News @ M-Media

Tag: SerieA

  • တောရက်စ်မှာ အေစီအတွက် ပြည့်စုံသည့် တိုက်စစ်မှုးဟု တိုက်စစ်မှူးဟောင်း ခရက်စပိုဆို

    တောရက်စ်မှာ အေစီအတွက် ပြည့်စုံသည့် တိုက်စစ်မှုးဟု တိုက်စစ်မှူးဟောင်း ခရက်စပိုဆို

    စက်တင်ဘာ ၁၄ ၊ ၂၀၁၄
    M-Media
    450766_heroa
    – ချယ်ဆီးအသင်းမှ အငှားဖြင့်ခေါ်ယူခဲ့သည့် စပိန်တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်မှာ အေစီမီလန်အသင်း အတွက် ပြည့်စုံသည့် တိုက်စစ်မှူး ဖြစ်သည်ဟု ဂန္တ၀င်တိုက်စစ်မှူးဟောင်း ဟာနန် ခရက်စပိုက ပြောကြား လိုက်သည်။

    မာရီယိုဘာလော့တယ်လီ အသင်းမှထွက်ခွာသွားပြီးနောက် အေစီမီလန်မှာ ချယ်ဆီးတွင် ခြေစွမ်း မပြနိုင်သည့် တောရက်စ်အား ၂ နှစ်အငှားစာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။

    ချယ်ဆီးအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး တောရက်စ်ကဲ့သို့ ရုန်းကန်ခဲ့ရသည့် ခရက်စပို ကမူ တောရက်စ်မှာ အေစီမီလန်တွင် ဂိုးများ ပုံမှန်သွင်းယူနိုင်လိ့မ်မည်ဟု ပြောကြားခဲ့သည်။

    “နည်းစနစ်ပိုင်းမှာတော့ သူဟာ ကောင်းမွန်တဲ့ တိုက်စစ်မှူးတစ်ယောက်ပါ။ ပင်နယ်တီဧရိယာ အတွင်းထဲမှာရှိနေဖို့ သူဟာ အာမခံနိုင်ပြီး လျင်လျင်မြန်မြန်နဲ့ နေရာယူနိုင်တဲ့ ကစားသမားတစ်ဦးပါပဲ။ မီလန်မှာရှိတဲ့ အလယ်တန်း ကစားသမားတွေကို ထည့်တွက်မယ်ဆိုရင် တောရက်စ်ဟာ တိုက်စစ်ကို ဖြည့်ဖို့ ပြည့်ဝတဲ့ ကစားသမားပါပဲ” ဟု ခရက်စပိုက La Gazzetta သတင်းစာသို့ ပြောကြားခဲ့သည်။

    အေစီမီလန်မှာ စီးရီးအေ အဖွင့်ပွဲစဉ်တွင် လာဇီယိုအား ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး မနက်ဖြန်တွင် ကစားမည့် ပါးမားအသင်းနှင့်ပွဲတွင် တောရက်စ်မှာ ပွဲထွက် ခွင့်ရဖွယ်ရှိနေသည်။

  • ဘာလော့တယ်လီထက် တောရက်စ်က ပို၍ အသုံးဝင်မည်ဟု မီလန်ဂိုးသမား လိုပက်ဇ်ပြော

    ဘာလော့တယ်လီထက် တောရက်စ်က ပို၍ အသုံးဝင်မည်ဟု မီလန်ဂိုးသမား လိုပက်ဇ်ပြော

    စက်တင်ဘာ ၁၂ ၊ ၂၀၁၄
    M-Media
    450338_heroa
    – အသင်းမှထွက်ခွာသွားသည့် အီတလီတိုက်စစ်မှူး ဘာလော့တယ်လီထက် စပိန်တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်က အသင်း အတွက် ပို၍အသုံးဝင်လိမ့်မည်ဟု အေစီမီလန်ဂိုးသမား ဒီယေဂိုလိုပက်ဇ်က ပြောကြားလိုက်သည်။

