News @ M-Media

Tag: UAE

  • ကိုဗစ်ကာကွယ်ဆေး တစ်နှစ်တစ်ကြိမ် ထိုးရဖွယ်ရှိနေဟု ယူအေအီး ကျန်းမာရေးတာဝန်ရှိသူပြော

    ကိုဗစ်ကာကွယ်ဆေး တစ်နှစ်တစ်ကြိမ် ထိုးရဖွယ်ရှိနေဟု ယူအေအီး ကျန်းမာရေးတာဝန်ရှိသူပြော

    ဇန်နဝါရီ ၂၇၊ ၂၀၂၁
    M-Media

    ယူအေအီး ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဖရီဒါ အလ် ဟိုစနီ

    -ကိုဗစ်ဗိုင်းရပ်စ်ရဲ့ ပုံပြောင်းတတ်တဲ့ သဘာ၀ကြောင့် ကာကွယ်ဆေးကို တစ်နှစ်တစ်ကြိမ် ထိုးရတာမျိုး ဖြစ်နိုင်တယ်လို့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) ကျန်းမာရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဖရီဒါ အလ် ဟိုစနီက ပြောပါတယ်။

    လူထုအခြေပြု အကူအညီပေးရေးအဖွဲ့ MBAF နဲ့ ယူအေအီး ပြည်သူ့ကျန်းမာရေးစင်တာ (ADPHC) တို့ရဲ့ မနေ့က အလွန်လိုင်းဆွေးနွေးပွဲတစ်ခုမှာ ဖရီဒါက အခုလို ပြောလိုက်တာပါ။

    ကိုဗစ်ရောဂါ စတင်ပြန့်နှံ့ကတည်းက ဗိုင်းရပ်စ်ပုံပြောင်းမှု အကြိမ်ရေထောင်ချီ ဖြစ်ခဲ့ပြီး လက်ရှိ ယူ​ကေ၊ တောင်အာဖရိကနဲ့ အခြားနိုင်ငံတစ်ချို့မှာ ကူးစက်မှု ၇၀ ရာခိုင်နှုန်း ပိုမြန်တဲ့ ပုံပြောင်းကိုဗစ်တစ်မျိုး ပြန့်နှံ့နေပါတယ်။

    ဖရီဒါက ဒီလိုပုံပြောင်းမှုတွေ ဆက်ဖြစ်နေရင် ကာကွယ်ဆေးကို တစ်နှစ်တစ်ကြိမ်လောက် ထိုးရတာမျိုး ဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိ ယူအေအီးမှာ အသက် ၁၆ နှစ်​အရွယ် လူငယ်တွေကို ထိုးပေးနိုင်မယ့် ကာကွယ်ဆေး အနည်းဆုံး ၃ မျိုးလောက်ကို စမ်းသပ်နေတယ်လို့ သူမက ဆိုပါတယ်။

    ကိုဗစ်ကူးစက်သူ ၄၀ ကနေ ၅၀ ရာခိုင်နှုန်းလောက် ရောဂါလက္ခဏာ မပြတာကို သူမက ထောက်ပြခဲ့ပါတယ်။

    “ဒါ့ကြောင့် လူကြီးတွေကို ဦးစားပေးထိုးပေးဖို့ ကျွန်မတို့ အဓိက လုပ်နေတယ်။ လူကြီးတွေ၊​ တစ်ခြားရောဂါရှိတဲ့သူတွေမှာ ကိုဗစ်ကူးစက်တာကို ကြိုသိလေလေ၊ ဗိုင်းရပ်စ်ကို ထိန်းချုပ်ဖို့ အခွင့်အရေး များလေလေပါပဲ”

    ယူအေအီးဟာ တရုတ်ထုတ် Sinopharm၊ အမေရိကန်ထုတ် Pfizer နဲ့ ရုရှားထုတ် Sputnik ကိုဗစ်ကာကွယ်ဆေးတွေကို အသုံးပြုခွင့်ပြုထားပြီး ၂၀၂၁ ခုနှစ် ပထမ ၃ လအတွင်း နိုင်ငံလူဦးရေရဲ့ ထက်ဝက်လောက်ကို ထိုးပေးနိုင်ဖို့ စီစဉ်ထားပါတယ်။

