News @ M-Media

Tag: Tibet

  • တိဘက်ဒေသမှ ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓ တက္ကသိုလ်ကြီး ရဲ့ အဆောက်အဦးများကို တရုတ်အစိုးရ ဖြိုဖျက်

    တိဘက်ဒေသမှ ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓ တက္ကသိုလ်ကြီး ရဲ့ အဆောက်အဦးများကို တရုတ်အစိုးရ ဖြိုဖျက်

    ဇူလိုင် ၂၄ ၊ ၂၀၁၆
    M-Media
    tibet 2
    ပြီးခဲ့တဲ့ လက နေထိုင်သူဦးရေ ထက်ဝက် ၅၀၀၀ထိ လျော့ချရန် အမိန့်ထုတ်ထားခံရတဲ့ Larung Gar ကမ္ဘာ့အကြီးဆုံး တိဘက်ဗုဒ္ဓ့ သင်ကြားရေးစင်တာကြီးကို ဇူလိုင်လ ၂၀ ရက် ဗုဒ္ဓဟူးနေ့မှ စတင်က တရုတ်အာဏာပိုင်များမှ ဖြိုဖျက်နေပြီ ဖြစ်တယ်။

    ထိုတက္ကသိုလ်ကြီးနဲ့ ဘုန်းကြီးကျောင်းကို တိဘက်အရှေ့ဘက် Serter ဒေသတောင်ဘေးနေရာတစ်ခုလုံးတွင်  ၁၉၈၀ကတည်းက တည်ထောင်ထားခဲ့ပြီး ပညာသင်ကြားလိုသူ ဗုဒ္ဓဘာသာ ရဟန်းနဲ့ သီလရှင်များကို စွဲဆောင်ရာ သင်ကြားရေး
    ဌာနကြီး ဖြစ်လျက်ရှိပါတယ်။

    တရုတ် အာဏာပိုင်များက လူဦးရေ သိပ်သည်းများပြားခြင်းကို အကြောင်းပြချက် ပေးခဲ့ပါတယ်။ Serter နယ်မြေ အစိုးရကမူ အဆောက်အဦးများကို ဖယ်ရှားခြင်းမျိုး မဟုတ်ဘဲ အသစ်ပြင်ဆင်ရန် ရည်ရွယ်ကြောင်း AP သတင်းဌာနကို ပြောခဲ့ပါတယ်။
    _90482200_28166719490_017e4cc650_b
    ထိုစင်တာမှ ကျောင်းသားတစ်ဦးက
    “လူဦးရေထူထပ်လွန်း တာအတွက် ဖြေရှင်းချက်က အိမ်တွေကို ဖျက်ဆီးတာဆိုရင် ဒီမူဝါဒကို အခြား လူဦးရေထူထပ်တဲ့ တရုတ်မြို့ကြီးမြို့ငယ်တွေအတွက်ကြတော့ မကျင့်သုံးတာလဲ”

    “ရိုးရှင်းစွာနေထိုင်ပြီး အပစ်မဲ့တဲ့ ဘာသာရေးကျင့်ကြံနေသူတွေရဲ့ အိမ်တွေကို ဖျက်ဆီးနေတယ်ဆိုရင် ဘယ်မှာလဲ တန်းတူညီမျှမှု၊ ဥပဒေစိုးမိုးရေး၊ လူထုကောင်းစားရေးနဲ့ ဘာသာရေးလွတ်လပ်ခွင့်” ဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ်။

    လန်ဒန်အခြေစိုက် တိဘက်လွတ်မြောက်ရေးအုပ်စုရဲ့ ပြောကြားချက်အရ ကျောင်းဆောင်နဲ့ အဆောက်အဦးများကို လာဖျက်တဲ့ အလုပ်သမားအဖွဲ့ကို တရုတ်ရဲများနဲ့ အရပ်ဝတ်လက်နက်ကိုင်အဖွဲ့များက လုံခြုံရေးပေးခဲ့ကြောင်း သိရပါတယ်။

    ထိုအဖွဲ့ရဲ့ ဒါရိုက်တာက “Larung Garကျောင်းကြီးကို ဖြိုဖျက်တာက လူဦးရေပြွတ်သိပ်တာနဲ့ ဘာမှ မဆိုင်ဘူးဆိုတာ အသိအသာပါ။ တိဘက်မှာ ဗုဒ္ဓဘာသာ လွှမ်းမိုးလာမှုကို အားနည်းသွားအောင်လုပ်လိုတဲ့ တရုတ်ရဲ့ အစီအစဉ်တွေထဲက
    တစ်ခုပါ။” လို့ မှတ်ချက်ပေးပါတယ်။

