News @ M-Media

Tag: singapore

  • လူတစ်ဦးအား ပြန်ပေးဆွဲသတ်ဖြတ်ရန် ကြိုးစားသည့် မြန်မာနိုင်ငံသားနှစ်ဦးကို စင်ကာပူ ထောင်ချ

    လူတစ်ဦးအား ပြန်ပေးဆွဲသတ်ဖြတ်ရန် ကြိုးစားသည့် မြန်မာနိုင်ငံသားနှစ်ဦးကို စင်ကာပူ ထောင်ချ

    ဧပြီ ၁၇၊ ၂၀၁၈
    M-Media

    ရုံးထုတ်လာမှုတွင် တွေ့ရစဉ်

    – စီးပွားရေးသမားတစ်ယောက်ရဲ့ ခိုင်းစေမှုနဲ့ အမျိုးသားတစ်ဦးကို ဖမ်းဆီး၊ ပြန်ပေးဆွဲ သတ်ဖြတ်ဖို့ ကြိုးစားခဲ့တဲ့ မြန်မာနိုင်ငံသားနှစ်ဦးကို စင်ကာပူက မနေ့မှာ ထောင်ဒဏ်တွေ အသီးသီး ချမှတ်လိုက်ပါတယ်။

    အသက် ၄၀ ရွယ် ဇော်မင်းလှိုင်နဲ့ အသက် ၃၄ နှစ်အရွယ် ဖြိုးမင်းနိုင်တို့ ဖြစ်ကြပြီး မြန်မာနိုင်ငံသားတစ်ဦးဖြစ်တဲ့ အသက် ၂၉ နှစ်အရွယ် အေးမောင်မောင်သက်ကို ပြန်ပေးဆွဲ သတ်ဖြတ်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

    ဇော်မင်းလှိုင်ကို တရားရုံးက ထောင်ဒဏ် ၄ နှစ်၊ ၃ လနဲ့ ၂ ပတ် ချမှတ်ခဲ့ပြီး၊ ဒဏ်ငွေ စင်ကာပူဒေါ်လာ ၄ ထောင် ပေးဆောင်ဖို့၊ ယာဉ်မောင်းခွင့် တစ်နှစ်ပိတ်ပင်ဖို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။ သူဟာ ပြန်ပေးဆွဲရန် ကြိုးပမ်းမှု၊ ခေါက်ဓားမြှောင်နဲ့ ကျဉ်စက်တွေ လက်ဝယ်ထားရှိမှု၊ လိုင်စင်မရှိတဲ့ မြန်မာနိုင်ငံသားတစ်ဦးကို ကားမောင်းခိုင်းမှု စတာတွေအပါအ၀င် ပုဒ်မ ၇ ခုနဲ့ တရားစွဲဆို ခံခဲ့ရတာဖြစ်ပါတယ်။

    သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် ဖြိုးမင်းနိုင်ကလည်း ထောင်ဒဏ် ၄ နှစ်နဲ့ ၃ လ ချမှတ်ခံရပြီး ဒဏ်ငွေ စင်ကာပူဒေါ်လာ ၆၀၀၀ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ဖြိုးမင်းနိုင်ဟာ ပြန်ပေးဆွဲဖို့ ကြိုးစားမှု၊ ကျဉ်စက်နဲ့ ငရုတ်ကောင်းစပရေး လက်ဝယ်ထားရှိမှုတွေနဲ့ အပြစ်ရှိကြောင်း ၀န်ခံခဲ့ပါတယ်။

    စီးပွားရေးသမား အသက် ၃၃ နှစ်အရွယ် မြန်မာနိုင်ငံသား အောင်အောင်က သူ့ဇနီး စန္ဒီဟာ အေးမောင်မောင်သက်နဲ့ ငြိစွန်းနေတယ်လို့ သံသယဖြစ်တဲ့အတွက် အေးမောင်မောင်သတ်ကို ပြန်ပေးဆွဲသတ်ဖြတ်ဖို့ ၂၀၁၅ ခုနှစ် မေလမှာ ဇော်မင်းလှိုင်နဲ့ ဖြိုးမင်းနိုင်တို့ကို ခိုင်းစေခဲ့တာပါ။

