News @ M-Media

Tag: Ukraine

  • ယူကရိန်း အရှေ့ပိုင်းမှ ပုန်ကန်သူများကို အစိုးရတပ်များ စစ်ဆေးရေးလုပ် တိုက်ခိုက်

    ဧပြီ ၁၄၊ ၂၀၁၄
    M-Media

    – ယူကရိန်းနိုင်ငံ အရှေ့ပိုင်း Horlivka မြို့ရှိ ရဲဌာနများအား စစ်ဝတ်စုံကဲ့သို့ ၀တ်ဆင်ထားသော ရုရှား လိုလားသူ လက်နက်ကိုင် ၁၀၀ ခန့်က ယနေ့တွင် တိုက်ခိုက်ခဲ့ကြသည်ဟု Rerters သတင်းဌာနက ဖော်ပြခဲ့သည်။

    An armed man stands next to a barricade in front of the police headquarters in Slaviansk

    ယူကရိန်း အစိုးရကလည်း အကြမ်းဖက် တိုက်ဖျက်မှု စစ်ဆင်ရေးများကို ဆောင်ရွက်ရန် လုပ်ဆောင်နေပြီး ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်နှင့် တယ်လီဖုန်းပြောဆိုမှုတွင် ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်များနှင့် ပူးပေါင်းကာ တိုက်ခိုက်မည်ဟု ပြောဆိုခဲ့ကြောင်း သတင်းထွက်ပေါ်လာမှုအား ယူကရိန်း သမ္မတ တာချီနော့ဗ်က ငြင်းဆိုလိုက်သည်။

    ထို့ပြင် နိုင်ငံအရှေ့ပိုင်းရှိ အဆောက်အဦးများကို သိမ်းပိုက်မှု ထောင်ပေါင်းများစွာသော ယူကရိန်းပြည်သူများ၏ အသက်များကို ခြိမ်းခြောက်နေသော လှုပ်ရှားမှုများတွင် ရုရှား၏ အထူးတပ်ဖွဲ့ဝင်များ ပါဝင်ဆောင်ရွက်နေသည်ဟု တာချီနော့ဗ်၏ ရုံးခန်းမှ ထုတ်ပြန်သောကြေညာချက်တွင် ဖော်ပြထားသည်။

    “အကြမ်းဖက်ဝါဒနဲ့ လက်နက်ကိုင် ရာဇ၀တ်မှုကျူးလွန်မှုတွေကနေ ကာကွယ်ဖို့ ယူကရိန်းနိုင်ငံသားတွေက အစိုးရကို တောင်းဆိုခဲ့ကြပါတယ်။ ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေကို ခြိမ်းခြောက်နေပြီး နိုင်ငံအစိတ်စိတ် အမွှာမွှာဖြစ်အောင် လုပ်ဖို့ ကြိုးစားနေတဲ့ လက်နက်ကိုင် အကြမ်းဖက်သမားတွေနဲ့ ကျွန်တော်တို့ နိုင်ငံသားတွေကို အတူ မထားခဲ့နိုင်ပါဘူး” ဟု အဆိုပါ ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

    Aljazeera

  • ရဲစခန်း စီးနင်းထားသော ရုရှား လိုလားသူများနှင့် ယူကရိန်း တပ်ဖွဲ့ဝင်များ အပြန်အလှန် ပစ်ခတ်မှုဖြစ်

    ဧပြီ ၁၃၊ ၂၀၁၄
    M-Media
    Ukraine crisis  Another police building seized in east
    – နိုင်ငံအရှေ့ပိုင်းရှိ မြို့များတွင် အစိုးရအဆောက်အဦးများအား သိမ်းပိုက်ထားသည့် ရုရှားလိုလားသူများကို ယူကရိန်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် စတင်နှိမ်နင်းခဲ့သည်ဟု သိရသည်။

