News @ M-Media

Tag: Syria

  • ဆီးရီးယားတွင် အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားများ သေဆုံး

    ဆီးရီးယားတွင် အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားများ သေဆုံး

    ဇူလိုင် ၂၀၊ ၂၀၁၆
    M-Media

    kurd

    – ဆီးရီးယားနိုင်ငံရှိ IS က ထိန်းချုပ်ထားသော ဒေသများတွင် အမေရိကန်ဦးဆောင်သည့် မဟာမိတ်အဖွဲ့က လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် ကလေးငယ် ၁၁ ဦးအပါအ၀င် အနည်းဆုံး အရပ်သား ၅၆ ဦး သေဆုံးခဲ့သည်ဟု ယူကေအခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောကြားလိုက်သည်။

    ယမန်နေ့က ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုများတွင် ဖြစ်ပြီး ထိုအထဲမှ တစ်ခုမှာ မစ်ဘစ်ဂ်ျအမည်ရှိ ဒေသအနီးတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ထိခိုက်သေဆုံးသူ အများစုမှာ အမျိုးသမီးများနှင့် ကလေးများ ဖြစ်သည်ဟု သတင်းများက ဖော်ပြကြသည်။ အမေရိကန် စစ်ဌာနချုပ်ကလည်း အဆိုပါဒေသတွင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း အတည်ပြုခဲ့ပြီး တိုက်ခိုက်မှုအတွင်း အရပ်သားများ သေဆုံးခဲ့မှု ရှိလားဆိုသည်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

    ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေ စောင့်ကြည့်အဖွဲ့မှ ဒါရိုက်တာဖြစ်သူ ရမီ အဘ်ဒဲလ် ရဟ်မန်ကမူ ထိုကဲ့သို့ အရပ်သားအများအပြားသေဆုံးသော တိုက်ခိုက်မှုများကို အမေရိကန်ဦးဆောင်သည့် မဟာမိတ်လေယာဉ်များက ပြုလုပ်ခြင်းဖြစ်သည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

    တိုက်ခိုက်ခံခဲ့ရသည့် ဒေသ၌ နေထိုင်သူများကမူ သေဆုံးသူအရေအတွက်မှာ ၂၀၀ ကျော်နိုင်သည်ဟု ဆိုသည်။

    အဆိုပါ မန်ဘစ်ဂ်ျဒေသကို ကာ့ဒ်ဦးဆောင်သည့် တပ်ဖွဲ့များက IS လက်မှ ပြန်သိမ်းရန် ကြိုးစားနေပြီး အမေရိကန်ဦးဆောင်သည့် မဟာမိတ်များက လေကြောင်းပစ်ကူများ ပေးအပ်နေသည်။

    မေလနှောင်းပိုင်းကလည်း ကာ့ဒ်တပ်ဖွဲ့များ၏ တိုက်ခိုက်မှုများကြောင့် ထိုဒေသတွင် အရပ်သား ၁၀၄ ဦး သေဆုံးခဲ့ကြောင်း ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဆီးရီးယားအရေး သံတမန်နည်းလမ်းဖြင့်သာ ဖြေရှင်းနိုင်မည်ဟု အီရန်ပြော

    ဆီးရီးယားအရေး သံတမန်နည်းလမ်းဖြင့်သာ ဖြေရှင်းနိုင်မည်ဟု အီရန်ပြော

    ဇွန် ၁၅၊ ၂၀၁၆
    M-Media

    syria

    – ဆီးရီးယားက ငါးနှစ်ကြာပဋိပက္ခတွေ အဆုံးသတ်နိုင်ဖို့ဟာ စစ်ရေးနဲ့ ဖြေရှင်းရမှာမဟုတ်ပဲ သံခင်းတမံခင်းနည်းလမ်းနဲ့သာ ချဉ်းကပ်ဖြေရှင်းနိုင်မယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗဒ် ဇာရစ်ဖ်က ပြောကြားလိုက်ပါတယ်။