    Ref: Khaleej Times

  • စိန့်ဖရန်စစ်ဇာတိမြို့မှ ပြည်သူများကို ယူအေအီးက အဝတ်အထည်နှင့် ငွေကြေးလှူဒါန်း

    စိန့်ဖရန်စစ်ဇာတိမြို့မှ ပြည်သူများကို ယူအေအီးက အဝတ်အထည်နှင့် ငွေကြေးလှူဒါန်း

    ဒီဇင်ဘာ ၁၈၊ ၂၀၂၀
    M-Media

    -အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံဟာ အီတလီနိုင်ငံ အက်စီစီမြို့မှာ ကိုဗစ်ကပ်ရောဂါဒဏ် ခံနေရတဲ့ ပြည်သူတွေအတွက် အဝတ်အထည်တွေနဲ့ ငွေကြေးတွေ အခုတစ်ပတ်မှာ လှူဒါန်းခဲ့ပါတယ်။

    ခရစ်ယာန် ကက်သလစ် ကူညီကယ်ဆယ်ရေးအဖွဲ့ Caritas နဲ့ ပူးပေါင်းကာ ယူအေအီးက ဒီလိုလှူဒါန်းခဲ့တာပါ။ အက်စီစီမြို့တော်ခန်းမမှာလုပ်တဲ့ လှူဒါန်းပွဲအခမ်းအနားကို အီတလီဆိုင်ရာ ယူအေအီး ဒုတိယသံအမတ် အဟ်မဒ် အလ်-မူလာ တက်ရောက်ခဲ့ပါတယ်။

    အက်စီစီမြို့ဟာ ခရစ်ယာန်ကက်သလစ်ဘာသာရဲ့ သူတော်စဉ် စိန့်ဖရန်စစ် ဖွားမြင်​ရာဒေသ ဖြစ်ပါတယ်။

    မြို့တော်ဝန် စတီဖာနီယာ ပရိုအီတီက ဒီလှူဒါန်းမှုဟာ အက်စီစီမြို့နဲ့ ယူအေအီးနိုင်ငံတို့အကြား နှစ်များစွာ တည်ရှိခဲ့တဲ့ ခိုင်မာတဲ့ မိတ်ဖက်ဖြစ်မှုကို ပိုမိုအားကောင်းစေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဂျာကင်အပါအဝင် အင်္ကျီအဝတ်အစား အထည် ၆၀၀၊ စောင် အထည် ၁၀၀၊ ဦးထုပ် အလုံး ၂၀၀ နဲ့ ကလေးလက်အိတ် အစုံ ၁၀၀ ယူအေအီးက လှူဒါန်ခဲ့ပြီး၊ ငွေကြေးလည်း ထောက်ပံ့ပေးခဲ့ပါတယ်။

    “အက်စီစီပြည်သူတွေ အထူးသဖြင့် အကူအညီ အလိုအပ်ဆုံးသူတွေကို သံရုံးကနေတစ်ဆင့် လှူဒါန်းကာ စည်းလုံးမှုကို ပြသခဲ့တဲ့ ယူအေအီးကို ကျေးဇူးတင်လို့ မဆုံးပါဘူး။ ကျွန်တော်တို့ရဲ့ နှလုံးသားကို နွေးထွေစေပါတယ်”

    အီတလီဆိုင်ရာ ယူအေအီးသံအမတ် အိုမာရ် အိုဘိုက် အလ်-ရှမ်ဆီ ဇွန်လတုန်းကလည်း အက်စီစီက​ ပြည်သူတွေအတွက် အခြေခံအသုံးအဆောင်တွေ၊ အစားအသောက်တွေ လှူဒါန်းခဲ့သလို၊ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတုန်းက အတိဒုက္ခရောက်နေတဲ့ မိသားစု ၅၀၀ ကို ထောက်ပံ့ပေးခဲ့ပါတယ်။

    Ref: Arab News

  • အစ္စရေးဘောလုံးကလပ်အသင်းတစ်ခုကို ယူအေအီးက တရားဝင်ဝယ်ယူ

    အစ္စရေးဘောလုံးကလပ်အသင်းတစ်ခုကို ယူအေအီးက တရားဝင်ဝယ်ယူ

    ဒီဇင်ဘာ ၈၊ ၂၀၂၀
    M-Media

    -အာရပ်တွေအပေါ် လူမျိုးရေးခွဲခြားစော်ကားတဲ့ ပရိတ်သတ်တွေကြောင့် နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အစ္စရေးဘောလုံးကလပ်အသင်း Beitar Jerusalem ရဲ့ ရှယ်ယာ ၅၀ ရာခိုင်နှုန်းကို အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) က မနေ့မှာ တရားဝင် ၀ယ်ယူလိုက်ပါတယ်။

