News @ M-Media

Tag: ShortNews

  • နိုဝင်ဘာ-၂၀ နိုင်ငံတကာနှင့် ပြည်တွင်းသတင်း

    နိုဝင်ဘာ ၂၀ ၂၀၁၃
    M-Media

    အပြည်ပြည်ဆိုင်ရာ ကလေးသူငယ် အခွင့်အရေးများနေ့ အထိမ်းအမှတ် မြန်မာနိုင်ငံတွင်လည်း ပြုလုပ်

    အပြည်ပြည်ဆိုင်ရာ ကလေးသူငယ် အခွင့်အရေးများနေ့အထိမ်းအမှတ် ပျော်ရွှင်ပွဲများကို ရန်ကုန်မြို့ရှိ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာတွင် ပြုလုပ်ခဲ့ပြီး၊ အသိပညာပေးလက်ကမ်းစာစောင်များဝေငှခြင်း၊ ပိုစတာများ ချိတ်ဆွဲပြသခြင်း၊ ကလေးသူငယ်များ၏ဘ၀ ဓါတ်ပုံပြခန်းများပြုလုပ်ခဲ့ပြီး လာရောက်ကြသော ကလေးများအား ကစားနည်းများဖြင့် ကစားပေးခြင်း၊ တေးသီချင်းဖျော်ဖြေမှုများ ပြုလုပ်ပေးခြင်းတို့ကို လုပ်ဆောင်ပေးခြင်းဖြင့် အထိမ်းအမှတ်နေ့ ကျင်းပခဲ့ကြောင်း သိရပါတယ်။
    _______________________
    နေပြည်တော် ကောင်စီ နှင့် ပြည်ထဲရေး အာဏာလွန်ဆွဲခဲ့သည့် NLD လူထု ဟောပြောပွဲ ခွင့်ပြုမှု

    နိုဝင်ဘာလ ၁၈-ရက်နေ့က နေပြည်တော် ဇမ္ဗူသီရိမြို့နယ် လက်ပံခါးလှ ကျေးရွာတွင် ပြုလုပ်ခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ အခြေခံဥပဒေဆိုင်ရာ လူထုဟောပြောပွဲအား ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထို့တံ ခွင့်ပြုချက် တောင်းခံခဲ့ရာတွင် နေပြည်တော်ကောင်စီမှ ကန့်ကွက်ခဲ့မှုကြောင့် ဟောပြောပွဲ ကျင်းပခွင့်ပြုရန် ရဲတပ်ဖွဲ့မှ ပထမပိုင်းတွင် ငြင်းပယ်ခဲ့သော်လည်း နေပြည်တော် ခရိုင် ရဲတပ်ဖွဲ့မှူးကိုယ်တိုင် ပြည်ထဲရေး ၀န်ကြီးဌာန ၀န်ကြီးရုံးထံ ဆက်သွယ်၍ ဟောပြောပွဲ ကျင်းပခွင့်ပြုခဲ့လိုက်သည့်အတွက် နေပြည်တော်ကောင်စီနှင့် ပြည်ထဲရေး ၀န်ကြီးဌာနအကြား အာဏာလွန်ဆွဲမှုသဖွယ် ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပွားလျက်ရှိကြောင်း ဧရာဝတီ သတင်းဌာနမှတဆင့် သိရှိရပါတယ်။

    ______________________
    ရခိုင်ပြည်နယ် အကြမ်းဖက်ခံရသူများအား လူသားချင်းစာနာမှုအပိုင်းတွင် စိုးရိမ်ဖွယ်ရှိသေးကြောင်း အမေရိကန်သံရုံးမှ ထုတ်ပြန်

    ရခိုင်ပြည်နယ်တွင် အကြမ်းဖက်ခံရသည့်အတွက် အိုးအိမ်စွန့်ခွာခဲ့ရသူများ နေထိုင်ရန် ယာယီတန်းလျားများအား မိုးရာသီအတွင်း ဆောက်ထားမှုသည် တိုးတက်မှုဖြစ်သော်လည်း လူသားချင်း စာနာထောက်ထားမှု အနေအထားမှာမူ စိုးရိမ်ဖွယ်ဖြစ်နေသေးကြောင်း၊ အကြမ်းဖက်မှု ကျူးလွန်သူများနှင့် မတရားပြုလုပ်သူများကို ခွဲခြားမှုမရှိဘဲ အစိုးရက ဥပဒေနှင့်အညီ ပြတ်ပြတ်သားသား အရေးယူသင့်သည်ဟု မှတ်ချက်ပြုကြောင်း အမေရိကန်သံရုံးက ဒီနေ့ထုတ်ပြန်လိုက်တယ်လို့ မဇ္ဈိမသတင်းဌာနအား ကိုးကား၍ ဖော်ပြလိုက်ပါတယ်။
    ______________________
    အစိုးရနှင့် ကျောင်းသားဒီမိုကရက်တစ်တပ်ဦး တွေ့ဆုံဆွေးနွေး

    အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)အဖွဲ့နှင့် ယနေ့ ညနေပိုင်းက နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး ယခု တွေ့ဆုံမှု ကော်မတီ ၂-ခုကြားတွင် ကျန်ရှိနေသည့် နိုင်ငံရေါ် ကိစ္စရပ်များအား ပြည်ထောင်စုအဆင့် ဆွေးနွေးရန် နိုဝင်ဘာလမှာ လုပ်ရန် ဆွေးနွေးခဲ့ပြီး အများပြည်သူ လက်ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ အာမခံချက်ရှိသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များရှိမှ နိုင်ငံမှာ စစ်မှန်သည့် ငြိမ်းချမ်းရေးရမှာဖြစ်ကြောင်း ABSDF အဖွဲ့ ဥက္ကဋ္ဌ ကိုသံခဲက RFA ကို ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။

    ______________________

    အမေရိကန် ဆီးနိတ်အမတ်တစ်ဦးအား သားဖြစ်သူမှ ဓားဖြင့်ထိုးပြီးနောက် မိမိကိုယ်ကို သတ်သေ

    အမေရိကန်ပြည်ထောင်စု ဆီးနိတ်လွှတ်တော်အမတ်တစ်ဦးအား သားဖြစ်သူမှ ဓားဖြင့်ထိုးမှုဖြစ်ပွားခဲ့သည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

    ဗာဂျီးနီးယားပြည်နယ် ဆီးနိတ်လွှတ်တော် အမတ်တစ်ဦးဖြစ်သည့် ခရီဂ်ျဒီဒ်၏ ရင်ဘတ်နှင့် ဦးခေါင်းတို့အား သားဖြစ်သူ ဂူစ်ဒီဒ်က ယမန်နေ့တွင် ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ပြီး၊ နောက်ပိုင်းတွင် ဂူစ်မှာ ၎င်း၏ဦးခေါင်းအား ကိုယ်တိုင် သေနတ်ဖြင့်ပစ်ကာ အဆုံးစီရင်ခဲ့သည်။

    ဂူစ်မှာ ဆီးနိတ်အမတ်၏ သားလေးယောက်အနက်မှ တစ်ယောက်ဖြစ်ပြီး တနင်္လာနေ့က ၎င်း၏ စိတ်ပိုင်းဆိုင်ရာရောဂါအား ကုသရန် Bath Community ဆေးရုံသို့ တင်ပို့ခဲ့သော်လည်း ဆေးရုံတွင် အိပ်ယာ လုံလောက်မှု မရှိသောကြောင့် ပြန်လည် ဆင်းလာခဲ့ခြင်းဖြစ်သည်။

    အခင်းဖြစ်ပွားချိန်တွင် ၎င်းတို့သားအဖ နှစ်ဦးသာရှိနေခဲ့သည်။ ခရီဂ်ျဒီဒ်မှာ စောစောပိုင်းက အသက်အန္တရာယ် စိုးရိမ်ရသည့်အနေအထား ရှိခဲ့သော်လည်း ယခုအချိန်တွင် ပြန်လည်ကောင်းမွန်လာပြီဖြစ်ကာ ဆေးကုသမှုအား ဆက်လက်ခံယူနေရသည်။

    ဓါတ်ပုံအညွှန်း- ၂၀၀၅ ခုနှစ် စက်တင်ဘာက မဲဆွယ်ပွဲတခုသို့ သားအဖ နှစ်ယောက်အတူ သွားရောက်စဉ်က ဓါတ်ပုံ
    Source:Agencies

    senator-assault————————————————————————–

    တောင်အာဖရိကတွင် တည်ဆောက်ဆဲရှော့ပင်း မောလ်တစ်ခုပြိုကျ

    တောင်အဖာရိကနိုင်ငံ ဒါဘန်မြို့တွင် ဆောက်လုပ်ဆဲ ရှော့ပင်းမောလ်တစ်ခု ယမန်နေ့က ပြိုကျခဲ့ရာ အနည်းဆုံး လူတစ်ဦးသေဆုံးခဲ့ပြီး ၅၀ ခန့် ပိတ်မိနေသည်ဟု သိရသည်။

