News @ M-Media

Tag: US

  • အရှေ့တရုတ်ပင်လင်တွင် အမေရိကန်၏ စစ်ရေးလေ့ကျင်မှု ဒေသတွင်း ပြဿနာဖန်တီးရန်ဖြစ်သည်ဟု တရုတ်ပြော

    အရှေ့တရုတ်ပင်လင်တွင် အမေရိကန်၏ စစ်ရေးလေ့ကျင်မှု ဒေသတွင်း ပြဿနာဖန်တီးရန်ဖြစ်သည်ဟု တရုတ်ပြော

    ဇွန် ၁၄၊ ၂၀၁၆
    M-Media

    china 6

    – အရှေ့တရုတ်ပင်လယ်နားမှာ ပြုလုပ်နေတဲ့ အမေရိကန်၊ ဂျပန်နဲ့ အိန္ဒိယတို့ရဲ့ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုဟာ အငြင်းပွား ရေပိုင်နက်အတွင်း ထိပ်တိုက်တွေ့ဆုံမှုဖြစ်အောင် ဖန်တီးနေသလို ဖြစ်နေတယ်လို့ တရုတ်စစ်ရေး ကျွမ်းကျင်သူတစ်ဦးက ပြောကြားလိုက်ပါတယ်။

    အဲဒီစစ်ရေးလေ့ကျင်မှု ပထမအဆင့်ကို ဂျပန်နိုင်ငံ အနောက်တောင်ဘက် ဆာဆီဘိုမြို့မှာ သောကြာနေ့က စတင်ခဲ့ပြီး ဒုတိယအဆင့်ကိုတော့ အိုကီနာဝါကျွန်းမှာ ဇွန်လ ၁၄ ကျရင် စတင်မှာဖြစ်ပါတယ်။ တရုတ်စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူ ဒူဝမ်လုံက အဲဒီစစ်ရေးလေ့ကျင့်မှုဟာ အရှေ့တရုတ်ပင်လယ်က ရေကြောင်း၊ လေကြောင်းအခြေအနေတွေကို ပိုမိုဆိုးရွားလာအောင်လုပ်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ၃ နိုင်ငံစစ်ရေးလေ့ကျင့်မှုမှာ နောက်ဆုံးပေါ်လက်နက်တွေကို အသုံးပြုသွားမှာဖြစ်ပြီး ဂျပန်စစ်ရေယာဉ်တွေကလည်း ရေငုပ်သင်္ဘောဖမ်ဆီးရေးလေ့ကျင့်ခန်းနဲ့ လေကြောင်းရန်ကာကွယ်ရေး လေ့ကျင်ခန်းတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

    “တကယ်လို့သာ ဒီ ၃ နိုင်ငံဟာ ဒေသတွင်းမှာ ခေတ်မီလက်နက်တွေနဲ့ စစ်ရေးလေ့ကျင့်မယ်ဆိုရင် သူတို့ရဲ့ရည်ရွယ်ချက်က အငြင်းပွားပိုင်နက်ထဲမှာ မငြိမ်မသက်ဖြစ်အောင် ဖန်တီးဖို့ဆိုတာ အသေအချာပါပဲ” လို့ ဒူက ဆိုပြီး၊ ဒါဟာ တရုတ်ရဲ့ကမ်းလွန်ပိုင်နက်အတွင်း စစ်ရေးလှုပ်ရှားမှုကိုတွေကို ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်တယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: Presstv

  • အမေရိကန်ရှိ လိင်တူချစ်သူများနိုက်ကလပ်တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွား

    အမေရိကန်ရှိ လိင်တူချစ်သူများနိုက်ကလပ်တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွား

    ဇွန် ၁၂၊ ၂၀၁၆
    M-Media

    florida

    – အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့ရှိ လိင်တူချစ်သများစုဝေးရာ နိုက်ကလပ်တစ်ခုတွင် ယနေ့မနက်အစောပိုင်းက သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူ ၂၀ ၀န်းကျင်ခန့် သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

