News @ M-Media

Tag: South Korea

  • နစ်မြုပ် ခရီးသည်တင် သင်္ဘော အတွက် တောင်ကိုရီးယား သမ္မတ တရားဝင်တောင်းပန်

    နစ်မြုပ် ခရီးသည်တင် သင်္ဘော အတွက် တောင်ကိုရီးယား သမ္မတ တရားဝင်တောင်းပန်

    မေ ၁၉၊ ၂၀၁၄
    M-Media

    နစ်မြုပ်ခရီးသည်တင် သင်္ဘောအတွက် တောင်ကိုရီးယား သမ္မတ တရားဝင်တောင်းပန်၊ ကမ်းခြေစောင့် တပ်ဖွဲ့အား ဖျက်သိမ်းကာ ကယ်ဆယ်ရေးဌာန အချို့ အပြောင်းအလဲဖြစ်မည်။

    140518211501-park-geun-hye-horizontal-gallery
    – ပြီးခဲ့သည့်လ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် ခရီးသည်တင်သင်္ဘောနစ်မြုပ်မှုအတွက် တောင်ကိုရီးယားသမ္မတ ပတ်ဂျုံဟေးက ယနေ့တွင် တရားဝင် တောင်းပန် လိုက်ပြီး အာဏာပိုင်းများနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး စန်စများကိုလည်း ပြောင်းလဲသွားမည်ဟု ပြောကြားခဲ့သည်။

    “ပြည်သူတွေရဲ့ အသက်တွေနဲ့ လုံခြုံရေးအတွက် သမ္မတ တစ်ယောက်အနေနဲ့ တာဝန်ရှိတဲ့အတွက်ကြောင့် ပြည်သူတွေ ခံစားခဲ့ရတဲ့ နာကျင်မှုတွေအတွက် နှစ်နှစ် ကာကာကို တောင်းပန်ပါတယ်။ ဒီအဖြစ်အပျက်ကို ပြည့်ပြည့်၀၀ မဆောင်ရွက်နိုင်ခဲ့တာ အားလုံးဟာ ကျွန်မရဲ့တာဝန်ပါပဲ” ဟု ပတ်ဂျုံဟေးက ရုပ်မြင်သံကြားမှနေ၍ တစ်နိုင်ငံလုံးအား တောင်းပန်ခဲ့သည်။

    အခြားသူများအား အသက်စွန့် ကယ်တင်ခဲ့သူများ အကြောင်းပြောကြားရာတွင် ပတ်ဂျုံဟေးမှာ ငိုကြွေးခဲ့ပြီး ၎င်းတို့အား အမျိုးသား သူရဲကောင်းများဖြစ်သည်ဟု ပြောကြား ခဲ့သည်။ ထို့ပြင် သင်္ဘောနစ်မြုပ်ခဲ့သည့် ဧပြီ ၁၆ ရက်နေ့ကိုလည်း အမျိုးသားဘေး အန္တရာယ်ကင်းရှင်းရေးနေ့ အဖြစ်သတ်မှတ်ရန် အဆိုပြုခဲ့ကာ သင်္ဘော နစ်မြုပ်မှုတွင် အချိန်မီကယ်ဆယ်ရန် ပျက်ကွက်ခဲ့သည့် ကမ်းခြေစောင့် တပ်ဖွဲ့ကိုလည်း ဖျက်သိမ်းမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ပြည်သူ့ရေးရာ ကိစ္စများအား ပြည်သူ့ရေးရာ စီမံခန့်ခွဲရေးနှင့် လုံခြုံရေး ၀န်ကြီးဌာနက သီးသန့်ကို င်တွယ်သွားမည်ဖြစ်ပြီး ရေကြောင်းစောင့်ရှောက်ရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများကို အမျိုးသား ဘေး အန္တရာယ် ကာကွယ်ရေးရုံး လက်အောက်တွင် ထည့်သွင်းသွားမည်ဖြစ်သည်။ 

    သင်္ဘောပေါ်တွင် လိုက်ပါသွားခဲ့သည့် ခရီးသည် ၄၇၆ ဦးအနက် ၁၇၂ ဦးကိုသာ ကယ်တင်နိုင်ခဲ့ကာ၂၈၆ ဦးသေဆုံးခဲ့ပြီး ၁၈ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။ 

