အောက်တိုဘာ ၃၄၊ ၂၀၁၅
M-Media
– ၅ နှစ်နီးပါးကြာ ဖြစ်ပွားနေသည့် ဆီးရီးယားပြည်တွင်းစစ်ကို နိုင်ငံရေးအရ မည်ကဲ့သို့ ဖြေရှင်းနိုင်မည်ဆိုသည်နှင့် ပတ်သက်၍ ဆော်ဒီ၊ တူရကီ၊ ရုရှားနှင့် အမေရိကန်တို့၏ ဗီယင်နာဆွေးနွေးပွဲတွင် သဘောတူညီချက်မရခဲ့ဟု ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးက ယမန်နေ့တွင် ပြောကြားခဲ့သည်။
ရုရှားကမူ ပြဿနာပြေလည်ရေးအတွက် နိုင်ငံရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် သမ္မတအာဆတ်မှာ အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်လက်ရှိနေရမည်ဟု ယုံကြည်နေပြီး အခြားနိုင်ငံများက စစ်ပွဲအဆုံးသတ်ရေး အာဆတ်အား ဖယ်ရှားပစ်ရမည်ဟူသည့် သဘောထား ရှိနေကြသည်။
သဘောတူညီချက်မရသော်လည်း ထိုလေးနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများပါဝင်သည့် အဆိုပါ ဆွေးနွေးမှုမှတစ်ဆင့် ဆီးရီးယားအား အကြံဥာဏ်ပေးမှုများ ဆက်လက်ပြုလုပ်သွားဖွယ် ရှိနေသည်။ အာဏာရှင်အာဆတ်အား ဖြုတ်ချရေးမှ အစပြုခဲ့သည့် ဆီးရီးယားစစ်ပွဲအတွင်း လူပေါင်း နှစ်သိန်းခွဲကျော် သေဆုံးခဲ့ပြီး သန်းနှင့်ချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။
Ref: Aljazeera


Leave a Reply
You must be logged in to post a comment.