News @ M-Media

Tag: UAE

  • ခြောက်သွေ့ဒေသများတွင် ရေရရှိရေး နည်းလမ်းများရှာဖွေရန် ယူအေအီး ကန်ဒေါ်လာ ၅  သန်းအသုံးပြုမည်

    ခြောက်သွေ့ဒေသများတွင် ရေရရှိရေး နည်းလမ်းများရှာဖွေရန် ယူအေအီး ကန်ဒေါ်လာ ၅ သန်းအသုံးပြုမည်

    ဇန်န၀ါရီ ၂၂၊ ၂၀၁၅
    M-Media

    uae

    – နိုင်ငံအတွင်းနှင့် ကမ္ဘာတစ်ဝှမ်းရှိ ခြောက်သွေ့သော ဒေသများတွင် ရေရှားပါးမှုများ လျှော့ချနိုင်ရေးအတွက် မိုးပိုမိုရွာသွန်းနိုင်မည့် နည်းလမ်းများရှာရာတွင် ကန်ဒေါ်လာ ၅ သန်း သုံးစွဲသွားမည်ဟု ယူအေအီးနိုင်ငံက အင်္ဂါနေ့တွင် ကတိပြုလိုက်သည်။

    ယူအေအီးနိုင်ငံမှာ မိုးခေါင်သော ပင်လည်ကွေ့ဒေသတွင် မိုးတိမ်တုနည်းပညာကို အသုံးပြု၍ မိုးရွားအောင်ဖန်တီးယူသော ပထမဆုံး နိုင်ငံဖြစ်ပြီး ယခု ဒေါ်လာ ၅ သန်းမှာ သုံးနှစ်တာကလတွင်း နိုင်ငံအတွင်းနှင့် နိုင်ငံပြင်ပရှိ ခြောက်သွေ့သော ဒေသများတွင် မိုးပိုရွာနိုင် မည့် နည်းလမ်းများကို ရှာဖွေရာ၌ သုံးစွဲရန်အတွက် ဖြစ်သည်။

    ယူအေအီး ဒုတိယ၀န်ကြီးချုပ် ရှိခ် မန်ဆူးရ် ဘင် ဇေယာဒ် အလ် နဟ်ယန်ကမူ ရေရှားပါးမှု ပြဿနာကို ဖြေရှင်းရန်အတွက် ပိုမိုဆန်းသစ်သော သိပ္ပံနည်းကျ နည်းလမ်းများ ရရှိရန် မိမိတို့နိုင်ငံက အာရုံစိုက် ဆောက်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

    `တည်ငြိမ်တဲ့ ရေအရင်းအမြစ်ကို ရဖို့ဆိုတာဟာ ထိရောက်တဲ့ အဖြေတွေရှာဖို့ ကျွန်တော်တို့ လုပ်ဆောင်နေတဲ့အရာအတွက် အဓိက စိန်ခေါ်မှုတွေထဲက တစ်ခုဖြစ်ပါတယ်´ ဟု ရှိခ် မန်ဆူးရ်က ဆိုသည်။

    ပြီးခဲ့သည့်နှစ် ရမ်ဇာန်ဥပုသ်လ အခါသမယဖြစ်သာ ဇူလိုင်လကလည်း ရေရှားပါးသည့်ဒေသမှ လူပေါင်း ၅ သန်းကို သောက်ရေ ဝေငှနိုင်ရေးအတွက် သောက်ရေ အကူအညီပေးရေး လှုပ်ရှားမှုတစ်ခုကို ယူအေအီးနိုင်ငံက ပြုလုပ်ခဲ့သည်။ အဆိုပါ လှုပ်ရှားမှုမှာ အောင်မြင်ခဲ့ပြီး ရန်ပုံငွေ ကန်ဒေါ်လာ ၄၉ သန်းအထိ ရရှိခဲ့ကာ လူပေါင်း ၇ သန်းကို သောက်ရေ အကူအညီပေးနိုင်ခဲ့သည်။

    ယူအေအီးနိုင်ငံမှာ မိုးခေါင်ရေရှားသည့် ဒေသတစ်ခုဖြစ်ပြီ တစ်နှစ်လုံးတွင် မိုးရေချိန် ၁၀၀ မီလီမီတာအောက်သာ ရရှိသည်။ ထို့ပြင် မြေပြင်မှရေများ ရေငွေ့ပျံမှုနှုန်းမြင့်မားပြီး မြေအောက်ရေကလည်း နိုင်ငံအတွင်း တစ်နှစ်တာ ရေသုံးစွဲမှုပမာဏကို ဖြည့်မပေးနိုင်ခြင်း မရှိချေ။

