News @ M-Media

Tag: Ukraine crisis

  • ခွဲထွက်ရေးသမားများအား ပစ်မှတ်ထားသည့် စစ်ဆင်ရေး ယူကရိန်းစတင်၊ ခွဲထွက်ရေးသမား ၅ ဦးသေဆုံးခဲ့ပြီဟု အစိုးရက သတင်းထုတ်ပြန်ခဲ့

    ဧပြီ ၂၄၊ ၂၀၁၄
    M-Media

    – မတည်မငြိမ်ဖြစ်နေသည့် နိုင်ငံအရှေ့ပိုင်း ဒေသများတွင် ယူကရိန်းအစိုးရက ထိုးစစ်ဆင်မှုများ စတင်ပြုလုပ်နေပြီး ခွဲထွက်ရေးသမားများဘက်မှ သေဆုံးမှုများလည်း ရှိသည်ဟု သိရသည်။

    2014424104551665734_20

    ခွဲထွက်ရေးသမားများ၏ အဓိကစခန်းဖြစ်သည့် Slovyansk မြို့အား ယူကရိန်းစစ်တပ်မှ ယနေ့တွင် ၀င်ရောက်ခဲ့ပြီး မြို့အ၀င် စစ်ဆေးရေးဂိတ်ကို သိမ်းပိုက်နိုင်ခဲ့ကာ ခွဲထွက်ရေးသမား ၅ ဦးကို သုတ်သင်နိုင်ခဲ့သည်ဟု ယူကရိန်း ပြည်ထဲရေး ၀န်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

    ရုရှားကမူ ယူကရိန်း၏ ထိုလုပ်ရပ်အား ရာဇ၀တ်မှုကျူးလွန်ခြင်းဖြစ်သည်ဟု ပြောဆိုလိုက်ပြီး ယူကရိန်းနယ်စပ်ရှိ ရုရှားစစ်တပ်များကိုလည်း တပ်လှန့်ကာ စစ်ရေးလေ့ကျင့်မှုများလည်း စတင်လုပ်ဆောင်နေသည်။ ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂျီ ရှိုအီဂူကမူ ယူကရိန်းအနေဖြင့် စစ်ရေးဆောင်ရွက်မှုများအား မရပ်တန့်ပါက သေဆုံး၊ ဒဏ်ရာရမှု အရေအတွက်မှာ ပိုမိုများပြားသွားမည်ဟု သတိပေးခဲ့သည်။

    ယူကရိန်း သမ္မတ တာချီနော့ဗ်ကမူ ယူကရိန်းနယ်စပ်အနီးရှိ ရုရှားတပ်များ ရုပ်သိမ်းပေးရန် တောင်းဆိုလိုက်ပြီး မိမိတို့နိုင်ငံ၏ ပြည်တွင်းရေး ပြဿနာကို ၀င်ရောက်စွက်ဖက်မှုနှင့် သွေးထိုးပေးမှုများအား ရပ်တန့်ရန်လည်း ပြောကြားခဲ့သည်။ ဥရောပအရှေ့ပိုင်း ပိုလန်နိုင်ငံရှိ နေတိုးစစ်တပ်ကလည်း စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိနေသည်။

    live.aljazeera

  • ယူကရိန်းခွဲထွက်ရေးသမားများ နောက်ဆုံးသတင်း (ဧပြီ ၂၃)

    ယူကရိန်းခွဲထွက်ရေးသမားများ နောက်ဆုံးသတင်း (ဧပြီ ၂၃)

    ဧပြီ ၂၃၊ ၂၀၁၄
    M-Media

    – အီစတာပွဲတော်အတွင်း အပစ်အခတ်ရပ်ထားသည့် ယူကရိန်းစစ်တပ်မှာ နိုင်ငံအရှေ့ပိုင်းရှိ ခွဲထွက်ရေးသမားများအား အင်အား အသုံးပြုကာ ပြန်လည်နှိမ်နင်း သွားမည်ဟု ကြေညာခဲ့သည်။

    ယူကရိန်းအရှေ့ပိုင်းရှိ ရုရှားလိုလားသူ ခွဲထွက်ရေးသမားများအား ယူကရိန်းအစိုးရက စော်ကားမှုတွင် အမေရိကန်က လက်ကမ်းထားကြောင်း၊ ရုရှားနိုင်ငံအား ဦးတည်သည့် တိုက်ခိုက်မှုတွင် ရုရှားနိုင်ငံသားများမှာ တိုက်ခိုက်မှုများကို ခံနေရကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့က Russia Today နှင့် ယနေ့အင်တာဗျူးတွင် ပြောကြားခဲ့သည်

    အမေရိကန်ကလည်း ဥရောပအရှေ့ပိုင်းတွင် ၎င်း၏တပ်များ တိုးမြှင့်ချထားရန် ဆောင်ရွက်နေပြီး အီတလီရှိ အမေရိကန်စစ်စခန်းမှ စစ်သား ၁၅၀ခန့်မှာ ယနေ့တွင် ပိုလန်၌ စတင် စစ်ရေးလေ့ကျင့်ခဲ့ကြသည်။
    live.aljazeera

