News @ M-Media

Tag: sudan

  • ယူအေအီးတွင် ဆူဒန်သတင်းထောက်တစ်ဦး အကောင်းဆုံး သတင်းဆောင်းပါးဆု ရရှိ

    ယူအေအီးတွင် ဆူဒန်သတင်းထောက်တစ်ဦး အကောင်းဆုံး သတင်းဆောင်းပါးဆု ရရှိ

    မေ ၂၉၊ ၂၀၁၆
    M-Media

    sudun

    – ဆူဒန်လူ့အဖွဲ့အစည်းအတွင်းမှာ ရင်ဆိုင်နေရတဲ့ ကျန်းမာရေး ပြဿနာနဲ့ပတ်သက်ပြီး မီးမောင်းထိုးပြခဲ့တဲ့ ဆူဒန် ဂျာနယ်လစ်တစ်ဦးကို ယူအေအီးနိုင်ငံက Best Social Reportin Story Award (အကောင်းဆုံးလူမှုသတင်းဆောင်းပါးဆု) ချီးမြှင့်လိုက်တယ်လို့ သိရပါတယ်။

    ဂျာနယ်လစ်အမျိုးသမီး အိုက်ဒါ အဘ်ဒူလ် ဟာမစ် ဂီမစ်ရှ်ဆိုသူဖြစ်ပြီး Increased kidney patient cases, beyond technical capacity of the hospitals (နည်းပညာစွမ်းဆောင်ရည်မြင့် ဆေးရုံများရဲ့နောက်ကွယ်က များပြားလာသော ကျောက်ကပ်ဝေဒနာသည်များ) ဆိုတဲ့ ခေါင်းစဉ်နဲ့ အဲဒီဆုကို ရရှိခဲ့တာဖြစ်ပါတယ်။l

    ဂီမစ်ရှ်ရဲ့ ဒီဆောင်ပါးဟာ ဆူဒန်နိုင်ငံအတွင်း ပြည်သူအများအပြား ခံစားနေရတဲ့ ကျောက်ကပ်ဝေဒနာအကြောင်းကို ရေးသားဖော်ထုတ်ထားတာ ဖြစ်ပါတယ်။

    အဲဒီ ဆောင်းပါးကို ဒူဘိုင်းရဲ့ Al-Khaleej နေ့စဉ်သတင်းစာမှာ ရေးသားဖော်ပြခဲ့တာပါ။ Al-Khaleej သတင်းစာဟာ ယူအေအီးက ကျောက်ကပ်ဝေဒါနာရှင်များ ဆေးကုသနိုင်ရေး ရှာဂျားစော်ဘွားပြည်နယ်ထဲက ကျောက်ကပ်ဝေဒနာရှင်အသင်းအတွက် ဒီရ်ဟမ် ၁၉ သန်း လှူဒါန်းခဲ့ဖူးပါတယ်။

    Ref:
    IINA

  • ဆူဒန်သမ္မတအား ICC သို့ လွှဲပေးရန်အတွက် တောင်အာဖရိက စဉ်းစားနေ

    ဆူဒန်သမ္မတအား ICC သို့ လွှဲပေးရန်အတွက် တောင်အာဖရိက စဉ်းစားနေ

    ဇွန် ၁၅၊ ၂၀၁၅
    M-Media

    sudan

    – နိုင်ငံအတွင်း တနင်္လာနေ့အထိ ဆက်ရှိနေရန်အတွက် ဆူဒန်သမ္မတ အိုမာရ် အလ်-ဘရှီးရ်အား တောင်အာဖရိက တရားရုံးချုပ်မှ အမိန့်ပေးလိုက်ပြိး နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC သို့ ပို့ဆောင်ရမည်လားဆိုသည်ကို မိမိတို့က ဆုံးဖြတ်သွားမည်ဟု ပြောကြားလိုက်သည်။

    ဘရှီးရ်မှာ ဒါဖာရ်ဒေသ၌ လက်နက်ကိုင်ဆန္ဒပြသူများကို နှိမ်နင်းရာတွင် စစ်ရာဇ၀တ်မှု ကျူးလွန်သည်ဟု စွပ်စွဲခံထားရသူဖြစ်ပြီး ICC က ၎င်းအား ၂၀၀၉ ခုနှစ်ကတည်းက ဖမ်းဝရမ်းထုတ်ထားခဲ့ခြင်း ဖြစ်သည်။

    ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည့် အာဖရိကသမဂ္ဂ ထိပ်သီးအစည်းအဝေးပွဲသို့ တက်ရောက်ရန်အတွက် ဘရှီးရ်မှာ စနေနေ့က ဂျိုဟန်နစ္စဘတ်သို့ ရောက်ရှိလာခဲ့ပြီးနောက် တရားရုံးချုပ်က ထိုကဲ့သို့ အမိန့်ပေးခဲ့ခြင်းဖြစ်ပြီး၊ တရားသူကြီးကမူ ဘရှီးရ်အား ကြိုဆိုရန် ကက်ဘိနတ်အဖွဲ့၏ ဆုံးဖြတ်ချက်က ICC ဖမ်းဝရမ်းကို လှည့်စားခြင်းလားဆိုသည်ကို ဆုံးဖြတ်သွားမည်ဟု ဆိုသည်။

    တောင်အာဖရိကနိုင်ငံမှာ ICC ၏ အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်ပြီး ကိုယ်ပိုင်တပ်ဖွဲ့မရှိသည့် ICC အနေဖြင့် တရားခံများကို ဖမ်းဆီးရရှိရေးမှာ အဖွဲ့ဝင်နိုင်ငံများ၏ သဘောထားအပေါ် မူတည်နေသည်။

    ထိုကဲ့သို့ ၀ရမ်းထုတ်ခံခဲ့ရပြီးနောက် ဘရှီးရ်မှာ ICC အဖွဲ့ဝင်မဟုတ်သည့် နိုင်ငံများနှင့် အဖွဲ့ဝင်နိုင်ငံဖြစ်သော်လည်း ဖမ်းဆီးမပေးဟု ကြေညာခဲ့သည့် နိုင်ငံများကိုသာ သွားရောက်ခဲ့သည်။

    နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့၏ ခေတ္တ တရားရေးဒါရိုက်တာဖြစ်သူ အီလီစီ ကက်ပလာက တောင်အာဖရိကအနေဖြင့် ဘရှီးရ်အား ဖမ်းဆီးမပေးပါက ဆိုးရွားသည့် ရာဇ၀တ်မှုများအတွက် တရားမျှတမှု ဆောင်ကျဉ်းပေးရေးနှင့် ပတ်သက်သည့် တောင်အာဖရိက၏ ဂုဏ်သိက္ခာမှာ အစွန်းအထင်းဖြစ်သွားမည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဆူဒန်တွင် ဘာသာပြောင်း၍ သေဒဏ်ပေးခြင်းမှာ အစ္စလာမ့်ဥပဒေနှင့် မသက်ဆိုင်၊ နိုင်ငံရေး အမြတ်ထုတ်ခြင်းဟု ရှရီအာဥပဒေ ပညာရှင်များပြော

    မေ ၁၉ ၊ ၂၀၁၄
    M-Media

    အမျိုးသမီးငယ်တစ်ဦးအား ခရစ်ယာန်ဘာသာသို့ပြောင်းသည်ဟုဆိုကာ ဆူဒန်တွင် သေဒဏ်ပေးခဲ့ခြင်းမှာ အစ္စလာမ်နှင့် မသက်ဆိုင်ဘဲ အာဏာရှင် တည်တံ့ရေးအတွက် လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း ရှရီအာ ကျွမ်းကျင်သူများဆို

    sudan_woman_faces_death_penalty_for_apostasy_m7

    – ခရစ်ယာန်ဘာသာသို့ကူးပြောင်းမှုကြောင့် ကိုယ်ဝန်ဆောင် အမျိုသမီးငယ်တစ်ဦးအား ဆူဒန်တွင် သေဒဏ်ပေးခဲ့ခြင်းမှာ အစ္စလာမ်သာသနာနှင့် ပတ်သက်မှုမရှိဘဲ အာဏာရှင်ဝါဒ တရာဝင်ဖြစ်ရေး ကြိုးပမ်းမှုသာဖြစ်သည်ဟု အစ္စလာမ့် ရှရီအာဥပဒေ ကျွမ်းကျင်သူများက ပြောကြားလိုက်သည်။

    အသက် ၂၇ နှစ်အရွယ်ရှိ မရ်ယမ် ယဟ်ယာ အီဗရာဟင်ဟာ ဘာသာပြောင်းလဲမှုကြောင့် ဟုဆိုကာ ကြိုးပေးကွပ်မျက်ရန် Khartoum တရားရုံးမှ ပြီးခဲ့သည့် တစ်ပတ်က ပြစ်ဒဏ် ချမှတ်ခဲ့သည်။ ထို့ပြင် ခရစ်ယာန် ဘာသာဝင်နှင့် လက်ထပ်ထားခြင်းကြောင့် ဆူဒန် ဥပဒေအရ အိမ်ထောင်ရေး ဖောက်ပြန်သည်ဟု သတ်မှတ်ခဲ့ပြီး ကြိမ်ဒဏ် အချက် ၁၀၀ ရိုက်ရန်လည် အမိန့်ပေးခဲ့သည်။