    Ref: alarabiya

  • ယူအေအီးစစ်တပ် လူသစ်စုဆောင်းပွဲတွင် အမျိုးသမီးများစွာ စာရင်းပေးခဲ့

    ယူအေအီးစစ်တပ် လူသစ်စုဆောင်းပွဲတွင် အမျိုးသမီးများစွာ စာရင်းပေးခဲ့

    နိုဝင်ဘာ ၂ ၊ ၂၀၁၄
    M-Media
    1df7b7f2-df99-4dd8-a4f1-0c0d02e33e64_16x9_600x338
    –  ပြီးခဲ့သည့် သီတင်းပတ် ဗုဒ္ဓဟူးနေ့က အဘူဒါဘီတွင် ပြုလုပ်ခဲ့သည့် ယူအေအီး စစ်တပ် အခမ်းအနားတစ်ခုတွင် နိုင်ငံ၏ ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်ရန်အတွက် ကျောင်းသူအများပြားမှာ စာရင်းပေးခဲ့ကြသည်ဟု သိရသည်။

    “ယူအေအီးနိုင်ငံနဲ့ ဒေသတွင်းမှာ ကျား၊ မ တန်းတူညီမျှမှု ပြည့်စုံခြင်းအတွက် အထင်အရှားဆုံးနဲ့ အမြင်သာဆုံးအရာကတော့ စစ်တပ်ထဲကို အမျိုးသမီးတွေ ၀င်ရောက်လာတာပဲ ဖြစ်ပါတယ်။ နိုင်ငံ့ကာကွယ်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ဖို့ ယူအေအီးအမျိုးသမီးတွေဟာ ဆန္ဒရှိကြပါတယ်” ဟု အဘူဒါဘီရှိ စစ်ရေးသင်တန်းကျောင်းမှ သင်ကြားရေးမှူး အက်ဇာ ဂျာဆင်မ်က ပြောကြားခဲ့သည်။

    အရှေ့အလယ်ပိုင်း ဒေသအတွင်း မတည်ငြိမ်မှုများ တိုးပွားလာခြင်းကြောင့် ယူအေအီးမှာ ကာကွယ်ရေးဥပဒေများကို ယခုလအစောပိုင်းက ပြင်ဆင်ခဲ့ပြီး အသက် ၁၈ နှစ်မှ ၃၀ နှစ်အတွင်းရှိ ကျန်းမာသန်စွမ်းသော အမျိုးသားများအားလုံး စစ်တပ်အတွင်း မ၀င်မနေရစနစ်ကို ပြဌာန်းခဲ့သည်။

    ထိုစနစ်အရ အထက်တန်းပြီးသည့် အမျိုးသားများမှာ စစ်တပ်တွင် ၉ လ တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး အထက်တန်းမအောင်သည့် အမျိုးသားများမှာ စစ်တပ်တွင် ၂ နှစ်အထိ တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။

    စစ်တပ်တွင် ၀င်ရောက်အမှုထမ်းသူများအတွက် ယူအေအီးအစိုးရက အထူးအခွင့်အရေးများ ပေးထားပြီး စစ်သားများမှာ အစိုးရဌာနများတွင် အလုပ်အကိုင်အခွင့်အလမ်းများ၊ ပညာတော်သင်ဆုရများ စသည့်အခွင့်အရေးများကို ရရှိမည်ဖြစ်သည်။

    အမျိုးသမီးများအတွက်မူ မိမိတို့ ဆန္ဒအလျောက်သာ စစ်တပ်သို့ ၀င်ရောက်ကြရပြီး ယူအေးအီးစစ်တပ်တွင် အမျိုးသမီးများစွာ ၀င်ရောက် အမှုထမ်းလျက်ရှိနေသည်။

    ယူအေအီးလေတပ်တွင်လည်း အမျိုးသမီးအမှုထမ်းများ ရှိပြီး နိုင်ငံ၏ ပထမဆုံး အမျိုးသမီး F 16 တိုက်လေယာဉ်မှူး မက်ဂ်ျမာရီယမ် အလ်-မန်ဆူရီမှာ စက်တင်ဘာနောက်ဆုံး သီတင်းပတ်က ဆီးရီးယားနိုင်ငံ၌ ပြုလုပ်ခဲ့သော ISIL အဖွဲ့အား လေကြောင်းမှ ချေမှုန်းသည့် စစ်ဆင်ရေးတစ်ခုကို ဦးဆောင် ကွပ်ကဲခဲ့သည်။