    ဒါ့ကြောင့် ဇွန် ၂၁ ရက်နေ့မှာ ဒီနှစ်ယောက်ဟာ အေးမောင်မောင်သက်ကို သွားရောက် ပြန်ပေးဆွဲခဲ့ပေမယ့် လမ်းသွားလမ်းလာတွေ တွေ့ရှိသွားတာကြောင့် အကြံအစည် အထမမြောက်ခဲ့ဘဲ ထွက်ပြေးလွတ်မြောက်သွားပါတယ်။

    အေးမောင်မောင်သက်က ဒီကိစ္စကို ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ပြီး နောက်တစ်နေ့မှာပဲ ဇော်မင်းလှိုင်နဲ့ ဖြိုးမင်းနိုင်တို့ကို ဖမ်းမိခဲ့ပါတယ်။

    ခိုင်းစေသူအောင်အောင်ဟာ ရဲတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခြင်းမပြုနိုင်မီ စင်ကာပူကနေ ထွက်ခွာသွားခဲ့ပြီး၊ အေးမောင်မောင်သက်က ၂၀၁၅ ခုနှစ် ဒီဇင်ဘာမှာ စင်ကာပူကနေ ထွက်သွားခဲ့တယ်လို့ တရားရုံးက ပြောကြားခဲ့ပါတယ်။

    ပြစ်ဒဏ်ချမှတ်ခံရတဲ့ ဇော်မင်းလှိုင်နဲ့ ဖြိုးမင်းနိုင်တို့ဟာ စင်ကာပူမှာ အမြဲတမ်းနေထိုင်ခွင့် ရရှိထားသူတွေ ဖြစ်ပါတယ်။

    Ref: Strait Times

  • မြန်မာအမျိးသမီးငယ်လေးများ စင်ကာပူသို့ အိမ်အကူအဖြစ် ပို့ဆောင်ခံနေရဆဲ (မြန်မာစာတမ်းထိုး)

    မြန်မာအမျိးသမီးငယ်လေးများ စင်ကာပူသို့ အိမ်အကူအဖြစ် ပို့ဆောင်ခံနေရဆဲ (မြန်မာစာတမ်းထိုး)

    ဧပြီ ၂၊ ၂၀၁၈
    M-Media

    ဤ စုံစမ်းဖော်ထုတ်မှုမှတ်တမ်းတွင်

    – စင်ကာပူရှိ မြန်မာအိမ်အကူ မိန်းကလေးငယ်များ ထိခိုက်ခံစားရမှု
    – မြန်မာအစိုးရ၏ ပိတ်ပင်ထားမှုကို ချိုးဖောက်ကာ ကုမ္ပဏီများက အိမ်အကူစေလွှတ်နေမှု
    – တရားမ၀င် အိမ်အကူစေလွှတ်မှုတွင် လွှတ်တော်အမတ်တစ်ဦး ပါဝင်ပတ်သက်မှု
    – စင်ကာပူရှိ မြန်မာသံရုံး၏ လစ်လျူရှုထားမှု
    – မြန်မာအလုပ်သမားရေးရာ ဦးစီးဌာန၏ တာဝန်ပေါ့လျော့မှု
    – အေးဂျင့်များ၏ ခြေရှုပ်မှုများ
    – မနလရုံးမှ အကျော်အခွများ
    – စင်ကာပူအစိုးရ၏ မဆိုင်သလိုနေမှု
    – စင်ကာပူတွင် မြန်မာအိမ်အကူတစ်ဦး ပဟေဠိဆန်စွာ တိုက်ပေါ်မှ ပြုတ်ကျသေဆုံးမှု .. စတာတွေကို ရှုစားရမှာြ
    ဖစ်ပါတယ်။

    Source – Aljazeera

    (စင်ကာပူရှိ မြန်မာအိမ်အကူများနှင့်ပတ်သက်၍ ၂၀၁၆ ခုနှစ် အလ်ဂျာဇီးရားသတင်းဌာန၏ စုံစမ်းဖော်ထုတ်မှုကို
    ကွန်မန့်ဘောက်တွင် ကြည့်ရှုနိုင်ပါသည်။)

  • ခရစ်ယာန်ဓမ္မဆရာ၏ဟောကြားချက် ဘာသာရေးသဟဇာတဖြစ်မှုကို ထိခိုက်မှု ရှိ၊ မရှိ စင်ကာပူ စုံစမ်းနေ

    ခရစ်ယာန်ဓမ္မဆရာ၏ဟောကြားချက် ဘာသာရေးသဟဇာတဖြစ်မှုကို ထိခိုက်မှု ရှိ၊ မရှိ စင်ကာပူ စုံစမ်းနေ

