News @ M-Media

Tag: South Korea

  • တောင်ကိုရီးယားဆိုင်ရာ အမေရိကန်သံအမတ် ဆိုးလ်တွင် ဓားဖြင့် တိုက်ခိုက်ခံရ

    တောင်ကိုရီးယားဆိုင်ရာ အမေရိကန်သံအမတ် ဆိုးလ်တွင် ဓားဖြင့် တိုက်ခိုက်ခံရ

    မတ် ၅၊ ၂၀၁၅
    M-Media

    skra 1

    – တောင်ကိုရီးယားဆိုင်ရာ အမေရိကန်သံအမတ်ကြီး မာ့က်လစ်ပါ့တ်မှာ ယနေ့နံနက်က ဆိုးလ်မြို့တွင် ဓားဖြင့် တိုက်ခိုက်ခြင်း ခံခဲ့ရသည်ဟု သိရသည်။

    ဆိုးလ်မြို့ရှိ အနုပညာ စင်တာတွင် နံနက်ခင်းမိန့်ခွန်းပြောကြားနေစဉ် ထိုကဲ့သို့ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး ညာဘက်ပါးနှင့် လက်ကောက်ဝတ်တို့တွင် ပြတ်ရှဒဏ်ရာများ ရရှိခဲ့သည်။

    ကျူးလွန်သူမှာ အသက် ၅၅ နှစ်အရွယ်ရှိ ကင် ကီ ဂျွန်ဆိုသူဖြစ်ပြီး ကိုရီးယား-အမေရိကန် စစ်ရေးလေ့ကျင့်မှုဆန့်ကျင်ရေး ကျွေးကြော်သံကို ဟစ်အော်ကာ ဓားဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ ၂၀၁၀ ခုနှစ်ကလည်း ဂျပန်သံအမတ်အား ခဲဖြင့်ပစ်ပေါက်ခဲ့ဖူးပြီး ယခုလက်ရှိတွင် ထိန်းသိမ်းထားကာ ထိုတိုက်ခိုက်မှုနောက်ကွယ်တွင် မည်သည့် လှုံ့ဆော်မှုရှိသည်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    လစ်ပါ့တ်၏ ဒဏ်ရာမှာ အသက်အန္တရာယ်ကို စိုးရိမ်ရခြင်းမရှိဘဲ ဆိုးလ်ဆေးရုံတွင် ကုသမှုခံယူပြီးနောက် ယခုအချိန်တွင် အခြေအနေမှာ တည်ငြိမ်နေပြီဖြစ်သည်။

    အမေရိကန်အစိုးရမှ ပြောရေးဆိုခွင့်ရှိသူ မာရီ ဟာ့ဖ်က ထိုအဖြစ်အပျက်အတွက် မိမိတို့အနေဖြင့် ပြင်းပြင်းထန်ထန်ရှုတ်ချသည်ဟု ပြောဆိုခဲ့ပြီး အမေရိကန်သမ္မတ ဘာရက်အိုဘားမားကလည်း လစ်ပါ့တ် အလျင်အမြန်သက်သာရန်အတွက် ဆုတောင်းပါကြောင်း ပြောကြားခဲ့သည်။

    Ref: Aljazeera

  • အိမ်ထောင်ရေးဖောက်ပြန်မှု ဥပဒေကို တောင်ကိုရီးယား ပယ်ဖျက်

    အိမ်ထောင်ရေးဖောက်ပြန်မှု ဥပဒေကို တောင်ကိုရီးယား ပယ်ဖျက်

    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၅
    M-Media

    skorea

    – အိမ်ထောင်ရေးဖောက်ပြန်ပါက ထောင်ဒဏ် ၂ နှစ်အထိ အပြစ်ပေး၍ရသည့် ဥပဒေကို တောင်ကိုရီးယား အခြေခံဥပဒေဆိုင်ရာ ခုံရုံးက ယနေ့တွင် ပယ်ဖျက်ခဲ့သည်ဟု သိရသည်။

    ၁၉၅၃ ခုနှစ်က ပြဌာန်းထားသည့် အဆိုပါဥပဒေမှာ အခြေခံဥပဒေနှင့် မညီညွတ်ဟုဆိုကာ တရားသူကြီး ၉ ဦးပါ အဆိုပါခုံရုံးက ထောက်ခံမဲ ၇ မဲ ကန့်ကွက်မဲ ၂ မဲဖြင့် ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။