    source: Al Arabiya News

  • ယူအေအီး ရဲ့ ပထမဆုံး အမျိုးသမီး တိုက်လေယာဉ်မှူး

    ဇွန်လ ၁၅ ရက် ၊ ၂၀၁၄
    M-Media
    fa7aa2cf-39b5-4e9d-b53c-5ea1bd286ba1_16x9_600x338
    – အာရပ်စော်ဘွားများပြည်ထောင်စု ယူအေအီးနိုင်ငံတွင် အသက် ၃၅ နှစ်အရွယ်ရှိ အမျိုးသမီး တစ်ဦးမှာ နိုင်ငံလေတပ်တွင် ပထမဆုံး တိုက်လေယာဉ်မှူး ဖြစ်လာ ခဲ့သည်ဟု သိရသည်။

    တပ်ခွဲမှူး မာရီယမ် စလမ် အလ်-မန်ဆူရ်ဖြစ်ပြီး အင်ဂျင် တစ်လုံးတပ် ဘက်စုံသုံး F-16 တိုက်လေယာဉ်ကို မောင်းနှင်ရသူဖြစ်သည်။  မန်ဆူရ်မှာ ငယ်စဉ်ကတည်းက တိုက်လေယာဉ်မှူးဖြစ်ချင် ခဲ့ပြီး မိသားစု၏ အားပေးမှုကြောင့် ၂၀၀၇ ခုနှစ်က ယူအေအီးလေတပ်သို့ ၀င်ရောက်ကာ အမှူထမ်းခဲ့သည်။

    နိုင်ငံအတွင်းပြုလုပ်သည့် လေတပ် စစ်ရေးလေ့ကျင့်မှုများ၊ အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံပြင်ပတွင် ပြုလုပ်သည့် လေတပ်စစ်ရေးလေ့ကျင်မှု မြောက်များစွာတွင် မန်ဆူရ်မှာ ပါဝင်ခဲ့ပြီး ၎င်း၏ စွမ်းရည်ကို ပြသခဲ့သည်။

    ယူအေအီးနှင့် ပင်လယ်ကွေ့နိုင်ငံများတွင် ပထမဆုံး အမျိုးသမီး တိုက်လေယာဉ်မှူးဖြစ်သည့် မန်ဆူရ်၏ အောင်မြင်မှု အတွက် ယူအေအီး ဒုတိယ သမ္မတ ဒူဘိုင်းဘုရင် ရှိခ် မိုဟာမက် ဘင် ရရှစ် အလ်-မက်တွန်က ချီးကျူးခဲ့ပြီး ဆုတံဆိပ်များလည်း ချီးမြှင့်ခဲ့သည်။ ထို့ပြင် နိုင်ငံတော်အခမ်းအနားဖြင့် မန်ဆူရ်အား ဂုဏ်ပြုခဲ့သည်။

    Ref: Al Arabiya

  • အဆင့်မြင့် နည်းပညာ အသုံးပြုသည့် (Smart Mosque) ဗလီ တစ်လုံး ဒူဘိုင်းတွင် ဖွင့်လှစ်

    ဖေဖော်ဝါရီ ၁၈ ၊ ၂၀၁၄
    M-Media
    uae-59970
    – ဗလီဝတ်ကျောင်းတော်များတွင် အဆင့်မြင့် နည်းပညာများ အသုံးပြု၍ ပြည်သူများအား ၀န်ဆောင်မှုပေးနိုင်ရန်အတွက် Smart Mosque ပရောဂျက်ကို ဆောင်ရွက်နေသည့် ယူအေအီးနိုင်ငံတွင် QR ကုဒ်စနစ်သုံး ဗလီဝတ်ကျောင်းတော် တစ်လုံးကို ဒူဘိုင်းမြို့၌ ဖေဖော်ဝါရီ ၉ ရက်နေ့ တနင်္ဂနွေနေ့တွင် ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

    ဒူဘိုင်းကမ်းခြေရှိ Sheikh Mohammed bin Rashid Al Maktoum အမည်ရသည့် ဗလီဝတ်ကျောင်းတော်ဖြစ်ပြီး၊ QR ကုဒ် စနစ်သုံး ပထမဆုံး ဗလီဝတ်ကျောင်းတော်ဖြစ်ကာ ယခုနှစ်အတွင်း အခြားသော ဗလီဝတ်ကျောင်းတော် ၉ လုံးကိုလည်း QR ကုဒ် စနစ် တပ်ဆင်သွားမည်ဖြစ်သည်။