    အေစီမီလန်မှာ ဘာလော့တယ်လီအား လီဗာပူးလ်အသင်းသို့ ယူရို သန်း ၂၀ ဖြင့် ပြီးခဲ့သည့် အပြောင်းအရွှေ့ဈေးကွက်က ရောင်းချခဲ့ပြီး၊ လိုအပ်နေသော တိုက်စစ်နေရာ အတွက် တောရက်စ်အား ပြန်လည်ခေါ် ယူခဲ့သည်။

    “ကောင်းမွန်တဲ့ ခေါ်ယူမှုပါ။ အံ့သြဖို့ကောင်းတဲ့ ကိစ္စတွေကို လုပ်ပြခဲ့တဲ့ ကစားသမားအကြောင်း ကျွန်တော်တို့ ပြောနေတာပါ။ သူ့ရဲ့အတွေ့အကြုံ၊ လျင်မြန်မှုတွေဟာ အရေးပါလာပါလိမ့်မယ်။  အနိုင်ရဖို့ လိုအပ်တဲ့ လက္ခဏာတွေကို ပြသနိုင်တဲ့ တောရက်စ်က အသင်းအတွက် ပိုပြီး အသုံးဝင်မှာပါ” ဟု လိုပက်ဇ်က Milan Channel သို့ ပြောကြားခဲ့သည်။

    ရီးယဲလ်အသင်းတွင် ပုံမှန်နေရာ မရသည့် အတွက်ကြောင့် လိုပက်ဇ်မှာ အေစီမီလန် အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

    လိုပက်ဇ်ကမူ မိမိမှာ အန်ဆယ်လော့တီထံမှ အေစီမီလန်အသင်း၏ ခမ်းနား ကြီးကျယ်ကြောင်းကို ကြားသိခဲ့ရခြင်းကြောင့် မီလန်သို့ ပြာင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအချိန်တွင် မိမိမှာ အခြေကျနေဆဲဖြစ်ပြီး အရာအားလုံး အဆင်ပြေသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

  • အေစီမီလန်တွင် ခေတ်တစ်ခေတ်ထူထောင်ချင်သည်ဟု တိုက်စစ်မှူး တောရက်စ်ဆို

    အေစီမီလန်တွင် ခေတ်တစ်ခေတ်ထူထောင်ချင်သည်ဟု တိုက်စစ်မှူး တောရက်စ်ဆို

    စက်တင်ဘာ ၃ ၊ ၂၀၁၄
    M-Media
    451717_heroa
    အေစီမီလန်တွင် ကစားခဲ့ကြသည့် နာမည်ကျော် ကစားသမားကြီး များဖြစ်သည့် ဂျော့ဝီအာ၊ မာကို ဗန် ဘက်စတန်နှင့် နည်းပြ အင်ဇာဂီတို့အား အတုယူက မိမိအနေဖြင့် ခေတ် တစ်ခေတ် ထူထောင်ချင်သည်ဟု စပိန်တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်က ပြောကြားလိုက်သည်။

    လီဗာပူးလ်မှာ ပြောင်းရွှေ့ခဲ့သည့် တောရက်စ်မှာ ချယ်ဆီးတွင် ၃ နှစ်ခွဲကြာ ရုန်းကန်ခဲ့ရပြီးနောက် ပြီးခဲ့သည့်တနင်္ဂနွေနေ့က အေစီမီလန်သို့ ၂ နှစ် အငှားစာချုပ်ဖြင့် ရောက်ရှိခဲ့ခြင်းဖြစ်သည်။

    အသက် ၃၀ အရွယ် ရှိပြီဖြစ်သည့် တောရက်စ်ကမူ အေစီမီလန်ရှိ ယခင်တိုက်စစ်မှူးများကဲ့သို့ အောင်မြင်မှုများ ရရှိရန် မျှော်လင့်နေသည်။