    မတ် ၂၇၊ ၂၀၁၈
    M-Media

    – အမေရိကန် ခရစ်ယာန်တရားဟောဆရာတစ်ယောက်ဟာ စင်ကာပူနိုင်ငံရဲ့ ဘာသာရေးသဟဇာတဖြစ်မှုကို ပျက်ပြားစေတဲ့ ပြောကြားချက်မျိုး ရှိတယ်လို့ အထောက်အထားတွေ့ရရင် တိတိကျကျ အရေးယူဆောင်ရွက်သွားမယ်ဆိုပြီး စင်ကာပူ ပြည်ထဲရေးဝန်ကြီးဌာန MHA က မနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

    အခုလအစောပိုင်းက စင်ကာပူကုန်စည်ပြပွဲတစ်ခုမှာ ခရစ်ယာန်တရားဟောဆရာ လူအိန်ဂျဲလ်ရဲ့ ပြောကြားမှုဟာ စင်ကာပူက ခရစ်ယာန်နဲ့ မွတ်စလင်အကြား သွေးကွဲစေဖို့ ခြိမ်းခြောက်နေတယ်လို့ အွန်လိုင်း သတင်းဌာနတစ်ခုဖြစ်တဲ့ Rice Media က ဖော်ပြခဲ့ပြီးတဲ့နောက် ပြည်ထဲရေးဝန်ကြီးရဲ့ ဒီလိုထုတ်ပြန်ချက် ပေါ်ထွက်လာတာပါ။

    “Kingdom Invasion Conference 2018 မှာ အိန်ဂျဲလ်ဟာ ဒီလိုပြောကြားမှုတွေ အထူးသဖြင့် အစ္စလာမ်သာသနာနဲ့ပတ်သက်ပြီး ပြေကြားမှုတွေ ရှိတဲ့ဆိုတဲ့ စွပ်စွဲချက်တွေကို MHA က ကြားနေရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ MHA က ဆောင်ရွက်နေပါတယ်” လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

    အိန်ဂျဲလ်ရဲ့ တရားပွဲကို စင်ကာပူ Cornerstone Community Church ဘုရားကျောင်းက စီစဉ်ကျင်းပတာဖြစ်ပြီး အဲဒီပွဲကို သွားတက်ခဲ့တဲ့ မစ္စတာဘင်ဂျမင် လင်က Rice Media ရဲ့ အယ်ဒီတာ့အာဘော်မှာ ဒီကိစ္စနဲ့ပတ်သက်လို့ ဆောင်းပါးရေးသားခဲ့တာ ဖြစ်ပါတယ်။

    လူ ၂၀၀၀ လောက်တက်ရောက်ခဲ့တဲ့ အဲဒီတရားပွဲမှာ အိန်ဂျဲလ်က ‘ခေတ်သစ်မွတ်စလင်လှုပ်ရှားမှုကို တွန်းလှန်နေရတယ်’ ဆိုပြီး ပြောကြားခဲ့တာပါ။

    အိန်ဂျဲလ်ကတော့ သူ့အနေနဲ့ အငြင်းပွားဖွယ်ကိစ္စကိုတွေကို ရှောင်ခဲ့ပြီး စင်ကာပူက လူမှုရေး၊ ဘာသာရေးနဲ့ လူမျိုးရေးသဟဇာတဖြစ်မှုကို ပျက်ပြားစေမယ့်စကားမျိုး မပြောခဲ့ဘူးလို့ တုန့်ပြန်ပါတယ်။

    “စင်ကာပူက ဘာသာရေး သဟဇာတဖြစ်မှုကို ပျက်ပြားစေတဲ့ စကားမျိုး၊ ဘာသာရေးနဲ့ နိုင်ငံရေးကို ရောထွေးစေတဲ့စကားမျိုးကို မစ္စတာအိန်ဂျဲလ်က ပြောခဲ့မယ်ဆိုရင် အဲဒီအတွက် ထိထိရောက်ရောက် အရေးယူသွားမှာပါ။ MHA ဟာ စင်ကာပူရဲ့ လူမှုရေး၊ လူမျိုးရေးနဲ့ ဘာသာရေးသဟဇာတဖြစ်မှုကို ပျက်ဆီးအောင်လုပ်တဲ့ ဘယ်လို လူမျိုးကိုမှ သည်းခံမှာ မဟုတ်ပါဘူး” လို့ စင်ကာပူ ပြည်ထဲရေးဝန်ကြီးဌာနက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Cornerstone Community Church ဘုရားကျောင်းကတော့ Rice Media ရဲ့ ဆောင်းပါးနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့မှာ တိုင်ချက်ဖွင့်ထားပါတယ်။