    သေနတ်သမားမှာ ချေမှုန်းရေးရိုင်ဖယ်၊ ပစ္စတိုနှင့် အခြေား တိုက်ခိုက်ရေးပစ္စည်းများကို ယူဆောင်ကာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့နှင့် အပြန်အလှန်ပစ်ခတ်မှုအတွင်း အဆိုပါ သေနတ်သမား သေဆုံးခဲ့သည်။ ထိုအဖြစ်အပျက်အတွင်း ဒဏ်ရာရသူ ၄၂ ဦးရှိခဲ့ကာ အနီးအနားရှိ ဆေးရုံသို့ ပို့ဆောင်ပေးထားပြီး သေဆုံးသူနှင့် ဒဏ်ရာရရှိသူအရေအတွက် အတိအကျကို အတည်မပြုနိုင်သေးပေ။

    ဖလော်ရီဒါ အာဏာပိုင်များကမူ အဆိုပါတိုက်ခိုက်မှုကို ပြည်တွင်းအကြမ်းဖက်မှု သို့မဟုတ် နိုင်ငံတကာ အကြမ်းဖက်မှုအဖြစ် သတ်မှတ်ကာ ချဉ်းကပ်လှုပ်ရှားနေသည်ဟု ဆိုသည်။

    “ကျွန်တော်တို့ဟာ ဒါကို အကြမ်းဖက်မှုလုပ်ရပ်အဖြစ် ရှုထောင့်ပေါင်းစုံကနေ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ပြည်တွင်းအကြမ်းဖက်မှုပဲဖြစ်ဖြစ်၊ နိုင်ငံတကာ အကြမ်းဖက်မှုပဲဖြစ်ဖြစ် ရေဆုံးမြေဆုံးလိုက်သွားမှာပါ” ဟု ဖလော်ရီဒါ ဥပဒေ စိုးမိုးရေးဌာနကို တာဝန်ယူထားသည့် အထူးအေးဂျင့်ဖြစ်သူ ဒန်နီ ဘန့်က ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်ရက်ပိုင်းကလည်း အော်လန်ဒိုမြို့ရှိ ဂီတဖျော်ဖြေပွဲတစ်ခုတွင် နာမည်ကြီးအဆိုတော် ခရစ္စတီးနယား ဂရင်မီမှာ အနီးကပ် ပစ်သတ်ခြင်းခံခဲ့ရသည်။

    Ref: Aljazeera

  • အမေရိကန် နာမည်ကြီး အဆိုတော် ရှိုးပွဲတွင် သေနတ်ဖြင့် ပစ်သတ်ခံရ

    အမေရိကန် နာမည်ကြီး အဆိုတော် ရှိုးပွဲတွင် သေနတ်ဖြင့် ပစ်သတ်ခံရ

    ဇွန် ၁၁၊ ၂၀၁၆
    M-Media

    singer

    – အမေရိကန် နာမည်ကြီး အမျိုးသမီးအဆိုတော် ခရစ္စတီးနား ဂရင်မီမှာ ယမန်နေ့က ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့တွင်ပြုလုပ်သည့် သူမ၏ တစ်ကိုယ်တော်ရှိုးတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်ဟု သိရသည်။

    အသက် ၂၂ အရွယ်ရှိပြီဖြစ်သည့် ဂရင်မီမှာ ယခင်က You Tube တွင် နာမည်ကြီးပြီး The Voice သီချင်းဖြင့် လူသိများလာကာ ယမန်နေ့ရှိုးတွင် Before You Exit သီချင်းဆိုအပြီး ပရိတ်သတ်များအား လက်မှတ်ရေးထိုးပေးနေစဉ် အမည်မသိ သေနတ်သမားတစ်ဦးက ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

