News @ M-Media

Tag: Shan State

  • “၀” ဒေသတွင် ခရစ်ယာန်ဘာသာဝင်များအား နှိပ်ကွပ်မှု ရေချိန်အမြင့်ဆုံးသို့ရောက်

    “၀” ဒေသတွင် ခရစ်ယာန်ဘာသာဝင်များအား နှိပ်ကွပ်မှု ရေချိန်အမြင့်ဆုံးသို့ရောက်

    စက်တင်ဘာ ၂၈၊ ၂၀၁၈
    M-Media

    – “၀” ပြည် သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ UWSA ဟာ လားဟူ ခရစ်ယာန်ခေါင်းဆောင် ၉၂ ဦးနဲ့ ခရစ်ယာန်ကျောင်းသား ၄၂ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကာ၊ ကျောင်းသားလားတွေကို အဓမ္မ စစ်မှူထမ်းခိုင်းဖို့ လုပ်ဆောင်နေတယ်လို့ လားဟူ နှစ်ခြင်းခရစ်ယာန်အသင်းတော် LBC က ပြောကြားလိုက်ပါတယ်။

    စက်တင်ဘာ ၂၅ ရက်နေ့ရက်စွဲနဲ့ LBC က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း “၀” ဒေသအတွင်း ခရစ်ယာန်ဘုရားကျောင်း ၅၂ ကျောင်းကို UWSA စစ်သားတွေက ချိတ်ပိတ်ကာ၊ ခရစ်ယာန်အမှတ်သညာတွေ အားလုံးကို ဖယ်ရှားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    ဘုရားကျောင်း ၃ ကျောင်း ဖြိုချဖျက်ဆီးခံခဲ့ရပြီး၊ ခရစ်ယာန်ဘာသာရေးကျောင်းတွေကိုလည်း ပိတ်ပစ်ခဲ့တယ်လို့ LBC က ဆိုပါတယ်။ LBC ဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့မှာ အခြေစိုက်တာ ဖြစ်ပါတယ်။

    “(UWSA ကို) ကျွန်တော်တို့ရဲ့ကြေငြာချက် ပို့ထားပေမယ့် သူတို့ဖက်က အကြောင်းမပြန်သေးပါဘူး” လို့ LBC ရဲ့ အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဆရာတော် ဒေါက်တာ လာဇရုက ပြောကြားခဲ့ပါတယ်။

    လားရှိုးအခြေစိုက် UWSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ Nyi Rang က LBC ရဲ့ ဘာသာရေးခေါင်းဆောင်တွေဟာ ‘အစွန်းရောက်တွေ’ ဖြစ်တဲ့အတွက်ကြောင့် ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ဧရာဝတီ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်တုန်းကလည်း Nyi Rang က ဒေသအတွင်းက ခရစ်ယာန်အဖွဲ့တွေအပေါ် သူတို့ရဲ့အရေးယူမှုဟာ အစွန်းရောက်ဘာသာရေးခေါင်းဆောင်တွေကြောင့် ဒေသ မတည်မငြိမ်ဖြစ်မှာကို တားဆီးဖို့ ရည်ရွယ်တယ်လို့ ဧရာဝတီသတင်းဌာနကို ပြောကြားခဲ့ဖူးပါတယ်။

    ဒေါက်တာ လာဇရုက ဖမ်းဆီးခံထားရသူတွေနဲ့ အဆက်အသွယ်မရတဲ့အတွက် စိတ်ပူမိကြောင်း၊ မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေးရမှု နှစ် ၃၀ ပြည့်အခမ်းအနား ပြုလုပ်တဲ့ ၂၀၁၉ ခုနှစ် ဧပြီလအထိ ထိန်းသိမ်းထားမယ်လို့ သတင်းကြားကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “၀” တပ်ဖွဲ့က ဖမ်းဆီးထားတဲ့ ကျောင်းသား ၄၂ ဦးဟာ “၀” လူမျိုးတွေဖြစ်ပြီး စစ်တပ်မှာ အမှုထမ်းဖို့ အဓမ္မခိုင်းစေတယ်လို့လည်း ဆရာတော်က ဆိုပါတယ်။