    အောက်တိုဘာလက သံတမန်ဆက်ဆံရေးတည်ဆောက်အပြီး အစ္စရေးနဲ့ ယူအေအီးတို့အကြား စီးပွားရေးသဘောတူညီချက် အမြောက်အများ ရရှိခဲ့ပြီးတဲ့နောက် ဒီလို ဘောလုံးအသင်းဝယ်ယူမှု ပေါ်ပေါက်လာတာပါ။

    Beitar Jerusalem ဆိုတဲ့ ဘောလုံးအသင်းဖြစ်ပြီး ယူအေအီး အုပ်စိုးသူ မိသားစုဝင်တစ်ဦးဖြစ်တဲ့ ရှိခ် ဟာမဒ် ဘင် ခလီဖာ အလ် နဟ်ယန်က ဝယ်လိုက်တာပါ။

    “အစ္စရေးရဲ့ မြို့တော်ဖြစ်ပြီး ကမ္ဘာပေါ်က မြင့်မြတ်ရာမြို့တွေထဲကတစ်ခုဖြစ်တဲ့ ဂျေရုစလင်အ​ခြေစိုက် ဂုဏ်သိက္ခာကြီးမားတဲ့ ကလပ်အသင်းတစ်ခုနဲ့ ဒီလို မိတ်ဖတ်ဖြစ်ရတဲ့အတွက် စိတ်လှုပ်ရှားမိပါတယ်” လို့ ဟာမဒ် ဘင် ခလီဖာရဲ့ ပြောကြားမှုကို မနေ့က ထုတ်ပြန်တဲ့ ဘောလုံးအသင်းရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    Beitar Jerusalem ဘောလုံးအသင်း အစ္စရေးက လက်ယာစွန်းရောက်နိုင်ငံရေး အမာခံအဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ La Familia လို့အမည်ပေးထားတဲ့ အသင်းပရိတ်သတ်အဖွဲ့ကလည်း အာရပ်တွေအပေါ် လူမျိုးရေး ခွဲခြားစော်ကားမှုအတွက် အမည်ဆိုးနဲ့ ကျော်ကြားပါတယ်။

    ရှိခ်ဟာမဒ် ဘင် အလ် ခါလီဖာဟာ လာမယ့် ၁၀ နှစ်အတွင်း ဒီဘောလုံးအသင်းမှာ ကန်ဒေါ်လာ ၉၂.၁၈ သန်း ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပါတယ်။

    Beitar Jerusalem ဘောလုံးအသင်းက သူတို့ရဲ့ ဘုတ်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းမှာဖြစ်ပြီး ဟာမဒ် ဘင် အလ်ခါလီဖာရဲ့သားဖြစ်သူ ပါဝင်လာလိမ့်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    Ref : Reuters

  • အစ္စရေးမှ အာရပ်မုန်းတီးရေး ဘောလုံးအသင်းကို ယူအေအီးက ဝယ်မည်

    အစ္စရေးမှ အာရပ်မုန်းတီးရေး ဘောလုံးအသင်းကို ယူအေအီးက ဝယ်မည်

    ဒီဇင်ဘာ ၄၊ ၂၀၂၀
    M-Media

    -အာရပ်လူမျိုးတွေအပေါ် လူမျိုးရေး စော်ကားတိုက်ခိုက်တဲ့ ပရိတ်သတ်တွေကြောင့် နာမည်ဆိုးနဲပကျော်ကြားတဲ့ အစ္စရေးဘောလုံးအသင်း Beitar Jerusalem ကို အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) က ဝယ်ယူဖို့ ပြင်ဆင်နေတယ်လို့ သတင်းထွက်လာပါတယ်။