    သုံးထပ်အမြင့်ရှိသည့် အဆိုပါရှော့ပင်းမောလ် ပြိုကျမှုမှာ ယမန်နေ့တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပိတ်မိနေသူများမှာ ထိုရှော့ပင်းမောလ် တည်ဆောက်ရေးလုပ်ငန်းများတွင် လုပ်ကိုင်နေကြသူများဖြစ်သည်။

    ထိုရှောပင်းမောလ်၏ မျက်နှာချင်းဆိုင်တွင်နေထိုင်သည့် မျက်မြင်သက်သေတစ်ဦးက သူမအနေဖြင့် မီးဖိုဆောင်တွင် ရပ်နေစဉ် ကျယ်လောင်သော အသံတစ်ခုကြားခဲ့ရပြီး ထို အဆောက်အဦးမှာ ပြိုကျခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ပြိုကျမှုကြောင့် ၁ ဦးသေဆုံးခဲ့ပြီး ၂၆ ဦးအား အပျက်အဆီးများကြားမှ ကယ်ထုတ်နိုင်ခဲ့ကြောင်း၊ အဆောက်ဦးများကြားတွင် ပိတ်မိနေသူများရှိနေပြီး ၎င်းတို့အားလုံးမှာ ဆောက်လုပ်ရေးအလုပ်သမားများဖြစ်ကြောင့် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မန်ဒီ ဂိုဗန်ဒါက ပြောကြားခဲ့သည်။ ထို့ပြင် ပြိုကျခဲ့သည့် အကြောင်းအရင်းကို မသိရှိရသေးကြောင်း ဒုတိယမြို့တော်ဝန် ရှာဘာလာလာက ဆိုသည်။

    အခင်းဖြစ်ပွားပြီးနောက်ပိုင်း ကယ်ဆယ်ရေးလုပ်သားများက အနံ့ခံခွေးများ စက်ကိရိယာများအသုံးပြုကာ ပိတ်မိနေသူများကို ကယ်ဆယ်လျက်ရှိသည်ဟု သိရသည်။
    ————————————————————-

    အမေရိကန်တွင် လိင်ပိုင်းဆိုင်ရာစော်ကားမှုများအား တိုင်ကြားမှုလျော့နည်း

    ပြည်စုံသောလေ့လာဆန်းစစ်မှုများပြုလုပ်ပြီးနောက် ယမန်နေ့ကထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် အမေရိကန်တွင်ဖြစ်ပွားသော လိင်ပိုင်းဆိုင်ရာစော်ကားမှုများအား တိုင်ကြားမှုလျော့နည်းပြီး၊ မှတ်တမ်းမှတ်ရာများလည်းလျော့နည်းသည်ဟု သိရသည်။

    အမျိုးသားလေ့လာဆန်းစစ်မှုကောင်စီမှ ပြုလုပ်ခဲ့သော အဆိုပါစစ်တမ်းကောက်ယူမှုတွင် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများကို ထုတ်ဖော်မှုများ နည်းသောကြောင့် ရလဒ်များမှာလည်း ကွဲပြားနေပြီး၊ ထိုကဲ့သို့ဖြစ်နေခြင်းက လူထု၊ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်း၊ နိုင်ငံရေးပေါ်လစီချမှတ်သူများ၊ သုသေသနပြုလုပ်သူများနှင့် စော်ကားခံရသူများအတွက် အကျိုးဆောင်ပေးမည့် ဥပဒေဆိုင်ရာအဖွဲ့အစည်းများအတွက် ရှုပ်ထွေးမှုများဖြစ်ပေါ်စေသည်ဟု စာမျက်နှာ ၂၆၅ စာမျက်နှာပါသည့် အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။

    အမေရိကန်တွင် အဓ္ဓမပြုကျင့်မှုနှင့် လိင်ပိုင်းဆိုင်ရာစော်ကားမှုများမှာ ၂၀၁၁ ခုနှစ်တွင် ၂၄၄၁၉၀ မှုရှိခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ပိုမိုဖြစ်ပွားလာခဲ့ကာ ၃၄၆၈၃၀ မှုရှိအထိ ရှိခဲ့သည်ဟု ရာဇ၀တ်မူသားကောင်းများစစ်တမ်းကောက်ယူမှု(NCVS) ၏ စစ်တမ်းအရ သိရသည်။ NCVS ၏ စစ်တမ်းကောက်ယူမှုများကို တရားမျှတမှုအချက်အလက်စုဆောင်းရေးဗျူရိုအတွက် အမေရိကန်သန်းခေါင်စာရင်းဗျူရိုမှ ဦးဆောင်ဦးရွက်ပြုကာ စီစဉ်ပေးခြင်းဖြစ်သည်။

    သို့သော်လည် အဓ္ဓမပြုကျင့်မှုနှုန်းမှာ စစ်တမ်း၏ ရလဒ်ထက်ပိုမိုမြင့်မားနိုင်ပြီး တစ်နှစ်လျှင် အကြိမ်ရေ ၁.၃ သန်းဝန်းကျင်ဖြစ်ပွားနိုင်သည်ဟု အမေရိကန်ရောဂါထိန်းချုပ်ရေးစင်တာ (CDC) က ဖော်ပြသည်။

    အမေရိကန်တွင်ဖြစ်ပွားလေ့ရှိသည့် အဓ္ဓမပြုကျင့်မှုများနှင့် လိင်ပိုင်းဆိုင်အကြမ်းဖက်မှုများမှာ များသောအားဖြင့် ရင်းနှီးသူများက တစ်ဦးချင်းကျူးလွန်ကြခြင်းဖြစ်သည်။ သိုသော်လည်း အဓ္ဓပြုကျင့်ခံရသူသည် သူမ၏ လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုများအား မိသားစုများကို ဖွင့်ပြောရန် ရှက်ရွံ့ကြသည်ဟု လေ့လာမှုကဆိုသည်။

    ရင်းနှီးသောသူများ၏ အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ခြိမ်းခြောက်ပြုကျင့်မှု များမှာ အမေရိကန်နိုင်ငံရှိ ပြည်သူများအား အရေးပါပြီး၊ ကျယ်ပြန့်သော ကျန်းမာရေးဆိုင်ရာ ပြဿနာများဖြစ်စေသည်ဟု CDC ၏ ကဖော်ပြခဲ့သည်။

    ပျမ်းမျှအားဖြင့် အမေရိကန်နိုင်ငံတွင် တစ်မိနစ်အတွင်း လူ ၂၄ ဦးခန့်မှာ အဓ္ဓမပြုခြင်းခံရခြင်း၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်းနှင့် ရင်းနှီးသောသူများ၏ ခြိမ်းခြောက်စော်ကားခံရခြင်းတို့ကို ခံစားနေရကြောင်း ၂၀၁၀ခုနှစ်က ပြုလုပ်ခဲ့သည့် လေ့လာမှုများအရသိရသည်။

    Ref: presstv

    ————————————-

    ဒရုန်းလေယာဉ်နယ်ပယ်တွင် အမေရိကန်နှင့်ယှဉ်ပြိုင်နိုင်ရန် ဒရုန်းကလပ်အား အီးယူဖွဲ့စည်း

    အမေရိကန်နှင့် အစ္စရေးတို့မှ ထုတ်လုပ်သော မောင်းသူမဲ့ ဒရုန်းလေယာဉ်များအား ယှဉ်ပြိုင်ရန်အတွက် ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့အပါအ၀င် ဥရောပနိုင်ငံအများစုက ‘ဒရုန်းလေယာဉ်အ သုံးပြုသူများ ကလပ်’ ဖွဲ့စည်းရန် သဘောတူညီခဲ့ကြသည်ဟု သိရသည်။

    ယမန်နေ့က ဘရက်ဆဲလ်မြို့တွင် ပြုလုပ်ခဲ့သည့် ဥရောပနိုင်ငံများ၏ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေးတွင် လာမည့် ၁၀ နှစ်အတွင်း ဥရောပ၏ဒရုန်းလေယာဉ် မျိုးဆက်အား တိုးတက်အောင်ပြုလုပ်ရန် အဖွဲ့ဝင်နိုင်ငံအားလုံးက သဘောတူခဲ့ကြခြင်းဖြစ်သည်။ ထိုကလပ်တွင် ဂရိ၊ အီတလီ၊ နယ်သာလန်၊ ပိုလန်နှင့် စပိန်နိုင်ငံတို့ကလည်း အဖွဲ့ဝင်များအဖြစ် ပါဝင်ကြမည်ဖြစ်သည်။

