News @ M-Media

Tag: thai

  • အမည်ပျက်ရှိနေသည့် ကျောင်းထိုင်ဘုန်းကြီးအား ဖမ်းဆီးရေး ထိုင်းက အင်အားသုံးဖွယ် ရှိနေ

    အမည်ပျက်ရှိနေသည့် ကျောင်းထိုင်ဘုန်းကြီးအား ဖမ်းဆီးရေး ထိုင်းက အင်အားသုံးဖွယ် ရှိနေ

    မေ ၃၀၊ ၂၀၁၆
    M-Media

    thai 2

    – အလွဲသုံးစားလုပ်ထားသော ငွေများအား အလှူငွေအဖြစ် လက်ခံကာ ငွေကြေးခ၀ါချမှုတွင် ပါဝင်သည်ဟု စွပ်စွဲခံထားရသည့် ဘန်ကောက်မြို့ နာမည်ကျော် ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်အား ဖမ်းဆီးရန်အတွက် ဘုန်းကြီးကျောင်း ပတ်ဝန်းကျင်တွင် ရဲတပ်ဖွဲ့နှင့် စစ်တပ်အင်အား ၂၂၀၀ ကျော်ကို ထိုင်းအစိုးရက ချထားလိုက်သည်ဟု သိရသည်။

    ဘန်ကောက်မြို့မြောက်ဖက်မှ ဧက ၁၀၀၀ ကျယ်သော ဓမ္မကာယ ဘုန်းကြီးကျောင်းဖြစ်ပြီး ၀င်ပေါက် ၁၅ ခုတွင် တပ်ဖွဲ့များကို ချထားခဲ့ခြင်းဖြစ်သည်ဟု ထိုင်း အထူးစုံစမ်းစစ်ဆေးရေးဌာန DSI ၏ ရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။

    နာမည်ပျက်များရှိနေသည့် ကျောင်းထိုင်ဆရာတော် Phra Dhammachayo ကို ဖမ်းဆီးရေး အစိတ်အပိုင်းအဖြစ် ဒရုန်းလေ ယာဉ်တစ်စီးနှင့် ရဟတ်ယာဉ်တစ်စင်းတို့ကလည်း အ၀င်အထွက်အပေါက်များနှင့် ဘုန်းကြီးကျောင်းဝန်းကျင်တို့အား စနေနေ့ကတည်းက ပျံဝဲစောင့်ကြည့်နေသည်။

    သက်တော် ၇၂ နှစ်အရွယ်ရှိ အဆိုပါ ဆရာတော်မှာ မသမာသည့်နည်းဖြင့် ရယူထားသော ငွေကြေးများကို အလှူငွေအဖြစ် လက်ခံကာ ငွေကြေးခ၀ါချမှုတွင် ပူးပေါင်းကြံစည်သည်ဟု စွပ်စွဲခံထားရသည်။ သို့သော်လည်း ၎င်း၏ နောက်လိုက်များကမူ မိမိတို့မှာ ဘုန်းကြီးကျောင်း ဂုဏ်သိက္ခာညှိုးနွမ်းစေရန်အတွက် ကြံစည်မှု၏ သားကောင်များသာဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အဆိုပါ ကိစ္စမှာ Klongchan Credit Union Cooperative ဘဏ္ဍာရေးလုပ်ငန်းမှ ထိုင်းဘတ် ၁၁ ဘီလီယံ (ကန်ဒေါ်လာ ၄၂၅ သန်း) ကျော်ကို အလွဲသုံးစားပြုခဲ့သည့် Supachai Srisupa-aksorn ဆိုသူနှင့်ပတ်သက်နေသည်။ Supachai မှာ ထိုကိစ္စကြောင့် မတ်လတွင် ထောင်ဒဏ် ၁၆ နှစ် ချမှတ်ခံခဲ့ရသည်။