    “ကစားသမားတိုင်းဟာ မတူညီကြပါဘူး။ ဒါပေမယ့် ဗန်ဘက်စတန်၊ ၀ီအာနဲ့၊ အင်ဇာဂီတို့ကတော့ ခေတ်တစ်ခုစီ ထူထောင်ခဲ့ကြပါတယ်။ သူတို့လိုပဲ ကျွန်တော်လည်း အောင်မြင်ချင်ပါတယ်။ ကျွန်တော်ဟာ သူတို့နဲ့ မတူပေမယ့်၊ နှစ်အနည်းငယ်အတွင်းမှာ ကျွန်တော့်ရဲ့ နံပါတ် ၉ ဂျာစီဟာ သူတို့ ပြတိုက်မှာ ရှိနေပါလိမ့်မယ်” ဟု တောရက်စ်က ယမန်နေ့တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    အက်သလက်တီကိုနှင့် လီဗာပူးလ်အသင်းတို့တွင် ခြေစွမ်းပြ၍ ဂိုးများစွာ သွင်းယူနိုင်ခဲ့သော်လည်း တောရက်စ်မှာ ချယ်ဆီးအတွက် ကစားခဲ့သည့် ပွဲပေါင်း ၁၁၀ တွင် ဂိုး ၂၀ သာ သွင်းယူပေနိုင်ခဲ့သည်။

    ပရီးမီးယားလိဂ်၊ လာလီဂါတို့တွင် ကစားခဲ့သည့် မိမိမှာ စီးရီးအေတွင် ပွဲထွက်ခွင့်ရရန်အတွက် မစောင့်နိုင်ကြောင်း၊ အေစီမီလန်အသင်းတွင် ကစားခဲ့သည့် မိမိ၏ အသင်းဖော်ဟောင်းများကမူ အေစီမီလန်တွင် ကစားရသည်မှာ အလွန်ကောင်းသည်ဟု ပြောကြားခဲ့ကြောင်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

  • အီတလီမှာ အခြားသော ထိပ်တန်း အသင်းများထက် ပါရမီရှင်နည်းပါးဟု နည်းပြသစ် ကွန်တီဆို

    အီတလီမှာ အခြားသော ထိပ်တန်း အသင်းများထက် ပါရမီရှင်နည်းပါးဟု နည်းပြသစ် ကွန်တီဆို

    သြဂုတ် ၂၀ ၊ ၂၀၁၄
    M-Media
    446453_heroa
    – အီတလီအသင်းမှာ အခြားသော ထိပ်တန်းဘောလုံးအသင်းများနှင့်စာလျှင်  ပါရမီရှင်များ နည်းပါးပြီး၊ ကစားသမားအနေဖြင့် ထိုကွက်လပ်ကို ဖြည့်ဆည်းပေးရမည်ဟု နည်းပြသစ် အန်တိုနီယိုကွန်တီက ပြောကြားလိုက်သည်။

    ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အုပ်စုအဆင့်မှထွက်ခဲ့ရပြီးနောက် နည်းပြ ပရန်ဒယ်လီမှာ အသင်းမှ နှုတ်ထွက်ခဲ့သည်။ ထို့ကြောင့် အီတလီဘောလုံးအဖွဲ့ချုပ်က နည်းပြသစ် ရှာဖွေနေခဲ့ပြီး ဂျူဗင်တပ်စ်နည်းပြဟောင်း ကွန်တီအား ယမန်နေ့က ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

    “ကျွန်တော် စိတ်တွေလှုပ်ရှားနေပါတယ်။ အရာရာတိုင်း အတွက်လည်း ပျော်ရွှင်မိပါတယ်။ လူတိုင်းက ဒီအလုပ်ကို လိုချင်ကြတာပါ။ အသင်းကို လေးနှစ်တာ နည်းပြခဲ့ပြီး ကောင်းမွန်စွာ ဆောင်ရွက်နိုင်ခဲ့တဲ့ ပရန်ဒယ်လီကို ကျွန်တော် ဂုဏ်ပြုချင်ပါတယ်။ အောင်မြင်မှုရဖို့၊ အောင်မြင်မှုတွေကို ရှာဖွေဖို့ ကျွန်တော် အသက်ရှင်နေတာပါ။ အခြား လက်ရွေးစင်အသင်းတွေက ကျွန်တော်တို့ထက် ပိုပြီးကောင်းပါတယ်။ ဒါပေမယ့် အုပ်စုလိုက်ကစားပြီး ဒီကွက်လပ်ကို ကျွန်တော်တို့ ဖြည့်နိုင်ပါတယ်။ ဒါဟာစိန်ခေါ်မှုပါပဲ။ လိုလိုလာလားကို ကျွန်တော် လက်ခံပါတယ်” ဟု နည်းပြအဖြစ် ခန့်အပ်ပွဲအခမ်းအနားတွင် ကွန်တီက သတင်းထောက်များကို ပြောကြားခဲ့သည်။

