မေ ၁၃ ၊ ၂၀၁၄
M-Media
– ကမ္ဘာစစ်အတွင်း တောင်ကိုရီးယားအမျိုးသမီးများအား လိင်ကျွန်ပြုခဲ့မှုနှင့် ပတ်သက်၍ ယခုတစ်ပတ်နှောင်းပိုင်း တိုကျိုတွင်ပြုလုပ်မည့် သံတမန်အဆင့် ဆွေးနွေးပွဲသို့ သွားရောက်မည်ဟု တောင်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန အာရှအရှေ့မြောက်ပိုင်းရေးရာဗျူရို အထွေထွေဒါရိုက်တာ လီဆန်ဒွတ်မှာ ကြာသာပတေးနေ့တွင် ဂျပန် နိုင်ငံခြားရေး ၀န်ကြီှးှဌာန အာရှနှင့် သမုဒ္ဒရာပိုင်းရေးရာ ဗျူရိုအကြီးအကဲ ဂျူနီချီ အီဟာရနှင့် တွေ့ဆုံမည်ဖြစ်ပြီး ကမ္ဘာစစ်အတွင်း ဂျပန် ဘုရင်တပ်မတော် အတွက် ပျော်တော်ဆက်ဖြစ်ခဲ့သည့် လိင်ကျွန် ကိစ္စအား ဆွေးနွေးသွားမည်ဖြစ်သည်။
လိင်ကျွန်ဖြစ်ခဲ့သူများကမူ စစ်အတွင်း ထိုရာဇ၀တ်မှုများ ကျူးလွန်ခဲ့ကြောင်း ဂျပန်အစိုးရက ၀န်ခံရန်နှင့် တောင်းပန်ရန် တောင်းဆိုထားသည်။ ဂျပန်နိုင်ငံကမူ ကိုရီးယား အမျိုးသမီးများအား ပြည့်တန်ဆာ အဖြစ် အဓ္ဓမစုဆောင်းမှုများ အပါအ၀င် စစ်အတွင်း ကျူးလွန်ခဲ့မှုများကို နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးပြုလုပ်ရန် ၁၉၆၅ ခုနှစ် သဘောတူ စာချုပ်အောက်တွင် ဖြေရှင်းပြီးဖြစ်သည်ဟု ပြောဆိုထားသည်။
ထိုကိစ္စအား ဧပြီလ ၁၆ ရက်နေ့က ပထမဆုံးအကြိမ် ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ကွာဟချကို လျော့နည်းအောင် ဆောင်ရွက်မည်ဟု နှစ်ဖက်စလုံးက အတည်ပြုခဲ့ကြသည်။ ဂျပန်နိုင်ငံမှာ ကမ္ဘာစစ်အတွင်းက တရုတ်၊ ကိုရီးယား၊ ဖိလစ်ပိုင်၊ မြန်မာ၊ ဗီယက်နမ် တို့အပါအ၀င် ၎င်းတို့ သိမ်းပိုက်ခဲ့သည့် နိုင်ငံများမှ အမျိုးသမီးဦးရေ ခန့်မှန်းခြေ နှစ်သောင်းမှ နှစ်သိန်းကြားကို လိင်ကျွန်အဖြစ် စေခိုင်းခဲ့သည်ဟု သိရသည်။
ဆင်ဟွာ
Leave a Reply
You must be logged in to post a comment.