    “အိမ်ထောင်ရေးဖောက်ပြန်တာကို ကိုယ်ကျင့်တရားမကောင်းတဲ့ လုပ်ရပ်အဖြစ် ရှုတ်ချသင့်ပေမယ့် လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ဘ၀တွေနဲ့ပတ်သက်လို့ နိုင်ငံတော်အာဏာက ၀င်ရောက်မစွက်ဖက်သင့်ပါဘူး” ဟု အခြေခံဥပဒေခုံရုံး ဥက္ကဌ တရားသူကြီး ပက်ဟန် ချူလ်က ပြောကြားခဲ့သည်။

    အိမ်ထောင်ရေးဖောက်ဖြန်မှုကို ရာဇ၀တ်မှုအဖြစ်သတ်မှတ်ချက်အတွက် အခြေခံဥပဒဆိုင်ရာ တရားဝင်မှုနှင့် ပတ်သက်၍ ခုံရုံးက စဉ်းစားခဲ့သည်မှာ ယခုအချိန်သည် ပဥ္ဒမအကြိမ်မြောက်ဖြစ်ပြီး ယခုတွင်မှ ပြတ်ပြတ်သားသား ဆုံးဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။

    ၂၀၁၄ ခုနှစ်က လူပေါင်း ၉၀၀ အပါအ၀င် လွန်ခဲ့သည့် ၆ နှစ်အတွင်း အိမ်ထောင်ရေးဖောက်ပြန်မှုကြောင့် တောင်ကိုရီးယားတွင် တရားစွဲဆိုခြင်းခံရသူမှာ ၅၅၀၀ နီးပါး ရှိသည်။ ၂၀၀၄ ခုနှစ်တွင် ထိုဥပဒေဖြင့် ထောင်ဒဏ်ကျခံခဲ့ရသူ ၂၁၆ ဦး ရှိခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ၄၂ ဦးသာရှိခဲ့ကာ ထိုအချိန်မှစ၍ ယနေ့အထိ စုစုပေါင်း ၂၂ ဦးသာ ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။

    Ref: aljazeera

  • တောင်ကိုရီးယားအတွင် ကားအစီး ၁၀၀ ကျော် ဆင့်တိုက်မှုဖြစ်ပွား

    တောင်ကိုရီးယားအတွင် ကားအစီး ၁၀၀ ကျော် ဆင့်တိုက်မှုဖြစ်ပွား

    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၅
    M-Media

    skra

    – တောင်ကိုရီးယား၏ အကြီးဆုံး နိုင်ငံတကာလေဆိပ်သို့ ဦးတည်သည့် အဝေးပြေးလမ်းမတွင် ယမန်နေ့က ယာဉ်အစီး ၁၀၀ ကျော်ဆင့်တိုက်မှု ယနေ့တွင်ဖြစ်ပွားခဲ့ပြီး လူ ၂ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

    ဆိုးလ်မြို့နှင့် အင်ချီယွန်နိုင်ငံတကာလေဆိပ်သို့ ဆက်သွယ်ထားသည့် အဝေးပြေးလမ်းပေါ်၌ ရှိသော တံတားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ပွားချိန်တွင် မြူများထူထပ်စွာ ကျနေသည်။ အင်ချီယွန်ရဲစခန်းမှ ပြောရေးဆိုခွင့်ရှိသူကမူ ဇိမ်ခံကားတစ်စီးက အရှေ့မှကားကို ၀င်တိုက်မိပြီးနောက် နောက်တွင်ရှိနေသည့် ကားအစီး ၁၀၀ ကျော်က ဆက်တိုက် ၀င်တိုက်မိခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    မြူများအလွန်ဆိုင်းနေခြင်းကြောင့် ကာမောင်းသမားများမှာ အရှေ့ ၁၅ မီတာခန့်ကိုသာ မြင်နိုင်ပြီး ထိုယာဉ်တိုက်မှုတွင် နိုင်ငံခြားသား ၅ ဦးအပါအ၀င် ၄၃ ဦး ဒဏ်ရာရရှိခဲ့သည်။ ကယ်ဆယ်ရေးများကမူ မြူများဖုံးလွှမ်းနေသော အဆိုပါတံတားပေါ်တွင် ကယ်ဆယ်ရေးလုပ်ငန်းများကို အလျင်အမြန်ဆောင်ရွက်ခဲ့သည်။