    _90482485_28344675572_e210e10c4e_b

    တရုတ်အာဏာပိုင်များကတော့ Larung Gar တက္ကသိုလ်ကြီးရဲ့ လူဦးရေကို တစ်သောင်းကနေ ဘုန်းကြီး ၁၅၀၀နဲ့ သီလရှင် ၃၅၀၀ထက် မပိုအောင် အောက်တိုဘာလ မကုန်ခင် လျော့ချရမယ်လို့ ရာဇသံပေးထားပါတယ်။

    တရုတ်အစိုးရက ၁၉၅၀မှာ တိဘက်ဒေသကို စစ်တပ်များထောင်သောင်းချီ စေလွှတ်ပြီး တရုတ်ပိုင်နယ်မြေဖြစ်စေခဲ့ပါတယ်။ တရုတ်အစိုးရက မိမိတို့ အုပ်ချုပ်မှုအောက်မှာ တိဘက်ဒေသ ဖွံ့ဖြိုးလာတယ်လို့ ပြောခဲ့ပေမယ့်
    လူ့အခွင့်အရေးဖွဲ့တွေကတော့ တရုတ်အစိုးရဟာ တိဘက်ဒေသမှ လူ့အခွင့်ရေးချိုးဖောက်မှုတွေကို ဘာသာရေးနဲ့ နိုင်ငံရေးဖိနှိပ်ချုပ်ချယ်မှုတွေပုံစံနဲ့ လုပ်နေတယ်လို့ ပြောဆိုနေကြပါတယ်။

    Ref: BBC

  • တိဘတ်ရှိ ကမ္ဘာ့ကြီးဆုံး ဗုဒ္ဓတက္ကသိုလ်ကြီးအား ဖျက်သိမ်းရန် တရုတ်စီစဉ်နေ

    တိဘတ်ရှိ ကမ္ဘာ့ကြီးဆုံး ဗုဒ္ဓတက္ကသိုလ်ကြီးအား ဖျက်သိမ်းရန် တရုတ်စီစဉ်နေ

    ဇွန် ၁၉၊ ၂၀၁၆
    M-Media

    tibet

    – တိဘတ်နိုင်ငံရှိ ကမ္ဘာ့အကြီးဆုံ ဗုဒ္ဓတက္ကသိုလ်မှ ရဟန်သံဃာများနှင့် သီလရှင် အရေအတွက်ကို လျှော့ချရန် တရုတ်အစိုးရ အာဏာပိုင်များက အမိန့်ပေးထားပြီး ထိုအမိန့်ကို မလိုက်နာပါက တက္ကသိုလ်တစ်ခုလုံး ဖြိုချဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်မှုလည်း ရှိနေသည်ဟု သိရသည်။

    Larung Gar Buddhist Academy ဟု အမည်ရသည့် ဓမ္မတက္ကသိုလ်ကြီးဖြစ်ပြီး တိဘက်နိုင်ငံတွင် အကြီးဆုံး ဗုဒ္ဓဓမ္မစာပေသင်ကြားရာ ဌာနကြီးဖြစ်ကာ ကမ္ဘာပေါ်တွင်လည်း အကြီးဆုံးဖြစ်သည်။ လက်ရှိတွင် ထိုတက္ကသိုလ်ကြီး၌ ဆရာတော် သံဃာတော်များနှင့် သီလရှင် အပါး ၁၀၀၀၀ ကျော် သီတင်းသုံးနေထိုင်ကာ ဓမ္မပညာများကို ဆည်းပူးလျက်ရှိနေသည်။

    တရုတ်အာဏာပိုင်များကမူ အဆိုပါတက္ကသိုလ်တွင် သံဃာတော်များနှင့် သီလရှင် စုစုပေါင်း အပါး ၅၀၀၀ သာ ရှိရမည်ဟု တောင်းဆိုထားပြီး အရေအတွက်လျှော့ချမှုနှင့် အဆောက်အဦးများ ဖျက်သိမ်းမှုကို ၂၀၁၇ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့မတိုင်မီ ဆောင်ရွက်ပေးရန် နောက်ဆုံးရက် သတ်မှတ်ပေးထားသည်။

    လက်ရှိအချိန်တွင် တက္ကသိုလ်တစ်ဝိုက်မှ လူနေအိမ်ယာအချို့ကို တရုတ်အစိုးရက ဖျက်ဆီးမှုးများ ရှိနေပြီး ၎င်းတို့၏ တောင်းဆိုမှုကို မလိုက်နာပါက တက္ကသိုလ်တစ်ခုလုံး ဖျက်ဆီးသွားမည်ဟု သတိပေးထားသည်။

