News @ M-Media

Tag: US

  • အံ့မခန်းခြိမ်းခြောက်မှုဟုဆိုကာ မြောက်ကိုရီးယားအပေါ် အမေရိကန် ပိတ်ဆို့မှု ထပ်တိုး

    အံ့မခန်းခြိမ်းခြောက်မှုဟုဆိုကာ မြောက်ကိုရီးယားအပေါ် အမေရိကန် ပိတ်ဆို့မှု ထပ်တိုး

    ဇွန် ၂၃၊ ၂၀၁၈
    M-Media

    – မြောက်ကိုရီးယားဟာ “အံ့မခန်းခြိမ်းခြောက်မှု” တစ်ခု ဖြစ်တယ်လို့ဆိုကာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပိတ်ဆို့မှုကို သက်တမ်းတစ်နှစ် ထပ်တိုးလိုက်ပါတယ်။

    ထရမ့်က မြောက်ကိုရီးယားဟာ နျူခြိမ်းခြောက်တဲ့နိုင်ငံ မဟုတ်တော့ဘူးလို့ ပြီးခဲ့တဲ့ရက်အနည်းငယ်ကပဲ ပြောကြားထားခဲ့တာပါ။ မနေ့ကထပ်တိုးခဲ့တဲ့ မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုဟာ ၂၀၀၈ ခုနှစ်ကတည်းက စတင်ပြုလုပ်ခဲ့ပြီး ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်နဲ့ သမ္မတအဆက်ဆက် သက်တမ်းတိုးခဲ့ကြပါတယ်။

    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ ထရမ့်တို့ဟာ ဇွန်လ ၁၂ ရက်နေ့ စင်ကာပူမှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး နျူကင်းစင်ရေး တိုးတက်မှုတွေကို ထပ်မတွေ့ရမချင်း ပိတ်ဆို့မှုတွေကို ဖယ်ရှားမှာမဟုတ်ဘူးလို့ ထရမ့်က ပြောကြားခဲ့ပါတယ်။

    ဒါပေမယ့် ဆွေးနွေးပွဲအပြီးမှာ ထရမ့်က ကမ္ဘာကြီးဟာ ပိုမိုအန္တရာယ်ကင်းသွားပြီဖြစ်ကြောင်း၊ မြောက်ကိုရီးယားဟာ နျူခြိမ်းခြောက်တဲ့နိုင်ငံမဟုတ်တော့ဘူးလို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    မနေ့ကထုတ်ပြန်တဲ့ ထရမ့်ရဲ့အမိန့်မှာ ကိုရီးယားကျွန်းဆွယ်အတွင်း ဒုံးကျည်ပြန့်ပွားမှုအန္တရာယ် ရှိနေပြီး၊ မြောက်ကိုရီးယားဟာ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေး၊ နိုင်ငံခြားရေးပေါ်လစီနဲ့ စီးပွားရေးအပေါ် အံ့မခန်းခြိမ်းခြောက်မှု ဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။