    သေနတ်သမားမှာ နောက်ပိုင်းတွင် ၎င်းကိုယ်ကို သေနတ်ဖြင့် အဆုံးစီရင်ခဲ့သည်။ မျက်မြင်သက်သေများ၏ ပြောကြားချက်အရ ဂရင်မီမှာ သေနတ်ဖြင့် ၅ ချက်ပစ်ခတ်ခံရခြင်းဖြစ်ပြီး သူမ၏ အသက် မောင်ဖြစ်သူက သေနတ်သမားအား ရင်ဆိုင် သတ်ပုတ်ခဲ့သည်ဟု ဆိုသည်။

    ရဲတပ်ဖွဲ့ကမူ ပစ်ခတ်ရသည့် နောက်ကွယ်မှ အကြောင်းအရင်းကို သိရှိရခြင်းမရှိသေးဘဲ ပစ်ခတ်မှုအတွင်း အခြားတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။

    Ref: RT

  • ပင်လယ်နက်အတွင်း အမေရိကန်စစ်သင်္ဘောများ ၀င်ရောက်မှု တုန့်ပြန်ရတော့မည်ဟု ရုရှားပြော

    ပင်လယ်နက်အတွင်း အမေရိကန်စစ်သင်္ဘောများ ၀င်ရောက်မှု တုန့်ပြန်ရတော့မည်ဟု ရုရှားပြော

    ဇွန် ၁၁၊ ၂၀၁၆
    M-Media

    black sea

    – ပင်လယ်နက်အတွင်းကို အမေရိကန် ဖျက်သင်္ဘောတွေ ၀င်ရောက်လာမှုဟာ ရုရှားဘက်က တန်ပြန်တုန့်ပြန်လာဖို့ လှုံ့ဆော်လိုက်တာဖြစ်ပြီး မြေထဲပင်လယ်အတွင်း အမေရိကန်ရဲ့ လေယာဉ်တင်သင်္ဘော ရောက်ရှိနေတာကလည်း နေတိုးအဖွဲ့ ထိပ်သီးအစည်းအဝေးမတိုင်ခင် အမေရိကန်က အင်အားပြဖို့ ကြိုးစားနေတာ ထင်ရှားတယ်လို့ ရုရှားရဲ့ ဥရောပဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဌာန အကြီးအကဲ အန်ဒရေ ကီလင်က ပြောကြားလိုက်ပါတယ်။

    ခရုဇ်ဒုံးကျည်တွေနဲ့ Aegis တိုက်ချင်းပစ်ဒုံးခွင်းစနစ် တပ်ဆင်ထားတဲ့ အမေရိကန်ရဲ့ USS Porter ဖျက်သင်္ဘောဟာ အခုတစ်ပတ်အတွင်း ပင်လယ်နက်ထဲကို ၀င်ရောက်လာခဲ့တာဖြစ်ပါတယ်။

    “အမေရိကန်စစ်သင်္ဘောတွေဟာ မကြာခဏဆိုသလို ပင်လယ်နက်ထဲကို ၀င်လာပါတယ်။ အဲ့ဒီလို ၀င်လာတာဟာ (ရုရှားဆီက) ခွင့်ပြုချက်မတောင်းဘဲနဲ့ ၀င်လာတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အခြေအနေက သတိပေးတုန့်ပြန်မှုတွေလုပ်ဖို့ဆီ ဦးတည်နေပါပြီ” လို့ ကီလင်က ပြောကြားခဲ့ပါတယ်။

    ဇူလိုင်လ ၀ါဆောမှာကျင်းပမယ့် နေတိုးတပ်ဖွဲ့ ထိပ်သီးညီလာခံမတိုင်ခင် မြေထဲပင်လယ်ထဲမှာ အမေရိကန် လေယာဉ်တင်သင်္ဘော USS Harry S.Truman ထားရှိတာကိုလည်း ကီလင်က ကန့်ကွက်ခဲံပါတယ်။ အဲဒီအစည်းအဝေးမတိုင်ခင် အမေရိကန်ဟာ ဥရောပမှာ သူတို့ရဲ့ တပ်အင်အားတည်ရှိမှုကို တိုးမြှင့်လာခဲ့ပြီး အခုလို ရုရှားနဲ့ ထိပ်တိုက်တွေ့လာတာဖြစ်ပါတယ်။

