News @ M-Media

Tag: Syria

  • ဆီးရီးယားအရေး ဆွေးနွေးပွဲအတွင် အီရန်အား ကုလ ဖိတ်မည်

    ဆီးရီးယားအရေး ဆွေးနွေးပွဲအတွင် အီရန်အား ကုလ ဖိတ်မည်

    အောက်တိုဘာ ၂၈၊ ၂၀၁၅
    M-Media

    syria

    – ဗီယင်နာတွင်ပြုလုပ်မည့် ဆီးရီးယားပြည်တွင်းစစ် အဆုံးသတ်ရေး လာမည့်ဆွေးနွေးပွဲတွင် ဆီးရီးယားသမ္မတ ဘာရှာ အလ်-အာဆတ်၏ အဓိကမဟာမိတ်ဖြစ်သူ အီရန်အား ဖိတ်ခေါ်သွားမည်ဟု ကုလက ပြောကြားလိုက်သည်။

    ထိုဆွေးနွေးပွဲသို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ၊ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့နှင့် အာရပ်၊ ဥရောပနိုင်ငံများမှ သံတမန်များ တက်ရောက်ကြမည်ဖြစ်သည်။ အီရန်အား ဖိတ်ကြားမှုမှာ ဆီးရီးယားအရေး ဆွေးနွေးပွဲတွင် ပထမဆုံး ဖြစ်မည်ဖြစ်သည်။

    အမေရိကန်၊ ဆော်ဒီ၊ ရုရှားနှင့် တူရကီတို့မှာ ပြီးခဲ့သည့်တစ်ပတ်က ဆီးရီးယားစစ်ပွဲ ရပ်တန့်ရေး ဆွေးနွေးခဲ့ကြသော်လည်း အမေရိကန်နှင့် ဆော်ဒီက အာဆတ်အား ဖြုတ်ချချင်နေပြီး ရုရှားကမူ လက်ခံခြင်းမရှိသောကြောင့် ဆွေးနွေးပွဲတွင် မည်သည့်သဘောတူညီချက်မှ မရခဲ့ပေ။

    Ref: Aljazeera

  • ဆီးရီးယားမှ အမျိုးသမီးဂျာနယ်လစ်တစ်ဦး ကမ္ဘာ့ထိပ်တန်း ဂျာနယ်လစ်ဆုတစ်ခု ရရှိခဲ့

    ဆီးရီးယားမှ အမျိုးသမီးဂျာနယ်လစ်တစ်ဦး ကမ္ဘာ့ထိပ်တန်း ဂျာနယ်လစ်ဆုတစ်ခု ရရှိခဲ့

    အောက်တိုဘာ ၂၇၊ ၂၀၁၅
    M-Media

    syria

    – လွတ်လပ်သော မီဒီယာများ ခြိမ်းခြောက်ခံနေရပြီး အမှန်တရားကို ဖော်ပြ၍မရသည့် နိုင်ငံများတွင် ဘက်လိုက်မှုကင်း၍ အမှန်တရားကို တိကျပြတ်သားစွာ ဖော်ပြနိုင်သည့် သတင်းထောက်များအား ပေးအပ်သော Peter Mackler Award for Courageous and Ethical Journalism ဆုကို ဆီးရီးယားမှ သတင်းထောက်အမျိုးသမီး ဇိုင်နာ အီရ်ဟာအင်မ်က ရရှိခဲ့သည်ဟု သိရသည်။

    “ကျွန်မဟာ စစ်ပွဲသတင်းထောက်တစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်မရဲ့ တိုင်းပြည်မှာသာ စစ်မဖြစ်ခဲ့ရင် ဒီလို စစ်ပွဲသတင်းထောက် ဖြစ်လာမှာလည်း မဟုတ်ပါဘူး။ ကျွန်မ ဆီးရီးယားကို (လန်ဒန်ကနေ) ပြန်သွားခဲ့တယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်မဟာ ဆီးရီးယားနိုင်ငံသားတစ်ယောက် ဖြစ်လို့ပါပဲ။ ဒါဟာ ကျွန်မ ဇာတိပါ” ဟု ပြီးခဲ့သည့်တစ်ပတ်က ကျင်းပခဲ့သော ဆုပေးပွဲအခမ်းအနား၌ ဆု လက်ခံရယူခြင်းမပြုမီ သူမက ပြောကြားခဲ့သည်။