    ဓမ္မကာယ ဘုန်းကြီးကျောင်းနှင့် ဆက်နွယ်နေသူများကို Supachai က ထိုင်းဘတ် ၁ ဘီလီယံကျော်ကို ချက်လက်မှတ်ဖြင့် ပေးအပ်ခဲ့သည်ဟု DSI တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဘုန်းကြီးကျောင်းက မိမိတို့၏ ကျောင်းထိုင်ဆရာတော်မှာ ထိုငွေကြေးခ၀ါချမှုတွင် ပါဝင်ပတ်သက်ခြင်းမရှိဘဲ စွဲချက်များမှာလည်း အခြေအမြစ်မရှိဟု တုန့်ပြန်ခဲ့သည်။

    ဆရာတော် Phra Dhammachayo မှာ ၎င်းအား စွဲဆိုထားမှုများအား နေမကောင်းသည်ဟုဆိုကာ တရားရုံးတွင် လာရောက်ရင်ဆိုင်ခြင်း မရှိသောကြောင့် ထိုင်းအာဏာပိုင်များက မေလ ၁၇ ရက်နေ့တွင် ဖမ်းဝရမ်းထုတ်ခဲ့သည်။ လက်ရှိအချိန်တွင် အဆိုပါ ဆရာတော်မှာ ဘုန်ကြီး ၂၀၀၀ ခန့် သီတင်းသုံးနေသော ဓမ္မကာယ ဘုန်းကြီးကျောင်းဝင်းအတွင်း ရှိနေပြီး DSI ကမူ ဘုန်းကြီးကျောင်းအတွင်း ရှာဖွေဝရမ်း ထုတ်ပြန်ရန် စဉ်းစားနေသည်ဟု ဆိုသည်။

    ထိုင်းတရားရေးဝန်ကြီး Paiboon Koomchaya ကမူ DSI မှာ အဆိုပါ ကျောင်းထိုင်ဆရာတော်အား ဖမ်းဆီးရေး အဆင့် ၅ ဆင့် သတ်မှတ်ထားပြီး တင်းမာမှုများ မဖြစ်ပွားစေရန်အတွက် ဖမ်းမည့်ရက်အတိအကျကို အာဏာပိုင်များက သတ်မှတ်သွားမည်ဟု ပြောကြားခဲ့သည်။

    Ref : Straittimes

  • ဧရာဝဏ်နတ်ကွန်း ဗုံးကွဲမှုအတွက် လူ ၂ ဦးကို ထိုင်း တရားစွဲ

    ဧရာဝဏ်နတ်ကွန်း ဗုံးကွဲမှုအတွက် လူ ၂ ဦးကို ထိုင်း တရားစွဲ

    နိုဝင်ဘာ ၂၄၊ ၂၀၁၅
    M-Media

    thai

    – သြဂုတ်လက ဘန်ကောက်မြို့ရှိ ဧရာဝဏ်နတ်ကွန်းတွင် ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်သည့် လူ ၂ ဦးကို ထိုင်းစစ်ဖက်ဆိုင်ရာ တရားရုံးက ယနေ့တွင် တရားစွဲဆိုလိုက်သည်ဟု သိရသည်။

    ၎င်းတို့နှစ်ဦးမှာ ဘီလာလ် မိုဟာမက်နှင့် ယူဆူဖူ မီရိုင်လီတို့ဖြစ်ပြီး လူပေါင်း ၂၀ သေဆုံးခဲ့သည့် သြဂုတ် ၁၇ ရက် ဗုံးပေါက်ကွဲမှုအတွက် စွဲချက် ၁၀ ခုဖြင့် တရားစွဲဆို ခံခဲ့ရခြင်း ဖြစ်သည်။ ထိုစွဲချက်များတွင် ဗုံးဖောက်ခွဲရန် ကြံစည်မှု၊ ကြိုတင်ကြံစည် လူသတ်မှုတို့လည်း ပါဝင်သည်။

    ၎င်းတို့နှစ်ဦးစလုံးမှာ တရုတ်နိုင်ငံအေနောက်ပိုင်း ဇင်ကျန်းဒေသမှ ၀ီဂါလူမျိုးများ ဖြစ်သည်ဟု ဆိုသည်။ ထိုင်းတာဝန်ရှိသူများကမူ အဆိုပါ ဖောက်ခွဲမှုမှာ ၎င်းတို့၏ လူကုန်ကူးမှု နှိမ်နှင်းသည့် စစ်ဆင်ရေးများကို လက်စားချေရန်အတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဒုက္ခသည် ၂ ဦးအား တရုတ်သို့ပြန်ပို့မှုအတွက် ထိုင်းကို ကုလ ရှုတ်ချ