    ကွန်တီမှာ ဂျူဗင်တပ်စ်အသင်းအား စီးရီးအေဖလားကို သုံးကြိမ်ဆက်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက် ယခုနှစ်နွေရာသီတွင် အသင်းနှင့် နှစ်ဦးသဘောတူ လမ်းခွဲခဲ့ခြင်းဖြစ်သည်။

  • အသင်းအောင်မြင်မှု အတွက် စိတ်ရှည်ကြရန် အေစီမီလန်နည်းပြ အင်ဇာဂီဆို

    အသင်းအောင်မြင်မှု အတွက် စိတ်ရှည်ကြရန် အေစီမီလန်နည်းပြ အင်ဇာဂီဆို

    သြဂုတ် ၉ ၊ ၂၀၁၄
    M-Media
    437537_heroa
    – တစ်ချိန်က ရရှိခဲ့သည့် အောင်မြင်မှုများကို ပြန်ရရန်အတွက် ပရိတ်သတ်များ အနေဖြင့် စိတ်ရှည်ကြရန် အေစီမီလန်အသင်းနည်းပြ အင်ဇာဂီက ပြောကြားလိုက်သည်။

    အေစီမီလန်မှာ ပြီးခဲ့သည့်ရာသီက ခြေစွမ်းဆိုးရွားကာ အဆင့် ၈ နေရာဖြင့် ရာသီသိမ်းခဲ့ပြီး နွေရာသီအပြောင်းအရွှေ့တွင်လည်း အထင်ကြီးလောက်ဖွယ် လှုပ်ရှားမှုများ မရှိခဲ့ပေ။ ထို့ပြင် ရာသီကြို ခြေစမ်းပွဲများတွင်လည်း စိတ်ပျက်စရာ ရလဒ်များကြောင့် အသင်းပရိတ်သတ်များမှာ စိတ်ကုန်နေကြသည်။

    ဇွန်လက နည်းပြဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည့် အင်ဇာဂီကလည်း သတင်းစာများနှင့် ပြည်သူများက အသင်းအားဝေဖန်နေကြသည်ကို သတိပြုမိပြီး ယခင်အောင်မြင်မှုမျိုး ရရှိရန်အတွက် ၎င်းနှင့် အသင်းမှာ အချိန်ကာလတစ်ခုနှင့် ထိုက်တန်သည်ဟု ပြောကြားခဲ့သည်။

    “ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့အဆင့် ၈ နဲ့ ရာသီသိမ်းခဲ့ပြီး အခုနှစ်မှာ နည်းပြအသစ် ဖြစ်တဲ့အတွက် ကျွန်တော်တို့ စိတ်ရှည်ဖို့ လိုအပ်ပါတယ်။ အမှတ်ပေးဇယားမှာ ထိုက်တန်တဲ့နေရာတစ်နေရာ ရဖို့အတွက် ကျွန်တော်တို့ အရာရာတိုင်းကို ပေးဆပ်သွားမှာပါ။ ပရိတ်တွေကလည်း ဒါကို သိထားသင့်ပါတယ်” ဟု အင်ဇာဂီက ယမန်နေ့ကပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ထို့ပြင် အသင်းအား နည်းပြအဖြစ်ကိုင်တွယ်ခွင့်ရသည့်အတွက် ဂုဏ်ယူမိကြောင်း အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် ကစားသမားအချို့ကို ခေါ်ယူရန် ဆန္ဒရှိနေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    အီတလီလက်ရွေးစင်တိုက်စစ်မှူးဟောင်း အင်ဇာဂီမှာ ကစားသမားဘ၀တွင် အေစီမီလန်အသင်းနှင့် အောင်မြင်ခဲ့သူဖြစ်သည်။ အေစီမီလန်အသင်းမှာ စီးရီးအေတွင် ဂျူဗင်တပ်စ်ပြီးနောက် အအောင်မြင်ဆုံးအသင်းဖြစ်ပြီး ချန်ပီယံလိဂ်ဖလားကိုလည်း ၆ ကြိမ်တိုင်တိုင်ရရှိခဲ့သည်။