    “သူတို့ ဖြစ်နိုင်သမျှ အမြန်ဆုံး လွတ်မြောက်လာစေချင်တယ်။ ကျွန်တော်တို့ နှစ်ခြင်းဘာသာဝင်တွေအားလုံး သူတို့အတွက် ဆုတောင်းပေးနေပါတယ်”

    ဒေသခံတွေက UWSA ဟာ ကချင်နှစ်ခြင်းအသင်းတော်လက်အောက်က ဘုရားကျောင်းတွေ၊ “၀” နှစ်ခြင်းအသင်းတော်လက်အောက်က ဘုရားကျောင်းတွေကိုလည်း ပိတ်ထားလို့ ပြောကြားခဲ့ပါတယ်။

    သူတို့ထိန်းချုပ်ထားတဲ့ ဒေသတွင်းက ဘုရားကျောင်းတွေ ပိတ်ပစ်ဖို့အတွက် UWSA က အခုလအစောပိုင်းမှာ အမိန့်ထုတ်ခဲ့တာဖြစ်ပြီး၊ ခွင့်ပြုချက်မရဘဲ ဆောက်ထားတဲ့ ဘုရားကျောင်းတွေကို ဖြိုချဖျက်ဆီးပစ်ဖို့လည်း ပါဝင်ပါတယ်။

    Ref : Irrawaddy

    (ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် သတင်းကို ကောက်နှုတ် ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။)

  • ‘၀’ စစ်သားများ ခရစ်ယာန်ဘုရားကျောင်းဖြိုနေသည့် ဗီဒီယို ထွက်ပေါ်လာ

    ‘၀’ စစ်သားများ ခရစ်ယာန်ဘုရားကျောင်းဖြိုနေသည့် ဗီဒီယို ထွက်ပေါ်လာ

    စက်တင်ဘာ ၂၀၊ ၂၀၁၈
    M-Media

    ဗီဒီယိုတွင်တွေ့ရသည့် ပုံရိပ်တစ်ခု

    – ခရစ်ယာန်သာသနာပြုတွေကို စောင့်ကြည့်ဖို့အတွက် ညွှန်ကြားချက် ထုတ်ပြန်ထားတဲ့ ‘၀’ ဒေသမှာ ခရစ်ယာန်ဘုရားကျောင်းသစ်တစ်ခု ဖြိုဖျက်နေတဲ့ ဗီဒီယိုတစ်ခုဟာ ဒီကနေ့ ဆိုရှယ်မီဒီယာတွေမှာ ပြန့်နှံ့နေပါတယ်။

    ‘၀’ ဒေသကို အုပ်ချုပ်နေတဲ့ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ UWSA ရဲ့ နိုင်ငံရေးအဖွဲ့ဖြစ်တဲ့ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီက အခုလအစောပိုင်းမှာ ပါတီတွင်း ညွှန်ကြားချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အုပ်ချုပ်ရေးပိုင်းအနေနဲ့ ခရစ်ယာန်သာသနာပြုတွေကို စောင့်ကြည့်ဖို့၊ ဘုရားကျောင်းအသစ်တွေ ဆောက်လုပ်တာကို ပိတ်ပင်ဖို့၊ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားတဲ့ ဘုရားကျောင်းတွေကို ဖြိုချဖျက်ဆီးဖို့ အမိန့်ပေးထားပါတယ်။

    အခုပြန့်နှံ့နေတဲ့ ဗီဒီယိုမှာ ‘၀’ စစ်သားတွေဟာ ခရစ်ယာန်ဘုရားကျောင်းသစ်တစ်ခု ဖျက်ဆီးနေတာကို မြင်ရပြီး ဒါဟာ ညွှန်ကြားချက်ထွက်လာပြီးနောက်ပိုင်း လုပ်တာလား၊ အရင်က လုပ်ခဲ့တာလားဆိုတာကို တိတိကျကျ မသိရပါဘူး။

    ‘၀’တပ်ဖွဲ့ဟာ လတ်တလောမှာ ခရစ်ယာန်ဘုန်းကြီးတွေ၊ သာသနာပြုတွေကို ဖမ်းဆီးထိန်းသိမ်း စစ်မေးတာတွေလည်း လုပ်ဆောင်နေပါတယ်။

    ခရစ်ယာန်တွေကို ဒီလိုနှိပ်ကွပ်မှုရဲ့နောက်ကွယ်မှာ တရုတ်အာဏာပိုင်တွေရဲ့ ဖိအားတွေ ပါလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ယုံကြည်နေကြပါတယ်။

    တရုတ်ကွန်မြူနစ်အစိုးရဟာ မြန်မာနိုင်ငံအတွင်းက ခရစ်ယာန်သာသနာပြုတွေ၊ အန်ဂျီအိုအဖွဲ့အစည်းတွေကို အနောက်နိုင်ငံတွေက သူလျှိုတွေ၊ မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် လွှမ်းမိုးဖို့ ကြိုးစားနေသူတွေအဖြစ် ရှုမြင်နေပါတယ်။

    Ref: Asia Times

  • ရှမ်းပြည်ညီညွတ်ရေးကော်မတီ၏ အစည်းအဝေးကို အစိုးရက ခွင့်မပြု

    ရှမ်းပြည်ညီညွတ်ရေးကော်မတီ၏ အစည်းအဝေးကို အစိုးရက ခွင့်မပြု

    သြဂုတ် ၂၈၊ ၂၀၁၈
    M-Media

    – ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) က ၂ ရက်ကြာ ကျင်းပဖို့ စီစဉ်ထားတဲ့ အစည်းအဝေးကို မြန်မာအစိုးရက ခွင့်မပြုဘူးလို့ သိရပါတယ်။

    CSSU ဟာ အရပ်ဖက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့ ရှမ်းလက်နက်ကိုင်အဖွဲ့နှစ်ခုဖြစ်တဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS၊ ရှမ်းပြည်တိုးတက်ရေးပါတီတို့ ပူးပေါင်းထားတဲ့ မဟာမိတ်အဖွဲ့တစ်ခု ဖြစ်ပါတယ်။

    ဒီအဖွဲ့ဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စတွေ၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စတွေကို ပုံမှန် ညှိနှိုင်းဆွေးနွေးလေ့ ရှိပါတယ်။

    စက်တင်ဘာ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ အစည်းအဝေးအတွက် CSSU က ပြီးခဲ့တဲ့တစ်ပတ်မှာ ခွင့်ပြုချက်တင်ခဲ့ပေမယ့် ဒါကို အစိုးရက လုပ်ခွင့်မပြုဘူးလို့ အစိုးရရဲ့ အမျိုးသား ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးစင်တာ NRPC က မနေ့မှာ အကြောင်းကြားခဲ့ပါတယ်။

    “တွေ့ဆုံပွဲလုပ်ဖို့ ကျွန်တော်တို့ကို ခွင့်မပြုဘူး။ ဘာ့ကြောင့် ခွင့်မပြုရလဲဆိုတာကိုလည်း မပြောပါဘူး” လို့ CSSU ရဲ့ ဥက္ကဌ စိုင်းအိုက်ပိုက ပြောကြားခဲ့ပါတယ်။

    ဒီအတွက် ဖြေရှင်းချက်တစ်စောင်ကို NRPC က မကြာခင် ပေးအပ်မယ်လို့ သိရကြောင်းလည်း သူက ပြောပါတယ်။