    အချို့သော ဥရောပနိုင်ငံမျာမှာ အနာဂတ် စစ်ဘက်လေကြောင်းပိုင်းဆိုင်ရာတွင် ပြိုင်ဘက်များကို မယှဉ်ပြိုင်နိုင်မည်ကို စိုးရိမ်ပူပန်နေကြသည်။ ယခုအချိန်တွင် ဥရောပနိုင်ငံများမှာ အမေရိကန်နှင့် အစ္စရေးတို့၏ စစ်ဘက်ဆိုင်ရာ ဒရုန်းလေယာဉ်များကို ကောင်းမွန်စွာအသုံးပြုနေသော်လည်း ထိုဒရုန်းလေယာဉ်များအား ဥရောပလေပိုင်နက်တွင် အသုံးပြုရန် ခွင့်ပြုချက်မရရှိပေ။

    ပြီးခဲ့သည့်ဇွန်လကလည်း ဥရောပရှိ လေကြောင်းဆိုင်ရာ အကြီးဆုံး လေကြောင်းဆိုင်ရာ ကုမ္ပဏီများဖြစ်ကြသည့် ဥရောပလေကြောင်းကာကွယ်ရေးနှင့် အာကာသဆိုင်ရာကုမ္ပဏီ၊ ပြင်သစ်လေကြောင်းဆိုင်ရာအဖွဲ့နှင့် အီတလီနာမည်ကြီး လေကြောင်းနည်ပညာများ တီထွင်ထုပ်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်သည့် Finmeccanica တို့ပူပေါင်းကာ အလယ်အလတ်အမြင့်ပျံသန်းနိုင်သည့် အကြမ်းခံ မောင်းသူမဲ့လေယာဉ်များကို ထုတ်လုပ်ရန် စီစဉ်ခဲ့ကြသည်။

    ယခုနှစ်အစောပိုင်းက မာလီနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် စစ်ပွဲတွင် ပြင်သစ်နိုင်ငံမှာ အမေရိကန်ဒရုန်းများနှင့် ဆီဖြည့်လေယာဉ်များကို မှီခိုခဲ့ရသည်။ ဂျာမနီနိုင်ငံကလည်း အာဖဂန်စစ်မြေပြင်နှင့် အခြားနိုင်ငံရှိ စစ်မြေပြင်များတွင် အစ္စရေးမှထုတ်လုပ်သည့် Heron 1 မောင်းသူမဲ့လေယာဉ်များကို အသုံးပြုနေသည်။

    ————————————————–

  • နိုဝင်ဘာ-၁၉ပြည်တွင်းနှင့် နိုင်ငံတကာသတင်း

    နိုဝင်ဘာ- ၁၉ ၂၀၁၃
    M-Media

    ကမ္ဘာ့ဖလားအား မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် လာရောက်ပြသမည်
    FIFA WORLD CUP ကမ္ဘာ့ဖလားကို ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံတွင် လာရောက်ပြသနိုင်ရန် ကမ္ဘာ့ဖလားအဖွဲ့ချုပ်(FIFA)၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်(MFF) နှင့် Cocacola အချိုရည် ကုမ္ပဏီတို့မှ ပူးပေါင်းစီစဉ်ထားသည်ဟု သိရသည်။ ယင်း ဆုဖလားသည် ၁၄ ဒသမ ၅ လက်မ အမြင့်ရှိပြီး ၁၃ ဒသမ ၆၁ ပေါင်အလေးချိန်ရှိကာ ၁၈ ကာရက်ရွှေဖြင့် သွန်းလုပ်ထားခြင်းဖြစ်ကြောင်း၊ FIFA WORLD CUP ပြိုင်ပွဲတွင် ဗိုလ်စွဲသည့်နိုင်ငံမှသာ ကိုင်မြှောက်ခွင့်ရခြင်းဖြစ်သည်။  ဆုဖလားခရီးစဉ်ကို ဘရားဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့မှ စက်တင်ဘာလတွင် အခမ်းအနားဖြင့်ထွက်ခွာလာပြီး မြန်မာနိုင်ငံအပါအ၀င် နိုင်ငံပေါင်း ၅၀ သို့လှည့်လည်သွားမည်ဖြစ်သည်။

    ဒီဇင်ဘာ၂၇ ရက်နေ့တွင် ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံအားကစားခန်းမ၌ FIFA WORLD CUP ကိုခင်းကျင်းပြသသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံရှိဘောလုံးဝါသနာရှင် ပရိသတ်များလာရောက်ကြည့်ရှု့နိုင်ကြောင်း သိရပါသည်။
    ———————————————-
    ကိုထင်ကျော် နောက်ထပ် ထောင် ၉ လ ချမှတ်ခံရ

    တရားမဝင် စီတန်းလှည့်လည်မှုဆိုင်ရာ ဥပဒေပုဒ်မ (၁၈) နဲ့ တရားစွဲဆိုခံထားရပြီး လက်ရှိ အင်းစိန်ထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုထင်ကျော်ကို ဒီကနေ့ ကျောက်တံတားမြို့နယ် တရားရုံးက ထောင်ဒဏ် ၃ လနဲ့ ပန်းပဲတန်းမြို့နယ် တရားရုံးက ထောင်ဒဏ် ၆ လ စုစုပေါင်း ၉ လ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ (RFA)

    ———————————————-

    ကီလိုမီတာ ၂၀၀၀ ထိပျံနိုင်တဲ့ ဒရုန်းလေယာဉ် အီရန် ထုတ်လုပ်နိုင်ပြီ

    နိုင်ငံအတွင်း၌ပင် ဖန်တီးထုတ်လုပ်ထားသည့် ဒုံးကျည်တပ် အကြီးဆုံး ဒရုံးလေယာဉ်ကို အီရန်နိုင်ငံက ယမန်နေ့က ထုတ်ဖော်ပြသလိုက်သည်။

    Fotros အမည်ရသည့် အဆိုပါဒရုန်းလေယာဉ်မှာ ကီလိုမီတာ ၂၀၀၀ အထိသွားရောက်နိုင်ပြီး ကင်းထောက်ရန်နှင့် တိုက်ပွဲဝင်ရန်တွက်အသုံးပြုနိုင်သည်ဟု အီရန်ကာကွယ်ရေးဝန်ကြီး ဟိုစိန် ဒဂ်ဟန်က ယမန်နေ့တွင်ပြောကြားသည်။ ထိုအကွာအဝေးမှာ အစ္စရေးအပါအ၀င် အရှေ့အလယ်ပိုင်းတစ်ခွင်လုံးကို ရောက်နိုင်သည့် အကွာအဝေးဖြစ်သည်။

    “Fotros ဟာ ခရီးအကွာအဝေး ၂၀၀၀ အထိသွားရောက်နိုင်ပြီး အမြင့်ပေ ၂၅၀၀၀ အထိပျံသန်းနိုင်ပါတယ်။ ပျံသန်းချိန်ကတော့ ၁၆ နာရီကနေ နာရီ ၃၀ လောက်ခံပါတယ်။ ပြီးတော့ ကင်းထောက်ဖို့ အတွက် ဆောင်ရွက်နိုင်ပြီး၊ တိုက်ပွဲအတွက် ဝေဟင်မှမြေပြင်ပစ် ဒုံးကျည်တွေကိုလည်း သယ်ဆောင်နိုင်ပါတယ်” ဟု ဒဂ်ဟန်က IRNA သတင်းဌာနသို့ ပြောကြားခဲ့သည်။

    Fotros ဒရုန်းလေယာဉ်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီး ထိုကဲ့သို့အောင်မြင်ခဲ့ခြင်းက ရန်သူများမှ အီရန်နိုင်ငံအပေါ် ပိတ်ဆို့မှုများပြုလုပ်ထားသော်လည်း အီရန်ကာကွယ်ရေး ကဏ္ဍတိုးတက်မှုကို အတားအဆီးဖြစ်စေခြင်း မရှိဟု အဆိုပါလေယာဉ် ပြပွဲ အခမ်းအနားတွင် ဒဂ်ဟန်က ထည့်သွင်းပြောကြားခဲ့သည်။

    အီရန်နိုင်ငံမှာ ယခင်ကလည်း Shahed-129 ဒရုန်းလေယာဉ်ကို တီထွင်ခဲ့ပြီး ထိုလေယာဉ်မှာ ကီလိုမီတာ ၁၇၀၀ အထိအကွာအဝေးကို  ၂၄ နာရီသာ ပျံသန်းနိုင်သည်။