  • ခြိမ်းခြောက်မှုခံနေရသည့် ယူကရိန်းဘက်တွင် အမေရိကန် ရှိနေသည်ဟု ဘိုင်ဒန်ဆို

    ဧပြီ ၂၂၊ ၂၀၁၄
    M-Media

    – ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရသည့် ယူကရိန်းနိုင်ငံဘက်မှ မိမိတို့ ရပ်တည်ထောက်ခံပေးမည်ဟု ကိဗ်မြို့သို့ ရောက်ရှိနေသည့် အမေရိကန် ဒုတိယသမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားလိုက်သည်။

    2014422111235795734_20

    ယမန်နေ့က ကိဗ်မြို့သို့ ရောက်ရှိလာခဲ့သည့် ဂျိုးဘိုင်ဒန်မှာ ယနေ့တွင် ပါတီများမှ ခေါင်းဆောင်များနှင့် ယူကရိန်းပါလီမန်တွင် တွေ့ဆုံခဲ့ပြီး အပြောင်းအလဲများလုပ်ဆောင်ရန်အတွက် သမိုင်းဝင်အခွင့်အရေးနှင့် ကြုံတွေ့နေရသော ယူကရိန်းနိုင်ငံအား ထောက်ခံအားပေးရန် သတင်းစကား ယူဆောင်လာသည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် အစိုးရသစ်တည်ဆောက်ရာတွင် ချစားမှုများကို အမြစ်ပြတ်ရှင်းလင်းရန်လည်း တိုက်တွန်းခဲ့ပြီး၊ ယူကရိန်းနိုင်ငံအား ရုရှား၏ စွမ်းအင်ထောက်ပံ့မှုမှ လွတ်ကင်းရန် အမေရိကန်က ကူညီချင်သည်ဟု ပြောကြားခဲ့သည်။

    ဘိုင်ဒန်မှာ စောစောပိုင်းက ယူကရိန်းသမ္မတ တာချီနော့ဗ်နှင့်တွေ့ဆုံခဲ့ပြီး နောက်ပိုင်းတွင် ၀န်ကြီးချုပ် ယက်ဆန်ယွတ်နှင့်တွေ့ဆုံရန်စီစဉ်ထားသည်။

    “ခင်ဗျားတို့ဟာ ချောက်လှန့်နေတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး၊ ရှက်ရွံ့ဖွယ် ခြိမ်းခြောက်မှုတွေကိုခံနေရတယ်လို့ ပြောလို့ရပါတယ်။ ပြည်ထောင်စု ယူကရိန်းနိုင်ငံ ဖြစ်လာဖို့ အခွင့်အရေးဟာ ခင်ဗျားတို့ရဲ့ လက်အတွင်းမှာပါ။ ကျွန်တော်တို့က ဒီဖြစ်စဉ်မှာ ခင်ဗျားတို့ရဲ့ မိတ်ဆွေ၊ သူငယ်ခြင်းအဖြစ် ပါဝင်ချင်ပါတယ်။ ကျွန်တော်တို့ ကူညီဖို့ အသင့်ပါပဲ” ဟု ဘိုင်ဒန်က ဆိုသည်။

    ယူကရိန်းတွင်ဖြစ်ပွားနေသည့် မတည်ငြိမ်မှုများကို ပြေလည်စေရန် ယူကရိန်း၊ ရုရှား၊ အမေရိကန်နှင့် အီးယူတို့က သဘောတူညီချက်တစ်ရပ် ရခဲ့ပြီး ရက်နည်းငယ်အကြာတွင် ဂျိုးဘိုင်ဒန်က ယူကရိန်းသို့ ယခုကဲ့သို့ လာရောက်ခြင်းဖြစ်သည်။ ထိုသဘောတူညီချက်တွင် ယူကရိန်းအရှေ့ပိုင်းရှိ ခွဲထွက်ရေးသမားများ လက်နက်ချကာ သိမ်းပိုက်ထားသည့် အဆောက်အဦးများအား ဖယ်ပေးရမည်ဟု ပါရှိသော်လည်း ခွဲထွက်ရေးသမားများက လက်မခံဘဲ၊ အဆောက်အဦးများကို ဆက်လက်သိမ်းပိုက်လျက်ရှိနေသည်။

    Agencies

  • ခွဲထွက်ရေးသမားများ ယူကရိန်းအရှေ့ပိုင်းတွင် အဆောက်အအုံများ ဆက်လက်သိမ်းပိုက်၊ နိုင်ငံတကာ သတင်းသမား ၃ ဦးအားဖမ်းဆီးထား