    “ဆွေးနွေးပွဲအတွက် ဟိုတယ်တွေလည်း စီစဉ်ထားပြီးပါပြီ။ ကျွန်တော်တို့ တော်တော်လေး စိတ်ပျက်ရပါတယ်။ ကျွန်တော်တို့ကို ဘာ့ကြောင့် ခွင့်မပြုလဲဆိုတာ နားမလည်ပါဘူး။ ကျွန်တော်တို့တွေဟာ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေပါပဲ”

    ပြီးခဲ့တဲ့ ဇူလိုင်လက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ CSSU ရဲ့ အစည်းအဝေးကို မြန်မာအစိုးရက ကန့်ကွက်တာကြောင့် ထိုင်းအာဏာပိုင်တွေက ပိတ်ပင်ခဲ့ပါတယ်။

    စိုင်းအိုက်ပိုက NLD အစိုးရ အာဏာရပြီးတဲ့နောက်ပိုင်း CSSU ရဲ့ အစည်းအဝေး ၃ ကြိမ် ပြုလုပ်ဖို့ ခွင့်ပြုချက်တောင်းရာမှာ တစ်ကြိမ်သာ ခွင့်ပြုချက်ရခဲ့ပြီး၊ လက်ရှိအစိုးရဟာ ယခင် ဦးသိန်းစိန်အစိုးရလောက် ဆက်ဆံလို့မကောင်းဘူးလို့လည်း ဆိုပါတယ်။

    ဒီလို ပိတ်ပင်မှုအတွက် အခြား ရှမ်းခေါင်းဆောင်တွေကလည်း မြန်မာအစိုးရကို ပြင်တင်ပြောဆိုခဲ့ပါတယ်။

    Ref: Irrawaddy

  • ‘၀’ တပ်ဖွဲ့က လာမည့်နှစ်အတွင် အကြီးစား စစ်ရေးပြမှု ပြုလုပ်မည်

    ‘၀’ တပ်ဖွဲ့က လာမည့်နှစ်အတွင် အကြီးစား စစ်ရေးပြမှု ပြုလုပ်မည်

    သြဂုတ် ၁၇၊ ၂၀၁၈
    M-Media

    ၀ တပ်ဖွဲ့ဝင်တစ်ချို့

    – ဗဟိုအစိုးရနဲ့ ငြိမ်းချမ်းရေးရရှိမှု နှစ် ၃၀ ပြည့်မြောက်တဲ့ အထိမ်းအမှတ်အဖြစ် လာမယ့်နှစ်မှာ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ UWSA က အကြီးစား စစ်ရေးပြမှုတစ်ခု ပြုလုပ်ဖို့အတွက် ပြင်ဆင်နေတယ်လို့ တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ Nyi Rang က ပြောကြားလိုက်ပါတယ်။

    အဲဒီစစ်ရေးပြအခမ်းအနားကို ဧပြီလ ၁၄ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားပြီး ဒါဟာ ‘၀’ လူမျိုးရဲ့ စစ်အင်အားကို ထုတ်ပြတာမျိုးလည်း ဖြစ်လိမ့်မယ်လို့ သူက ဆိုပါတယ်။ စစ်ရေးပြအခမ်းအနားမှာ လူဘယ်လောက် ပါဝင်မယ်ဆိုတာကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

    ‘၀’ ဒေသက စာသင်ကျောင်းတွေ၊ စစ်စခန်းတွေမှာ လူငယ်တွေကို လက်နက်မျိုးစုံ၊ လက်နက်ကြီးမျိုးစုံနဲ့ ချီတက်စစ်ရေးပြမှုတွေ သင်ကြားပေးနေပြီး Nyi Rang ရဲ့ Facebook စာမျက်နှာမှာလည်း လေ့ကျင့်နေတဲ့ ဗီဒီယိုတစ်ချို့ကို လွှင့်တင်ထားပါတယ်။