    အမေရိကန်ကတော့ အဲဒီလို ၀င်ရောက်သွားလာမှုဟာ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့် အခွင့်အရေးအရ သွားလာဖြစ်တယ်လို့ တုန့်ပြန်ပြောကြားခဲ့ပါတယ်။

    Ref : RT

  • အမေရိကန် သမ္မတသစ်အဖြစ် ဟီလာရင်ကလင်တန်ကို အိုဘားမား ထောက်ခံ

    အမေရိကန် သမ္မတသစ်အဖြစ် ဟီလာရင်ကလင်တန်ကို အိုဘားမား ထောက်ခံ

    ဇွန် ၁၀၊ ၂၀၁၆
    M-Media

    us 3

    – လာမည့် နိုဝင်ဘာရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ခြင်းခံခဲ့ရသည့် ဟီလာရီ ကလင်တန်အား သမ္မတအိုဘားမားက ၎င်းကို ဆက်ခံမည့် သမ္မတအဖြစ် ထောက်ခံခဲ့ပြီး သမ္မတနေရာအတွက် သူမထက်ပို၍ အရည်အချင်းပြည့်မီသူ မရှိဟု ပြောကြားလိုက်သည်။

    “ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု  အမေရိကန်ပြည်ထောင်စု သမ္မတလောင်းအဖြစ် သမိုင်းဝင်တဲ့ ရွေးချယ်ခံရမှုအတွက် ဟီလာရီကလင်တန်ကို ကျွန်တော် ဂုဏ်ပြုချင်ပါတယ်။ ကျွန်တော်က သူ့ဘက်ကပါ။ ကျွန်တော် တော်တော်လေး စိတ်လှုပ်ရှားနေပါပြီ။ ဟီလာရီအတွက် သွားပြီး မဲဆွယ်ပေးဖို့ ကျွန်တော် မစောင့်နိုင်တော့ပါဘူး။ အိမ်ဖြူတော်မှာ ရုံးထိုင်ဖို့ သူ့လို့ အရည်အချင်းပြည့်မီတဲ့လူ နောက်ရှိမယ်လို့ ကျွန်တော် မထင်ပါဘူး” ဟု ကလင်တန်၏ YouTube စာမျက်နှာတွင် လွှင့်ထားသည့် ဗီဒီယို၌ အိုဘားမားက ပြောကြားခဲ့သည်။

    ဟီလာရီကလင်တန်၏ မဲဆွယ်ရေးအဖွဲ့ကမူ အိုဘားမားနှင့် ဟီလာရင်ကလင်တန်တို့၏ ပူးတွဲမဲဆွယ်မှုကို ၀စ်ကွန်စင်ပြည်နယ် ဂရင်းဘေးမြို့တွင် လာမည့် ဗုဒ္ဓဟူးနေ့၌ ပြုလုပ်သွားမည်ဟု ကြေငြာခဲ့သည်။

    ရီပက်ဘလစ်ကန်ပါတီ၏ သမ္မတလောင်းအဖြစ် ရွေးချယ်ခံထားရသည့် ထရမ့်အား ပြင်းပြင်းထန်ထန် ဝေဖန်ဖူးသူ အိုဘားမားမှာ ဟီလာရီ၏ ပါတီတွင်းပြိုင်ဘက်ဖြစ်ပြီး ရှုံးနိမ့်သွားခဲ့သူ ဆန်းဒါးရ်စ်နှင့်လည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တွေ့ဆုံခဲ့သည်။ ဆန်းဒါးရ်စ်ကမူ မိမိအနေဖြင့် ကလင်တန်နှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera