News @ M-Media

ခွဲထွက်ရေးသမားများအား ပစ်မှတ်ထားသည့် စစ်ဆင်ရေး ယူကရိန်းစတင်၊ ခွဲထွက်ရေးသမား ၅ ဦးသေဆုံးခဲ့ပြီဟု အစိုးရက သတင်းထုတ်ပြန်ခဲ့

ဧပြီ ၂၄၊ ၂၀၁၄
M-Media

– မတည်မငြိမ်ဖြစ်နေသည့် နိုင်ငံအရှေ့ပိုင်း ဒေသများတွင် ယူကရိန်းအစိုးရက ထိုးစစ်ဆင်မှုများ စတင်ပြုလုပ်နေပြီး ခွဲထွက်ရေးသမားများဘက်မှ သေဆုံးမှုများလည်း ရှိသည်ဟု သိရသည်။

2014424104551665734_20

ခွဲထွက်ရေးသမားများ၏ အဓိကစခန်းဖြစ်သည့် Slovyansk မြို့အား ယူကရိန်းစစ်တပ်မှ ယနေ့တွင် ၀င်ရောက်ခဲ့ပြီး မြို့အ၀င် စစ်ဆေးရေးဂိတ်ကို သိမ်းပိုက်နိုင်ခဲ့ကာ ခွဲထွက်ရေးသမား ၅ ဦးကို သုတ်သင်နိုင်ခဲ့သည်ဟု ယူကရိန်း ပြည်ထဲရေး ၀န်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

ရုရှားကမူ ယူကရိန်း၏ ထိုလုပ်ရပ်အား ရာဇ၀တ်မှုကျူးလွန်ခြင်းဖြစ်သည်ဟု ပြောဆိုလိုက်ပြီး ယူကရိန်းနယ်စပ်ရှိ ရုရှားစစ်တပ်များကိုလည်း တပ်လှန့်ကာ စစ်ရေးလေ့ကျင့်မှုများလည်း စတင်လုပ်ဆောင်နေသည်။ ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂျီ ရှိုအီဂူကမူ ယူကရိန်းအနေဖြင့် စစ်ရေးဆောင်ရွက်မှုများအား မရပ်တန့်ပါက သေဆုံး၊ ဒဏ်ရာရမှု အရေအတွက်မှာ ပိုမိုများပြားသွားမည်ဟု သတိပေးခဲ့သည်။

ယူကရိန်း သမ္မတ တာချီနော့ဗ်ကမူ ယူကရိန်းနယ်စပ်အနီးရှိ ရုရှားတပ်များ ရုပ်သိမ်းပေးရန် တောင်းဆိုလိုက်ပြီး မိမိတို့နိုင်ငံ၏ ပြည်တွင်းရေး ပြဿနာကို ၀င်ရောက်စွက်ဖက်မှုနှင့် သွေးထိုးပေးမှုများအား ရပ်တန့်ရန်လည်း ပြောကြားခဲ့သည်။ ဥရောပအရှေ့ပိုင်း ပိုလန်နိုင်ငံရှိ နေတိုးစစ်တပ်ကလည်း စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိနေသည်။

live.aljazeera

Comments

Leave a Reply