    Ref:aljazeera

    201292523283497734_20

    ———————————————-

    မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အီတလီတွင်ရေကြီး

    မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် မြေထဲပင်လယ်ရှိ အီတလီနိုင်ပိုင် Sardinia ကျွန်းတစ်ခုလုံးတွင် ယမန်နေ့က ရေကြီးမှုများဖြစ်ပေါ်နေပြီး ယခုအချိန်အထိ အနည်းဆုံး လူ ၉ ဦးသေဆုံးခဲ့ကာ လူရာပေါင်းများစွာအား ကယ်ဆယ်ရွှေ့ပြောင်းပေးထားရသည်ဟု သိရသည်။

    Sardinia ကျွန်းရှိ အိုလ်ဘီယာ မြို့တော်ဝင် ဂီယန်နီ ဂျီယိုဗန်နယ်လီက ကျွန်းပေါ်တွင် အလွန်ဆိုးရွားသော မုန်တိုင်းကြီးတိုက်ခတ်ခဲ့ပြီး မြို့အတွင်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကာ အများအပြားသေဆုံး၍ အများအပြားပျောက်ဆုံးနေသည်ဟု ပြောကြားခဲ့သည်။

    မုန်တိုင်းတိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မြစ်ရေလျှံခဲ့ကာ ဒေါ်ဂါလီမြို့ရှိ တံတားတစ်ခုလည်းကြိုးခဲ့ရသည်။ ယခုအချိန်တအထိ သေဆုံးမှုမှာ ရဲတပ်ဖွဲ့ဝင်တစ်ဦး အပါအ၀င် ၉ ဦးရှိနေသည်။ ထိုရဲတပ်ဖွဲ့ဝင်မှာ လူနာတင်ကားအား လိုက်ပါစောင့်ရှောက်စဉ် တံတားကျိုးသည့်အထဲ ပါသွားခဲ့ခြင်းကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။ ဒေါ်ဂါလီမြို့မှာ မုန်တိုင်းဒဏ်ကို အဆိုးရွားဆုံး ခံရသည့်မြို့ဖြစ်ပြီး ထို့မြို့တွင်ပင် လူ ၆ ဦးသေဆုံးခဲ့သည်။

    ———————————————-

    ဘေရွတ်ရှိ အီရန်သံရုံးအနီးတွင် ကားဗုံးပေါက်ကွဲမှုဖြစ်ပွား အနည်းဆုံး ၂၂ ဦးသေဆုံး

    လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ရှိအီရန်သံရုံးအား ပစ်မှတ်ထားတိုက်ခိုက်သည့် အသေခံကားဗုံးဖောက်ခွဲမှုနှစ်ခု ယနေ့တွင်ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၂၂ ဦးသေဆုံးခဲ့ကာ ၁၅၀ နီးပါးဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။

    သေဆုံးသူများထဲတွင် အီရန်ယဉ်ကျေးမှုဆိုင်ရာ သံမှူး အီဗရာဟင် အန်ဆာရီလည်းပါဝင်ခဲ့ပြီး သေဆုံးသူစာရင်းမှာ ထပ်မံ၍မြင့်တက်နိုင်သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ထိုပေါက်ကွဲမှုမှ တစ်မိနစ်ခန့်သာခြား၍ ဆက်တိုက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး သံရုံးအဆောက်အဦး ခြံဝန်းမှာပျက်ဆီးခဲ့သည်။

    အီရန်နိုင်ငံမှာ ဆီးရီးယားပြည်တွင်းစစ်အတွင်း ဆီးရီအား သမ္မတအာဆတ်၏ စစ်တပ်အားကူညီရန် စစ်သားများစေလွှတ်ပေးနေသည့် ဟစ်ဇဘိုလာတို့ကို အဓိကထောက်ပံ့ပေးနေသည့် နိုင်ငံဖြစ်သည်။

    ဆီးရီးယား ပဋိပက္ခက လက်ဘနွန်နိုင်ငံတွင် တင်းမာမှုများကိုဖြစ်ပေါ်စေပြီး မကြာသေးမီလများအတွင်းက ဘေရွတ်မြို့တောင်ပိုင်းရှိ ဟစ်ဇဘိုလာအဖွဲ့၏ ခံတပ်ဟု ယူဆရသောဒေသတွင် တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည်။

  • နိုဝင်ဘာ- ၁၈ ပြည်တွင်းနှင့် နိုင်ငံတကာသတင်း

    နိုဝင်ဘာ- ၁၈ ပြည်တွင်းနှင့် နိုင်ငံတကာသတင်း

    နိုဝင်ဘာ- ၁၈ ၂၀၁၃
    M-Media

    ကေအိုင်အေ ဗိုလ်ချူပ်ဂွမ်မော် ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်

    မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အပစ်အခက် ရပ်စဲရေး ညှိနှိုင်းနေဆဲဖြစ်သည့်  ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ်ဖြစ်သူ ရန်ကုန်မြို့ကို ရောက်ရှိနေတဲ့  ဗိုလ်ချုပ်ဂွမ်မော်က ဒီကနေ့ နေ့လည်ပိုင်းက ဗဟန်းမြို့နယ် ဓမ္မစေတီလမ်းမှာရှိတဲ့ Business Alliance Hotel မှာ သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ကြောင်း သိရပါတယ်။ ၄င်းခရီးစဉ်တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်မည့် တိုင်းရင်းသားနှင့် နိုင်ငံရေးပါတီ ၁၇ ဖွဲ့ တွေ့ဆုံပွဲသို့ တက်ရောက်ရန်အတွက် နိုင်ငံကူးလက်မှတ်ပြုလုပ်မည်ဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာ ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး မူဘောင်ရေးဆွဲရန်အတွက် လာရောက်ရခြင်းဖြစ်ကြောင်း သိရသည်။

    တပ်က စစ်ရေးထိန်းချူပ်မှု မွန်ပြည်သစ်ပါတီ သဘောမကျ

    မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ မြန်မာအစိုးရက အသစ်ထပ်မံ တင်သွင်းဆွေးနွေးလာတဲ့ တပ်ပိုင်းဆိုင်ရာ စစ်ရေးထိန်းချုပ်မှုတွေကို မွန်ပြည်သစ်ပါတီက သဘောမကျဘူးလို့ အရေးပေါ်ကျင်းပတဲ့ ပါတီဗဟို ကော်မတီအစည်းအဝေးက ဆုံးဖြတ်လိုက်ကြောင်းး RFA ရဲ့ သတင်းတပုဒ်မှာဖော်ပြပါတယ်။

    ချင်းလူထုတောင်းဆိုချက် သူရဦးရွှေမန်း ကတိမပေး

    ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းသည် ချင်းပြည်နယ် တီးတိန်မြို့ရှိ အဖွဲ့အစည်းများ၊ ဒေသခံများနှင့် တွေ့ဆုံရာတွင် ဒေသခံများက လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးနှင့် ရေရှိရေး ကိစ္စရပ်များ တောင်းဆိုသော်လည်း သူရဦးရွှေမန်းက ကတိကဝတ် တစ်စုံတရာ ပြုခြင်းမရှိဟု တွေ့ဆုံပွဲ တက်ရောက်သော ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးကမ်းလျန် ပြောကြားကြောင်းကို မဇ္ဈိမ သတင်းမှာ ဖော်ပြထားပါသည်။

    ——————————————————————————————–

    အင်ဒိုနီးရှားသမ္မတ၏ ဖုန်းခေါ်ဆိုမှုများကို သြစတေးလျ ထောက်လှမ်းရေးများက စောင့်ကြည့်ခဲ့

    အင်ဒိုနီးရှားသမ္မတဖြစ်သူ ဆူဆီလို ဘမ်ဘန် ယူဒိုယိုနို၏ တယ်လီဖုန်း ပြောဆိုမှုများအား သြစတေးလျ ထောက်လှမ်းရေးက စောင့်ကြည့်ရန် ကြိုးပမ်းခဲ့သည်ဟု သြစတေးလျ ရုပ်သံလွှင့်ဌာန ABC က ယမန်နေ့တွင် ထုတ်ဖော်တင်ပြခဲ့သည်။