    “ကျွန်တော့်ရှေ့မှာ တိုက်မိသံတွေကို ဆက်တိုက်ကြားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကျွန်တော့်ကားဟာ အဲဒီတိုက်မိတဲ့ ကားတွေနောက်ကို ရောက်နေခဲ့ပါတယ်။ ကျွန်တော်ကားက လည်သွားပြီး ကာထားတဲ့သံတိုင်နဲ့ ၀င်တိုက်မိခဲ့တယ်လို့ ကျွန်တော်ခံစားမိပြီး သတိလစ်သွားခဲ့ပါတယ်” ဟု တက္ကစီယာဉ်မောင်းတစ်ဦးက ပြောကြားခဲ့သည်။

    အခြားယာဉ်မောင်တစ်ဦးကမူ မြူများက အမြင်အာရုံကို တားဆီးခဲ့ပြီး မိမိအနေဖြင့် အရှိန်လျော့မောင်းနှင်ခဲ့သော်လည်း ကားပုံကြီးအား ၀င်ဆောင့်မိခဲ့ကြောင်း ပြောကြားခဲ့သည်။

    Ref:channelnewsasia

  • ကြက်ငှက်တုပ်ကွေးကြောင့် ဥရောပမှ မွေးမြူရေး ထွက်ကုန်များ တင်သွင်းခြင်း တောင်ကိုရီးယား ပိတ်

    ကြက်ငှက်တုပ်ကွေးကြောင့် ဥရောပမှ မွေးမြူရေး ထွက်ကုန်များ တင်သွင်းခြင်း တောင်ကိုရီးယား ပိတ်

    နိုဝင်ဘာ ၂၀၊ ၂၀၁၄
    M-Media
    An official inspects a crate of ducks during a cull at a duck farm in Nafferton, northern England

    – အန္တရာယ်ရှိသည့် ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ကို တွေ့ရှိရသည်ဟု သတင်းများ ထွက်ပေါ်လာခြင်းကြောင့် ဗြိတိန်နှင့် နယ်သာလန်တို့မှ မွေးမြူရေးထွက်ကုန်များ တင်ပို့ခြင်းကို ရပ်ဆိုင်းလိုက်ပြီဟု တောင်ကိုရီးယား လယ်ယာစိုက်ပျိုးရေး ၀န်ကြီးဌာနက အောက်တိုဘာ ၁၈ ရက်နေ့တွင် ပြောကြားခဲ့သည်။

    တင်ပို့မှုပိတ်ပင်ခြင်းကို အောက်တိုဘာ ၁၇ ရက် တနင်္လာနေ့တွင် စတင်ခဲ့ခြင်ဖြစ်ပြီး ထိုစာရင်းထဲတွင် ကြက်သားပေါက်များနှင့် အခြားသော လယ်ယာသုံး တိရိစ္ဆာန်များလည်း ပါဝင်သည်။

    တောင်ကိုရီးယား လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနမှာ ထိုတုပ်ကွေးသတင်းများကြောင့် နိုဝင်ဘာ ၇ ရက်နေ့ကလည်း ဂျာမနီနိုင်ငံမှ မွေးမြူရေး ထွက်ကုန်များ တင်ပို့ခြင်းအား ပိတ်ပင်ထားခဲ့သည်။

    ထိုကဲ့သို့ ပိတ်ပင်လိုက်ခြင်းမှာ ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ် ပြန့်နှံ့ခြင်းကို တားဆီးရန်ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်ပြီး နိုင်ငံအတွင်းရှိ မွေးမြူရေးထွက်ကုန်များနှင့် ပတ်သက်ခြင်းမရှိဟု ၀န်ကြီးဌာနက ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် ဥရောပသို့ သွားရောက်မည့် ဧည့်သည်များအနေဖြင့်လည်း မွေးမြူရေးတိရိစ္ဆာန်များနှင့် ထိတွေ့ခြင်းကို ရှောင်ရှားရန်နှင့် မွေးမြူရေးထွက်ကုန်များ နိုင်ငံအတွင်းသို့ ယူဆောင်လာခြင်းကိုလည်း ရှောင်ရှားကြရန် နိုင်ငံသားများကို တိုက်တွန်းထားသည်။