    QR ကုဒ်စနစ်မှ တစ်ဆင့် ပြည်သူများမှာ ဗလီဝတ်ကျောင်းတော်၏ သမိုင်း၊ ၀တ်ပြုနိုင်သည့် လူဦးရေ ပမာဏ၊ ဗလီဝတ်ကျောင်းတော်၏ သဘာဝ၊ ဧရိယာ၊ ၀တ်ပြုချိန်များ၊ ထိုဗလီဝတ်ကျောင်းတော်မှ ဟောကြားသည့် တရားဒေသနာများနှင့် အစ္စလာမ် သာသာရေးသင်ခန်းစာများ၊ ထို့ပြင် သောကြာနေ့ တရားဒေသနာများ စသည်တို့ကို ဖုန်းများ၊ Tablet များအသုံးပြု၍ အလွယ်တကူ ရယူနိုင်မည်ဖြစ်သည်။

    ထိုအစီအစဉ်မှာ ယူအေအီးနိုင်ငံ၏ ဒုတိယသမ္မတ ဒူဘိုင်းဘုရင် မိုဟာမ်ဘင် ရရှစ် အလ်-မက်တွမ်မှ ၂၀၁၃ ခုနှစ်က  ကြေညာခဲ့သည့် နည်းပညာသုံး အစိုးရ ဖြစ်ပေါ်ရေး လှုပ်ရှားမှုအောက်တွင် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး နည်းပညာအသုံးပြု ဗလီဝတ်ကျောင်းတော် ပေါ်ပေါက်လာရေး အစီအစဉ်၏ စိတ်အပိုင်းတစ်ခုလည်းဖြစ်သည်။

    အစ္စလာမ့်ရေးရာနှင့် အလှူဒါနလှုပ်ရှားမှုဌာန DIACA မှ အထွေထွေဒါရိုက်တာ ဟာမဒ်အလ်-ရှိုင်ဘာနီကမူ ဗလီဝတ်ကျောင်းတော်များ တိုးတက်ရေးနှင့် ပြည်သူများအနေဖြင့် ဗလီဝတ်ကျောင်းတော်နှင့် ပိုကောင်းသော ဆက်သွယ်မှုများရရှိရန် ရည်ရွယ်၍ Smart Mosque ပရောဂျက်ကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

    QR ကုဒ်စနစ်အရ ဗလီဝတ်ကျောင်းတော်များ၏ အချက်အလက်များကို ရယူနိုမည့်အပြင် ပြည်သူများမှာ ဗလီဝတ်ကျောင်းတော်အတွက် အကြံဥာဏ်များ၊ မှတ်ချက်များ၊ တုံ့ပြန်မှုများ၊ ဝေဖန်မှုများနှင့် အဆင်မပြေမှုများအတွက် သတင်းများ ပေးပို့နိုင်မည်ဖြစ်သည်။ ထို့ပြင် ဗလီဝတ်ကျောင်းတော်များ၌ အီလက်ထရောနစ် ဆက်သွယ်ရေးနှင့် ပတ်သက်၍ အနာဂတ်တွင် ပိုကောင်းသော ၀န်ဆောင်မှုများကိုလည်း ပြုလုပ် သွားမည်ဟု သိရသည်။

    Ref: IINA

  • ဒူဘိုင်းတွင်၂၀၁၃ ခုနှစ်တွင်း မြန်မာ အပါအဝင် နိုင်ငံစုံမှ လူ ၂၀၀၀ ကျော် အစ္စလာမ် သာသာနာသို့ ကူးပြောင်းခဲ့

    ဇန်နဝါရီ ၂၈၊ ၂၀၁၄
    M-Media
    Dubai-mosque-ritual-washing-demonstration
    ယူအေအီးနိုင်ငံ ဒူဘိုင်းတွင်၂၀၁၃ ခုနှစ် အတွင်း ဖိလစ်ပိုင်၊ တရုတ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ထိုင်း၊ ကင်မရွန်း၊ ကင်ညာ၊ နိုင်ဂျီးရီးယား၊ အမေရိကန်ပြည်ထောင်စု၊ အီတလီ၊ ဂျာမဏီ၊ ဗြိတိန်၊ သြစတေးလျ၊ မြန်မာ၊ ဆီးရီးယား၊ ဂျော်ဒန် နှင့် လက်တင်အမေရိကတို့မှ လူပေါင်း ၂၀၀၀ ကျော် အစ္စလာမ်သာသနာကို သက်ဝင်ကူးပြောင်းခဲ့ ကြသည့်ဟု UAE အခြေဆိုဒ် မီဒီယာတခု တွင် ဖော်ပြထားသည်။

