News @ M-Media

Tag: sittwe

  • ကျောက်ဖြူမှ မွတ်စလင်မ်ဒုက္ခသည်အချို့ စစ်တွေ ဒုက္ခသည် စခန်းသို့ရောက်

    ကျောက်ဖြူမှ မွတ်စလင်မ်ဒုက္ခသည်အချို့ စစ်တွေ ဒုက္ခသည် စခန်းသို့ရောက်

    အောက်တိုဘာ၊ ၂၅၊ ၂၀၁၂
    M-Media
    သတင်း-ဇာဏီ

    ၂၅.၁၀.၁၂ (ည – ၈း၂၃ နာရီ)

    ကျောက်ဖြူကနေ မနေ့က စက်လှေနဲ့ထွက်ပြေးခဲ့ကြရတဲ့ မွတ်စလင်မ်ဒုက္ခသည်တချို့ ဒီနေ့မနက်ပိုင်းမှာ စစ်တွေကို ရောက်ရှိခဲ့ကြောင်းသတင်းရရှိပါတယ်။

    စစ်တွေရောက် ကျောက်ဖြူမှ မွတ်စလင်မ်ဒုက္ခသည်တစ်ဦးနှင့် အဆက်အသွယ်ရစဉ် သူတို့အခြေအနေကို မေးမြန်းဖြစ်ခဲ့ပါသည်။

    “မနေ့က ညနေ ၅-နာရီမှာ ကျောက်ဖြူက ထွက်ခဲ့ပါတယ်။ မနေ့ညကတော့ ပင်လယ်ထဲမှာပဲ အိပ်ခဲ့ကြပါတယ်။ ဒီနေ့မနက် ၆-နာရီမှာ စစ်တွေကိုရောက်တယ်။ အခုလည်းနောက်ထပ် စက်လှေ ၁၅-စီး စစ်တွေကိုရောက်တယ်။ ပင်လယ်က ရွာဝမှာပဲရှိသေးတယ်။ ပေးမ၀င်သေးဘူး အဲဒီစက်လှေတွေကို။ ဟုတ်တယ် အခု ကျွန်တော်တို့က သဲချောင်းမှာ။ ဒုက္ခသည်စခန်းမဟုတ်ဘူးဗျ။ ရွာထဲမှာပါ။ မဟုတ်ဘူး။ ယာယီတဲစခန်းတွေမရှိဘူး။ ရွာထဲက အိမ်တွေမှာပဲ။ အိမ်တအိမ်စီကနေ လူ ၄-၅ ယောက်စီခေါ်ထားကြတယ်။ ဟုတ်ကဲ့ ဒီရွာမှာတော့ အခုအချိန်ထိ ရခိုင်တွေဘက်က ပြဿနာရှာမယ့်ပုံစံ မရှိသေးဘူး။ ဒါပေမယိ့ ကျွန်တော်တို့ စိတ်မအေးပါဘူး။ သောကတွေခံစားနေရပါတယ်။ ဟုတ်ကဲ့ ဟုတ်ကဲ့ ဟဲလို ဟလို” ပြောနေရင်း ဖုန်းလိုင်းပြတ်တောက်သွားတာကြောငိ့ အဆက်အသွယ်ပြန်ရတာနဲ့ ထပ်မံဖော်ပြပေးပါမည်။

     

    ဓါတ်ပုံများကြည့်လိုလျှင်

  • မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးရဲ့ ရခိုင်ခရီးစဉ်

    မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးရဲ့ ရခိုင်ခရီးစဉ်

    အောက်တိုဘာ၊ ၃၊ ၂၀၁၂
    Soure: RFA

    မြန်မာနိုင်ငံဆိုင်ရာဗြိတိတိန်သံအမတ်ကြီး Mr. Andrew Heyn (ဓါတ်ပုံ မြန်မာတိုင်းမ်)

    မြန်မာနိုင်ငံဆိုင်ရာဗြိတိတိန်သံအမတ်ကြီး Mr. Andrew Heyn နဲ့အဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး လူမျိုးနှစ်ခု အအကြားအမြင်တွေကို လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ဖို့အတွက် မနေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ကိုရောက်ရှိခဲ့ပါတယ်။

    မနေ့က ညနေပိုင်းမှာ စစ်တွေမြို့မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတွေက တာဝန်ရှိသူတွေ၊ ဝံလက် ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း(ရခိုင်ပြည်နယ်)၊ အပါအ၀င် လူမှုရေးအဖွဲ့အစည်း ၆ ခုက တာဝန်ရှိသူတွေနဲ့ နိုဗယ်ဟိုတယ်မှာသီးသန့်တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

    ဒီဆွေးနွေးမှုတွေအပေါ်မှာ ဗြိတိန်သံအမတ်ကြီးက ပဋိပက္ခတွေကို လေ့လာတဲ့အခါ မကြားဖူးသေးတဲ့ ယဉ်ကျေးမှု၊ သမိုင်းဆိုင်ရာတွေနဲ့ အမျိုးသားရေးဆိုင်ရာကြန်အင်လက္ခဏာ၊ စီးပွားရေးရာ စတဲ့ကိစ္စတွေအပေါ် သူတို့အနေနဲ့ စိုးရိမ်မှုတွေဖြစ်ရကြောင်း၊ လက်ရှိပြဿနာကို တစ်ထိုင်တည်းနဲ့ဖြေရှင်းလို့မရနိုင်ဘဲ ကာလတိုရှည် စီမံကိန်း ချမှတ်ကာ ဖြေရှင်းဖို့လိုအပ်ကြောင်းနဲ့ တရားဥပဒေစိုးမိုးရေးရှိဖို့ လိုအပ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

    ဗြိတိန်သံအဖွဲ့ဟာ ဒီကနေ့မှာ မောင်တောမြို့နယ်က ဒေသခံတွေနဲ့တွေ့ဆုံဖို့ သွားရောက်ခဲ့ပါတယ်။ ဗြိတိန်နိုင်ငံအနေနဲ့ အခုနှစ်အတွင်းမြန်မာနိုင်ငံရဲ့ ပညာရေး၊ လူမှုရေးနဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာ ၃ သန်းကူညီထောက်ပံ့ပေးထားတယ် လို့လည်းသိရပါတယ်။