အောက်တိုဘာ ၂၁၊ ၂၀၁၅
M-Media
– မတူညီသော လက်နက်ကိုင်များကို ဆီးရီးယားလေပိုင်နက်အတွင်း ဗုံးကြဲတိုက်ခိုက်ရာတွင် နှစ်ဖက်တိုက်လေယာဉ်များ ထိပ်တိုက်တွေ့ခြင်းကို ရှောင်ရှားရန်အပါအ၀င် နားလည်မှုစာချွန်လွှာတစ်ခုကို ရုရှားနှင့် အမေရိကန်စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့သည်ဟု ပင်တဂွန်စစ်ဌာနချုပ်က ပြောကြားလိုက်သည်။
ရုရှားက ပြီးခဲ့သည့်လတွင် ဆီးရီးယား၌ ဗုံးကြဲမှုများ စတင်ပြုလုပ်ခဲ့ပြီးနောက် IS အဖွဲ့အား ဗုံးကြဲနေသည့် အမေရိကန်စစ်တပ်နှင့် ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပွားခဲ့သည်။ ပင်တဂွန်ကမူ ၎င်းတို့ဦးဆောင်သော မဟာမိတ်တပ်ဖွဲ့လေယာဉ်များမှာ ရုရှားလေယာဉ်များကို ရှောင်ရှားရန်အတွက် အနည်းဆုံးတစ်ကြိမ် လမ်းကြောင်းပြောင်းခဲ့ရသည်ဟု ကြေငြာခဲ့သည်။
ယခုနားလည်မှုစာချွန်လွှာအား ရုရှား၏ မေတ္တာရပ်ခံချက်ကြောင့် အသေးစိတ်ထုတ်ပြန်ခဲ့ခြင်း မရှိဘဲ လေတပ်များ လိုက်နာရမည့် စည်းကမ်းများ၊ နှစ်ဖက်တပ်ဖွဲ့များအနေဖြင့် လေကြောင်းဆက်သွယ်ရေး ဆောင်ရွက်၍ မရပါက မြေပြင်ဆက်သွယ်ရေး ဆောင်ရွက်ရန်ကိစ္စများ ပါဝင်သည်ဟု သိရသည်။
Ref: Aljazeera


Leave a Reply
You must be logged in to post a comment.