    ဒုက္ခသည် ၂ ဦးအား တရုတ်သို့ပြန်ပို့မှုအတွက် ထိုင်းကို ကုလ ရှုတ်ချ

    နိုဝင်ဘာ ၁၈၊ ၂၀၁၅
    M-Media

    china

    – ဒုက္ခသည်စာရင်းသွင်းထားသော တရုတ်နိုင်ငံသား ၂ ဦးကို ထိုင်းနိုင်ငံက ပြန်ပို့သည့်ကိစ္စအတွက် ကုလသမဂ္ဂက ဆန့်ကျင်လိုက်ပြီး ၎င်းတို့၏ အသက်များ အန္တရာယ်ရှိနေသည့် ဒေသသို့ ပြန်မပို့သင့်ဟု ပြောကြားလိုက်သည်။

    ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ယနေ့တွင် ထိုကဲသို့ ဆန့်ကျင်ခဲ့ခြင်းဖြစ်ပြီး နယ်နှင်ခံရသည့် အဆိုပါ ဒုက္ခသည်နှစ်ဦးမှာ ကုလ၏ “အာမခံစာ” ကို ကိုင်ဆောင်ထားသည်ဟု ဆိုသည်။ ထိုင်းအာဏာပိုင်များက ၎င်းတို့အားဖမ်းဆီးစဉ် ၎င်းတို့မှာ ဒုက္ခသည်များအဖြစ် စာရင်းသွင်းခဲ့ပြီ ဖြစ်ပြီး ကနေဒါသို့ သွားရောက်ရန် စောင့်ဆိုင်းနေချိန်ဖြစ်သည်။

    “သူတို့ဟာ ဒုက္ခသည်တွေအဖြစ် အသိအမှတ်ပြု ခံထားရသူတွေ ဖြစ်တယ်။ ဆိုလိုတာက သူတို့ကို အင်တာဗျူးခဲ့ပြီး သူတို့ ငြှင်းပမ်းနှိပ်စက် ခံရတာတွေကလည်း အမှန်တကယ်ဖြစ်ကြောင်း တွေ့ရှိခဲ့ရပြီး ဖြစ်ပါတယ်။ သူတို့ရဲ့ ဘ၀တွေ အန္တရာယ်ရှိလာနိုင်တဲ့နေရာဆီ ပြန်မပို့သင့်ပါဘူး” ဟု UNHCR မှ ပြောရေးဆိုခွင့်ရှိသူ ဗီဗီတန်က ပြောကြားခဲ့သည်။

    အဆိုပါ ဒုက္ခသည် ၂ ဦးမှာ ဂျီယန် ယီဖိုင်းနှင့် ဒေါင် ဂွမ်ပင်းတို့ဖြစ်ပြီး တရုတ်နိုင်ငံ၏ တောင်းဆိုမှုကြောင့် အောက်တိုဘာ ၂၈ ရက်နေ့တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွန်လီကမူ ထိုကိစ္စအား ဥပဒေနှင့်အညီ ကိုင်တွယ်ဖြေရှင်းသွားမည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • လူကုန်ကူးမှုဖြင့် ၀ရမ်းထုတ်ခံထားရသူ ထိုင်းစစ်တပ်အကြီးအကဲတစ်ဦး လာရောက်အဖမ်းခံ

