News @ M-Media

Tag: SerieA

  • ဘာစီလိုနာအား အနိုင်ရခဲ့ခြင်းမှာ ကောင်းမွန်သော ရလဒ်ဖြစ်သည်ဟု ဘင်နီတက်ဇ်ဆို

    ဘာစီလိုနာအား အနိုင်ရခဲ့ခြင်းမှာ ကောင်းမွန်သော ရလဒ်ဖြစ်သည်ဟု ဘင်နီတက်ဇ်ဆို

    သြဂုတ် ၈ ၊ ၂၀၁၄
    M-Media
    442371_heroa
    – ရာသီကြိုခြေစမ်းပွဲများတွင် အသင်း၏ တိုးတက်မှုအတွက် ပျော်ရွှင်မိပြီး၊ စပိန်ထိပ်သီး ဘာစီလိုနာအသင်းအား အနိုင်ရခဲ့ခြင်းမှာ ကောင်းမွန်သည့် နိုင်ပွဲဖြစ်သည်ဟု နာပိုလီအသင်း နည်းပြဖြစ်သူ ဘင်နီတက်ဇ်က ပြောကြားလိုက်သည်။

    ယခုတစ်ပတ်အတွင်း ဗီယင်နာတွင် ကစားခဲ့သည့် ခြေစမ်းပွဲတွင် နာပိုလီအသင်းမှာ ပွဲပြီးကာနီး ၁၀ မိနစ်အလို ဘလာရင် ဇီမိုင်လီ၏ ဝေးကန်ချက်ဖြင့် ဘာစီလိုနာအသင်းအား အနိုင်ရရှိခဲ့သည်။

    ထိုပွဲ ဒုတိယပိုင်းတွင် ဘင်နီတက်ဇ်မှာ ၁၀ ယောက်တိတိ လူစားလဲခဲ့ပြီး ရာသီသစ်အတွက် အသင်း၏ ပုံစံကို အားရကျေနပ်သည်ဟု ပြောကြားခဲ့သည်။

    “ဘာစီလိုနာအကို အနိုင်ရတာဟာ အမြဲတမ်းအတွက် ကောင်းသွားပါတယ်။ အခု ကောင်းလေးတွေ(ကစားသမားတွေဟာ) ချီးကျူးခံထိုက်နေပါပြီ။ ကျွန်တော်တို့ အလုပ်ကောင်းကောင်းလုပ်ပြီး ဒီလိုဆက်သွားရမယ်ဆို အာရုံထဲမှာ ရှိနေပါတယ်။ အသင်းမှာ ပိုကောင်းတဲ့ အစီအစဉ်လုပ်ဖို့ လိုပြီး တိုးတက်နိုင်မလားဆိုတာကို ကြည့်ရပါမယ်” ဟု ဘင်နီတက်ဇ်က အသင်း၏ ၀ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။

    ဘင်နီတက်ဇ်၏ ဦးဆောင်မှုဖြင့် နာပိုလီအသင်းမှာ ပြီးခဲ့သည့် ဘောလုံးရာသီကလည်း စီးရီးအေ၌ ခြေစွမ်းပြနိုင်ခဲ့သည်။

  • အတိတ်ဆိုးကို မေ့ပစ်ရန် ဘာလော့တယ်လီအား အေစီမီလန် နည်းပြသစ် အင်ဇာဂီ တိုက်တွန်း

    အတိတ်ဆိုးကို မေ့ပစ်ရန် ဘာလော့တယ်လီအား အေစီမီလန် နည်းပြသစ် အင်ဇာဂီ တိုက်တွန်း

    ဇူလိုင် ၂၃ ၊ ၂၀၁၄
    M-Media
    412119_heroa
    – ဘာလော့တယ်လီအား အသင်းမှ ရောင်းချမည်မဟုတ်ဘဲ ၎င်းအနေဖြင့်လည်း အတိတ်ဆိုးများကို မေ့ပစ်ရမည်ဟု အေစီမီလန်အသင်းနည်းပြ အင်ဇာဂီက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်နှစ်က ၄ နှစ်ခွဲစာချုပ်ဖြင့် အေစီမီလန်အသင်းသို့ ပြောင်းရွှေ့ခဲ့သည့် ဘာလော့တယ်လီမှာ အသင်း၌ ၁၈ လတာ ကစားခဲ့သည့် အချိန်အတွင်း ပြဿနာများစွာနှင့် ကြုံတွေ့ခဲ့ရသည်။ ထို့ကြောင့် ယခုနှစ်တွင် အသင်းမှ ထွက်ခွာမည်ဟု သတင်းများထွက်ပေါ်နေပြီး အာဆင်နယ်အသင်းကလည်း ခေါ်ယူရန် စိတ်ဝင်စားနေသည်။

    သို့သော်လည်း ဆီးဒေါ့ဖ်၏ နေရာကို အစားထိုးခဲ့သည့် နည်းပြသစ် အင်ဇာဂီကမူ ဘာလော့တယ်လီအား ပုံမှန်နေရာပေးမည်ဟု အာမခံထားသည်။

    “ဘာလော့တယ်လီဟာ မီလန်အတွက် သိပ်ကိုအရေးပါတဲ့ ကစားသမားပါ။ အခြားကစားတွေကို ပြုမူဆက်ဆံသလိုမျိုး သူ့ကိုလည်း ဆက်ဆံသွားမှာပါ။ သူနဲ့ ပတ်သက်ပြီး ကျွန်တော်ကြားဖူးသမျှ အကောင်း၊ အဆိုး အားလုံးကို ကျွန်တော် မေ့ပစ်မှာပါ။ အသင်းက ဆုံးဖြတ်ဖြတ်ချက် ချမှာဖြစ်ပေမယ့် ကျွန်တော့အတွက်တော့ မာရီယို(ဘာလော့တယ်လီ)ဟာ မီလန်နဲ့ နိုင်ငံအသင်းအတွက် ပါရမီရှိတဲ့ကစားသမားလို့ မှတ်ယူပါတယ်” ဟု အင်ဇာဂီက ပြောကြားခဲ့သည်။

    ဘာလော့တယ်လီမှာ ပြီးခဲ့သည့် ဘောလုံးရာသီက အေစီမီလန်အသင်းအတွက် ၄၃ ပွဲကစားပေးခဲ့ပြိး ၁၉ ဂိုးသွင်းယူပေးထားနိုင်သည်။

  • အေစီမီလန်က အလိုရှိလျှင် နည်းပြအဖြစ် ဆောင်ရွက်ရန် အဆင်သင့်ဟု အင်ဇာဂီဆို

    မေ ၃၁ ၊ ၂၀၁၄
    M-Media

    363691_heroa

    – အေစီမီလန်အသင်းက မိမိအား နည်းပြအဖြစ် ခန့်အပ်ရန် ဆုံးဖြတ်ပါက အဆင်သင့်ဖြစ်နေပြီဟု အေစီမီလန်ကစားသမားဟောင်း ဖိလစ်ပို အင်ဇာဂီက ပြောကြားလိုက်သည်။

    အေစီမီလန်အသင်းမှာ လက်ရှိနည်းပြဆီးဒေါ့ဖ်အား အသင်းမှဖယ်ရှားရန် ရှိနေပြီး အင်ဇာဂီအား ခန့်အပ်မည်ဟု သတင်းများထွက်ပေါ်နေကာ အီတလီအားကစား စာစောင်များကလည်း ထိုသတင်းအား ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနေကြသည်။

    “ဖတ်ရတာတွေအတွက် သိပ်ကိုစိတ်လှုပ်ရှားရပါတယ်။ ဒါတွေကို ဖတ်ရတဲ့အတွက် ဘယ်သူက စိတ်မလှုပ်ရှားဘဲနေမလဲ။ မီလန်ဟာ ကျွန်တော့်ရဲ့ ဘ၀၊ ကျွန်တော့်ရဲ့ ဇာတ်ကြောင်းပါပဲ” ဟု Milan Channel သို့ အင်ဇာဂီက ပြောကြားခဲ့သည်။

    လက်ရှိနည်းပြ ဆီးဒေါ့ဖ်မှာ ဇန်န၀ါရီလက အလ်လီဂရီနေရာသို့ အစားထိုးဝင်ရောက်လာခဲ့ပြီး အသင်းအား ဥရောပ ဘောလုံးပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရအောင် စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ပေ။ အင်ဇာဂီမှာ ယခုလက်ရှိတွင် အေစီမီလန်လူငယ်အသင်း၏ နည်းပြအဖြစ် ဆောင်ရွက်နေသူဖြစ်သည်။

  • ယခုနှစ် ဂျူဗင်တပ်စ် အောင်မြင်မှုမှာ အသင်း သမိုင်းတွင် မမေ့နိုင်သည့်နေ့ ဖြစ်လာမည်ဟု နည်းပြ ကွန်တီဆို 

    ယခုနှစ် ဂျူဗင်တပ်စ် အောင်မြင်မှုမှာ အသင်း သမိုင်းတွင် မမေ့နိုင်သည့်နေ့ ဖြစ်လာမည်ဟု နည်းပြ ကွန်တီဆို 

    မေ ၁၉၊ ၂၀၁၄
    M-Media

    407142_heroa


    – စီးရီးအေချန်ပီယံဖြစ်ခဲ့ပြီး စံချိန်တင် ၁၀၂ မှတ်ဖြင့်ရာသီသိမ်းခဲ့သည့် ယခုနှစ်ရာသီမှာ ဂျူဗင်တပ်စ်သမိုင်းတွင် မမေ့နိုင်စရာနေ့တစ်နေ့ဖြစ်မည်ဟု နည်းပြ ကွန်တီက ပြောကြားခဲ့သည်။