    အသင်းပိုင်ရှင် မိုရှေး ဟိုဂက်နဲ့ အသင်းက ထိပ်တန်းပုဂ္ဂိုလ်တစ်ချို့ဟာ မနေ့က ယူအေအီးနိုင်ငံ ဒူဘိုင်းမျိုးကို သွားရောက်ပြီး ဆွေးနွေးခဲ့ပါတယ်။ ယူကရိန်းမှာမွေးပြီး ယူအေအီးမှာ အခြေစိုက်တဲ့ အစ္စရေး စီးပွားရေးလုပ်ငန်းရှင် နအွန်ကိုအင်က ဒီကိစ္စမှာ ကြားဝင် ညှိနှိုင်းပေးနေတာပါ။

    ယူအေအီးအုပ်ချုပ်သူ မိသားစုထဲက တစ်ဦးဖြစ်တဲ့ ဟာမဒ် ဘင် ခါလီဖာ အလ်နဟ်ယန်ဟာ ဒေါ်လာ သန်း ၁၀၀ နဲ့ Beitar Jerusalem အသင်းရဲ့ ရှယ်ယာ ၅၀ ရာခိုင်နှုန်းနီးပါးကို ဝယ်ယူမှာ ဖြစ်ပါတယ်။ ယူအေအီးနဲ့ အစ္စရေးတို့ ပုံမှန် ဆက်ဆံရေးမတည်ဆောက်ခင် စက်တင်ဘာလကတည်းက ဒီသတင်း ထွက်နေခဲ့တာပါ။

    အသင်းပိုင်ရှင် ဟိုဂတ်က ဟာမဒ် ဘင် ခါလီဖာရဲ့ အခုလို ၀ယ်ယူမှုဟာ ရေရှည်မှာ အသင်းအတွက် ကောင်းမွန်မှာဖြစ်ပြီး အပြီးသတ်လက်မှတ်ရေးထိုးမှုကို အခုနှစ်နှောင်းပိုင်းမှာ ပြုလုပ်နိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    Beitar Jerusalem ဘောလုံးအသင်းဟာ အစ္စရေးပရီးမီးယားလိဂ်မှာ ပါလက်စတိုင်းနွယ်ဖွားတွေ မပါဝင်တဲ့ တစ်ခုတည်းသော ဘောလုံးအသင်း ဖြစ်ပါတယ်။ အသင်းရဲ့ ပရိတ်သတ်တွေက ‘အာရပ်တွေကိုသတ်ပစ်’ စတဲ့ လူမျိုးရေးခွဲခြားတဲ့ ကျွေးကြော်မှုတွေ ကွင်းအတွင်းပြုလုပ်လေ့ရှိပြီး အသင်းဟာ အကြိမ်ကြိမ် အရေးယူခံခဲ့ရပါတယ်။

    အသင်းရဲ့ အမာခံ ပရိတ်သတ်အဖွဲ့ La Familia ဟာ ပြိုင်ဘက်အသင်းကစားသမားတွေအပေါ် လူမျိုးရေးတိုက်ခိုက်တာ၊ တမန်တော်မိုဟာမက်ကို စော်ကားတဲ့ သီချင်းတွေ သီဆိုလွှင့်တင်တာမျိုးတွေလည်း ရှိပါတယ်။ ၂၀၁၃ ခုနှစ်တုန်းက ရုရှားမွတ်စလင် ကစားသမားနှစ်ဦးကို ခေါ်ယူဖို့ အသင်းက ကြိုးစားတာကြောင့် အသင်းရဲ့ ရုံးခန်းတစ်ချို့ကို ပရိတ်သတ်တွေက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

    Beitar Jerusalem ဘောလုံးအသင်းဟာ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုရဲ့ အာဏာရ လူကစ်ပါတီနဲ့ အနီးကပ်မဟာမိတ်လည်း ဖြစ်ပါတယ်။

    Ref : Middle East Eye

  • သဲကန္တာရကအာရပ်တွေ သောက်သုံးရေကို ဘယ်လိုဖန်တီးယူကြသလဲ (မြန်မာစာတမ်းထိုး)

    သဲကန္တာရကအာရပ်တွေ သောက်သုံးရေကို ဘယ်လိုဖန်တီးယူကြသလဲ (မြန်မာစာတမ်းထိုး)

    နိုဝင်ဘာ ၂၃၊​၂၀၂၀

    M-Media

    သဲကန္တာရကအာရပ်တွေ သောက်သုံးရေကို ဘယ်လိုဖန်တီးယူကြသလဲ (မြန်မာစာတမ်းထိုး)

    Video Source – Nas Daily