    ဆင်ဟွာ

  • အမေရိကန် NSA ၏  လျှို့ဝှက်ထောက်လှမ်းမှုတွင် တောင်ကိုရီးယားလည်း ပါဝင်

    အမေရိကန် NSA ၏ လျှို့ဝှက်ထောက်လှမ်းမှုတွင် တောင်ကိုရီးယားလည်း ပါဝင်

    အောက်တိုဘာ ၁၃ ၊ ၂၀၁၄
    M-Media
    381915_NSA-spying-agents
    – အမေရိကန် အမျိုးသား လုံခြုံရေးအေဂျင်စီ NSA မှ အေးဂျင့်များမှာ တရုတ်၊ ဂျာမနီနှင့် တောင်ကိုရီးယားတို့မှ ပြည်တွင်း ကွန်ယက်ချိတ်ဆက်မှုများနှင့် အီလက်ထရောနှစ် ပစ္စည်း ကိရိယာများကို လျှို့ဝှက် ထောက်လှမ်းမှုများပြုလုပ်ခဲ့သည်ဟု သိရသည်။

    NSA အေးဂျင့်ဟောင်း အက်ဒ၀ပ် စနိုးဒင်ထံမှ ရရှိခဲ့သည့် နောက်ဆုံးရ အချက်အလက်များကို ကိုးကား၍ The Intercept အွန်လိုင်း မဂ္ဂဇင်းက အောက်တိုဘာ ၁၁ ရက်နေ့တွင် ဖော်ပြခဲ့ခြင်းဖြစ်ပြီး၊ NSA ၏ အဆိုပါ ထောက်လှမ်းမှုတွင် အမေရိကန်ကုမ္ပဏီများမှာလည်း ပစ်မှတ်ထား ခံခဲ့ရသည်ဟု ထည့်သွင်းရေးသားခဲ့သည်။

    NSA မှ အမေရိကန်နှင့် နိုင်ငံခြားရှိ ကုမ္ပဏီများနှင့် ပူးပေါင်းကာ ၎င်းတို့၏ အချက်အလက် ပုံဖျက်စနစ်ကို အားနည်းစေရန် ဆောင်ရွက်ပြီး၊ ထိုလုပ်ငန်းအတွက် ကန်ဒေါ်လာ သန်းရာချီ၍ သုံးစွဲနေသည်ဟုလည်း စနိုးဒင်ထံမှ ရရှိသည့် မှတ်တမ်းများအရ သိရသည်။

    ထို့ပြင် NSA က “core secrets” ဟု အမည်ပေးထားသည့် နိုင်ငံများထဲမှ အချို့တွင် အဆိုပါ လျှို့ဝှက်ထောက်လှမ်းမှုများကို ယခုအချိန်အထိ ဆက်လက်ဆောင်ရွက်နေပြီး NSA ပြင်ပမှ တာဝန်ရှိသူအချို့နှင့် မျှဝေဆောက်ရွက်နေသည်ဟုလည်း ဆိုသည်။

    စနိုးဒင်မှာ ၂၀၁၃ ခုနှစ် ဇွန်လမှစ၍ NSA ၏ လျှို့ဝှက်ထောက်လှမ်းရေး အချက်အလက်များကို ဖော်ထုတ်ခဲ့သူဖြစ်သည်။ ၎င်း၏ ဖော်ထုတ်မှုအရ NSA မှာ အမေရိကန်ပြည်သူများ၊ နိုင်ငံခြား တိုင်းပြည်များမှ အစိုးရများနှင့် ပြည်သူများ၏ ဖုန်းခေါ်ဆိုမှုများကို ကြားဖြတ်နားထောင်ခြင်း၊ အချက်အလက်များအား လျှို့ဝှက်ထောက်လှမ်းခြင်းများပြုလုပ်ခဲ့ကြောင်း သိရှိခဲ့ရသည်။

    GJH/GJH