    အမေရိကန်၏ သူလျှိုလုပ်ငန်း၏ အစိတ်အပိုင်းအများအဖြစ် အာရှတစ်ဝှမ်းရှိ သြစတေးလျသံရုံးများတွင် ဖုန်းခေါ်ဆိုမှုများအား ကြားဖြတ်နားခြင်း၊ အင်တာနက် အချက်အလက်များအား စုဆောင်ခြင်းတို့ကို ပြုလုပ်ခဲ့သည်ဟု အမေရိကန်ထောက်လှမ်းရေး ၀န်ထမ်းဟောင်း စနိုးဒင်၏ ဖွင့်ချမှုအား ကိုးကား၍ အောက်တိုဘာလနှောင်းပိုင်းတွင် သြစတေးလျ မီဒီယာများကဖော်ပြခဲ့သေးသည်။

    ထိုကဲ့သို အချက်အလက်စုဆောင်းမှုများကို ဂျကာတာ၊ ဘန်ကောက်၊ ဟနွိုင်း၊ ဘေဂျင်းနှင့် ဒီလီမြို့များရှိ သံရုံးများ၊ ကွာလာလမ်ပူမြို့နှင့် မော်စဘီ ဆိပ်ကမ်းမြို့တို့ရှိ မဟာမင်းကြီးရုံးများမှ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
    စနိုးဒင်ဖွင့်ချမှုတွင် ပါဝင်ခဲ့ပြီး ABC နှင့် Guardian Australia သတင်းစာတို့မှ ရရှိခဲ့သော အချက်အလက်များတွင် သြစတေးလျထောက်လှမ်းရေးက အင်ဒိုနီးရှား သမ္မတ ယူဒိုယိုနို၏ တယ်လီဖုးန်ခေါ်ဆိုမှုများကို အနည်းဆုံး အခမ်းအနားတစ်ခုတွင် ကြားဖြတ် နားထောင်ခဲ့ပြီး၊ ၂၀၀၉ ခုနှစ် သြဂုတ်လအတွင်းကလည်း ၁၅ ရက်ခန့် ကြားဖြတ်နားထောင်ခဲ့သည်ဟု ရေးသားထားကြောင်း ABC သတင်းဌာနက ပြောကြားခဲ့သည်။

    ကိုးကား-ဆင်ဟွာ

    ———————————————————-

    ရုရှားနိုင်ငံတွင် ခရီးသည်တင်လေယာဉ်ပျက်ကျမှုဖြစ်ပွား အနည်းဆုံး လူ ၅၀ သေဆုံး

    ရုရှားနိုင်ငံ ကာဇန်မြို့တွင် ခရီးသည်တင် ဘိုင်အင်း ၇၃၇ လေယာဉ်တစ်စင်း ယမန်နေ့က ပျက်ကျခဲ့ရာ လေယာဉ်ပေါ်တွင်လိုက်ပါလာသည့် ခရီးသည် ၅၀ စလုံး သေဆုံးခဲ့သည်ဟုသိရသည်။

    ထိုလေယာဉ်မှာ မော်စကိုရှိ ဒိုမီဒီဒိုဗိုလေဆိပ်မှ ပျံသန်းလာခြင်းဖြစ်ပြီး ကာဇန်လေယာဉ်ကွင်းသို့ ဒုတိယအကြိမ်ဆင်းသက်ရန်ကြိုးစားစဉ် ပြေးလမ်းနှင့် ရိုက်မိကာ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

    ထိုလေယာဉ်တွင် ခရီးသည် ၄၄ ဦးနှင့် လေယာဉ်အမှုထမ်း ၆ ဦးလိုက်ပါခဲ့ပြီး အားလုံးသေးဆုံးခဲ့ကြသည်။ ပျက်ကျခဲ့သည့်လေယာဉ်မှာ တာတာလေကြောင်းလိုင်းမှ လေယာဉ်ဖြစ်သည်ဟု ၀န်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးကဆိုသည်။

    မျက်မြင်သက်သေတစ်ဦးက ဘိုးအင်းလေယာဉ်မှာ အမြင့်မှ အလျဉ်အမြန်ပြုတ်ကျခဲ့ပြီး ဆီတိုင်ကီမှ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    Ref: aljazeera

    131118-russiacrash-730a.photoblog600

    ———————————————————-

    အမေရိကန်တွင် ပြင်းထန်သော တော်နေဒိုး မုန်တိုင်းတိုက်ခတ်

    ယမန်နေ့က အမေရိကန်ပြည်ထောင်စု အနောက်ဘက်ရှိ အလယ်ပိုင်းပြည်နယ် များတွင် တိုက်ခတ်ခဲ့သော မုန်းတိုင်းငယ်များမှ တော်နေဒိုးမုန်တိုင်းဖြစ်လာခဲ့ပြီး ထိုမုန်တိုင်းဒဏ်ကြောင့် အနည်းဆုံး လူ ၅ ဦးသေဆုံးခဲ့ကာ ၀ါရှင်တန်နှင့် အီလီနွိုက်စ်ပြည်နယ်တို့တွင် ပျက်စီးဆုံးရှုံးမှုများ အများအပြားရှိခဲ့သည်ဟု အစိုးရ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    အီလီနွိုက်စ်ပြည်နယ် ဘုန်းဂပ်မြို့နှင့် မီလာမြို့၊ အင်ဒီယားနားပြည်နယ် မောင့် ကာမလ်နှင့် နော့ဘ်လက်စ်ဗီးလ်မြို့၊ ကန်တာကီပြည်နယ် ပက်ဒ်ယူကာ မြို့များမှာ တော်နေဒိုး မုန်တိုင်းဒဏ်ကို အဓိက ခံစားခဲ့ရသည့် မြို့များဖြစ်သည်ဟု အမျိုသား မိုးလေ၀သဌာနက ယမန်နေ့တွင်သတင်းထုန်ပြန်ခဲ့သည်။

    မုန်တိုင်းကြောင့် ချီကာကိုမြို့ရှိ အဓိကလေယာဉ်ကွင်းနှစ်ခုမှ လေယာဉ်ခရီးစဉ်များကိုလည်း ရပ်နားခဲ့ရသည်။ ၀ါရှင်တန်တွင်လည်း ဆိုးရွားသော မုန်တိုင်းဒဏ်ကို ခံစားခဲ့ရပြီး လူတစ်ဦးသေဆုံးခဲ့ကာ၊ လူ ၃၁ ဦး ဒဏ်ရာရရှိခဲ့သည်။ အီလီနွိုက်စ်ပြည်နယ်တွင် မုန်တိုင်းကြောင့် ၄ ဦးသေဆုံးခဲ့သည်။ ထို့ပြန် မုန်တိုင်ဒဏ်ခံပြည်နယ်များတွင် နေအိမ် ရာပေါင်းများစွာမှာ ပျက်ဆီးခဲ့ရသည်ဟု အရေပေါ်စီမံခန့်ခွဲရေးအေဂျင်ဆီမှ ပြောကြားချက်အရ သိရှိရသည်။

    Ref: aljazeera

    ———————————————————-

    မြောက်ကိုရီးယားနှင့် ပြန်လည်ပေါင်းစည်းရေး အခြေခံအုတ်မြစ်များချမှန်ရန် ပက်ဂျုံဟေးဆုံးဖြတ်

    တောင်ကိုရီးယား သမ္မတ ပက်ဂျုံဟေးက သူမ၏ သမ္မတ သက်တမ်း ၅ နှစ်တာ အတွင်းမြောက်ကိုရီးယားနိုင်ငံနှင့် ပြည်လည်ပေါင်းစည်းရေးအတွက် အခြေခံအုတ်မြစ်များ ချမှတ်သွားရန် သန္နိဌာန် ချမှတ်ထားသည်ဟု ယနေ့တွင် ပြောကြားလိုက်သည်။

    “ငြိမ်းချမ်းစွာပေါင်းစည်းရေး ဖြစ်လာဖို့အတွက် အခြေခံအုတ်မြစ်ကို သေချာစေဖို့ ကျွန်မရဲ့ သမ္မတသက်တမ်းအတွင်းမှာ တတ်နိုင်သလောက် ကျွန်မ အားလုံးလုပ်သွားမှာပါ။ ပြီးတော့ မြောက်ကိုရီးယားကို နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ တာဝန်ယူနိုင်တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ပြောင်းလဲရမှာပါ” ဟု သမ္မတနေရာကို စတင်တာဝန်ယူခဲ့သည့် ဖေဖော်ဝါရီလကတည်းက ပထမဦးဆုံးပြုလုပ်ခဲ့သည့် လွှတ်တော်အစည်းအဝေးတွင် ဥပေဒပြုအမတ်များသို့ပြောကြားခဲ့သည်။