    Slovyansk မြို့ရှိ ရုရှားလိုလားသူများသိမ်းပိုက်ထားသော ရဲဌာနချုပ်အဆောက်အအုံကို ပစ်မှတ်ထားကာ နှိင်နင်း ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကာ ယူကရိန်းလုံခြုံရေးတပ်ဖွဲ့နှင့် ရုရှားလိုလားသူများဘက်မှ တစ်ဦးစီ သေဆုံးခဲ့ပြီး ယူကရိန်းလုံခြုံရေးတပ်ဖွဲ့မှ ၅ ဦးဒဏ်ရာရခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုန်ပြန်ခဲ့သည်။

    ထိုဒေသတွင် နေထိုင်သူများကိုလည်း အိမ်အတွင်း၌သာနေထိုင်ရန် ညွှန်ကြားထားပြီး၊ မြို့အပြင်ဘက်ရှိ ရုရှားလိုလားသူများ သိမ်းပိုက်ထားသော ရဲတပ်ဖွဲ့အဆောက်အဦးပေါ်တွင်လည်း စစ်ဘက် ရဟတ်ယာဉ် ၂ စီး ပျံဝဲက အခြေအနေကို စောင့်ကြည့်လျက်ရှိသည်ဟု Reuters သတင်းဌာနက ဖော်ပြခဲ့သည်။

  • ယူကရိန်းအရှေ့ပိုင်း နောက်ထပ် မြို့ငယ်တစ်မြို့ရှိ ရဲစခန်းအား ရုရှား လိုလားသူများက စီးနင်းပြန်

    ဧပြီ ၁၂၊ ၂၀၁၄
    M-Media

    – မတည်ငြိမ်မှုများဖြစ်ပေါ်နေသည့် ယူကရိန်းနိုင်ငံ အရှေ့ပိုင်းရှိ မြို့ငယ်တစ်မြို့တွင် ရုရှားလိုလားသူ လက်နက်ကိုင်များက ရဲစခန်းတစ်ခုအား စီးနင်းခဲ့ပြီး၊ ယူကရိန်း အစိုးရကလည်း ၎င်းတို့ကို နှိမ်နင်းရန် အထူးတပ်ဖွဲ့ဝင်များကို စေလွှတ်ထားသည်ဟု သိရသည်။

    2014412112114357734_20

    အစိုးရအဆောက်အဦးများအား သိမ်းပိုက်ကာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်တောင်းနေသည့် Donetsh မြို့၏ တောက်ဘက် ကီလိုမီတာ ၉၀ အကွာတွင်ရှိသည့် Slovyansk မြို့တွင် အမည်မသိ လက်နက်ကိုင် ၁၅ ဦးခန့်မှာ ပုံဖျက်ထားသော အ၀တ်အစားများ၊ ခေါင်းစွပ်များ ၀တ်ဆင်ကာ ထိုမြို့ရှိ ရဲစခန်းအား သိမ်းပိုက်ထားခြင်းဖြစ်သည်ဟု ယူကရိန်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

    ထိုလက်နက်ကိုင်များအား တုံ့ပြန်မှုမှာ အလွန်ကြမ်းမည်ဟူ၍လည်း ပြည်ထဲရေးဝန်ကြီး အာဆန် အေဗာကော့ဗ်က Facebook စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

    “တုံ့ပြန်မှုကတော့ တော်တော်လေးကို ကြမ်းပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဆန္ဒပြသူနဲ့ အကြမ်းဖက်သမား မတူလို့ပါပဲ” ဟု ရေးသား ထားခြင်းဖြစ်သည်။

    ယူကရိန်း အရှေ့ပိုင်းရှိ အဆိုပါဒေသများမှာ စက်မှုလုပ်ငန်းများ ထွန်းကားပြီး၊  နထိုင်သည့် ဒေသလည်းဖြစ်သည်။ အခြားမြို့ တစ်မြို့ဖြစ်သည့် Luhansk မြို့ရှိ ရုရှားလိုလားသူများက သိမ်းပိုက်ထားသော ရဲတပ်ဖွဲ့ အဆောက်အအုံအတွင်း ယူကရိန်းအစိုးရနှင့် အတိုက်အခံများမှာ ဆွေးနွေးလျက်ရှိနေသည်။