    နော်ဝေနိုင်ငံ အော်စလိုကို ရောက်ရှိနေတဲ့ ဇာရစ်ဖ်က နော်ဝေနိုင်ငံခြားရေးဝန်ကြီး ဘိုအာဂျီ ဘရန်ဒီနဲ့ တနင်္လာနေ့မှာပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ဒီလို ပြောကြားလိုက်တာဖြစ်ပြီး အီရန်အနေနဲ့ ဆီးရီးယားအရေးကို သံတမန်ရေးရာ စေ့စပ်ညှိနှိုင်းတဲ့ နည်းလမ်းနဲ့သာ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ထားပါတယ်လို့ ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။

    နောက်ပြီး အီရန်ရဲ့ အဓိကအချက်လေးချက်စီမံကိန်းက ဆီးရီးယားပြဿနာကို အဖြေရှာဖို့ ကူညီပေးနိုင်မယ်လို့လည်း သူက ဆိုပါတယ်။ အီရန်က ဆီးရီးယားအရေးအတွက် အဓိကအချက်လေးချက် ငြိမ်းချမ်းရေးစီမံကိန်းတစ်ခုကို ရေးဆွဲထားပြီး အဲဒါတွေကတော့ အမျိုးသားညီညွှတ်ရေးအစိုးရ ဖွဲ့စည်းရေး၊ အပစ်ခတ်ရပ်စဲရေး၊ အကြမ်းဖက်မှုကို တိုက်ဖျက်ရေးနဲ့
    အခြေခံဥပဒေပြောင်းလဲပြင်ဆင်ရေးတို့ ဖြစ်ပါတယ်။

    ၂၀၁၁ ခုနှစ်မတ်လကတည်းက စတင်ခဲ့တဲ့ ဆီးရီးယားပြည်တွင်းစစ်ကြောင့် သေဆုံးသူအရေအတွက် ၄ သိန်းကျော် ရှိလာခဲ့
    ပြီလို့ ကုလရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။

    Ref : Presstv

  • ဆီးရီးယားငြိမ်းချမ်းရေး ပိုမိုအားထုတ်ရန် အိုဘားမားနှင့် ပူတင်ကို ကုလ တိုက်တွန်း

    ဆီးရီးယားငြိမ်းချမ်းရေး ပိုမိုအားထုတ်ရန် အိုဘားမားနှင့် ပူတင်ကို ကုလ တိုက်တွန်း

    ဧပြီ ၂၉၊ ၂၀၁၆
    M-Media

    un envoy

    – ၂ လတာ ကြာမြင့်နေပြီး ပျက်ဆီးလုဆဲဆဲဖြစ်နေတဲ့ ဆီးရီးယားအပစ်ရပ်ရေးကို အသက်ဆက်ဖို့နဲ့ ပျက်ဆီးသွားပြီးဖြစ်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်စတင်ဖို့အတွက် ဆီးရီးယားဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် စတက်ဖန် ဒီ မစ်တူရာက အမေရိကန်နဲ့ ရုရှားခေါင်းဆောင်တွေကို တိုက်တွန်းပြောကြားလိုက်ပါတယ်။

    အဲလစ်ပိုမြို့နဲ့ အနည်းဆုံး အခြား ၃ နေရာမှာ အပစ်ရပ်ရေး ပျက်ဆီးသွားတဲ့အတွက်လည်း ကုလအထူးကိုယ်စားလှယ်က အလွန်အမင်းစိုးရိမ်တယ်လို့ဆိုပြီး၊ နိုင်ငံရေးအသွင်ကူးပြောင်းမှုဆိုင်ရာ အမြင်တွေမှာ အစိုးရနဲ့ အတိုက်အခံတွေ အမြင်မတူညီတာကိုလည်း တွေ့ခဲ့ရတယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “အစကောင်းခဲ့တဲ့ (ဆီးရီးယားအပစ်ရပ်ရေး) ကိစ္စ အောင်မြင်မှုဟာ သမ္မတအိုဘားမား၊ သမ္မတပူတင်တို့ရဲ့ အားထုတ်မှုနဲ့ဆက်နွယ်နေတာကြောင့် နောက်ထပ် အမြင့်ဆုံးအဆင့် အားထုတ်မှုကို ချက်ချင်းဆောင်ရွက်ဖို့ အမေရိကန်ရဲ့ ရုရှားတို့ကို ကျွန်တော်က တောင်းဆိုရခြင်းဖြစ်ပါတယ်”

