးစိုက်မှု မကျသွားစေရန် ဂျူဗင်တပ်စ်အသင်း၏ တိုက်စစ်မှူး ဖာနန်ဒို လော်ရန်တေးက သတိပေးခဲ့ပြီး၊ အသင်း၏ ပုံစံကောင်းများအတွက်လည်း ၎င်းက ချီးကျူးပြောဆိုခဲ့သည်။

    လက်ရှိချန်ပီယံဂျူတပ်စ်အသင်းမှာ စီးရီးအေ အမှတ်ပေးဇယား၌ ထိပ်ဆုံးတွင်ရှိနေပြီး ဒုတိယနေရာမှ ရိုးမားထက် တစ်ပွဲအသာ ၁၁ မှတ်ဖြတ်ကာ ဦးဆောင်ထားသည်။ သို့သော်လည်း လော်ရန်တေးက စီးရီးအေ ဖလားအား ထပ်မံဆွတ်ခူးရန်အတွက် မိမိတို့၏ လက်ရှိပုံစံကောင်းကို ရာသီကုန်အထိ ဆက်လက်ထိန်းသိမ်းသွားရမည်ဟု ဆိုသည်။

    “ရိုးမားအသင်းနဲ့ ဒီလိုအမှတ်တွေကွာအောင် လုပ်ဆောင်နိုင်ခဲ့တာ ကျွန်တော်မအံ့သြပါဘူး။ ကျွန်တော်တို့ရဲ့ အခြေအနေဟာ အခုအချိန်အထိ ပြောစရာမရှိပေမယ့် ဒီလိုအမှတ်တွေကို လွယ်လွယ်ကူကူနဲ့ ရခဲ့တာတော့ မဟုတ်ပါဘူး” ဟု လော်ရန်တေးက Sky Sport Italia သို့ ပြောကြားခဲ့သည်။

    ဂျူဗင်တပ်စ်အသင်းမှာ ယူရိုပါလိဂ်တွင် ဖီအိုရင်တီးနားဖြင့် တွေ့ဆုံရမည်ဖြစ်ပြီး၊ ယခုနှစ်အစက စီးရီးအေရှုံးကြွေးအား ပြန်လည်ဆပ်သွားမည်ဟု လော်ရန်တေးက ထည့်သွင်းပြောကြားခဲ့သည်။

  • အတိတ်ဆိုးများအား ချေဖျက်နိုင်ခဲ့ပြီဟု ရိုးမားအသင်း နည်းပြ ဂါစီယာဆို

    ဖေဖော်ဝါရီ ၁၇ ၊ ၂၀၁၄
    M-Media
    368955_heroa
    – ယခုနှစ်ရာသီတွင် အသင်းအနေဖြင့် အချိုး အကွေ့များစွာကို တွေ့ရှိခဲ့ပြီး အတိတ်ဆိုးများအား ထားပစ်ခဲ့ပြီဟု ရိုးမားအသင်း၏ နည်းပြဖြစ်သူ ရူဒီဂါစီယာက ပြောကြားလိုက်သည်။

    ထို့ပြင် ယခုနှစ် စီးရီးအေ ပွဲစဉ် ၄ ၌ လာဇီယို အသင်းအား ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ယမန်နှစ် ကိုပါအီတာလီယာ ဖလားပြိုင်ပွဲ ဗိုလ်လုပွဲတွင် ရှုံးနိမ့်ခဲ့မှုအား လက်စားချေနိုင်ခဲ့ခြင်းထက် မည်သည့်အရာမှ ပို၍ အရေးမပါဟု ထည့်သွင်းပြောကြားခဲ့သည်။ ရိုးမားအသင်းမှာ ပြီးခဲ့သည့်နှစ် ဗိုလ်လုပွဲတွင် လာဇီယိုအသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး ဒုတိယနေရာသာ ရရှိခဲ့သည်။

    လာဇီယိုအားနိုင်ခဲ့ခြင်းက အိပ်မက်ဆိုးများကို ချေဖျက်နိုင်ခဲ့ပြီး စီးရီးအေ ချန်ပီယံဖြစ်ခွင့်ကို လမ်းခင်းပေးခဲ့ခြင်းဖြစ်သည်ဟု ဂါစီယာက ခံစားနေရသည်။

    “အခုနှစ်ရာသီအတွင်းမှာ အဆုံးအဖြတ် အချိန်တွေ အများကြီးရှိခဲ့ပါတယ်” ဟု ဂါစီယာက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ဂါစီယာမှာ အသင်းခေါင်းဆောင် တော့တီကိုလည်း ချီးကျူးခဲ့ပြီး၊ ပြိုင်ဘက်ကင်း ခေါင်းဆောင်တစ်ဦးနှင့် ထူးခြားသော ကစားသမားဖြစ်သည်ဟု ပြောကြားခဲ့သည်။ ရိုးမား အသင်းမှာ ယခုနှစ်တွင် ခြေစွမ်းကောင်းများ ပြသနေပြီး အမှတ်ပေး ဇယား၏ ဒုတိယနေရာတွင် ရှိနေသည်။
    Ref: Goal