    “ဒီအပြစ်ပေးမှုဟာ ဘာသာတရားနဲ့ သက်ဆိုင်ခြင်းမရှိဘဲ နိုင်ငံရေးအရ အာရုံပြောင်းတဲ့ လုပ်ဆောင်ချက်တစ်ခုသာဖြစ်ပါတယ်။ ဒါဟာ “အစ္စလာမ်ကို ကာကွယ်သူများ” ဆိုတဲ့ ပုံစံမျိုး ဖြစ်လာစေပြီး သူတို့ရဲ့ ချစားမှုတွေကို မေ့အောင်လုပ်ဖို့ ဆူဒန်အာဏာရှင်တွေရဲ့ ပရိယာယ်ပါပဲ” ဟု အစ္စလာမ့်တရားစီရင်ရေးဆိုင်ရာ ကျွမ်းကျင်သူ မိုဟာမက် ဂီလန်က မေလ ၁၇ ရက်နေ့တွင် အလ်ဂျာဇီးရား သတင်းဌာနသို့ ပြောကြားခဲ့သည်။

    မရ်ယမ်မှာ မွတ်စလင်ဖခင်နှင့် ခရစ်ယာန်မိခင်တို့မှ မွေးဖွားခဲ့ခြင်းဖြစ်ပြီး သူမအသက် ၆ နှစ်အရွယ်တွင် ဖခင်က စွန့်ခွာသွားသောကြောင့် မိခင်၏ အုပ်ထိန်းမှုအောက်တွင် ခရစ်ယာန် ဘာသာဝင် အဖြစ်ကြီးပြင်းခဲ့သည်။ အမိန့်မချခင် မရ်ယမ်အား တရားသူကြီးက နာရီဝက်ခန့်မေးမြန်းခဲ့ပြီး နောက်ပိုင်းတွင် မိမိမှာ ခရစ်ယာန် တစ်ဦးဖြစ်ပြီး မည်သည့်အခါကမှ ဘာသာမပြောင်းခဲ့ဟု မရ်ယမ်က ပြန်လည်ဖြေကြားခဲ့သည်။

    ဂီလန်ကမူ အစိုးရ၏ ချစားမှုများ၊ နိုင်ငံရေး ထွက်ပေါက်ပိတ်နေခြင်းနှင့် ဒေသတွင်း ပဋိပက္ခများ ပိုမိုဖြစ်ပွားခြင်းတို့ကို ထောက်ပြပြောဆိုခဲ့ကာ ထိုကဲ့သို့အပြစ်ပေးမှုမှာ ကွန်ဆာဗေးတစ် ထောက်သူများ ပိုမိုရရှိရန်အတွက် သမ္မတ အိုမရ် အလ်-ဘရှီးရ်၏ စမ်းသပ်မှုဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “(အစ္စလာမ့်သမိုင်းမှာ) လူတစ်ယောက်ဟာ ဘာသာပြောင်းတဲ့အတွက် ကွပ်မျက်ခံရတာမျိုး မရှိပါဘူး။ ကံမကောင်းအကြောင်း မလှစွာနဲ့ပဲ ဒီလိုအဖြစ်အပျက်မျိုးဟာ အာဖဂန်နဲ့ ဆူဒန်လိုနေရာမျိုးမှာ ဖြစ်နေပါတယ်။ ဒါပေမယ့် ဒီလိုအမိန့်ပေးခဲ့တဲ့ တရားသူကြီးတွေဟာ အစ္စလာမ် ရှရီအာဥပဒေကို နားလည် တတ်ကျွမ်းခြင်းမရှိဘဲ လူမျိုးစု ရှုထောင့်ကနေသာ လုပ်ဆောင်နေကြခြင်းဖြစ်ပါတယ်”

    နောက်ဆက်တွဲများ

    ဘာသာပြောင်းမှုအပေါ် ကုရ်အာန်ကျမ်းတော်မြတ်နှင့် တမန်တော် မုဟမ္မဒ်သခင်၏ ဓလေ့တော်များမှ အထောက်အထားများကို ပြန်လည်ဆန်းစစ်ပြီးနောက် ယခုကဲ့သို့ ကွပ်မျက်မှုမှာ အစ္စလာမ်ခေတ်ဦးပိုင်းက နိုင်ငံတော်သစ္စာဖောက်မှုကြောင့် ကွပ်မျက်သည့်ပုံစံမျိုးကို အတုယူ၍ လုပ်ဆောင်ခြင်းဟု မွတ်စလင် ပညာရှင်များကဆိုသည်။