    ထိုဆုကို နယ်စည်းမခြား သတင်းထောက်များအဖွဲ့၊ AFP သတင်းဌာန၊ ဂျာနယ်လစ်ဆိုင်ရာ လေ့ကျင့်သင်ကြားပေးမှုများ ပြုလုပ်နေသည့် Global Medi Forum နှင့် ပီတာ မက်လာ မိသားစုတို့မှာ ပူးပေါင်း ရွေးချယ် ချီးမြှင့်ခြင်းဖြစ်သည်။

    အီရ်ဟာအင်မ်မှာ အဲလစ်ပိုမြို့တွင် နေထိုင်သူဖြစ်ပြီး နိုင်ငံအတွင်း၌ သတင်းထောက်ပေါင်း ၁၀၀ ခန့်ကို မွေးထုတ်ပေးနိုင်ခဲ့ကာ ထိုအထဲမှ ၃ ပုံ ၁ ပုံမှာ အမျိုးသမီးများ ဖြစ်သည်။ သူမ မွေးထုတ်ပေးလိုက်သည့် သတင်းထောက်များမှာ နိုင်ငံအတွင်း၌ အမှီအခိုကင်းသော သတင်းစာများ၊ မဂ္ဂဇင်းများ ထုတ်ဝေနိုင်သည်အထိ ဆောင်ရွက်နေနိုင်ပြီ ဖြစ်သည်။

    အသက် ၃၀ အရွယ်ရှိ အီရ်ဟာအင်မ်မှာ စစ်နှင့်ငြိမ်းချမ်းရေး သတင်းပေးပို့မှုအသင်း IWPR ၏ ဆီးရီးယားနိုင်ငံဆိုင်ရာ စီမံကိန်းအကြီးအကဲတစ်ဦးလည်း ဖြစ်သည်။ အဆိုပါ IWPR အဖွဲ့မှာ ပဋိပက္ခများ၊ ပြဿနာများနှင့် ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပွားနေသည့် နိုင်ငံများရှိ ဂျာနယ်လစ်များကို ကူညီပံ့ပိုးနေသည့် နိုင်ငံတကာ အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

    သူမမှာ ယခင်က လန်ဒန်တွင် ပညာဆည်းပူးနေသူဖြစ်ပြီး ဆီးရီးယားစစ်ပွဲဖြစ်လာသည့်အခါ သတင်းများကို ပေးပို့ရန်အတွက် ပြန်သွားခဲ့သည်။

    “ကျွန်မနဲ့ ဘ၀တူ ဂျာနယ်လစ်တွေကို ကူညီချင်ပါတယ်။ ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေ သေဆုံးနေတာကို ကျွန်မ မကြည့်ရက်တော့ပါဘူး။ သူတို့ဟာ ဆီးရီးယားမှာ ဘာတွေဖြစ်နေလဲဆိုတာကို ကမ္ဘာကြီးကို ပြသဖို့ ကြိုးစားရင်း အသက်ပေးခဲ့ကြရတာပါ” ဟု အီရ်ဟာအင်မ်က ထည့်သွင်းပြောကြားခဲ့သည်။

    သူမ၏ တပည့်များမှ အချို့မှာ နိုင်ငံတကာရှိ အဓိကသတင်းဌာနများအထိ ပေါက်ရောက်နေကြပြီး၊ အီရ်ဟာအင်မ်ကမူ သူမ၏ ရည်ရွယ်ချက်မှာ ဆီးရီးယားမှ ပြည်သူများ၏ ခံစားနေရသည့် ဘ၀များကို ဖော်ထုတ်တင်ပြရေးဖြစ်သည်ဟု ဆိုသည်။