    Ref: Ajazeera

  • သောကြာနေ့မနက် နိုင်ငံတကာသတင်းများ

    သောကြာနေ့မနက် နိုင်ငံတကာသတင်းများ

    ဇွန် ၂၂၊ ၂၀၁၈
    M-Media

    ရုရှားသို့ရောက်ရှိလာသည့် တောင်ကိုရီးယားသမ္မတ

    အစွန်းရောက်ခေါင်းဆောင်တစ်ဦးကို အင်ဒိုက သေဒဏ်ပေးရန် စီစဉ်
    ================
    ၂၀၁၆ ခုနှစ် ဂျကတာမြို့လယ်ကောင်မှာ IS အကြမ်းဖက်အဖွဲ့က ပြုလုပ်ခဲ့တဲ့ တိုက်ခိုက်မှုကို ကြိုးကိုင်မှုနဲ့ အစွန်းရောက် ဘာသာရေးခေါင်းဆောင် အေမန် အဘ်ဒူရဟ်မန်ကို အင်ဒိုနီးရှားက ဒီကနေ့မှာ သေဒဏ်ချမှတ်ဖို့ ရှိနေပါတယ်။ အေမန်ဟာ အင်ဒိုနီးရှားက IS ထောက်ခံသူတွေရဲ့ ခေါင်းဆောင်လို့ ယူဆရပြီး အင်ဒု
ိနီးရှားအခြေစိုက် အစွန်းရောက်ကွန်ယက် Jamaah Ansharut Daulah (JAD) ရဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ JAD ဟာ ပြီးခဲ့တဲ့လက နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ ဆူရာဘာယာက ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ရဲဌာနချုပ်ကို အသေခံဗုံးခွဲတိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်မှာ ပါဝင်ပတ်သက်နေတယ်လို့ အင်ဒိုအာဏာပိုင်တွေက ပြောကြားထားပါတယ်။

    ဒေသတွင်းငြိမ်းချမ်းရေး ကိုယ်တိုင်ဆောင်ရွက်ဖို့ အိမ်နီးချင်းများကို အီရန် တိုက်တွန်း
    =============
    ဒေသတွင်းမှာ ငြိမ်းချမ်းရေးနဲ့ ပြဿနာဖြေရှင်းရေးအတွက် မိမိတို့ကိုယ်တိုင် ဆောင်ရွက်ကြဖို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်က မနေ့မှာ တိုက်တွန်းလိုက်ပြီး၊ အရှေ့အလယ်ပိုင်း လုံခြုံရေးကို အန္တရာယ်ရှိတဲ့၊ အစိုးမရတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်လက်ထဲ ယုံပုံအပ်လို့မရဘူးလို့လည်း ပြောကြားလိုက်ပါတယ်။ နျူသဘောတူညီချက်ကနေ နှုတ်ထွက်ပြီးနောက်ပိုင်း အမေရိကန်က တောင်းဆိုခဲ့တဲ့ အချက် ၁၄ ချက်ကို ဇာရစ်ဖ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ဖူးပါတယ်။ မနေ့က Mehr သတင်းဌာနနဲ့ အင်တာဗျူးမှာ ဇာရစ်ဖ်က အမေရိကန်အနေနဲ့ အီရန်ရဲ့ ပြည်တွင်းရေးကို မစွက်ဖက်ဖို့၊ မဟာမိတ်အစ္စရေးမှာ နျူကင်းစင်အောင်ရွက်ဖို့နဲ့ ပါလက်စတိုင်းတွေအပေါ် ကျူးလွန်နေတာတွေကို ရပ်တန့်ခိုင်းဖို့ အမေရိကန်ကို တောင်းဆိုခဲ့ပါတယ်။

    တောင်ကိုရီးယားသမ္မတ ရုရှားသို့ သွားရောက်
    =============
    တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်ဟာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ မြောက်ကိုရီးယားကိစ္စတွေအကြောင်း ဆွေးနွေးဖို့အတွက် မနေ့က ရုရှားနိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။ မွန်ဟာ ဒီကနေ့မှာ သမ္မတပူတင်နဲ့ တွေ့ဆုံကာ သဘောတူညီချက် တော်တော်များများ လက်မှတ်ထိုးဖို့ရှိတယ်လို့ ရုရှားသမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။ ရုရှားမှာ ၃ ရက်တာ နေထိုင်မယ့် မွန်ဟာ တနင်္ဂနွေနေ့မှာ ကစားမယ့် တောင်ကိုရီးယားနဲ့ မက္ကဆီကိုတို့ရဲ့ ကမ္ဘာ့ဖလားပွဲကို သွာရောက်ကြည့်ရှုဖို့လည်း ရှိနေပါတယ်။