    Al Jazeera and agencies

  • ယူကရိန်း အစိုးရ၏ လွတ်ငြိမ်း ချမ်းသာခွင့် ကမ်းလှမ်းမှုကို ခွဲထွက်ရေးသမားများ ပယ်ချ

    ဧပြီ ၁၁၊ ၂၀၁၄
    M-Media

    – ယူကရိန်းအရှေ့ပိုင်းပြည်နယ် မြို့များရှိ အစိုးရအဆောက်အဦးများကို သိမ်းပိုက်ထားသည့် ရုရှားလိုလားသူ ခွဲထွက်ရေး သမားများက ယူကရိန်းအစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်ကမ်းလှမ်းချက်အား ပယ်ချလိုက်သည်ဟု သိရသည်။

    _74148130_ap

    ခွဲထွက်ရေသမားများအနေဖြင့် အစိုးရထံလက်နက်ချပါက တရားဆွဲဆိုခြင်းခံရမှုမှ ကင်းလွတ်မည်ဟု ယူကရိန်းအစိုးရက ပြောကြားထားသော်လည်း ရုရှားလိုလားသူ အဆိုပါလက်နက်ကိုင်များကမူ ၎င်းတို့မှာ လက်နက်ကို မစွန့်လွှတ်ဟု တုံ့ပြန်ခဲ့သည်။

    အဆိုပါ ခွဲထွက်ရေသမားများမှာ ၎င်းတို့ သိမ်းပိုက်ထားသည့် အဆောက်အဦးများ၏ ရှေ့တွင် အဆီးအားများပြုလုပ်ခြင်း၊ လျှပ်စစ်ဝါယာကြိုးများ တပ်ဆင်ခြင်းနှင့် သဲအိတ်များဖြင့် အကာအကွယ်ယူခြင်းတို့ကို လုပ်ဆောင်နေကြပြီး ဒေသကိုယ်ပိုင် အုပ်ချုပ်ခွင့်အတွက် ပြည်သူ့ ဆန္ဒခံယူပွဲ ပြုလုပ်ပြီးနောက်မှသာ ထိုအဆောက်အဦးများမှ ထွက်ခွာပေးမည်ဟု ဆိုသည်။ ထို့ပြင် ရုရှားအရှေ့ပိုင်း Donetsk မြို့ကိုလည်း လွတ်လပ်သော သမ္မတနိုင်ငံအဖြစ် ခွဲထွက်ရေးသမားများက စောစောပိုင်းတွင် ကြေညာထားသည်။

    ယူကရိန်းအစိုးရကမူ ထိုမတည်ငြိမ်မှုအား ဖြေရှင်းရန်အတွက် ညှိနှိုင်းဆွေးနွေးမှု၊ အင်အားသုံးဖြေရှင်းမှု နည်းလမ်းနှစ်ခုရှိသည်ဟု ဆိုပြီး ၄၈ နာရီအချိန်ပေးထားသည်။ ရုရှားကလည်း ယူကရိန်းနိုင်ငံအတွင်းရှိ ရုရှားစကစားပြောသူများကို ကာကွယ်ရန်အတွက် စစ်တပ်စေလွှတ် ခွင့်ရှိသည်ဟု ပြောဆိုထားပြီး ယူကရိန်းမှ အင်အားသုံးဖြေရှင်းပါက ရုရှားနှင့် ထိပ်တိုက်တွေ့ရမည်ဖြစ်သည်။

    Al Jazeera and agencies

  • နိုင်ငံအရှေ့ပိုင်း မတည်ငြိမ်မှုများအား အင်အားသုံးဖြေရှင်း သွားမည်ဟု ယူကရိန်းဆို

    ဧပြီ ၁၀၊ ၂၀၁၄
    M-Media

    – ရုရှားလိုလားသူများက နိုင်ငံ အရှေ့ပိုင်းမြို့များရှိ အစိုးရ အဆောက်အဦးများအား သိမ်းပိုက်မှု အပေါ် အင်အားသုံးဖြေရှင်းရန် ပြင်ဆင်နေသည်ဟု ယူကရိန်း အာဏာပိုင်များက သတိပေးပြောကြားလိုက်သည်။