    လူကုန်ကူးမှုဖြင့် ၀ရမ်းထုတ်ခံထားရသူ ထိုင်းစစ်တပ်အကြီးအကဲတစ်ဦး လာရောက်အဖမ်းခံ

    ဇွန် ၃၊ ၂၀၁၅
    M-Media

    thai

    – လူကုန်ကူးမှုတွင် ပါဝင်သည်ဟု စွပ်စွဲခံခဲ့ရပြီး ၀ရမ်းထုတ်ခြင်း ခံထားရသည့် ထိုင်းစစ်တပ်အကြီးအကဲမှာ တရားရင်ဆိုင်ရန်အတွက် ယနေ့တွင် အဖမ်းခံခဲ့ပြီး ထိုင်း၊ မြန်မာနှင့် မလေးရှားနိုင်ငံမှ နိုင်ငံသားများပါဝင်သော အဆိုပါ လူကုန်ကူးမှုပြဿနာအတွက် စုံစမ်းစစ်ဆေးမှုများ စတင်ကတည်းက ပထမဆုံး ဖမ်းဆီးမိခဲ့သည့် စစ်တပ်အရာရှိတစ်ဦး ဖြစ်လာခဲ့သည်။

    ထိုင်း-မလေးရှား နယ်စပ်အနီးရှိ စွန့်ပစ်လူကုန်ကူးစခန်းတစ်ခုတွင် မြန်မာနိုင်ငံမှ ရိုဟင်ဂျာများဟု ယူဆရသော အလောင်း ၃၆ လောင်းကို တွေ့ရှိခဲ့ရပြီးနောက် ထိုင်းရဲတပ်ဖွဲ့မှာ ဒေသတွင်း နိုင်ငံရေးသမားများ၊ တာဝန်ရှိသူ အမြောက်အများအပါအ၀င် လူပေါင်း ၅၀ ကျော်ကို ဖမ်းဆီးခဲ့သည်။ ထို့ပြင် လူကုန်ကူးကွန်ယက်တွင် ပါဝင်သည်ဟု သံသယရှိသူ အခြား ၃၀ ကျော်ကိုလည်း ရဲတပ်ဖွဲ့က ရှာဖွေမှုများ ပြုလုပ်နေသည်။

    လာရောက်အဖမ်းခံသူမှာ ထိုင်းတော်ဝင်စစ်တပ်မှ အကြီးတန်းအကြံပေး ဒုတိယဗိုလ်ချုပ်ကြီး မာနက်စ် ကွန်ပါအန်ဖြစ်ပြီး ၎င်းမှာ တစ်ချိန်က ကမ်းရိုးတန်းဒေသတွင် လူကုန်ကူးမှု ပြဿနာကို ကြီးကြပ်သူဖြစ်ကာ ယခုလက်ရှိတွင် လူကုန်ကူးမှု စွဲချက်များ၊ နိုင်ငံခြားသားများ နိုင်ငံအတွင်းသို့ တရားမ၀င် ၀င်ရောက်ရန် ကူညီမှု၊ လူများအား တရားမ၀င်ထိန်းသိမ်းမှုနှင့် ပြန်ပေးငွေတောင်းမှု စသည့် စွဲချက်များဖြင့် တရားစွဲဆိုခြင်း ခံထားရသည်။

    ၎င်းအား ဖမ်ဆီးရန် ၀ရမ်းကို ယခုသီတင်းပတ်အစောပိုင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ၎င်းက စွဲချက်များကို ကြားနာရန် ရဲတပ်ဖွဲ့ဌာနချုပ်ကို ရောက်ရှိလာခဲ့ကာ နောက်ပိုင်းတွင် မေးခွန်းများ မေးမြန်းရန်အတွက် တောင်ပိုင်းသို့ ပို့ဆောင်ခြင်း ခံခဲ့ရသည်။

    “သူက ဒီပြဿနာမှာ မပါဝင်ဘူးလို့ဆိုပြီး စွဲချက်တွေကိုလည်း ငြင်းခဲ့ပါတယ်” ဟု ရဲတပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ်ကြီး ဆွမ်ယွန် ပွန်ပန်မောင်က သတင်းထောက်များအား ပြောကြားခဲ့သည်။ ထိုင်းစစ်တပ်ကလည်း လူကုန်ကူမှုလုပ်ရပ်များတွင် ပါဝင်ခြင်းမရှိဟု ငြင်းဆိုထားသည်။