    အမေရိကန်အပေါ် ကုန်သွယ်ရေးဖိအားပေးမှုတွင် တူရကီနှင့် အိန္ဒိယတို့ပါဝင်လာ
    ================
    အမေရိကန်က တင်သွင်းတဲ့ မော်တော်ကားတွေ၊ အစားအသောက်တွေနဲ့ အခြားကုန်ပစ္စည်းတွေအပေါ် အခွန်ကောက်ခံသွားမယ်လို့ တူရကီနဲ့ အိန္ဒိယတို့က မနေ့မှာ ကြေငြာလိုက်ပါတယ်။ ဒါ့ကြောင့် အမေရိကန်အပေါ် တန်ပြန်အခွန်ကောက်ခံမှုမှာ ဥရောပ၊ ကနေဒါ၊ မက္ကဆီကိုတိုနဲ့အတူ တူရကီ၊ အိန္ဒိယတို့လည်း ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်အနေနဲ့ ကမ္ဘာ့ကုန်သွယ်ရေး စည်းမျဉ်းတွေကို ချိုးဖောက်တယ်လို့ အိန္ဒိယက ပြီးခဲ့တဲ့လတွေကတည်းက စွပ်စွဲထားပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO ကိုလည်း တိုင်ကြားထားပါတယ်။

    Ref: Aljazeera, CNA

  • ပြောင်းရွှေ့အခြေချမှုကိစ္စတွင် ဝေဖန်ခံနေရသည့် ပေါ်လစီတစ်ခုကို အမေရိကန် ပယ်ဖျက်

    ပြောင်းရွှေ့အခြေချမှုကိစ္စတွင် ဝေဖန်ခံနေရသည့် ပေါ်လစီတစ်ခုကို အမေရိကန် ပယ်ဖျက်

    ဇွန် ၂၁၊ ၂၀၁၈
    M-Media

    နယ်စပ်ရှိ ထိန်းသိမ်းရေးစခန်းတစ်ခုတွင် တွေ့ရသည့် ကလေးများ

    – တရားမ၀င် နယ်စပ်ဖြတ်ကျော်လာသူတွေထဲက ကလေးတွေကို မိဘနဲ့ခွဲပြီး ထိန်းသိမ်းထားတဲ့ ပေါ်လစီကို ရုပ်သိမ်းကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မနေ့မှာ ကြေငြာလိုက်ပါတယ်။

    ထရမ့်ရဲ့ ဒီပေါ်လစီအတွက် ကမ္ဘာတစ်ဝှမ်းက ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပြီးတဲ့နောက် ရုပ်သိမ်းကြောင်းအမိန့် မူကြမ်းကို အမိမြေလုံခြုံရေးဆိုင်ရာဝန်ကြီး ကီရ်ဂျန် နီလ်ဆန်က ရေးဆွဲပေးကာ ထရမ့်က လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

    “နယ်စပ်ကို တင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားမှာဖြစ်ပေမယ့် မိသားစုတွေကို ခွဲမထားတော့ပါဘူး” လို့ ထရမ့်က လက်မှတ်ရေးထိုးပြီးနောက်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။

    ကလေးတွေ မိဘနဲ့ခွဲနေရတာကို မကြည့်ရက်ဘူးလို့ဆိုပေမယ့် တရားမ၀င် ပြောင်းရွှေ့အခြေချမှုအပေါ် လုံးဝသည်းမခံတဲ့ပေါ်လစီကို ကျင့်သုံးသွားမှာဖြစ်တယ်လို့လည်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အမေရိကန်အစိုးရဟာ တရားမ၀င် ၀င်ရောက်လာသူတွေအပေါ် တရားစွဲဆိုတာတွေ ပြုလုပ်နေပြီး အရွယ်ရောက်သူတွေကို အမေရိကန် Marshals Service ဌာနက ထိန်းသိမ်းထားပါတယ်။ ကလေးတွေကိုတော့ ကျန်းမာရေးနဲ့ လူသားရေးရာ ဦးစီးဌာနက တာဝန်ယူပါတယ်။

    သမ္မတအိုဘားမားလက်ထက်မှာ တရားမ၀င် ၀င်ရောက်လာတဲ့ မိသားစုတွေကို သီးသန့်ခွဲထားတာမျိုးမလုပ်ဘဲ အရပ်ဖက်ဥပဒေအရ နယ်နှင်တာမျိုးတွေသာ လုပ်ဆောင်ပါတယ်။