    ဧပြီ ၂၂၊ ၂၀၁၄
    M-Media

    939df29b-f81a-4cfc-b76a-b118011a5391

    –  မတည်မငြိမ်ဖြစ်နေသည့် ယူကရိန်းနိုင်ငံအရှေ့ပိုင်းတွင် ခွဲထွက်ရေးသမားများမှာ အဆောက်အဦးများကို ဆက်လက်သိမ်းပိုက်လျက်ရှိနေပြီး နိုင်ငံခြား ဂျာနယ်လစ် ၃ ဦးကိုလည်း ယနေ့တွင် ဖမ်းဆီးလိုက်သည်ဟု သိရသည်။

    ဘီလာရုစ်မှ ဂျာနယ်လစ်တစ်ဦးနှင့် အီတလီဂျာနယ်လစ် ၂ ဦးတို့မှာ ခွဲထွက်ရေးသမားများက ထိန်းချုပ်ထားသည့်  Slovyansk မြို့တွင် သတင်းယူနေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ယမန်နေ့ ညပိုင်းကလည်း Slaviansk မြို့တွင် ယူကရိန်း ဂျာနယ်လစ် အမျိုးသမီးတစ်ဦးအား ခွဲထွက်ရေးသမားများက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး သူမမှာ မြို့တော်ကိဗ်တွင်ဖြစ်ပွားခဲ့သော ဆန္ဒပြမှုများအတွင်း စစ်ရာဇ၀တ်မှုကို ကျူးလွန်ခဲ့သည်ဟု ၎င်းတို့က စွပ်စွဲခဲ့သည်။

    ယူကရိန်းအရှေ့ပိုင်းဒေသများတွင် အစိုးရ အဆောက်အဦးများအား သိမ်းပိုက်နေသည့် လက်နက်ကိုင် မျက်နှာဖုံးစွပ် စစ်သားများမှာ ရုရှားစစ်သားနှင့် ထောက်လှမ်းရေး တပ်များမှ ဖြစ်သည်ဟု ဓာတ်ပုံများအရ သိရကြောင်း New York Times သတင်းစာက ယနေ့တွင်ဖော်ပြခဲ့သည်။

    အမေရိကန် ဒုတိယသမ္မတ ဂျိုးဘိုင်ဒန်မှာ ယူကရိန်းအတွင်း မတည်ငြိမ်မှုများနှင့် ပတ်သက်၍ ဆွေးနွေးရန် ယူကရိန်းနိုင်ငံသို့နှစ်ရက်ကြာ ခရီးစဉ်အဖြစ် ယနေ့တွင်ရောက်ရှိခဲ့သည်။
    live.aljazeera

    Photo- Reuters

  • ယူကရိန်း ခွဲထွက်ရေးသမားများ Donetsk ဒေသတွင် မေလ ၁၁ တွင် ဆန္ဒခံယူပွဲ လုပ်မည်ဟု ကြေညာ

    ဧပြီ ၂၀ ၊ ၂၀၁၄
    M-Media
    0
    – မတည်မငြိမ်ဖြစ်နေသည့် ယူကရိန်း နိုင်ငံအရှေ့ပိုင်း ခွဲထွက်ရေးသမားများ စောင့်ကြပ်ရာ စစ်ဆေးရေး ဂိတ်တစ်ခုတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူ ၃ ဦးသေဆုံးခဲ့သည်ဟု ယူကရိန်းပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့သည်။

    ခွဲထွက်ရေးသမားများက လွတ်လပ်သော သမ္မတနိုင်ငံအဖြစ် ကြေညာထားသည့် Donetsk ဒေသ Bylbasivka ရွာသို့သွားရာ ကားလမ်းရှိ စစ်ဆေးရေးဂိတ်သို့ ယနေ့နံနက် ၂ နာရီ ၂၀ ခန့်က ကားလေးစီးရောက်လာကာ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မည်သူ၏ လက်ချက်ဖြစ်သည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ပြည်ထဲရေးမှ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

    ထိုပစ်ခတ်မှုအတွက် ရုရှားနှင့် ယူကရိန်းတို့မှာ အပြန်အလှန် အပြစ်တင်နေကြပြီး၊ ခွဲထွက်ရေး သမားများကမူ Slavyansk မြို့တွင် ကာဖျူးအမိန့် ထုတ်ပြန်ထားသည်။ ခွဲထွက်ရေးသမားများက ခန့်အပ်ထားသည့် Slovyansk မြို့၏ အုပ်ချုပ်ရေးမှူး ပိုနိုမာယော့ဗ်က ရုရှားအနေဖြင့် ထိုဒေသသို့ စစ်တပ်များ ပို့မပေးနိုင်ပါက လက်နက်နှင့် အစားအသောက်များ ပို့ပေးရန် တောင်းဆိုခဲ့ပြီး Donetsk ဒေသ အခြေအနေအတွက် ပြည်သူ့ဆန္ဒခံယူပွဲကို မေလ ၁၁ ရက်နေ့တွင် ပြုလုပ်သွားမည်ဟု ကြေညာခဲ့သည်။

    Aljazeera