    Ref: AP

  • ထိုင်းလူကုန်ကူးစခန်း ဖမ်းဆီးမှု အဆင့်မြင့် ဖုန်းနည်းပညာကို အသုံးပြုခဲ့

    ထိုင်းလူကုန်ကူးစခန်း ဖမ်းဆီးမှု အဆင့်မြင့် ဖုန်းနည်းပညာကို အသုံးပြုခဲ့

    မေ ၁၀၊ ၂၀၁၅
    M-Media

    thai

    – ထိုင်နိုင်ငံ ဆွန်ခ်လာပြည်နယ်တွင် ရိုဟင်ဂျာများအား အစုလိုက်အပြုံလိုက် မြှုပ်ထားသော နေရာများကို မကြာသေးမီက တွေ့ရှိခဲ့ရခြင်းမှာ မကြုံစဖူး ပူးပေါင်းဆောင်ရွက်မှုနှင့် နောက်ဆုံးပေါ် နည်းပညာကို အသုံးပြုခြင်းတို့ကြောင့်ဖြစ်ကြောင်း လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ Freeland ဖောင်ဒေးရှင်းက ပြောကြားလိုက်သည်။

    ရဲတပ်ဖွဲ့နှင် အန်ဂျီအို အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဖုန်းဖြင့် စစ်ဆေးနိုင်သည့် မူခင်းဆိုင်ရာ နည်းပညာတို့က ရိုဟင်ဂျာများအား ပြန်ပေးဆွဲခြင်းနှင့် သတ်ဖြတ်မြှုပ်နှံသူများကို ရှာဖွေဖမ်းဆီး နိုင်ခဲ့ခြင်းဖြစ်သည်။

    လူကုန်ကူးသူဟု သံသယရှိသူများထံမှ သိမ်းဆည်းရမိသော ဖုန်းများကို ဆန်းစစ်ဖော်ထုတ်ရာတွင် နည်းပြပညာပိုင်းဆိုင်ရာ ကူညီရန် ဇန်န၀ါရီလတွင် အဆိုပါ ဖောင်းဒေးရှင်းက ထိုင်းရဲတပ်ဖွဲ့အား ဆွဲဆောင်ခဲ့သည်။ ထိုင်းရဲတပ်ဖွဲ့ကလည်း မြန်မာနိုင်ငံမှ ရိုဟင်ဂျာများအား ပစ်မှတ်ထားသည့် စနစ်တကျ လူကုန်ကူးမှုလုပ်ရပ်ကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ထိုကဲ့သို့ ကူညီရန် မေတ္တာရပ်ခံခဲ့သည်။

    “ဒီအမှုနဲ့ပတ်သက်ပြီး ချီးကျူးစရာတစ်ခုက ဒေသခံရဲတွေနဲ့ စလုပ်ခဲ့တာပါပဲ။ ဖက်ဒရယ် အထူးတပ်ဖွဲ့တွေနဲ့ မဟုတ်ပါဘူး။ အဲဒီဒေသခံရဲတွေကို နည်းပညာဆိုင်ရာ ကူညီမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ချက်ချင်းလုပ်ပေးခဲ့ပြီး မြန်မြန်ဆန်ဆန်ပဲ တိုးတက်မှု ရှိလာခဲ့ပါတယ်” ဟု Freeland ဖောင်းဒေးရှင်းမှ ဒါရိုက်တာဖြစ်သူ စတီဗင် ဂလက်စ်တာက ကြာသာပတေးနေ့တွင်
    ထုတ်ပြန်ခဲ့သော ကြေညာချက်၌ ပြောကြားခဲ့သည်။

    င်္Freeland အဖွဲ့မှာ လူကုန်ကူးသူများ၏ ဖုန်းမှ ရရှိသော နံပါတ်များကို ဆန်းစစ်ဖော်ထုတ်ရာတွင် ၃ လတိုင်တိုင် ကူညီပေးခဲ့သည်။ ဖုန်းများမှ ရရှိသော အချက်အလက်များကို အသုံးပြု၍ ရဲတပ်ဖွဲ့က ဖုန်းနံပါတ် ဇယားတစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီး ထိုဇယားက စုံထောက်များ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရာတွင် လွယ်ကူသွားစေခဲ့သည်။