    ဒါပေမယ့် ထရမ့်လက်ထက်မှာ မိဘတွေနဲ့ ကလေးတွေကို သီးခြားခွဲထားတာမျိုး ပိုမိုလုပ်ဆောင်လာခဲ့ပြီး မေလ ၅ ရက်နေ့ကနေ ၉ ရက်အတွင်း ဒီလို ခွဲပြီး ထိန်းသိမ်းထားတဲ့ ကလေးငယ်အရေအတွက်ဟာ ၂၃၀၀ အထိ ရှိလာတယ်လို့ အမိမြေလုံခြုံရေး ဦးစီးဌာနက ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • အစ္စရေးကိစ္စ မကျေနပ်၍ လူ့အခွင့်အရေးကောင်စီမှ နှုတ်ထွက်ကြောင်း အမေရိကန်ကြေငြာ

    အစ္စရေးကိစ္စ မကျေနပ်၍ လူ့အခွင့်အရေးကောင်စီမှ နှုတ်ထွက်ကြောင်း အမေရိကန်ကြေငြာ

    ဇွန် ၂၀၊ ၂၀၁၈
    M-Media

    ကုလဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေး

    – အစ္စရေးနဲ့ပတ်သက်ပြီး နာတာရှည်ဘက်လိုက်မှုကြောင့် ကုလ လူ့အခွင့်အရေးကောင်စီက နှုတ်ထွက်တယ်လို့ အမေရိကန်က မနေ့မှာ ကြေငြာလိုက်ပါတယ်။

    “လူ့အခွင့်အရေးကို ပြောင်လှောင်နေတဲ့ ကြောင်သူတော်၊ တစ်ဘို့တည်းအဖွဲ့အစည်းမှာ ဆက်ပြီးပါဝင်ဖို့အတွက် စိတ်မသန့်တာကြောင့် ဒီလို နှုတ်ထွက်ရခြင်း ဖြစ်ပါတယ်” လို့ ကုလဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေးက အမရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယိုနဲ့အတူ ပြောကြားခဲ့ပါတယ်။

    ကုလ လူ့အခွင့်အရေးအကြီးအကဲ ဇိုက် ရာအဒ် အလ် ဟူစိန်က အမေရိကန်အစိုးရရဲ့ ဒီလုပ်ရပ်ဟာ စိတ်ပျက်စရာဖြစ်ပေမယ့် အံ့သြစရာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    “ဒီနေ့ကမ္ဘာရဲ့ လူ့အခွင့်အရေး အခြေအနေအရ အမေရိကန်ဟာ နောက်ပြန်ဆုတ်ရမှာမဟုတ်ဘဲ၊ ရှေ့ဆက်တိုးရမှာပါ”

    ဥရောပသမဂ္ဂက ဒါဟာ ကမ္ဘာ့စင်မြင့်မှာ ဒီမိုကရေစီကို ဦးဆောင်သူ၊ ပံ့ပိုးသူဆိုတဲ့ အမေရိကန်ရဲ့အခန်းကဏ္ဍကို ပျက်စီးစေမယ့်အန္တရာယ် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်က ဒါဟာ ၀မ်းနည်းဖွယ်ရာလုပ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။

    အမေရိကန်ရဲ့ အဓိကမဟာမိတ် အစ္စရေးက အမေရိကန်အနေနဲ့ လူ့အခွင့်အရေးကောင်စီက ဒီလိုနှုတ်ထွက်မှုဟာ သတ္တိရှိတဲ့လုပ်ရပ် ဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။