    KC_20140316_ukraine_Riot_police_400_266_70

    နိုင်ငံအရှေ့ပိုင်း Luhansk မြို့ရှိ အစိုးရလုံခြုံရေးဌာနချုပ်အား ဆန္ဒပြသူများက ဆက်လက်သိမ်းပိုက်ခဲ့ပြီးနောက် ယမန်နေ့တွင် ယူကရိန်းအစိုးရမှ ယခုကဲ့သို့ ကြေညာလိုက်ခြင်းဖြစ်သည်။ အဆိုပါ အဆောက်အဦး၏ အပြင်ဘက်တွင် ရာပေါင်းများစွာသော ဆန္ဒပြသူများက ရုရှားအား ထောက်ခံသော အနေဖြင့် “ပူတင်၊ ပူတင်” ဟု ဟစ်အော်နေကြသည်။

    အဆိုပါအဆောက်အဦးထဲတွင် ခွဲထွက်လိုသူများက ဗုံးများထောင်ထားကာ ဓားစားခံ ၆၅ ဦးအား ဖမ်းဆီးထားသည်ဟု ယူကရိန်းဘက်မှ ပြောဆိုထားသော်လည်း၊ Luhansk ဒေသ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးကမူ ထိုသတင်းမှာ မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သည်။

    ယူကရိန်းပြည်ထဲရေး ၀န်ကြီး အာဆန် အေဗာကော့ဗ်က Luhansk မြို့နှင့် ရုရှားနှင့် ဆက်စပ်နေသည့် Donetsk နှင့် Kharkiv မြို့များတွင် ဖြစ်ပေါ်နေသော မတည်ငြိမ်မှုများအား ၂ ရက်အတွင်း ဖြေရှင်းရမည်ဟု ဆိုသည်။

    “(ဒီပြဿနာကို ဖြေရှင်းဖို့) နည်းလမ်း၂ ခုရှိတယ်ဆိုတာကို ကျွန်တော် ထပ်ပြောချင်ပါတယ်။ တစ်ခုက ဆွေးနွေးမှုတွေကနေ နိုင်ငံရေး တည်ငြိမ်အောင် လုပ်တာဖြစ်ပြီး နောက်တစ်ခုကတော့ အင်အားသုံး နှိမ်နင်းတာပါ။ ဒီနည်းလမ်းနှစ်ခုအတွက် ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပါပြီ” ဟု သတင်းထောက်များအား အေဗာကော့ဗ်က ပြောကြားခဲ့သည်။

    ယူကရိန်း၏ ယခင်အစိုးရအဖွဲ့တွင် ဥပဒေပြုအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဆာဟီ တိုင်ဟစ်ပ်ကိုက ဆန္ဒပြသူများမှာ ၎င်းတို့ဒေသအား ယူကရိန်းမှာ ခွဲထွက်လိုခြင်း၊ နိုင်ငံခြားအကူအညီ ရယူလိုခြင်းမဟုတ်ဘဲ ဖက်ဒရယ်စနစ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်သာ လိုလားခြင်းဖြစ်ကြောင်း၊ အစိုးရအနေဖြင့် အင်အားသုံး ဖြေရှင်းရန် မသင့်ကြောင်း တိုက်တွန်းခဲ့သည်။

    ယူကရိန်းနိုင်ငံအား ဖက်ဒရယ်အုပ်ချုပ်ရေးစနစ်ပြာင်းလဲရန် ရုရှားက အဓိကတောင်းဆိုထားပြီး ယူကရိန်းအစိုးရကမူ လက်မခံဘဲ နိုင်ငံပြိုကွဲရန် ရှေ့ပြေးနိမိတ်သာဖြစ်သည်ဟု တုံ့ပြန်ပြောဆိုခဲ့သည်။

    Ref: Al Jazeera And AP