News @ M-Media

တိဘက်ဒေသမှ ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓ တက္ကသိုလ်ကြီး ရဲ့ အဆောက်အဦးများကို တရုတ်အစိုးရ ဖြိုဖျက်

ဇူလိုင် ၂၄ ၊ ၂၀၁၆
M-Media
tibet 2
ပြီးခဲ့တဲ့ လက နေထိုင်သူဦးရေ ထက်ဝက် ၅၀၀၀ထိ လျော့ချရန် အမိန့်ထုတ်ထားခံရတဲ့ Larung Gar ကမ္ဘာ့အကြီးဆုံး တိဘက်ဗုဒ္ဓ့ သင်ကြားရေးစင်တာကြီးကို ဇူလိုင်လ ၂၀ ရက် ဗုဒ္ဓဟူးနေ့မှ စတင်က တရုတ်အာဏာပိုင်များမှ ဖြိုဖျက်နေပြီ ဖြစ်တယ်။

ထိုတက္ကသိုလ်ကြီးနဲ့ ဘုန်းကြီးကျောင်းကို တိဘက်အရှေ့ဘက် Serter ဒေသတောင်ဘေးနေရာတစ်ခုလုံးတွင်  ၁၉၈၀ကတည်းက တည်ထောင်ထားခဲ့ပြီး ပညာသင်ကြားလိုသူ ဗုဒ္ဓဘာသာ ရဟန်းနဲ့ သီလရှင်များကို စွဲဆောင်ရာ သင်ကြားရေး
ဌာနကြီး ဖြစ်လျက်ရှိပါတယ်။

တရုတ် အာဏာပိုင်များက လူဦးရေ သိပ်သည်းများပြားခြင်းကို အကြောင်းပြချက် ပေးခဲ့ပါတယ်။ Serter နယ်မြေ အစိုးရကမူ အဆောက်အဦးများကို ဖယ်ရှားခြင်းမျိုး မဟုတ်ဘဲ အသစ်ပြင်ဆင်ရန် ရည်ရွယ်ကြောင်း AP သတင်းဌာနကို ပြောခဲ့ပါတယ်။
_90482200_28166719490_017e4cc650_b
ထိုစင်တာမှ ကျောင်းသားတစ်ဦးက
“လူဦးရေထူထပ်လွန်း တာအတွက် ဖြေရှင်းချက်က အိမ်တွေကို ဖျက်ဆီးတာဆိုရင် ဒီမူဝါဒကို အခြား လူဦးရေထူထပ်တဲ့ တရုတ်မြို့ကြီးမြို့ငယ်တွေအတွက်ကြတော့ မကျင့်သုံးတာလဲ”

“ရိုးရှင်းစွာနေထိုင်ပြီး အပစ်မဲ့တဲ့ ဘာသာရေးကျင့်ကြံနေသူတွေရဲ့ အိမ်တွေကို ဖျက်ဆီးနေတယ်ဆိုရင် ဘယ်မှာလဲ တန်းတူညီမျှမှု၊ ဥပဒေစိုးမိုးရေး၊ လူထုကောင်းစားရေးနဲ့ ဘာသာရေးလွတ်လပ်ခွင့်” ဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ်။

လန်ဒန်အခြေစိုက် တိဘက်လွတ်မြောက်ရေးအုပ်စုရဲ့ ပြောကြားချက်အရ ကျောင်းဆောင်နဲ့ အဆောက်အဦးများကို လာဖျက်တဲ့ အလုပ်သမားအဖွဲ့ကို တရုတ်ရဲများနဲ့ အရပ်ဝတ်လက်နက်ကိုင်အဖွဲ့များက လုံခြုံရေးပေးခဲ့ကြောင်း သိရပါတယ်။

ထိုအဖွဲ့ရဲ့ ဒါရိုက်တာက “Larung Garကျောင်းကြီးကို ဖြိုဖျက်တာက လူဦးရေပြွတ်သိပ်တာနဲ့ ဘာမှ မဆိုင်ဘူးဆိုတာ အသိအသာပါ။ တိဘက်မှာ ဗုဒ္ဓဘာသာ လွှမ်းမိုးလာမှုကို အားနည်းသွားအောင်လုပ်လိုတဲ့ တရုတ်ရဲ့ အစီအစဉ်တွေထဲက
တစ်ခုပါ။” လို့ မှတ်ချက်ပေးပါတယ်။

_90482485_28344675572_e210e10c4e_b

တရုတ်အာဏာပိုင်များကတော့ Larung Gar တက္ကသိုလ်ကြီးရဲ့ လူဦးရေကို တစ်သောင်းကနေ ဘုန်းကြီး ၁၅၀၀နဲ့ သီလရှင် ၃၅၀၀ထက် မပိုအောင် အောက်တိုဘာလ မကုန်ခင် လျော့ချရမယ်လို့ ရာဇသံပေးထားပါတယ်။

တရုတ်အစိုးရက ၁၉၅၀မှာ တိဘက်ဒေသကို စစ်တပ်များထောင်သောင်းချီ စေလွှတ်ပြီး တရုတ်ပိုင်နယ်မြေဖြစ်စေခဲ့ပါတယ်။ တရုတ်အစိုးရက မိမိတို့ အုပ်ချုပ်မှုအောက်မှာ တိဘက်ဒေသ ဖွံ့ဖြိုးလာတယ်လို့ ပြောခဲ့ပေမယ့်
လူ့အခွင့်အရေးဖွဲ့တွေကတော့ တရုတ်အစိုးရဟာ တိဘက်ဒေသမှ လူ့အခွင့်ရေးချိုးဖောက်မှုတွေကို ဘာသာရေးနဲ့ နိုင်ငံရေးဖိနှိပ်ချုပ်ချယ်မှုတွေပုံစံနဲ့ လုပ်နေတယ်လို့ ပြောဆိုနေကြပါတယ်။

Ref: BBC

Comments

Leave a Reply