    Ref : Xinhua

  • ကမ္ဘာစစ်အတွင်း ဂျပန်၏ လိင်ကျွန်ကိစ္စ တောင်ကိုရီးယား ဆွေးနွေးမည်

    ကမ္ဘာစစ်အတွင်း ဂျပန်၏ လိင်ကျွန်ကိစ္စ တောင်ကိုရီးယား ဆွေးနွေးမည်

    မေ ၁၃ ၊ ၂၀၁၄
    M-Media
    – ကမ္ဘာစစ်အတွင်း တောင်ကိုရီးယားအမျိုးသမီးများအား လိင်ကျွန်ပြုခဲ့မှုနှင့် ပတ်သက်၍ ယခုတစ်ပတ်နှောင်းပိုင်း တိုကျိုတွင်ပြုလုပ်မည့်  သံတမန်အဆင့် ဆွေးနွေးပွဲသို့ သွားရောက်မည်ဟု တောင်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

    တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန အာရှအရှေ့မြောက်ပိုင်းရေးရာဗျူရို အထွေထွေဒါရိုက်တာ လီဆန်ဒွတ်မှာ ကြာသာပတေးနေ့တွင် ဂျပန် နိုင်ငံခြားရေး ၀န်ကြီှးှဌာန အာရှနှင့် သမုဒ္ဒရာပိုင်းရေးရာ ဗျူရိုအကြီးအကဲ ဂျူနီချီ အီဟာရနှင့် တွေ့ဆုံမည်ဖြစ်ပြီး ကမ္ဘာစစ်အတွင်း ဂျပန် ဘုရင်တပ်မတော် အတွက် ပျော်တော်ဆက်ဖြစ်ခဲ့သည့် လိင်ကျွန် ကိစ္စအား ဆွေးနွေးသွားမည်ဖြစ်သည်။

    လိင်ကျွန်ဖြစ်ခဲ့သူများကမူ စစ်အတွင်း ထိုရာဇ၀တ်မှုများ ကျူးလွန်ခဲ့ကြောင်း ဂျပန်အစိုးရက ၀န်ခံရန်နှင့် တောင်းပန်ရန် တောင်းဆိုထားသည်။ ဂျပန်နိုင်ငံကမူ ကိုရီးယား အမျိုးသမီးများအား ပြည့်တန်ဆာ အဖြစ် အဓ္ဓမစုဆောင်းမှုများ အပါအ၀င် စစ်အတွင်း ကျူးလွန်ခဲ့မှုများကို နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးပြုလုပ်ရန် ၁၉၆၅ ခုနှစ် သဘောတူ စာချုပ်အောက်တွင် ဖြေရှင်းပြီးဖြစ်သည်ဟု ပြောဆိုထားသည်။

    ထိုကိစ္စအား ဧပြီလ ၁၆ ရက်နေ့က ပထမဆုံးအကြိမ် ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ကွာဟချကို လျော့နည်းအောင် ဆောင်ရွက်မည်ဟု နှစ်ဖက်စလုံးက အတည်ပြုခဲ့ကြသည်။ ဂျပန်နိုင်ငံမှာ ကမ္ဘာစစ်အတွင်းက တရုတ်၊ ကိုရီးယား၊ ဖိလစ်ပိုင်၊ မြန်မာ၊ ဗီယက်နမ် တို့အပါအ၀င် ၎င်းတို့ သိမ်းပိုက်ခဲ့သည့် နိုင်ငံများမှ အမျိုးသမီးဦးရေ ခန့်မှန်းခြေ နှစ်သောင်းမှ နှစ်သိန်းကြားကို လိင်ကျွန်အဖြစ် စေခိုင်းခဲ့သည်ဟု သိရသည်။

    ဆင်ဟွာ

  • မိမိတို့ ပိုင်နက်တွင် ပျက်ကျ ခဲ့သည့် ဒရုန်းလေယာဉ်မှာ မြောက်ကိုရီးယား စေလွှတ်ခြင်းဟု တောင်ကိုရီးယားပြော