    tibet 2

    ထိုတောင်းဆိုမှု၏ အဓိကအကြောင်းပြချက်မှာ အယူဝါဒရေးရာ လမ်းညွှန်မှု လိုအပ်၍ဖြစ်သည်ဟု ဆိုသည်။ Human Rights Watch ကမူ ထိုကဲ့သို့ ကန့်သတ်မှုများ ပြုလုပ်ခြင်းမှာ တက္ကသိုလ်အတွင်း လူဦးရေများပြားလာမှုနှင့် နောက်ဆက်တွဲ မီးလောင်မှုအန္တရာယ်ကို စိုးရိမ်မှုကြောင့်ဖြစ်ပြီး တရုတ်အစိုးရ၏ တောင်းဆိုမှုတွင် လုံခြုံရေးကင်မရာများ တပ်ဆင်ခြင်းနှင့် စောင့်ကြည့်မှုများပြုလုပ်ခြင်း၊ တက္ကသိုလ် စီမံခန့်ခွဲရေးအား အစိုးရတာဝန်ရှိသူများနှင့်အတူ လုပ်ဆောင်ခွင့်ပေးခြင်း စသည်တို့ ပါဝင်သည်။

    ၂၀၀၁ ခုနှစ်ကလည်း တရုတ်အာဏာပိုင်များမှာ ထိုတက္ကသိုလ်ကြီးမှ သံဃာတော်နှင့် သီလှရှင် အပါအ၀င် ၁၀၀၀ ကျော်ကို နှင်ထုတ်ခဲ့ပြီး ၎င်းတို့ သီတင်းသုံးရာ နေရာများကို ဘူဒိုဇာဖြင့် ဖြိုချဖျက်ဆီးခဲ့သည်။

    Ref: Lionsroar

  • မွန်ဂိုလီးယားမှ ရဟန်းရုပ်ကြွင်း တရားဘာဝနာစီးဖြန်းသည့် အခြေအနေတွင်ရှိနေသည်ဟု တတ်ကျွမ်းသူများဆို

    မွန်ဂိုလီးယားမှ ရဟန်းရုပ်ကြွင်း တရားဘာဝနာစီးဖြန်းသည့် အခြေအနေတွင်ရှိနေသည်ဟု တတ်ကျွမ်းသူများဆို

    ဖေဖော်ဝါရီ ၆၊ ၂၀၁၅
    M-Media

    monk

    – ပြီးခဲ့သည့် သီတင်းပတ်က မွန်ဂိုလီးယားနိုင်ငံတွင် တွေ့ခဲ့ရသည့် ရဟန်းတော်တစ်ပါး၏ ပုံမပျက်သော ရုပ်ကြွင်းမှာ သေဆုံးနေသော ရုပ်ကြွင်းမဟုတ်ဘဲ တရားထိုင်နေသည့် အခြေအနေတွင်ရှိနေသော ရုပ်ကြွင်းသာဖြစ်သည်ဟု ဗုဒ္ဓဘာသာကို နားလည်းတတ်ကျွမ်းသူများက ပြောကြားလိုက်သည်။

    ကျွဲနွားများ၏ သရေဖြင့် ထုတ်ထားသည့်အဆိုပါ ရုပ်ကြွင်းကို မွန်ဂိုလီးယား အလယ်ပိုင်းတွင် ဇန်န၀ါရီ ၂၇ရက်နေ့က တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဆေးပညာရှင်များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကာ အဆိုပါရုပ်ကြွင်းမှာ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀ ခန့်က ရုပ်ကြွင်းဖြစ်မည်ဟု ယုံကြည်ရသည်။

    တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား၏ ဆရာဝန်ဖြစ်သူ နာမည်ကျော် ဘုန်းတော်ကြီး ဘယ်ရီ ကာဇင်က အဆိုပါ ရဟန်းမှာ အလွန်ရှားပါးသော တရားဘာဝနာစီးဖြန်းသည့် အခြေအနေ “တက်ဒမ်” တွင် ရှိနေခြင်းဖြစ်ပြီး မိမိအနေဖြင့် ယခင်က ထိုကဲ့သို့ တရားဘ၀နာစီးဖြန်းသူများကို စောင့်ရှောက်ခွင့်ရခဲ့သည်ဟု ပြောကြားခဲ့သည်။

    “ရဟန်းတစ်ပါးmonk 2ဟာ ရှားပါးတဲ့ ဒီလိုအခြေအနေမျိုးမှာ သုံးပတ်ကျော်ရှိနေပြီဆိုရင် သူ့ရဲ့ခန္ဓာကိုယ်ဟာ တစ်ဖြည်းဖြည်း ကြုံ့သွားပြီး နောက်ဆုံးမှာ ဆံပင်၊ လက်သည်းခြေသည်းနဲ့ သင်္ကန်းပဲကျန်ပါတော့တယ်။ များသောအားဖြင့် ဒီလိုအခြအနေမျိုးမှာ သူ့ဘေးနားမှာရှိတဲ့ လူတွေဟာ ကောင်းကင်မှာ သက်တံ့တွေ ရက်ပေါင်းများစွာ တောက်ပနေတာကို တွေ့မြင်ရလေ့ရှိပါတယ်။ ဒါကဘာကို ဆိုလိုသလဲဆိုရင် ဒီရဟန်းဟာ သက်တံ့ခန္ဓာကိုယ် ဖြစ်တည်သွားလို့ပါပဲ။ ဒီအဆင့်ဟာ အမြင့်ဆုံးအဆင့်ဖြစ်ပြီး ဘုရားဖြစ်ဖို့နီးစပ်တဲ့ အခြေအနေပါပဲ” ဟု ဘုန်းတော်ကြီး ကာဇင်က ဆိုသည်။