    ဂျူဗင်တပ်စ်အသင်းမှာ ကယ်ဂလီယာရီကို ၃ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့ပြီး အိမ်ကွင်းရာနှုန်းပြည့်နိုင်ပွဲရခဲ့ကာ စံချိန်တင်နိုင်ခဲ့သည်။ ကွန်တီကလည်း အသင်းသားများကို ချီးကျူးခဲ့သည်။ 

    “အခုအချိန်အထိ အသင်းအသားတွေအားလုံး အကောင်းဆုံးဖြစ်နေပါတယ်။ သူတို့ဟာ အားလုံးထက် သာလွန်ခဲ့ပြီး သူတို့လုပ်ခဲ့တာတွေကလည်း ထူးခြားတဲ့အရာပါပဲ။ သူတို့ကို ကျေးဇူးတင်ကြောင်း” ဟု ကွန်တီ၏ ပြောကြားချက်အား ဂျူဗင်တပ်စ်အသင်း၏ ၀ဘ်ဆိုဒ်တွင် ဖော်ပြခဲ့သည်။ 

    ဆီနာအသင်းမှ ဂျူဗင်တပ်စ်သို့ ပြောင်းရွှေ့လာခဲ့ပြီး စီးရီးအေချန်ပီယံဆုအား ဆွတ်ခူးရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် ကွန်တီက ရိုမားအသင်းကိုလည်း ချီးကျူးပြောဆိုခဲ့သည်။

    Ref : Goal

  • အသင်းကြီးများက ခေါ်ယူရန် စိတ်ဝင်စားနေခြင်းကို ပျော်ရွှင်မိသည်ဟု ဂျူဗင်တပ်စ် လူငယ်ကစားသမား ပေါ့ဂ်ဘာဆို

    ဧပြီ ၂၀၊ ၂၀၁၄
    M-Media

    392927_heroa

    – ကလပ်အသင်းများက မိမိအား ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟု သတင်းများကြားရခြင်းက မိမိအား ပျော်ရွှင်စေသည်ဟု ဂျူဗင်တပ်စ်အသင်း၏ လူငယ်အလယ်တန်းကစားသမား ပေါ့ဂ်ဘာက ပြောကြားလိုက်သည်။

    ပေါ့ဂ်ဘာ၏ လက်ရှိစာချုပ်မှာ ၂၀၁၆ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ပြီး အသင်းတွင် ဆက်လက်ရှိနေရန် ဂျူဗင်တပ်စ်အသင်းက ဆန္ဒရှိနေသည်။ အခြားသော ဥရောပအသင်ကြီးများကလည်း ခြေစွမ်းကောင်းမွန်သည့် ပေါ့ဂ်ဘာကို ခေါ်ယူရန် ကြိုးစားနေကြပြီး ပီအက်စ်ဂျီအသင်းကလည်း လာမည့်နွေရာသီတွင် ကြီးမားသော ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူမည်ဟု သတင်းများထွက်ပေါ်နေသည်။

    သို့သော်လည်း ပေါ့ဂ်ဘာကမူ ဂျူဗင်တပ်စ်အသင်းရှိ ၎င်း၏ အချိန်များကို ပျော်ရွှင်မိကြောင်း၊ အသင်းတွင် ဆက်ရှိနေရန် ပရိတ်သတ်များ၏ အလိုရှိမှုကို ပီတိဖြစ်မိကြောင်း ဆိုသည်။

    “ “ပေါ့ဂ်ဘာကို မရောင်းပါနဲ့” လို့ ပရိတ်သတ်ရဲ့ သီချင်းဆိုသံကို ကြားရတဲ့အခါ ကျွန်တော် ပျော်ရွှင်မိပါတယ်။ ကွင်းထဲကိုဝင်တဲ့အခါမှာလည်း ကျွန်တော့်ကို အားတွေဖြစ်စေပါတယ်။ ပြီးတော့ တိုးတက်အောင် ကြိုးစားလိုစိတ်ကိုလည်း ဖြစ်စေပါတယ်။ အဲဒီသီချင်းအတွက် ပရိတ်သတ်တွေကို အလွန်ကျေးဇူးတင်ပါတယ်။ သူတို့ကို ပျော်ရွှင်အောင် လုပ်ပေးရတဲ့အတွက် ကျေလည်း ကျေနပ်ပါတယ်” ဟု ပေါ့ဂ်ဘာက Sky Sport Italia သို့ ပြောကြားခဲ့သည်။

    ထို့ပြင် မိမိအနေဖြင့် အသင်းတွင် အသုံးချခြင်းခံနေရသည်ဟု မခံစားမိကြောင်း ဂျူဗင်တပ်စ်အသင်း သုံးနှစ်ဆက် စီးရီးအေချန်ပီယံဖြစ်ရေး အတွက် တောင်းဆိုလာသမျှအားလုံးအား လုပ်ဆာင်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။