    အခုလအစောပိုင်း ဧရာဝတီသတင်းဌာနနဲ့ တွေ့ဆုံမှုမှာ Nyi Rang က UWSA ဟာ စစ်ရေးပြပွဲနဲ့ ဖျော်ဖြေပွဲအတွက် လူငယ် ၅၀၀ လောက်ကို အသုံးပြုသွားမှာဖြစ်ပြီး သူတို့ထိန်းချုပ်ထားတဲ့ မြို့နယ် ၁၀ ခုကနေ တစ်မြို့နယ်ကို အသက် ၂၀ ၀န်းကျင် အမျိုးသားနဲ့ အမျိုးသမီး ၄၀၊ ၅၀ လောက် ရွေးချယ်သွားမယ်လို့ ဆိုပါတယ်။

    “ကျွန်တော်တို့ဒေသဟာ နှစ်ပေါင်းများစွာ ငြိမ်းချမ်းနေခဲ့ပါတယ်။ အဲဒီလိုပဲ ဆက်လက် ငြိမ်းချမ်းချင်ပြီး၊ ငြိမ်းချမ်းရေးရဲ့တန်ဖိုးကို နားလည်စေချင်တာကြောင့် ဒီလို ငြိမ်းချမ်းရေးအခမ်းအနားကို ကျင်းပရခြင်း ဖြစ်ပါတယ်” လို့ နှစ် ၃၀ မြောက် ငြိမ်းချမ်းရေးအခမ်းအနား ကျင်းပဖို့ စီစဉ်ထားမှုနဲ့ပတ်သက်ပြီး Nyi Rang က ပြောကြားခဲ့ပါတယ်။

    အခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖို့တွက် UWSA က ဖိတ်ကြားဖို့ ရှိနေပြီး၊ အခြား တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေကိုလည်း ဖိတ်ကြားဖို့ ရှိနေပါတယ်။

    UWSA ဟာ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်ဆဲရေး သဘောတူညီချက် (NCA) ကို လက်မှတ်ရေးထိုးထားခြင်းမရှိဘဲ မြန်မာစစ်တပ်နဲ့ တိုက်ခိုက်မှုတွေဖြစ်နေတဲ့ လက်နက်ကိုင်အဖွဲ့တစ်ချို့ ပါဝင်တဲ့ မဟာမိတ်အဖွဲ့ FPNCC ရဲ့ ဥက္ကဌ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံက အင်အားအတောင့်ဆုံး လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ‘၀’ တပ်ဖွဲ့မှာ စစ်သည်အင်အား ၃ သောင်းနဲ့ အရန်အင်အား ၁ သောင်း ရှိတယ်လို့ Myanmar Peace Monitor အဖွဲ့က ပြောပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီကနေ ခွဲထွက်ပြီးနောက် ‘၀’ အဖွဲ့ဟာ ၁၉၈၉ ခုနှစ်မှာ မြန်မာစစ်တပ်နဲ့ အပစ်ရပ်ရေးစာချုပ် ချုပ်ဆိုခဲ့တာပါ။

    မူးယစ်မှောင်ခိုမှုမှာ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ‘၀’ ခေါင်းဆောင်တစ်ချို့ကို အမေရိကန်က ဖမ်းဝရမ်းထုတ်ထားပြီး နိုင်ငံတကာကလည်း အမည်ပျက်စာရင်း သွင်းထားပါတယ်။

    Ref: Irrawaddy

  • ရှမ်းပြည်နယ်တွင် မြန်မာစစ်တပ်က ဖမ်းသွားသည့် အမျိုးသမီး ၆ ဦးကို သေဆုံးလျက် ပြန်တွေ့

    ရှမ်းပြည်နယ်တွင် မြန်မာစစ်တပ်က ဖမ်းသွားသည့် အမျိုးသမီး ၆ ဦးကို သေဆုံးလျက် ပြန်တွေ့