    ထို့နောက် ထိုအချက်အလက်များကြောင့်ပင် မြန်မာနိုင်ငံသား စိုးနိုင်အန်ဝါရ်နှင့် ၎င်း၏ ထိုင်းဘက်မှ အဆက်အသွယ်များကို ရှာဖွေဖမ်းဆီးနိုင်ခဲ့သည်။

    အဆိုပါ လူကုန်ကူးသူများ၏ လုပ်ငန်းတွင် လစဉ် မြန်မာနိုင်ငံသို့ လှေကြီးတစ်စင်းကို လွှတ်ပေး၍ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ ၃၀၀ မှ ၄၀၀ အကြားကို ထိုင်းနိုင်ငံတွင် အလုပ်ရမည်ဟုဆိုကာ ခေါ်ဆောင်လာခြင်းလည်း ပါဝင်သည်ဟု စုံးစမ်းစစ်ဆေးသူများက ပြောကြားခဲ့သည်။

    လှေများဖြင့် တင်ဆောင်လာသူများကို ထိုင်းနိုင်ငံ ယနောင်းမြို့တွင် ချပြီး ထိုမှတစ်ဆင့် ထရပ်ကားများဖြင့် ဆွန်ခ်လာပြည်နယ် ဆာဒါအိုခရိုင် မလေးရှားနယ်စပ်အနီး လူကုန်ကူးစခန်းများသို့ ခေါ်ဆောင်လာခြင်းဖြစ်သည်။

    တောနက်ထဲတွင်ရှိသည့် အဆိုပါ စခန်းများတွင် အကန့်များခွဲထားပြီး အကန့် ၁ တွင် ထိုင်းနိုင်ငံ၌ ဆွေမျိုးရှီသူများကို ထားရှိကာ အကန့် ၂ တွင်း မည်သည့်အဆက်အသွယ်မှ မရှိသောသူများကို ထားရှိသည်။

    “အကန့် ၁ က သူတွေက သူတို့ရဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေရဲ့ ဖုန်းနံပါတ်တွေပြောရပြီး ကန်ဒေါ်လာ ၃၀၀၀ ခန့်ရှိတဲ့ ငွေပမာဏ ဒါမှမဟုတ် အဲဒီထက်များတဲ့ပမာဏနဲ့ ရွေးခိုင်းပါတယ်။ အကန့် ၂ က သူတွေကိုတော့ မလေးရှားနယ်စပ်ကို ရွှေ့လိုက်ပြီး မလေးရှားက လယ်သမားတွေဆီကို ကန်ဒေါ်လာ ၁၀၀၀ လောက်နဲ့ ရောင်းစားပါတယ်” ဟု Freeland က ပြောကြားခဲ့သည်။

    စုံးစမ်းစစ်ဆေးသူများက ရရှိသည့် ဘဏ်မှတ်တမ်းများအရ အဆိုပါ လူကုန်ကူးဂိုဏ်မှာ ဒေါ်လာသန်းနှင့်ချီ၍ ၀င်ငွေရှိသည်ဟု ဆိုသည်။

    “လူတွေဟာ အချိန်အတော်ကြာ ဖမ်းဆီးခံထားရတယ်။ နေမကောင်းဖြစ်တာတွေ၊ ရိုက်နှက်ခံရတာတွေရှိပြီး တစ်ချို့ဆို သေဆုံးကုန်ပါတယ်။ အဲဒီသူတွေကို ဆေးရုံ ဒါမှမဟုတ် အာဏာပိုင်တွေကို သတင်းပေးရမယ့်အစား မြှုပ်လိုက်ကြပါတယ်” ဟု ဖောင်ဒေးရှင်း၏ ကြေညာချက်တွင် ဖော်ပြထားသည်။

    ပြီးခဲ့သည့် သီတင်းပတ်က အဆိုပါ စခန်းများရှိ အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် ကျင်းများကို ဖော်ရာတွင် အလောင်းပေါင်း ၃၀ ကျော် တွေ့ရှိခဲ့ရပြီး ဆိုးဆိုးဝါးဝါး ပျက်ဆီးနေသည်။

    Ref: The Star