    ပြီးခဲ့တဲ့နှစ် စက်တင်ဘာတုန်းက ခရစ်ယာန်တရားဟောဆရာနှစ်ယောက်ကို စင်ကာပူလာရောက်ဟောပြောခွင့် ပိတ်ပင်ခဲ့ပြီး အဲဒီလူနှစ်ဦးဟာ အခြားသော ဘာသာတရားတွေအပေါ် အပုတ်ချတဲ့စကားမျိုး၊ စော်ကားတဲ့စကားမျိုးကို ပြောကြားခဲ့ကြောင်း၊ ဘယ်ဘာသာက တရားဟောဆရာမှ အခြားဘာသာတရားတွေအပေါ် ရှုတ်ချပြောဆိုတာမျိုး အစိုးရက ခွင့်ပြုမှာမဟုတ်ဘူးလို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

    လာမယ့်လအတွင်းမှာ လာရောက်ဖို့ စီစဉ်ထားတဲ့ မွတ်စလင်တရားဟောဆရာနှစ်ဦးကိုလည်း သူ့တို့ရဲ့ အရင်က အခြားဘာသာတွေအပေါ် ပြောကြားခဲ့တဲ့ မှတ်ချက်တွေအတွက် စင်ကာပူက ပြည်ဝင်ခွင့်ပိတ်ပင်ခဲ့ပါတယ်။

    Ref: CNA

  • စင်ကာပူက သစ်ခွပန်းတစ်မျိုးကို ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်အမည် ဂုဏ်ပြုမှည့်ခေါ်မည်

    စင်ကာပူက သစ်ခွပန်းတစ်မျိုးကို ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်အမည် ဂုဏ်ပြုမှည့်ခေါ်မည်

    မတ် ၇၊ ၂၀၁၈
    M-Media

    – ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာကို ဂုဏ်ပြုတဲ့အနေနဲ့ စင်ကာပူ ရုက္ခဗေဒဥယျာဉ်က သစ်ခွတစ်မျိုးကို သူ့ရဲ့နာမည် ပေးသွားမယ်လို့ သိရပါတယ်။

    စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းရဲ့ ဖိတ်ကြားမှုအရ မတ်လ ၁၁ ရက်နေ့က ၁၄ ရက်နေ့အထိ ရှိခ်ဟာဆီနာဟာ စင်ကာပူကို သွားရောက်ဖို့ ရှိနေတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မဟ်မူးဒ် အလီက သတင်းစာရှင်းလင်းပွဲအကျဉ်းချုပ်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

    ခေါင်းဆောင်နှစ်ဦးဟာ တွေ့ဆုံဆွေးနွေးဖို့ရှိသလို ဘင်္ဂလာဒေ့ရှ်-စင်ကာပူ စီးပွားရေးဖိုရမ်းကို အတူတကွ တက်ရောက်ဖို့လည်း ရှိနေပါတယ်။

    ရှိခ်ဟာဆီနာဟာ စင်ကာပူရဲ့ ပထမဆုံးအမျိုးသမီးသမ္မတ ဟာလီမာယာကွဘ်နဲ့လည်း တွေ့ဆုံမယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

    ဘင်္ဂလားဒေ့ရှ်သမ္မတ အဘ်ဒူလ် ဟာမစ်ဟာ မတ်လ ၈ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ အိန္ဒိယနိုင်ငံကို သွားရောက်ကာ နိုင်ငံတကာ နေစွမ်းအင် မဟာမိတ် ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ ရှိနေပါတယ်။

    သမ္မတဟာမစ်ဟာ အိန္ဒိယ၊ ပြင်သစ်နဲ့ သီရိလင်္ကာသမ္မတတို့နဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။

