မေ ၂၉၊ ၂၀၁၆
M-Media
– ဆူဒန်လူ့အဖွဲ့အစည်းအတွင်းမှာ ရင်ဆိုင်နေရတဲ့ ကျန်းမာရေး ပြဿနာနဲ့ပတ်သက်ပြီး မီးမောင်းထိုးပြခဲ့တဲ့ ဆူဒန် ဂျာနယ်လစ်တစ်ဦးကို ယူအေအီးနိုင်ငံက Best Social Reportin Story Award (အကောင်းဆုံးလူမှုသတင်းဆောင်းပါးဆု) ချီးမြှင့်လိုက်တယ်လို့ သိရပါတယ်။
ဂျာနယ်လစ်အမျိုးသမီး အိုက်ဒါ အဘ်ဒူလ် ဟာမစ် ဂီမစ်ရှ်ဆိုသူဖြစ်ပြီး Increased kidney patient cases, beyond technical capacity of the hospitals (နည်းပညာစွမ်းဆောင်ရည်မြင့် ဆေးရုံများရဲ့နောက်ကွယ်က များပြားလာသော ကျောက်ကပ်ဝေဒနာသည်များ) ဆိုတဲ့ ခေါင်းစဉ်နဲ့ အဲဒီဆုကို ရရှိခဲ့တာဖြစ်ပါတယ်။l
ဂီမစ်ရှ်ရဲ့ ဒီဆောင်ပါးဟာ ဆူဒန်နိုင်ငံအတွင်း ပြည်သူအများအပြား ခံစားနေရတဲ့ ကျောက်ကပ်ဝေဒနာအကြောင်းကို ရေးသားဖော်ထုတ်ထားတာ ဖြစ်ပါတယ်။
အဲဒီ ဆောင်းပါးကို ဒူဘိုင်းရဲ့ Al-Khaleej နေ့စဉ်သတင်းစာမှာ ရေးသားဖော်ပြခဲ့တာပါ။ Al-Khaleej သတင်းစာဟာ ယူအေအီးက ကျောက်ကပ်ဝေဒါနာရှင်များ ဆေးကုသနိုင်ရေး ရှာဂျားစော်ဘွားပြည်နယ်ထဲက ကျောက်ကပ်ဝေဒနာရှင်အသင်းအတွက် ဒီရ်ဟမ် ၁၉ သန်း လှူဒါန်းခဲ့ဖူးပါတယ်။
Ref:
IINA
Leave a Reply
You must be logged in to post a comment.