    ဆီးရီးယားပြဿနာ ဖြေရှင်းရေးအတွက် ဆီးရီးယားဆိုင်ရာ နိုင်ငံတကာပံ့ပိုးကူညီရေးအဖွဲ့ ISSG မှာ ပါဝင်တဲ့ အဓိကနိုင်ငံတွေ၊ ဒေသတွင်း အင်အားကြီးနိုင်ငံတွေနဲ့ ၀န်ကြီးအဆင့် အစည်းအဝေးတစ်ခုကို အမေရိကန်နဲ့ ရုရှားတို့က မဖြစ်ဖြစ်အောင် ပြုလုပ်ဖို့လည်း မစ်တူရာက ထပ်လောင်းပြောကြားခဲ့ပါတယ်။

    Ref: IINA

  • ဆီးရီးယားဆေးရုံကို အစိုးရက တိုက်ခိုက်မှုကြောင့် လူ ၂၀ သေဆုံး

    ဆီးရီးယားဆေးရုံကို အစိုးရက တိုက်ခိုက်မှုကြောင့် လူ ၂၀ သေဆုံး

    ဧပြီ ၂၈၊ ၂၀၁၆
    M-Media

    syria 3

    – ဆီးရီးယားနိုင်ငံ အဲလစ်ပိုမြို့ရှိ ဆေးရုံတစ်ရုံကို ဆီးရီးယားအစိုးရက လေကြောင်းမှတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၂၀ သေဆုံးခဲ့ပြီး ကုလကလည်း ဆီးရီးယားအပစ်ရပ်ရေးမှာ ပျက်စီးမည့်အခြေအနေတွင် ရှိနေသည်ဟု သတိပေး ပြောကြားလိုက်သည်။

    အလ်ကွဒ်စ် ဆေးရုံးအား ယမန်နေ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သူပုန်များထိန်းချုပ်ထားသော ဒေသအတွင်း ကျန်ရန်နေသည့် ကလေးဆရာဝန်များထဲမှ တစ်ဦးဖြစ်သူ ဒေါက်တာ ၀ါဆင်မ် မာအက်ဇ်အပါအ၀င် ဆေးရုံဝန်ထမ်းများနှင့် အခြား အရပ်သားများ သေဆုံးခဲ့သည်။

    ယခုတိုက်ခိုက်မှုမှာ အစိုးရက ထိုမြို့အပေါ် တိုးမြှင့်ပြုလုပ်သည့် ထိုးစစ်ဆင်မှုမှ နောက်ဆုံးပေါ်ထွက်လာသည့် တိုက်ခိုက်မှုဖြစ်ပြီး ပြီးခဲ့သည့်တစ်ပတ် သောကြာနေ့ကတည်းက ပြုလုပ်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများ၊ အမြှောက်ဖြင့် ပစ်ခတ်မှုများအကြောင့် အနည်းဆုံး အရပ်သား ၁၀၀ ကျော် သေဆုံးခဲ့ရသည်။

    “ပြီးခဲ့တဲ့ ၄၈ နာရီအတွင်းမှာ ၂၅ မိနစ်တိုင်း ဆီးရီးယားပြည်သူတစ်ယောက် သေဆုံးနေတာကို ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်” ဟု ဆီးရီးယားဆိုင်ရာ ကုလအထူးကိုယ်စားလှယ် စတီဖင် ဒီ မစ်တူရာက ပြောကြားခဲ့ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမှာလည်း အရာမရောက်တော့ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဆီးရီးယားပိုင် ဂိုလန်ကုန်းမြင့်ဒေသအား အစ္စရေးက အပိုင်သိမ်းလိုသည့် မှတ်ချက်အပေါ် ကုလ ရှုတ်ချ