ုထို့ပြင် ကိုရီးယားကျွန်းဆွယ်ပေါင်းစည်းမှုမှာ ယခုအချိန်အထိ အလှမ်းဝေးနေသေးသော်လည်း မဖြစ်မနေဆောင်ရွက်ရမည့် ကိစ္စဖြစ်ကြောင်း၊  တောင်ရီးယားအနေဖြင့် စည်းကမ်းချက်များနှင့် စိတ်ရှည်သည်းခံမှုကို အခြေခံကာ ကိုရီးယားကျွန်းဆွယ် ယုံကြည်မှုတည်ဆောက်ရေး လုပ်ငန်းစဉ်ကို ဆက်လက် တွန်းအားပေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပက်ဂျုံဟေးက ထပ်လောင်း ပြောကြားခဲ့သည်။

    Ref:ဆင်ဟွာ

    ———————————————————-

     မုန်တိုင်းဒဏ်ခံ ဖိလစ်ပိုင်ပြည်သူများအတွက် ဒေါ်လာ ၁၀ သန်းဖိုး အကူအညီများအား ဆော်ဒီပေးပို့

    ပြီးခဲ့သည့် သီတင်းပတ်က တိုက်ခတ်ခဲ့သော ဟိုင်ယန်မုန်တိုင်းဒဏ်ကြောင့် ဒုက္ခရောက်နေကြသည့် ဖိလစ်ပိုင်ပြည်သူများအတွက် ဆော်ဒီအာရေဗျနိုင်ငံမှ ကန်ဒေါ်လာ ၁၀ သန်းတန်ဖိုးရှိ အကူအညီများပေးပို့ခဲ့သည်ဟု သိရသည်။

    မုန်တိုင်းတိုက်ခတ်ပြီးနောက် ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းတွင် အစိုးရတာဝန်ရှိသူများနှင့် ဒေသခံများက မုန်တိုင်းကြောင့် သေဆုံးခဲ့သည် အလောင်းများအား ရှာဖွေခဲ့ရာ ယခုအခါ သေဆုံးသူ ၄၀၀၀ ကျော်ရှိနေပြီဖြစ်သည်။

    ဆော်ဒီမှပေးပို့သည့်အကူအညီများကို ကောင်းမွန်စွာလက်ခံရရှိခဲ့သည်ဟု ဆော်ဒီနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီး အီဇီဒင် တာဂိုမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားပြီး ထိုကြေညာချက်အားသံရုံးဝဘ်ဆိုဒ်တွင် ဖော်ပြခဲ့သည်။

    “လှူဒါန်းဖို့ကိစ္စနဲ့ပက်သက်ပြီး အကြောင်းကြားဖို့အတွက် ဘဏ္ဍာရေးဝန်ကြီးဌာနကနေ ကျွန်ုပ်ထံ ( သောကြာနေ့က) ဖုန်းခေါ်ခဲ့ပါသည်။ ထို့နောက် လူသားချင်းစာနာထောက်ထားသော ထိုအကူအညီများအား လိုအပ်သူများထံ ရောက်ရှိစေရန်အတွက် ခွဲဝေပေးရေးနှင့် ပက်သက်၍ အကြံဥာဏ်များလည်း ပေးခဲ့ပါသည်။ သမ္မတကြီး၏ကိုယ်စား ဖိလစ်ပိုင်ပြည်သူများ၊ အထူးသဖြင့် ဆော်ဒီတွင်ရှိနေကြသည့် ဖိလစ်ပိုင်ပြည်သူများနှင့် မုန်တိုင်းဒဏ်ခံပြည်သူများက မြင့်မြတ်သော ၀တ်ကျောင်းတော်နှစ်ခုကိုစောင့်ရှောက်သည့် ဘုရင် အဗ္ဗဒူလာ ဘင် အဗ်ဒူ အဇစ် အလ်-ဆာအွဒ်ထံမှ ပေးပို့သောအကူအညီများအတွက် ကျေးဇူးတင်ရှိပါသည်” ဟု ထိုကြေညာချက်တွင် ရေးထားဖော်ပြထားသည်။

ုဖိလစ်ပိုင်တွင်ထိုကဲ့သို့ မုန်တိုင်းတိုက်ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက် ဆော်ဒီနိုင်ငံသားများက ၎င်းတို့မှာ မုန်တိုင်းဒဏ်ခံပြုည်သူများနှင့်တစ်သားတည်းရှိကြောင်း ဆိုရှယ်မီဒီယာများတွင် ရေးသားခဲ့ကြပြီး၊ မုန်းတိုင်းသင့်ပြည်သူများအတွက် အကူအညီများပေးရန်လည်း အချင်းချင်း တိုက်တွန်းခဲ့ကြသည်။

    ဆော်ဒီနိုင်ငံအပြင် ယူအေအီးနိုင်ငံကလည်း မုန်တိုင်းသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ကန်ဒေါ်လာ ၁၀ သန်းလှူဒါန်းမည်ဟု ယမန်နေ့က ကြေညာခဲ့သည်။

  • နိုဝင်ဘာ ၁၇ နိုင်ငံတကာသတင်းများ

    နိုဝင်ဘာ- ၁၇ ၂၀၁၃

    M-Media

    ဟူစတန်မြို့ ပါတီပွဲတစ်ခုတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွား ၁ ဦးသေဆုံး

    အမေရိကန်ပြည်ထောင်စု ဟူစတန်မြို့ရှိ အိမ်တစ်အိမ်တွင် ယမန်နေ့က ပြုလုပ်ခဲ့သော ပါတီပွဲတစ်ခုတွင် သေနစ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး လူ ၁ ဦးသေဆုံးခဲ့ကာ အနည်းဆုံး လူ ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    ဟူစတန်မြို့ အနောက်တောင်ဘက် အိမ်တစ်အိမ်တွင် ကျင်းပသော လူငယ်များနှင့် ဆယ်ကျော်သက်များ လာရောက်ကြသည့် အဆိုပါ ပါတီတွင် ည သန်ခေါင်ယံ အချိန်၌ သေနတ် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    ထိုပါတီသို့ ကားနှစ်ဆီးဖြင့်ဝင်ရောက်လာပြီးနောက် အချိုကသော ကိစ္စရပ်များတွင် အခြေအတင်ပြောဆိုခြင်းများဖြစ်ပွားခဲ့ပြီး သေနတ်ဖြင့် စတင် ပစ်ခတ်ခဲ့ကာ အချက် ၂၀၊ ၃၀ ခန့်ရှိသည်ဟု မျက်မြင်သက်သေများက ပြောကြားခဲ့ကြောင်း ဟူစတန် ရဲဌာနက သတင်းထုတ်ပြန်ခဲ့သည်။

    အခင်းဖြစ်ပွားရာနေရာသို့ ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာချိန်တွင် ဆယ်ကျော်သက်တစ်ဦးမှာ ရရှိထားသော ဒဏ်ရာဖြင့် သေဆုံးလျက်ရှိပြီး၊ အခြားသော ဆယ်ကျောက်သက်သုံးဦးအား ဒဏ်ရာရလျက် တွေ့ရှိခဲ့ရကြောင်း၊ မျက်မြင်သက်သေများ၏ ထွက်ဆိုချက်များကို အခြေပြုကာ စုံစမ်းစစ်ဆေးလျက် ရှိပြီး အမှုနှင့် ပက်သက်သည့် မည်သူတစ်ဦး တစ်ယောက်ကိုမှ ဖမ်းဆီးထားခြင်း မရှိကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ခဲ့သည်။

    Ref: ဆင်ဟွာ
    Tiffany+Homicide+Nov+16+014
    ……………………………….
    ဘင်္ဂလားဒေ့ရှ်၏ လမ်းပမ်းဆက်သွယ်ရေးအတွက် ADB နှင့် ဂျပန်တို့ ကူညီမည်

    ဘင်္ဂလားဒေ့ရှ်နိုင်ငံ လမ်မများနှင့် အဝေးပြေးလမ်းများ ဖောက်လုပ်ရေးဌာန(RHD)၏ ဘာဏ္ဍာရေးအခြေအနေကို ပိုမိုတောင့်တင်းစေရန်တွက် ဒေါ်လာ ၁.၅ သန်းကူညီရန် အာရှဖွံ့ဖြိုးရေးဘဏ်(ADB) နှင့် ဘင်္ဂလားဒေ့ရှ်အစိုးရတို့ သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြသည်ဟု မနီလာအခြေစိုက် ADB ဘဏ်က ယနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

    ထို့ပြင် ဂျပန်နိုင်ငံမှလည်း ပါဝင်ကူညီမည်ဖြစ်ပြီး ထိုကူညီထောက်ပံ့မှုများအား ADB မှ ကြီးကြပ်ကာ၊ အကောင်အထည်ဖော်မည့် ပရောဂျက်များကိုလည်း နည်းပညာပိုင်းဆိုင်းရာ ကူညီထောက်ပံ့မှုများ ပေးသွားမည်ဟု ထိုအစီရင်ခံစာတွင် ရေးထားဖော်ပြထားသည်။