    “ပြီးခဲ့တဲ့ ၃၊ ၄ နှစ်မှာ ကျွန်မ ကြိုးစားဆောင်ရွက်ခဲ့တာက ပြည်သူတွေရဲ့ ဘ၀တွေကို ဖော်ထုတ်တာဖြစ်ပြီး စစ်ဖြစ်နေတာတွေ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေ မဟုတ်ပါဘူး။ နိုင်ငံတကာက နိုင်ငံရေးသမားတွေဟာ ဆီးရီးယားပြည်သူတွေကို နှိမ့်ချပြောဆိုကြပါတယ်။ သူတို့မှာ ဘ၀တွေရှိတယ်။ မိသားစုတွေနဲ့ အေးအေးချမ်းချမ်း ဘ၀လေးတွေကို သူတို့ ဖြတ်သန်းချင်ကြပါတယ်”

    နယ်စည်းမခြားသတင်းထောက်အားအဖွဲ့မှ ထုတ်ပြန်သည် မီဒီယာလွပ်လပ်ခွင့်ရှိသော နိုင်ငံ ၁၈၀ တွင် အဆင့် ၁၇၇ ချိတ်သည့် ဆီးရီးယား၌ ဂျာနယ်လစ်တစ်ယောက် လုပ်ဆောင်ရသည်မှာ မလွယ်ဟု သူမက ထည်သွင်းပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် အီရ်ဟာအင်မ်နှင့် အခြားဂျာနယ်လစ်များမှာ အစိုးရနှင့် IS အဖွဲ့ နှစ်ခုစလုံး၏ ပစ်မှတ်ထားမှုကို မကြာခဏ ခံနေရသည်။

    Ref: Alarabiya

  • ယခုလအတွင်း ဆီးရီးယားပြည်သူ ၁ သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးရ

    ယခုလအတွင်း ဆီးရီးယားပြည်သူ ၁ သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးရ

    အောက်တိုဘာ ၂၇၊ ၂၀၁၅
    M-Media

    un

    – ယခုလအတွင်း တိုက်ခိုက်မှုများကြောင့် ဆီးရီးယားရှိ အဲလစ်ပို၊ ဟာမာနှင့် အစ်ဒ်လစ်ဘ် ပြည်နယ်များတွင် အနည်းဆုံး ပြည်သူ ၁၂၀၀၀၀ ခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်ဟု ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့က ပြောကြားလိုက်သည်။

    ထိုအထဲမှ အများစုမှာ အစိုးရထိန်းချုပ်ရာ နေရာ ၃ ခုသို့ ရွှေ့ပြောင်းနေထိုင်နေကြပြီး၊ အချို့မှာ တူရကီနယ်စပ်အနီးရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့ကြကာ အဆိုပါ ဒုက္ခသည်များမှာ တဲများ၊ အိမ်တွင်းသုံး အခြေခံလိုအပ်ချက်များ၊ အစားအသောက်၊ ရေနှင့် အညစ်အကြေးစွန့်မှုဆိုင်ရာ လိုအပ်ချက်များ ရှိနေသည်ဟု ကုလက ဆိုပြီး ၎င်းတို့အနေဖြင့်လည်း လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ဆောင်ရွက်နေသည်ဟု ဆိုသည်။

    ရုရှားစစ်တပ်က လေကြောင်းမှ တိုက်ခိုက်မှု စတင်ပြီးနောက်ပိုင်း နိုင်ငံအတွင်း တိုက်ပွဲများ ပြင်းထန်လာသောကြောင့် ပြီးခဲ့သည့် သီတင်းပတ် ၃ ပတ်တာကာလအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ဆီးရီးယားဒုက္ခသည်အရေအတွက်မှာ တစ်သိန်းခန့်ရှိနေပြီဟု နော်ဝေ ဒုက္ခသည်ကောင်စီက ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။