    Bur Dubai မှ December02 လမ်းရှိ Al Ber အဖွဲ့အစည်း၌ ၂၀၁၃ ခုနှစ်တွင် နိုင်ငံအသီးသီးမှ လူပေါင်း ၂၁၁၅ ဦးထက်မနည်း အစ္စလာမ်သာသနာသို့ ကူးပြောင်းလက်ခံခဲ့ကြသည်။

    အစ္စလာမ်ဘာသာကို သက်ဝင်လက်ခံလာကြသော အာရဗ်နှင့်နိုင်ငံခြားသားတို့မှာ ၂၀၀၉ ခုနှစ်တွင် ၁၀၅၉ ဦး၊ ၂၀၁၀ ခုနှစ်တွင် ၁၅၀၀ ဦး၊ ၂၀၁၁ ခုနှစ်တွင် ၁၃၈၀ ဦး၊ ၂၀၁၂ ခုနှစ်တွင် ၁၉၀၇ ဦးနှင့်နှိုင်းစာပါက သိသိသာသာမြင့်မားနေသည်ဟု စင်တာ၏ဒါရိုက်တာဖြစ်သူ ရာရှစ် အလ်ဂျူနိုက်ဘီ Rashid Aljunaibi က ဆိုသည်။

    ဤစင်တာမှ အကောင်းဆုံး၊ အလွယ်ကူဆုံး၊ အသိမ်မွေ့ဆုံး၊ အဆွဲဆောင်နိုင်ဆုံးနည်းလမ်းဖြင့် မွတ်စလင် မဟုတ်သူများထံ အစ္စလာမ် အကြောင်းကို တတ်နိုင်သမျှ စွမ်းစွမ်းတမံ တင်ပြမိတ်ဆက်ပေးခဲ့ကြောင်း၊ ကိုးကွယ်ရာ၊ လူမျိုးနွယ်၊ ဘာသာစကား၊ အသားအရောင်မရွေး လူသားအားလုံးအပေါ် ကြင်နာမှု၊ တရားမျှတမှု၊ ရိုးသားမှုထားရှိရန် သွန်သင်ထားသော အစ္စလာမ့် အဆုံးအမများ၊ မေတ္တာတရားနှင့်ကြောင်းကျိုး ညီညွတ်သည့် သွန်သင်ချက်များကို လူတို့မှ အထူးစိတ်ဝင်စားခဲ့ကြကြောင်း၊ စင်တာ၏မှတ်တမ်းများအရ  ၁၉၉၃ ခုနှစ်မှစ၍ ယူအေအီးနိုင်ငံတွင် တိုင်းပြည်အသီးသီးမှ အစ္စလာမ်သို့သက်ဝင် လက်ခံလာသူပေါင်း နှစ်သောင်းကျော်ရှိနေပြီကို တွေ့ရကြောင်း အလ်ဂျူနိုက်ဘီက ပြောပြသည်။

    “ မွတ်စလင်သစ်လွင်များဟာ ဖိလစ်ပိုင်၊ တရုတ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ထိုင်း၊ ကင်မရွန်း၊ ကင်ညာ၊ နိုင်ဂျီးရီးယား၊ အမေရိကန်ပြည်ထောင်စု၊ အီတလီ၊ ဂျာမဏီ၊ ဗြိတိန်၊ သြစတေးလျ၊ မြန်မာ၊ ဆီးရီးယား၊ ဂျော်ဒန် နဲ့လက်တင် အမေရိကဆီက ဖြစ်ကြပါတယ်။ ယခုအခါ ဒီအသင်းအဖွဲ့ကနေ မွတ်စလင် သစ်လွင်ဖြစ်ခြင်းကို ခိုင်မာစေတဲ့ အသိအမှတ်ပြုလက်မှတ်ကို ဒူဘိုင်းမှာရှိတဲ့ အစ္စလာမ့်ရေးရာနဲ့စေတနာ့ဒါနလုပ်ငန်းဌာန (နဲ့) တရားရုံးများကတဆင့် ထုတ်ပေးနေပါတယ် ”။ လို့ အလ်ဂျူနိုက်ဘီက ပြောကြားခဲ့ပါသည်။

    Ref: khaleejtimes

    ဓါတ်ပုံအညွှန်း- မွတ်စလင် မဟုတ်သူများ ဒူဘိုင်းရှိ ဗလီဝတ်ကျောင်းတော်သို့ လာရောက် လည်ပတ်စဉ် မွတ်စလင်များ ဝတ်ပြုမှုမပြုလုပ်ခင် ကိုယ်လက်သန့်စင်ပုံကို လမ်းညွှန်မှ ရှင်းပြနေပုံ