    ထိုကဲ့သို့နည်းပညာပိုင်းဆိုင်ရာ ကူညီမှုက RHD အားခေတ်မီစေပြီး၊ RHD မှ ဆောက်ရွက်သောလုပ်ငန်းများအား လွယ်ကူသွက်လက်စေမည်ဖြစ်သည်။ အထို့ပြင် ADB မှ လမ်းများ၊ တံတားများထိန်းသိမ်းခြင်းနှင့် ခံနိုင်ဝန်ထက်ပိုမိုတင်ဆောင်မှုအား ထိန်းချုပ်ခြင်းစသည့် လုပ်ငန်းများတွင်လည်း ထောက်ပံ့မှုများ ပြုလုပ်သွားမည်ဟု သိရသည်။

    ………………………………
    လူကုန်ကူးမှုများကို တားဆီးရန် သီရီလင်္ကာနှင့် သြစတေးလျရေတပ်တို့ ပူးပေါင်းဆောင်ရွက်မှုများအား ချဲ့ထွင်

    တရားမ၀င်လူကုန်ကူမှုများအား နှိမ်နှင်းရန်အတွက် သီရိလင်္ကာနှင့် သြစေတးလျ နှစ်နိုင်ငံရေတပ်များ ပူးပေါင်းဆောင်ရွက်မှုကိုတိုးမြှင့်တော့မည်ဟု သိရသည်။

    သြစေတးလျသို့ လှေများဖြင့်ဝင်ရောက်လာကြသည့် တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူများနှင်ပက်သက်၍ သြစတေးလျဝန်ကြီးချုပ် တိုနီ အဘော့နှင့် သီရိလင်္ကာဝန်ကြီးချုပ် မဟင်ဒါ ရာဂျာပက်ဆာတို့ ယနေ့က ဆွေးနွေးခဲ့သည်။

    ဓနသဟာယနိုင်ငံ အစိုးရများ၏ အစည်းအဝေးတွင် သီးခြားဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး တရားမ၀င် ရွှေ့ပြောင်းကြသူများပင်လယ်ပြင်တွင်သေဆုံးမှုအား ကာကွယ်ရန်နှင့် ထိုသူများအား သိရိလင်္ကာ နိုင်ငံအား စွန်ခွာနေသူမှုများအား လျှော့ချရန် သင်္ဘောနှစ်စင်းအား သီရိလင်္ကာသို့ပေးအပ်ရန်ကိုလည်း သြစတေးလျက ကတိပေးခဲ့သည်။

    ၂၀၁၂ ခုနှစ် သြဂုတ်လမှစ၍ ယခုအချိန်အထိ သြစတေးလျသို့ တရားမ၀င် သီရိလင်္ကာနိုင်ငံသား ၁၄၀၀ နီးပါးအား သြစလေးလျက ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည်။

    ဇူလိုင် ၁၉ ရက်နေ့က ပြဌာန်းခဲ့သော သြစတေးလျ၏ ဥပဒေသစ်အရ သြစတေးလျသို့ ဗီဇာမပါဘဲ လှေများဖြင့်ဝင်ရော်လာသူများမှာ သြစတေးလျတွင် အခြေချခွင့်မရတော့ဟု သိရသည်။

    …………………………………
    ဒရုန်းဖြင့်တိုက်ခိုက်မှုများအား ဂျာမနီ အခြေစိုက်စခန်းများမှ အမေရိကန်ပြုလုပ်

    အမေရိကန်မှ ကမ္ဘာ့တစ်ဝှမ်းတွင် ဒရုန်းများဖြင့် တိုက်ခိုက်မှုများအား ဂျာမနီနိုင်ငံရှိ အမေရိကန်စစ် အခြေစိုက်စခန်းမှ စီစဉ်ပြုလုပ်ခဲ့သည်ဟု ဂျာမန်မီဒီယာများက ယမန်နေ့တွင် ရေးသားဖော်ပြခဲ့ကြသည်။

    ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်းတို့တွင် ပြုလုပ်ခဲ့သည့် ဒရုန်းလေယာဉ်ဖြင့် တိုက်ခိုက်မှုများကို ဂျာမနီနိုင်ငံ စတုဂတ်ရှိ အမေရိကန် စစ်အခြေစိုက်ဌာနနှင့် ရမ်စတိန်ဒေသရှိ လေတပ် စခန်းတို့မှ စီစဉ်ဆောက်ရွက်ခဲ့ခြင်းဖြစ်သည်။

    ဘာလင်ရှိ အမေရိကန်သံရုံးက ထိုကစ္စများမှာ ဟုတ်မှန်ခြင်းမရှိဘဲ၊ ကောလဟာလများဖြစ်သည်ဟု ပြန်လည်ဖြေရှင်းခဲ့သည်။

    စုံးစမ်းမှုများအရ ကမ္ဘာ့တစ်ဝှမ်းရှိ အကြမ်းဖက်သံသယရှိသူများအား ပြန်ပေးစွဲခြင်း၊ နှိပ်စက်ခြင်းများကိုလည်း ဂျာမနီနိုင်ငံမှပင်ပြုလုပ်သည်ဟု တွေ့ရှိခဲ့ရသည်။

    လူများစွာသေကြေပျက်ဆီးရသည့် ဒရုန်းလေယာဉ်များဖြင့် တိုက်ခိုက်မှုအား ကူညီခဲ့သည့်အတွက် အတိုက်အခံပါတီက ဂျာမန်အစိုးရအား ဝေဖန်ခဲ့ပြီး၊ ထိုတိုက်ခိုက်မှုများမှာ စွဲချက်မရှိဘဲ သတ်ဖြတ်ခြင်းသာဖြစ်ပြီး၊ တရားမ၀င်ဟု ပါလီမန်အဖွဲ့ဝင်ဖြစ်သူ ဂျန်ဗန် အေကန်က ပြောကြားခဲ့သည်။

    Press TV

    ……………………………………..

  • နိုဝင်ဘာ ၁၆ နိုင်ငံတကာနှင့် ပြည်တွင်းသတင်း

    နိုဝင်ဘာ- ၁၆ ၂၀၁၃
    M-Media

    EU -မြန်မာ ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်

    ယမန်နေ့က နေပြည်တော်တွင် စီးပွားရေးဆိုင်ရာ ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနောက် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် ဥရောပသမဂ္ဂနှင့် မြန်မာနိုင်ငံသို့ သဘောတူညီခဲ့ကြသည်ဟု နိုင်ငံပိုင် မီဒီယာများက သတင်းထုန်ပြန်ခဲ့သည်။

    ထိုသဘောတူညီချက်တွင် အသေးစားနှင့် အလယ်အလတ် လုပ်ငန်းများအတွက် စနစ်များဆွေးနွေးရန်၊ ကုန်ကြမ်းပစ္စည်းများထုတ်လုပ်ခြင်း၊ ခရီးသွားကဏ္ဍတွင် ရေရှည်ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန်၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ဥရောပမှ အကူအညီများပေးရန်၊ ဥရောပရင်းနှီးမြှပ်နှံမှုဘဏ်နှင့် မြန်မာနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန်နှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန်တို့ပါဝင်သည်။

    ဥရောပ-မြန်မာ စီပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို ပြီးခဲ့သည့် မတ်လတွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး၊ ကြာသာပတေးနေ့က အဖွဲ့၏ ပထမဦးဆုံးဖိုရမ်သုံးခုကို ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည်။ ထိုဖိုရမ်သုံးခုတွင် စီးပွားရေး၊ ဒီမိုကရေစီလူ့အဖွဲ့အစည်းဖိုရမ်နှင့် ဖွံ့ဖြိုးရေးဖိုရမ်တို့ဖြစ်ကြသည်။

    Ref: ဆင်ဟွာ

    ဓါတ်ပုံ – သမ္မတရုံးဝဘက်ဆိုဒ်

    20131115-1-5

    ………………………………

    ကလေးတစ်ယောက်ပေါ်လစီအား တရုတ်ဖြေလျော့ပေးတော့မည်

    ဆယ်စုနှစ်အတော်ကြာကျင့်သုံးလာခဲ့သည့် တစ်အိမ်ထောင် ကလေးတစ်ယောက်ပေါ်လစီအား တရုတ်နိုင်ငံမှ ဖြေလျော့ပေးတော့မည်ဖြစ်ပြီး ဝေဖန်မှုများနှင့် ရင်ဆိုနေရသည့် နိုင်ငံ၏ အလုပ်အကိုင်အစီအစဉ်ကိုလည်း ဖျက်သိမ်းတော့မည်ဟု ကွန်မြူနစ်ပါတီက ပြောကြားလိုက်သည်။