    ဇူလိုင် ၁၈၊ ၂၀၁၈
    M-Media

    ပြန်လည်တွေ့ရှိခဲ့ရသည့် အလောင်းများ

    – ရှမ်းပြည်နယ်က မြန်မာစစ်တပ်နဲ့ တအောင်းလက်နက်ကိုင်တပ်ဖွဲ့ (TNLA) တို့ရဲ့  တိုက်ပွဲအတွင်း မြန်မာစစ်တပ်က ဖမ်းဆီးသွားတယ်လို့ဆိုတဲ့ အမျိုးသမီး ကျန်းမာရေးဝန်ထမ်း ၆ ဦးရဲ့အလောင်းတွေကို ပြန်လည်တွေ့ရှိခဲ့ပြီး တအောင်းလက်နက်ကိုင်အဖွဲ့က မြန်မာစစ်တပ်ရဲ့လက်ချက်ဖြစ်တယ်လို့ မနေ့က စွပ်စွဲပြောကြားလိုက်ပါတယ်။

    TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က အဲဒီ အမျိုးသမီး ၆ ဦးဟာ သူတို့အဖွဲ့နဲ့ မြန်မာစစ်တပ်က ခြေမြန်တပ်ရင်း ၃၀၁ အကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ ပြန်ပေးဆွဲခံလိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

    “မန်းတန်မြို့နယ်က အာလောရွာမှာ အစိုးရစစ်တပ်က ဇူလိုင် ၁၁ ရက်နေ့မှာ ကျွန်တော်တို့ကို တိုက်ခိုက်ခဲ့ပါတယ်။ ကျွန်တော်တို့ တပ်သားတစ်ဦး သေဆုံးပြီး၊ အမျိုးသမီး ကျန်းမာရေ၀န်ထမ်း ၆ ဦး ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရပါတယ်။ အဲဒီအမျိုးသမီး ၆ ဦးနဲ့ တပ်သားတစ်ဦးတို့ရဲ့အလောင်းတွေကို စုပေါင်းမြှုပ်နှံထားတဲ့နေရာကို ဇူလိုင် ၁၄ ရက်နေ့မှာ တွေ့ခဲ့ရပါတယ်”

    ဇူလိုင် ၁၄ ရက်နေ့က တွေ့ရှိခဲ့တဲ့ အဲဒီအမျိုးသမီးတွေရဲ့ အလောင်းမှာ ၂ ဦးက သေနတ်ဒဏ်ရာ ရရှိထားပြီး၊ အခြား ၄ ဦးမှာ ဓားဒဏ်ရာ၊ ရိုက်နှက်မှုကြောင့်ဖြစ်ထားတဲ့ ဖူးယောင်ဒဏ်ရာတွေကို တွေ့ခဲ့ရတယ်လို့ TNLA ရဲ့ မနေ့ကထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    တိုက်ခိုက်မှုအတွင်း အခြားတပ်ဖွဲ့ဝင်တွေလည်း ဒဏ်ရာရခဲ့ပြီး အသက်ဘေးကနေ လွတ်မြောက်အောင် ထွက်ပြေးလာကာ ပြန်ပေးဆွဲခံရမှုကို သတင်းပို့ခဲ့ကြောင်း၊ အဒီအမျိုးသမီးတွေဆီက သေနတ် ၃ လက်ကို အစိုးရစစ်သားတွေက ယူဆောင်သွားကြောင်း ထုတ်ပြန်ချက်က ဆိုပါတယ်။

    အသတ်ခံရတဲ့အမျိုးသမီးတွေရဲ့ အလောင်းတွေကို အနီးအနားမှာ နေထိုင်သူတွေက တွေ့ရှိခဲ့ပြီး မြှုပ်နှံခဲ့တယ်လို့လည်း TNLA က သူတို့ရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အစိုးရစစ်တပ်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာတွေ မရှိသးပါဘူး။

    Ref: RFA