    ဂါဇာကမ်းမြှောက်မှာ ပါလက်စတိုင်း အရပ်သားတွေကို အစ္စရေးက ပစ်ခတ်သတ်ဖြတ်မှုကို ဆန့်ကျင်ရှုတ်ချကြောင်း ကြေငြာချက်ကို ကုလက ပြီးခဲ့တဲ့တစ်မှာ မဲခွဲအတည်ပြုခဲ့ပြီးတဲ့နောက် အမေရိကန်ရဲ့ ဒီဆုံးဖြတ်ချက် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    အစ္စရေးရဲ့လုပ်ရပ်တွေကို အရေးယူဖို့၊ စုံစမ်းစစ်ဆေးဖို့၊ ဆန့်ကျင်ရှုတ်ချဖို့အတွက် ကုလက ဆောင်ရွက်တဲ့အခါတိုင်း အမေရိကန်ဟာ အမြဲလိုလို ဗီတိုအာဏာသုံးပြီး ပယ်ချလေ့ ရှိပါတယ်။

    Ref: Aljazeera

  • IS လက်သစ်များကို သင်တန်းပေးနေသည့် အစ္စရေးတစ်ဦးကို အမေရိကန်ဖမ်းဆီး

    IS လက်သစ်များကို သင်တန်းပေးနေသည့် အစ္စရေးတစ်ဦးကို အမေရိကန်ဖမ်းဆီး

    ဇွန် ၁၄၊ ၂၀၁၈
    M-Media

    – IS လက်သစ်တွေကို အွန်လိုင်းကနေတစ်ဆင့် အကြမ်းဖက်နည်းလမ်းတွေကို ပို့ချပေးနေတဲ့ အစ္စရေးနိုင်ငံသား အမျိုးသမီးတစ်ဦးကို ဖမ်းဆီးလိုက်တယ်လို့ အမေရိကန်တာဝန်ရှိသူတွေက မနေ့မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

    အသက် ၄၅ နှစ်အရွယ် ၀ါဟီဘာ အီဆာ ဒါအစ်ဆိုသူဖြစ်ပြီး ၀စ်ကွန်ဆင်ပြည်နယ် ကူဒါဟီမြို့မှာ နေထိုင်သူဖြစ်ပါတယ်။ သူမဟာ IS လက်သစ်တွေကို အွန်လိုင်းကနေ အဆိပ်ပြုလုပ်နည်း၊ ဗုံးပြုလုပ်နည်း၊ အသေခံ ဗုံးခွဲအင်္ကျီ ပြလုပ်နည်းတွေကို သင်ကြားပေးနေတာ ဖြစ်ပါတယ်။

    ဒါဟာ စစ်သွေးကြွအဖွဲ့ကို ထောက်ခံအားပေးမှုစွဲချက်နဲ့ ၆ လအတွင်း အမေရိကန်က ပထမဆုံး ဖမ်းဆီးမှုလည်း ဖြစ်ပါတယ်။

    ၁၉၉၂ ခုနှစ်ကတည်းက အမေရိကန်မှာ တရားဝင်နေထိုင်ခွင့်ရထားတဲ့ ဒါအစ်ဟာ ဆိုရှယ်မီဒီယာ အကောင့်များစွာနဲ့ IS ကို ထောက်ခံအားပေးမှု၊ လူသစ်စုဆောင်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ တရားရုံးစွဲချက်တွေမှာ ဖော်ပြထားပါတယ်။ တစ်ချို့အကောင့်တွေဟာ တစ်ခြားသူတွေထံကနေ ခိုးယူထားတာတွေ ဖြစ်ပါတယ်။

    ဗုံးလုပ်နည်း၊ ဓာတုလက်နက်တွေလုပ်နည်း၊ အဆိပ်လုပ်နည်း စာအုပ်ပေါင်းများစွာကို သူမက စုစည်းထားပြီး IS ထောက်ခံသူတွေကို ဖြန့်ဝေပေးကာ တိုက်ခိုက်တွေပြုလုပ်ဖို့ ကူညီခဲ့သလို၊ လူစည်ကားရာ ပွဲတော်တွေမှာ တိုက်ခိုက်မှုတွေလုပ်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    ရဲတပ်ဖွဲ့ရဲ့ အသွင်ယူ ထောက်လှမ်းရေးတစ်ဦးနဲ့ ဆက်သွယ်မိရာကနေတစ်ဆင့် သူမကို ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

    Ref: Tribune