    ထို့ပြင် အဆိုပါရဟန်းမှာ ယခုအခြေအနေတွင် ဆက်လက်ရှိနေနိုင်ပါက ဘုရားပင် ဖြစ်နိုင်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။Ulaanbaatar ဗုဒ္ဓတက္ကသိုလ်တွင် မွန်ဂိုလီးယား ဗုဒ္ဓအနုပညာအသင်းကို ထည်တောင်ခဲ့သူ ပရော်ဖက်ဆာ ဂန်ဟူဂျင် ပူရဗ်ဘာသာကလည်း “ဒါဟာ ဒီရဟန်းအနေနဲ့ ပျံလွန်တော်မမူသေးဘူးဆိုတဲ့ လက္ခဏာပါပဲ။ ရှေးဟောင်း ဗုဒ္ဓဘာသာအယူအဆအရတော့ သူဟာ နက်ရှိုင်းစွာ တရားဘာဝနာစီးဖြန်းနေတာပါ” ဟု ပြောကြားခဲ့သည်။

    အဆိုပါ ရုပ်ကြွင်းကို နိုင်ငံအလယ်ပိုင်း ကော့ဘ်ဒက်ရှ်ဒေသရှိ ဂူတစ်ခုအအတွင်းမှ အမျိုးသားတစ်ဦးက သယ်ဆောင်ကာ မှောင်ခိုဈေးကွက်တွင် သွားရောက်ရောင်းချရန် ကြိုးစားနေစဉ် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

    Ref: siberiantimes

  • တရုတ်နိုင်ငံ တောင်ပိုင်းရှိ တိဘက်မြို့ဟောင်း တစ်ခု မီးလောင်ကျွမ်းမှုကြောင့် ပျက်ဆီး

    ဇန်နဝါရီ ၁၂၊ ၂၀၁၄
    M-Media

    20141122438723734_20

    တရုတ်နိုင်ငံအနောက် တောင်ဘက် ဒီကွင်ပြည်နယ် ရှန်ဂရီလာကောင်တီရှိ  ရှေးဟောင်း သမိုင်းဝင် တီဘက်မြို့ဟောင်း တစ်ခုမှာ ယမန်နေ့က မီးလောင်ခဲ့မှုကြောင့် လုံးဝ ပျက်ဆီးသွား ခဲ့သည်ဟု သိရသည်။

    အဆိုပါမြို့ဟောင်းရှိ ဒူကီဇွန် ရပ်ကွက်တွင် ယမန်နေ့ နံနက် ၁ နာရီခွဲခန့်က မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ရှေးဟောင်းမြို့၏ ကျဉ်းမြောင်းသော လမ်းများကြောင့် မီးသတ်ကားများမှာ ၀င်ရောက်နိုင်ခဲ့ခြင်း မရှိဘဲ၊ မီးလောင်မှုမျာ ၁၀ နာရီ နီးပါးကြာမြင့်ခဲ့သည်။

    နှစ်ပေါင်း ၁၀၀၀ ကျော်သက်တမ်းရှိပြီဖြစ်သည့် အဆိုပါမြို့တွင် ရှေးဟောင်း အဆောက်အဦးများနှင့် တိဘက်လူမျိုးများ၏ ရိုးရာယဉ်ကျေးမှုများဖြင့် ထုံမွှမ်ထားသော လှပသည့် မြို့တစ်မြို့ဖြစ်ပြီး ကမ္ဘာ့လှည့်ခရီးသွားများ အလွန်စိတ်ဝင်စားသော မြို့လည်းဖြစ်သည်။

    မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများစာရင်းကို သိရှိရခြင်း မရှိသေးဘဲ မည်သည့် အကြောင်းကြောင့် မီးလောင်ခဲ့သည်ကိုလည်း စုံစမ်း စစ်ဆေးနေကြောင်း၊ ထိုမြို့ အတွင်းရှိ တည်းခိုခန်း တစ်ခုမှ မတော်တဆ မီးလောင်ကျွမ်းခြင်း ဖြစ်နိုင်ကြောင်း ပြည်နယ်အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

    Ref: aljazeera