    ထိုကဲ့သို့ပြောင်းလဲမှုမှာ ဘေးဂျင်း၌ လေးရက်တာပြုလုပ်ခဲ့သော ကွန်မြူနစ်ပါတီ၏ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်သည့် ဆွေးနွေးမှုများအပြီး ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားခြင်းဖြစ်ပြီး တရုတ်နိုင်ငံ၏ စီးပွားရေးပေါ်လစီကိုလည်း လာမည့်နှစ်များအတွင်းတွင် ပြောင်းလဲတော့မည်ဟု သိရသည်။

    တရုတ်နိုင်ငံတွင် လက်ရှိကျင့်သုံးနေသော ပေါ်လစီကြောင့် အိမ်ထောင်စုအများစုမှာ ကလေးတစ်ဦးသာယူခွင့်ရှိပြီး အချို့သော တိုင်းရင်းသားလူနည်းစုများ၊ ပထမဦးဆုံးကလေးတွင် မိန်းကလေးဖြစ်သော လယ်သမားများကိုသာ ချွင်းချက်အနေဖြင့် ကလေးနှစ်ဦးအထိ ယူခွင့်ရှိသည်။

    သန်းပေါင်းများစွာ လူဦးရေးတိုးပွားမှုကို ဟန့်တားရန်နှင့် တိုင်းပြည်အတွင်းရှိ ဆင်းရဲမွဲတေမှုကိုလျော့ချရန် ထိုကလေးတစ်ယောက်ပေါ်လစီကို ၁၉၈၀ ခုနှစ်တွင် ကွန်မြူနစ်အစိုးရက စတင်ကျင့်သုံးခဲ့ခြင်းဖြစ်သည်။

    Ref:aljazeera

    ……………………………..

    အီတလီတစ်ဝှမ်း ကျောင်းသားများ ဆန္ဒပြ

    အစိုးရကပြုလုပ်သော ချွေတာရေးအစီအမံများကို မကျေနပ်ကြသည့် အီတလီ ကျောင်းသားထောင်ပေါင်းများစွာက အီတလီနိုင်ငံတစ်ဝှမ်းတွင် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

    အီတလီဝန်ကြီးချုပ်မှ မကြာသေးခင်က ထုန်ပြန်ခဲ့သည့် ၂၀၁၄ ခုနှစ် တိုင်းပြည်၏ သုံးငွေစာရင်းတွင် ပညာရေးကဏ္ဍသုံးငွေအား လျော့ချခဲ့မှုကို မကျေနပ်ကြသည့် ကျောင်းသားထောင်ပေါင်းများစွာတို့က ယမန်နေ့တွင် ရောမမြို့၊ တူရင်မြို့၊ ပါလာမိုမြို့တို့အပါအ၀င် မြို့ကြီးများတွင် ဆန္ဒပြခဲ့ကြသည်။

    ကျောင်းသားများမှာ ချွေတာရေးအစီအမံများအား ဆန့်ကျင်သည့် ကျွေးကျော်သံများကို ကျွေးကျော်ခဲ့ကြပြီး၊ “ငါတို့သည့် ပညာရေး၊ အလုပ်အကိုင်နှင့် အသက်ရှင်သန်မှု အခွင့်အရေးများကို လိုချင်သည်” ဟု ရေးသားထားသည့် ပိုစတာများကို ကိုင်ဆောင်၍လည်း ဆန္ဒပြခဲ့ကြသည်။

    ထို့ပြင် အီတလီပါလီမန်က အစိုးရ၀န်ထမ်းများအား လျှော့ချရန်ဥပဒေကိုလည်း ထုန်ပြန်ရန်ကြိုစားနေသည်။ အီတလီနိုင်ငံမှာ ၂၀၁၁ ခုနှစ်မှစတင်ကာ စီးပွားရေး ကျဆင်းမှုဒဏ်အား ခံစားနေပြီး အစိုးရအနေဖြင့် ထိုပြဿနာအား ဖြေရှင်းရန် ချွေတာရေးအစီအမံများကို လုပ်ဆောင်လျက်ရှိသည်။
    Ref: Press TV


    …………………………….
    ကမ္ဘောဒီယားနှင့် ဂျပန်တို့ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်မည်

    ပြည်သူများနှင့် နိုင်ငံများအကျိုးရှိရန်အတွက် နှစ်နိုင်ငံ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ တိုးမြှင့်တော့မည်ဟု ကမ္ဘောဒီယားနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်တို့ ပူးတွဲထုတ်ပြန်သည့် ကြေညာချက်အရ သိရှိရသည်။

    မြို့တော် ဖနွမ်းပင်ရှိ ငြိမ်းချမ်းရေးနန်းတော်တွင် ယမန်နေ့က ပြုလုပ်ခဲ့သည့် ၀န်ကြီးချုပ်နှစ်ဦးတို့၏ တစ်နာရီကြာ အစည်းအဝေးတွင် နှစ်နိုင်ငံ နိုင်ငံရေး၊ လုံခြုံရေး၊ ဒီမိုကရေစီကဏ္ဍ၊ တရားဥပဒေစိုးမိုးရေး၊ စီပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ယဉ်ကျေးမှုကဏ္ဍ စသည်တို့တွင် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် သဘောတူညီခဲ့ကြသည်ဟု အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

    ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များတွင်လည်း ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးလုက်ငန်းများ၌ ပူးပေါင်းဆောင်ရွက်ကြရန်လည်း သဘောတူညီခဲ့ကြသည်။

    ထို့ပြင် ရေပိုင်နက်ပိုင်ဆိုင်မှုအငြင်းပွားနေခြင်းများအား နိုင်ငံတကာ ဥပဒေအရ ဖြေရှင်းရန်အရေးကြီးကြောင်း ပြောကြားခဲ့ပြီး၊ မြောက်ကိုရီးယာနိုင်ငံ၏ နျူးကလီးယား ကိစ္စနှင့်ပက်သက်၍ ၂၀၀၅ ခုနှစ်က ခြောက်နိုင်ငံဆွေးနွေးပွဲတွင် သဘောတူထားသည့်အတိုင်း လုပ်ဆောင်ရန် နှစ်နိုင်ငံစလုံးက တိုက်တွန်းခဲ့ကြသည်။
    Ref: ဆင်ဟွာ


    ………………………………….
    လူငယ်များ အလုပ်လက်မဲ့ဖြစ်နေခြင်းက ဥရောပအား ပြိုကွဲသွားစေနိုင်သည်ဟု WEFပြော

    ဥရောပနိုင်ငံများတွင် ကြုံတွေ့နေရသည့် လူငယ်များ အလုပ်လက်မဲ့ဖြစ်နေခြင်းကို ဖြေရှင်းနိုင်သည့် ပေါ်လစီအား ချပေးနိုင်သူမရှိပါက ဥရောပသမဂ္ဂမှာ ပြိုကွဲသွားနိုင်သည်ဟု ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) က သတိပေး ပြောကြားလိုက်သည်။

    ထိုကဲ့သို့ သတိပေးမှုမှာ ၂၀၁၄ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့် ပက်သက်၍ ယမန်နေ့က ထုန်ပြန်ခဲ့သော WEF ၏ သုံးသပ်ချက်တွင် ဖော်ပြထားခြင်းဖြစ်သည်။

    ထို့ပြင် လူငယ်များ အလုပ်လက်မဲ့ဖြစ်မှုများကို တားဆီးမှုမရှိပါက ရာဇ၀တ်မှုများ မြင့်တက်လာနိုင်ပြီး စီးပွားရေးပြည်လည်ဦးမော့လာရန် ကြိုးပမ်းမှုကို ပျက်ဆီးစေနိုင်ကာ ဥရောပ၏ လူမှုရေး အခြေအနေအား ဆိုးရွားသွားစေနိုင်သည်ဟုလည်း ထိုသုံးသပ်ချက်တွင် ထည့်သွင်းရေးသားထားသည်။

    ဥရောပ၏ စီးပွားရေးကျဆင်းမှုဒဏ်ကို လူငယ်များမှာ အများဆုံးခံစားနေရပြီး ဥရောပတစ်ဝှမ်း အသက် ၂၅ နှစ်အောက်လူငယ်များ အလုပ်လက်မဲ့ဖြစ်နေမှုမှာ ယခုအချိန်တွင် ၂၄.၄ ရာခိုင်နှုန်းအထိ ရှိနေသည်။

    Ref: Press TV