    Ref : Daily Star

  • ပြီးခဲ့သည့်နှစ်အတွင်း စင်ကာပူ ကာကွယ်ရေးအသုံးစားရိတ်မှ သန်း ၂၀၀ ပိုလျှံ

    ပြီးခဲ့သည့်နှစ်အတွင်း စင်ကာပူ ကာကွယ်ရေးအသုံးစားရိတ်မှ သန်း ၂၀၀ ပိုလျှံ

    ဖေဖော်ဝါရီ ၂၊ ၂၀၁၈
    M-Media

    – ခြိမ်းခြောက်မှုများ မြင့်တက်လာပြီး အိမ်နီးချင်းနိုင်ငံများက ကာကွယ်ရေးစားရိတ်များကို တိုးမြှင့်အသုံးပြုမှုများ ရှိနေသော်လည်း မိမိတို့အနေဖြင့် ကာကွယ်ရေးအသုံးစားရိတ်ကို ပုံမှန်အတိုင်းသာ အသုံးပြုသွားမည်ဟု စင်ကာပူကာကွယ်ရေးဝန်ကြီး Ng Eng Hen က ပြောကြားလိုက်သည်။

    “နောက်ထပ် ၁၀ စုနှစ်တစ်ခုအတွင်း MINDEF (စင်ကာပူကာကွယ်ရေးဝန်ကြီးဌာန) ဟာ ကာကွယ်ရေးအသုံးစားရိတ် သိသိသာသာ တိုးမြှင့်မယ့်အနေအထား မရှိပါဘူး။ အခြေအနေဆိုးတွေ၊ မမျှော်လင့်နိုင်တဲ့ အနေအထားမျိုးတွေ ဖြစ်လာမယ်ဆိုရင်တော့ တစ်မျိုးပေါ့ဗျာ။ တကယ်လို့ အကြမ်းဖက်တိုက်ခိုက်မှုမျိုး၊ လုံခြုံရေးအခြေအနေ ဆိုးရွားတာမျိုး ဖြစ်လာမယ်ဆိုရင်တော့ စင်ကာပူပြည်သူတွေကို ကာကွယ်ဖို့အတွက် ကျွန်တော်တို့ တပ်ဖွဲ့တွေက ငွေကြေး ပိုမို သုံးစွဲသွားမှာပါ” ဟု ယနေ့ လွှတ်တော်၌ ပြောကြားခဲ့သည်။

    စင်ကာပူ၏ ကာကွယ်ရေးအသုံးစားရိတ်မှာ ၁၉၈၈ ခုနှစ်တွင် စင်ကာပူဒေါ်လာ ၅ ဘီလီယံအောက် ရှိရာမှ ပြီးခဲ့သည့်နှစ်တွင် ၁၄ ဘီလီယံအထိ ရှိလာခဲ့ပြီး အစိုးရဘက်ဂျက်၏ ၁၉ ရာခိုင်နှုန်း ရှိနေသည်။

    သို့သော်လည်း ဒေါက်တာ Ng က နိုင်ငံတော်ဘက်ဂျက်မှ ၃ ပုံ ၁ ပုံ အထိ ကာကွယ်ရေးအသုံးစားရိတ် ယူခဲ့သည့် ၂၀၀၅ ခုနှစ်ကထက် သိသိသာသာ ကျဆင်းခဲ့သည်ဟု ပြောကြားခဲ့သည်။

    “စင်ကာပူစစ်တပ်ကို ခေတ်မီအောင် ဆောင်ရွက်နိုင်တာ၊ ပြည်သူတွေနဲ့ နည်းပညာတိုးတက်အောင် ဆောင်ရွက်နိုင်တာကြောင့် ပြီးခဲ့တဲ့ ၁၀ နှစ်မှာ ကာကွယ်ရေးအသုံးစားရိတ်ဟာ သိသိသာသာကို ကျဆင်းသွားခဲ့ပါတယ်”

    နည်းပညာ တိုးတက်လာမှုနှင့် ပိုမိုထိရောက်သော လုပ်ငန်းစဉ်များကြောင့် ပြီးခဲ့သည့်နှစ်တွင် စင်ကာပူစစ်တပ်၏ အသုံးစားရိတ်မှ ကန်ဒေါ်လာ သန်း ၂၀၀ ခန့် ပိုလျှံခဲ့ပြီး ၄ နှစ်အတွင်း အမြင့်ဆုံးပိုလျှံမှုဖြစ်သည်ဟုလည်း ၀န်ကြီးက ဆိုသည်။

    အဆိုပါ နည်းပညာ အဆင့်မြှင့်မှုအတွင်း လူမဲ့စောင့်ကြည့်တာဝါများ၊ စမတ်လေတပ်စခန်းများ၊ လူမဲ့ရေယာဉ်ချထားမှုများလည်း ပါဝင်သည်။

    Ref: CNA