    Ref: Aljazeera

  • ဆီးရီးယားပြဿနာဖြေရှင်းရေး လေးနိုင်ငံဆွေးနွေးပွဲ သဘောတူညီချက်မရ

    ဆီးရီးယားပြဿနာဖြေရှင်းရေး လေးနိုင်ငံဆွေးနွေးပွဲ သဘောတူညီချက်မရ

    အောက်တိုဘာ ၃၄၊ ၂၀၁၅
    M-Media

    syria

    – ၅ နှစ်နီးပါးကြာ ဖြစ်ပွားနေသည့် ဆီးရီးယားပြည်တွင်းစစ်ကို နိုင်ငံရေးအရ မည်ကဲ့သို့ ဖြေရှင်းနိုင်မည်ဆိုသည်နှင့် ပတ်သက်၍ ဆော်ဒီ၊ တူရကီ၊ ရုရှားနှင့် အမေရိကန်တို့၏ ဗီယင်နာဆွေးနွေးပွဲတွင် သဘောတူညီချက်မရခဲ့ဟု ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ရုရှားကမူ ပြဿနာပြေလည်ရေးအတွက် နိုင်ငံရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် သမ္မတအာဆတ်မှာ အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်လက်ရှိနေရမည်ဟု ယုံကြည်နေပြီး အခြားနိုင်ငံများက စစ်ပွဲအဆုံးသတ်ရေး အာဆတ်အား ဖယ်ရှားပစ်ရမည်ဟူသည့် သဘောထား ရှိနေကြသည်။

    သဘောတူညီချက်မရသော်လည်း ထိုလေးနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများပါဝင်သည့် အဆိုပါ ဆွေးနွေးမှုမှတစ်ဆင့် ဆီးရီးယားအား အကြံဥာဏ်ပေးမှုများ ဆက်လက်ပြုလုပ်သွားဖွယ် ရှိနေသည်။ အာဏာရှင်အာဆတ်အား ဖြုတ်ချရေးမှ အစပြုခဲ့သည့် ဆီးရီးယားစစ်ပွဲအတွင်း လူပေါင်း နှစ်သိန်းခွဲကျော် သေဆုံးခဲ့ပြီး သန်းနှင့်ချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

    Ref: Aljazeera

  • ဆီးရီးယားလေပိုင်နက်အတွင်း ထိပ်တိုက်မတွေ့ရန် ရုရှားနှင့် အမေရိကန်တို့ စာချုပ်ချုပ်

    ဆီးရီးယားလေပိုင်နက်အတွင်း ထိပ်တိုက်မတွေ့ရန် ရုရှားနှင့် အမေရိကန်တို့ စာချုပ်ချုပ်

    အောက်တိုဘာ ၂၁၊ ၂၀၁၅
    M-Media

    air

    – မတူညီသော လက်နက်ကိုင်များကို ဆီးရီးယားလေပိုင်နက်အတွင်း ဗုံးကြဲတိုက်ခိုက်ရာတွင် နှစ်ဖက်တိုက်လေယာဉ်များ ထိပ်တိုက်တွေ့ခြင်းကို ရှောင်ရှားရန်အပါအ၀င် နားလည်မှုစာချွန်လွှာတစ်ခုကို ရုရှားနှင့် အမေရိကန်စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့သည်ဟု ပင်တဂွန်စစ်ဌာနချုပ်က ပြောကြားလိုက်သည်။

    ရုရှားက ပြီးခဲ့သည့်လတွင် ဆီးရီးယား၌ ဗုံးကြဲမှုများ စတင်ပြုလုပ်ခဲ့ပြီးနောက် IS အဖွဲ့အား ဗုံးကြဲနေသည့် အမေရိကန်စစ်တပ်နှင့် ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပွားခဲ့သည်။ ပင်တဂွန်ကမူ ၎င်းတို့ဦးဆောင်သော မဟာမိတ်တပ်ဖွဲ့လေယာဉ်များမှာ ရုရှားလေယာဉ်များကို ရှောင်ရှားရန်အတွက် အနည်းဆုံးတစ်ကြိမ် လမ်းကြောင်းပြောင်းခဲ့ရသည်ဟု ကြေငြာခဲ့သည်။

    ယခုနားလည်မှုစာချွန်လွှာအား ရုရှား၏ မေတ္တာရပ်ခံချက်ကြောင့် အသေးစိတ်ထုတ်ပြန်ခဲ့ခြင်း မရှိဘဲ လေတပ်များ လိုက်နာရမည့် စည်းကမ်းများ၊ နှစ်ဖက်တပ်ဖွဲ့များအနေဖြင့် လေကြောင်းဆက်သွယ်ရေး ဆောင်ရွက်၍ မရပါက မြေပြင်ဆက်သွယ်ရေး ဆောင်ရွက်ရန်ကိစ္စများ ပါဝင်သည်ဟု သိရသည်။

    Ref: Aljazeera