    မေ ၉ ၊ ၂၀၁၄
    M-Media
    20145845758828734_20
    – တောင်ကိုရီးယားနိုင်ငံတွင် ပျက်ကျခဲ့သည့် မောင်းသူမဲ့ ဒရုန်းလေယာဉ်များမှာ မြောက်ကိုရီးယားမှ စေလွှတ်သည့် သူလျှိုလေယာဉ်များဖြစ်သည်ဟု တောင်ကိုရီးယား အာဏာပိုင်များက ပြောကြားလိုက်သည်။

    အဆိုပါ ဒရုန်းများအတွင်းရှိ GPS စနစ်များကို အမေရိကန်နှင့် တောင်ကိုရီးယားတို့က ပူးပေါင်းစစ်ဆေးခဲ့ပြီးနောက် ထိုလေယာဉ်များ၏ ဇစ်မြစ်မှာ မြောက်ကိုရီးယားမှဖြစ်သည်ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကင်မင်ဆွတ်က ဆိုသည်။

    ထို့ပြင် မိမိတို့ပိုင်နက်အတွင်းသို့ ထောက်လှမ်းရေးလေယာဉ်များ စေလွှတ်ခြင်းမှာ စစ်ရေးအရ ရန်စမှုဖြစ်ပြီး၊ တောင်နှင် မြောက် ၂ နိုင်ငံ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အား ချိုးဖောက်ခြင်းဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ဒရုန်းလေယာဉ် ၃ စင်းအား မတ်လ ၂၄ ရက်နေ့မှ ဧပြီ ၆ ရက်အတွင်း တောင်ကိုရီးယား နယ်စပ်အနီးအတွင် တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ တစ်စီးမှာ အင်ဂျင် ပြဿနာကြောင့်ဖြစ်ပြီး၊ အခြား ၂ စီးမှာ ဆီကုန်သွားသောကြောင့် ပျက်ကျခဲ့ခြင်းဖြစ်သည်။

    ဒရုန်းလေယာဉ်များမှာ ဒီဇိုင်ပိုင်းအရ သာမန်မျှသာဖြစ်သော်လည်း ကင်မရာများ တပ်ဆင်ထားကာ နယ်စပ်ဒေသ အခြေနေများ၊ တောင်ကိုရီးယား စစ်တပ်၏ အချက်အချက်နေရာများနှင့် သမ္မတ အိမ်တော် အပါဝင် ဆိုးလ်မြို့ အခြေအနေ ဓာတ်ပုံများကို ရိုက်ယူထားသည်ဟု ဆိုသည်။

    မြောက်ကိုရီးယားဘက်ကမူ မိမိတို့မှာ ထိုဒရုန်းလေယာဉ်များနှင့် ပတ်သက်မှု မရှိဟုဆိုကာတောင်ကိုရီးယားက လုပ်ကြံ စွပ်စွဲခြင်းသာဖြစ်သည်ဟု တုံ့ပြန် ပြောဆိုခဲ့သည်။

  • နစ်မြုပ်တောင်ကိုရီးယားသင်္ဘော သေဆုံးသူ ၁၇၁ ဦး ရှိလာ

    နစ်မြုပ်တောင်ကိုရီးယားသင်္ဘော သေဆုံးသူ ၁၇၁ ဦး ရှိလာ

    ဧပြီ ၂၄၊ ၂၀၁၄
    M-Media
    – နစ်မြုပ်သွားသည်မှာ ၉ ရက်ရှိသွားပြီဖြစ်သည့် တောင်ကိုရီးယား ခရီးသည်တင်သင်္ဘောမှ သေဆုံးသူများအား ဆက်လက် ဆယ်ယူရရှိနေပြီး ယနေ့ ညနေအထိ ဆယ်ယူရရှိသည့် သေဆုံးသူဦးရေမှာ ၁၇၁ ဦး ရှိလာပြီဖြစ်သည်။

    ရေစီးကြောင်းမှာ မထင်မှတ်လောက်အောင် ပြင်းထန်နေသောကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ယနေ့ နေ့လည်ပိုင်းတွင် ၆ နာရီကြာ ရပ်ဆိုင်းခဲ့ရသည်။ အဆိုပါ ၅ ထပ်သင်္ဘော၏ ၃ ထပ်နှင့် ၄ ထပ်တို့တွင် ရှာဖွေရေးလုပ်ငန်းများ လုပ်ကိုင်နေပြီး လက်ယာဘက်အခြမ်း ပြီးစီးသွားပြီဖြစ်ကာ ယခုအခါ ရေငုပ်သမားများမှာ အလယ်ခြမ်းကို ရှာဖွေမှုများ ဆက်လက်ပြုလုပ်နေသည်။