    “(အစ္စလာမ့်သမိုင်းမှာ) လူတစ်ယောက်ဟာ ဘာသာပြောင်းတဲ့အတွက် ကွပ်မျက်ခံရတာမျိုး မရှိပါဘူး။ ကံမကောင်းအကြောင်း မလှစွာနဲ့ပဲ ဒီလို အဖြစ်အပျက်မျိုးဟာ အာဖဂန်နဲ့ ဆူဒန်လိုနေရာမျိုးမှာ ဖြစ်နေပါတယ်။ ဒါပေမယ့် ဒီလိုအမိန့်ပေးခဲ့တဲ့ တရားသူကြီးတွေဟာ အစ္စလာမ် ရှရီအာ ဥပဒေကို နားလည် တတ်ကျွမ်းခြင်း မရှိဘဲ လူမျိုးစု ရှုထောင့်ကနေသာ လုပ်ဆောင်နေကြခြင်းဖြစ်ပါတယ်” ဟု ဆန်ဒီရေဂိုပြည်နယ် တက္ကသိုလ်မှ ဘာသာအယူဝါဒဆိုင်ရာ ပါမောက္ခ ခါလီလ်မိုဟာမက်က ဆိုသည်။

    အစ္စလာမ့် တရားစီရင်ရေးဆိုင်ရာ ကျွမ်းကျင်သူ ဂီလန်ကလည်း တူညီသော ၎င်း၏အမြင်ကို ပြောကြားခဲ့သည်။

    “သမိုင်းကြောင်း အရကြည့်မယ်ဆိုရင် ဒီလိုအပြစ်ပေးမှုကို ဘာသာပြောင်းတဲ့ အတွက်မဟုတ်ဘဲ ရန်သူစစ်တပ်နဲ့ ပူးပေါင်းသွားခဲ့တဲ့အခြေအနေမျိုးမှာသာ အကောင်အထည်ဖေါ်ခဲ့တာပါ” ဟု ဂီလာနီကဆိုသည်။

    ထို့ပြင် စစ်ပွဲကာလမျိုး၌ပင် ရန်သူနှင့်ပူးပေါင်းသည့်အတွက် သတ်မှတ်သော ထိုပြစ်ဒဏ်မျိုးမှ အမျိုးသမီးများမှာ ကင်းလွတ်ခွင့်ရခဲ့သည်ဟု ဂီလာနီက ထပ်လောင်းပြောကြားခဲ့သည်။

    “အမျိုးသမီးတွေကို မနစ်နာစေဖို့ ကိုယ်တော်မြတ်က ပြတ်ပြတ်သားသား ကြေညာထားတာကြောင့် (နိုင်ငံတော် သစ္စာဖောက်ခဲ့ပေမယ့်လည်း) အမျိုးသမီးတွေဟာ ကွပ်မျက်ခြင်းမခံရပါဘူး”

    ကနေဒါနိုင်ငံ နိုဗာစကော့တီယာပြည်နယ် ဟာလီဖက်စ်မြိုရှိ စိန့်မေရီ တက္ကသိုလ်မှ စီမံခန့်ခွဲရေးနှင့် ဘာသာရေးလေ့လာမှုဆိုင်ရာ ပါမောက္ခ ဂျမားလ် ဘာဒါဝီကလည် အစ္စလာမ့် ခေတ်ဦး ထိုကဲ့သို့ ပြစ်ဒဏ်ပေးမှုများမှာ ဘာသာကူးပြောင်းခြင်းကြောင့်မဟုတ်ဘဲ ကြီးမားသော ရာဇ၀တ်မှုများကို  ကျူးလွန်ခြင်းကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    OnIslam & News Agencies

  • ဆူဒန် သမ္မတ ချဒ်နှင့်လစ်ဗျားနိုင်ငံသို့ လာရောက် လည်ပတ်လျှင် ဖမ်းဆီးပေးရန် ICC တိုက်တွန်း