    ဆီးရီးယားပိုင် ဂိုလန်ကုန်းမြင့်ဒေသအား အစ္စရေးက အပိုင်သိမ်းလိုသည့် မှတ်ချက်အပေါ် ကုလ ရှုတ်ချ

    ဧပြီ ၂၇၊ ၂၀၁၆
    M-Media

    golan

    – ဆီးရီးယားထံမှ ကျူးကျော်သိမ်းပိုက်ထားသည့် ဂိုလန်ကုန်းမြင့်ဒေသမှာ မိမိတို့၏ ထိန်းချုပ်မှုအောက်တွင် ထာဝရရှိနေမည်ဟု အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၏ ပြောကြားမှုအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပယ်ချခဲ့ပြီး ထိုဒေသမှာ ဆီးရီးယား၏ ပိုင်ဆိုင်မှုသာ ဖြစ်သည်ဟု ပြောကြားလိုက်သည်။

    အဆိုပါ ဂိုလန်ကုန်းမြင့်ဒေသကို ၁၉၆၇ စစ်ပွဲတွင် အစ္စရေးက ဆီးရီးယားထံမှ သိမ်းယူခဲ့ခြင်းဖြစ်ပြီး၊ ၁၉၈၁ ခုနှစ်တွင် ၎င်းတို့၏ ပိုင်နက်အတွင်းသို့ သွတ်သွင်းခဲ့သည်။ သို့သော်လည်း နိုင်ငံတကာ အသိုင်းအ၀ိုင်းက လက်မခံခဲ့ဘဲ ကုလသမဂ္ဂကလည်း ၁၉၈၁ ခုနှစ်တွင် အစ္စရေး၏ ထိုလုပ်ရပ်ကို အသိအမှတ်မပြုဟု ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့သည်။

    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကမူ အဆိုပါ ဂိုလန်ကုန်းမြင့်ဒေသမှာ ထာဝရ အစ္စရေး၏ ပိုင်နက်ဖြစ်မည်ဟု ဧပြီ ၁၇ ရက်နေ့တွင် ပြောကြားခဲ့သည်။

    ထို့ကြောင့် အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သော ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ယမန်နေ့က အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပြီး နေတန်ယာဟု၏ ထိုပြောကြားချက်ကို ပယ်ချခဲ့ကာ ဂိုလန်ကုန်းမြင့်ဒေသမှာ ဆီးရီးယား၏ ပိုင်ဆိုင်မှုသာဖြစ်သည်ဆိုသော အခြေအနေမှာ ပြောင်းလဲမှုရှိမည်မဟုတ်ဟု လုံခြုံရေးကောင်စီဥက္ကဌ လျူ ဂျီယီက ပြောကြားခဲ့သည်။

    ထို့ပြင် နေတန်ယာဟု၏ ထိုမှတ်ချက်အတွက် လုံခြုံရေးကောင်စီအဖွဲ့ဝင်များမှာ အလွန်အမင်း စိုးရိမ်မိသည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။ လုံခြုံရေးကောင်စီ၏ ထိုကဲ့သို့ ပယ်ချမှုအပေါ် လက်မခံကြောင်း ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံအမတ် ဒန်နီ ဒါနွန်က ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

    ဂိုလန်ကုန်းမြင့်ဒေသအား ဆီးရီးယားသို့ ပြန်လည်ပေးအပ်ရေး အမေရိကန်ကျောထောက်နောက်ခံပြုထားသည့် ဆွေးနွေးပွဲမှာ အောင်မြင်မှုမရရှိဘဲ၊ လက်ရှိအတွင် အစ္စရေးက ထိုဒေသ၌ အိမ်ယာများဆောက်လုပ်ထားကာ ဂျူး ၂၃၀၀၀ ခန့် နေထိုင်နေသည်။

    Ref: Aljazeera