    ရေအောက်တွင် အချိန်အတော်အကြာငုပ်ကာ ရှာဖွေရေးလုပ်ငန်းများကို လုပ်ဆောင်နေရသောကြောင့် ရေငုပ်သမားများတွင် မောပမ်းနွမ်းလျမှုများလည်း ရှိလာခဲ့ပြီး ရေတပ်မှ ရေငုပ်သမားတစ်ဦးမှာလည်း ရေဖိအားကြောင့် ဖြစ်ပေါ်သည့် ဝေဒနာကို ခံစားခဲ့ရသည်။

    သင်္ဘောပေါ်လိုက်ပါသွားသည့် ခရီးသည်များ၏ မိသားစုဝင် ၄၀ ခန့်မှာ အစိုးရ၏ ကယ်ဆယ်ရေးလုပ်ငန်းများ နှေးကွေးမှုကို ဆန့်ကျင်သောအားဖြင့် ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရွက်မှု ဌာနချုပ်အရှေ့တွင် သွားရောက်၍ ဆန္ဒပြခဲ့ကြသည်။ အဆိုပါသင်္ဘောတွင် လိုက်ပါသွားသည့် ခရီးသည်များတွင် ၁၃၁ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။
    ဆင်ဟွာ

  • ပျောက်ဆုံးသူ ၁၈၇ ဦး အသက်ရှင်နိုင်ဖွယ် မရှိ ၊ သေဆုံးသူ ၁၀၃ ထိတိုးလာတဲ့ နစ်မြှုပ် တောင်ကိုရီးယား သဘောင်္ နောက်ဆုံးသတင်း

    ဧပြီ ၂၂၊ ၂၀၁၄
    M-Media
    849487755
    – ဗုဒ္ဓဟူးနေ့က တိမ်းမှောက်ကာ နစ်မြုပ်သွားခဲ့သည့် တောင်ကိုရီးယားသင်္ဘောမှ ဆယ်ယူရရှိသည့် သေဆုံးသူအရေအတွက်မှာ ယနေ့ညတွင် ၁၁၃ ဦးအထိ ရှိလာပြီဖြစ်သည်။

    ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေပြီး ပျောက်ဆုံးနေသည့် ခရီးသည် ၁၈၉ ဦးမှာ အသက်ရှင်လျက်ရှိမည့်လက္ခဏာများ မတွေ့ရသေးပေ။ အစိုးရ ပြောရေးဆိုခွင့်ရှိသူ ကိုမြောင်ဆွက်က ယခုထုတ်ပြန်ထားသည့် ခရီးသည်အရေအတွက်မှာ အတိအကျမဟုတ်သေးဘဲ ခရီးသည်အရေအတွက်မှာ အပြောင်းအလဲရှိနိုင်သည်ဟု ပြောကြားခဲ့သည်။

    သင်္ဘောပေါ်သို့ ကားများတင်ဆောင်ရာတွင် ကားနံပါတ်ပြားကိုသာ စာရင်းကောက်ပြီး ကားမောင်းသူကို စာရင်းမကောက်ဟု သင်္ဘောအော်ပရေတာက ၀န်ခံခဲ့ပြီး ထိုသင်္ဘောတွင် ကားအစီးရေပေါင်း ၁၅၀ ခန့်တင်ဆောင်သွားခဲ့သည်ဟု စာရင်းအရ သိရသည်။

    ယမန်နေ့က နိုင်ငံခြားသား အလောင်း ၃ လောင်းကိုတွေ့ရှိခဲ့ရပြီး ၂ ဦးမှာ တရုတ်နိုင်ငံသားများဖြစ်သည်ဟု တရုတ်သံရုံးက အတည်ပြုခဲ့သည်။ အခြားတစ်ဦးမှာ ရုရှားကျောင်းသူတစ်ဦးဟု စောစောပိုင်းက ပြောကြားထားသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးပေ။

    ဆင်ဟွာ