    ဖေဖော်ဝါရီ ၁၆ ၊ ၂၀၁၃
    M-Media

    Sudanese President Omar Bashirချဒ် နိုင်ငံနှင့် လစ်ဗျားနိုင်ငံကို ဆူဒန်သမ္မတ အုမာရ် ဘရှီးရ် အားလပ်ရက်တွေမှာ လာရောက် လည်ပတ်ခဲ့ရင် ၄င်းအားဖမ်းဆီးပြီး လွဲပြောင်းပေးဖို့ နိုင်ငံတကာ ရာဇဝတ်တရားရုံးက ချဒ်နဲ့ လစ်ဗျား အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

    ယမန်နေ့က ထုတ်ပြန်တဲ့ တရားရုံးအမိန့်မျာ ဆူဒန်နိုင်ငံ ဒါဖာဒေသမှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု့တွေ အပါအဝင် ရာဇတ်မှု့များအတွက် ဆူဒန်သမ္မတကို ဖမ်းဆီးဖို့ ထုတ်ပြန်ခဲ့ချိန်မှာ ယခုလို ပြောဆိုလိုက်ခြင်းဖြစပါတယ်။

    ဆူဒန်သမ္မတ ဟာ ချဒ်နိုင်ငံကို မကြာခဏသွားရောက် လည်ပတ်လေ့ရှိပေမယ့် အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး ချဒ်နိုင်ငံက ဖမ်းဆီးပေးခြင်း မရှိခဲ့ပါဘူး။  ဟေဂ် မြို့ မှာအခြေစိုက်တဲ့ နိုင်ငံတကာ ရာဇဝတ်တရားရုံးဟာ ဘရှီးရ် ကို ၂၀၀၉ ခုနှစ်နဲ့ ၂၀၁၀ မှာ ဖမ်းဝရမ်း ထုတ်ပြန်ခဲ့တာဖြစ်ပေမယ် တရားခံတွေကို ဖမ်းဆီးပေးဖို့ ကိုယ်ပိုင်ရဲတပ်ဖွဲ့ မရှိသေးပါဘူး။

    Ref:Arab News

    နိုင်ငံတကာ ရာဇ၀တ်မှုဆိုင်ရာ တရားရုံး (International Criminal Court) အကြောင်းဖတ်လိုလျှင်

  • ရိုဟင်ဂျာများအတွက် ဆူဒန်မှ ဒေါ်လာ ၂ သိန်း ကူမည်

    ရိုဟင်ဂျာများအတွက် ဆူဒန်မှ ဒေါ်လာ ၂ သိန်း ကူမည်

    ဇန်နဝါရီလ ၀၈ ၊၂၀၁၃
    မဇ္ဈိမသတင်းဌာန

    နယူးဒေလီ (မဇ္ဈိမ)။ ။ နိုင်ငံသားအဖြစ် ငြင်းပယ်ခံထားရပြီး လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အမျိုးမျိုး ရင်ဆိုင်ကြုံ တွေ့ နေရသူ မြန်မာ မူဆလင် ရိုဟင်ဂျာများအတွက် ဆူဒန်နိုင်ငံ အဖွဲ့အစည်းနှစ်ခုက အမေရိကန်ဒ်ါလာ နှစ်သိန်း ကူညီပေးမည်ဟု သိရှိရသည်။

    ထိုအကူအညီကို ပထမအရစ်အနေနှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း အမျိုးသား လူ့အခွင့်အရေးအဖွဲ့ (ရိုဟင်ဂျာ) ၏ ဥက္ကဋ္ဌ Ibrahim Abdul-Haleem အား ကိုးကား၍ မလေးရှားအခြေစိုက် BERNAMA သတင်းတရပ်တွင် ရေးသား
    ထားသည်။

    ၎င်းတို့အဖွဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အနေနှင့် တူရကီနိုင်ငံသို့သွားရောက်ကာ နွမ်းပါးသူ ကူညီရေးအဖွဲ့တခုနှင့် သဘောတူစာချုပ်ချုပ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတခုသို့လည်း သွားရောက်ခဲ့သည်ဟု ဆို
    သည်။

    ဆူဒန်အနေဖြင့် မြန်မာနိုင်ငံရှိ မူဆလင်များအား အဆင့်တိုင်းတွင် ဆက်လက် ကူညီပေးသွားမည်ဖြစ်ကာ ဖြစ်သလို သူတို့ရဲ့ အခွင့်အရေးများ အပြည့်အဝ ပြန်လည်ရရှိသည့်တိုင်အောင် နိုင်ငံတကာ ဆွေးနွေးပွဲများတွင် ထည့်သွင်း
    ဆွေးနွေးမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောဆိုသည်ဟု သတင်းစာက ဖော်ပြထားသည်။