News @ M-Media

Tag: WikiLeaks

  • Wikileaks တည်ထောင်သူအပေါ် အဓမ္မပြုကျင့်မှုစွဲချက်ကို ဆွီဒင်ပယ်ဖျက်

    Wikileaks တည်ထောင်သူအပေါ် အဓမ္မပြုကျင့်မှုစွဲချက်ကို ဆွီဒင်ပယ်ဖျက်

    မေ ၁၉၊ ၂၀၁၇
    M-Media

    – အမေရိကန်၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်သည့် Wikileaks ၀ဘ်ဆိုက်ကို တည်ထောင်သူ ဂျူလီယန် အာဆန်နှင့်ပတ်သက်၍ အဓမ္မပြုကျင့်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများကို ဆွီဒင်က ယနေ့တွင် ပယ်ဖျက်လိုက်သည်။

    အသက် ၄၅ နှစ်အရွယ် အာဆန်မှာ အမေရိကန်၏ စစ်ရေးနှင့် သံတမန်ရေးဆိုင်ရာ လျှို့ဝှက်ချက်များကို Wilileaks မှတစ်ဆင့် ဖွင့်ချခဲ့ပြီနောက် ဆွီဒင်အစိုးရ၏ တရားစွဲဆိုခြင်းကို ခံခဲ့ရပြီး ၂၀၁၂ ခုနှစ်ကတည်းက လန်ဒန်မြို့ရှိ အီကွေဒေါ သံရုံးတွင် ခိုလှုံနေသူဖြစ်သည်။

    ဗြိတိန်ရဲတပ်ဖွဲ့ကမူ အာဆန်အနေဖြင့် အီကွေဒေါသံရုံးမှ ထွက်ခွာလျှင် အသေးစား ရာဇ၀တ်မှုများဖြင့် ဖမ်းခံရမည်ဟု ပြောကြားခဲ့သည်။

    အာဆန်၏ကိစ္စကို ကိုင်တွယ်နေသော ဥပရေးရာအဖွဲ့မှ ခရစ္စတိုဖီ မာချန်က ယခုကဲ့သို့ အဓမ္မမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုကို ပယ်ဖျက်ခြင်းကို ကြိုဆိုပြီး ‘အိပ်မက်ဆိုး အဆုံးသတ်သွားခြင်း’ ဟု ပြောကြားခဲ့သည်။

    ဆွီဒင်အစိုးရ၏ ကြေငြာချက် ထွက်ပေါ်လာပြီးနောက်ပိုင်း အာဆန်က ပြုံးနေသော ၎င်း၏ ဓာတ်ပုံကို Twitter စာမျက်နှာတွင် လွှင်တင်ခဲ့ပြီး၊ မည်သည့် မှတ်ချက်မှ မပေးခဲ့ပေ။

    Ref: Aljazeera

  • လျှို့ဝှက်သတင်း ဖွင့်ချမှုဖြင့် အမေရိကန် စစ်သည် တစ်ဦးအား ခုံရုံးတင် စစ်ဆေးနေ

    ဇွန် ၄၊ ၂၀၁၃၊

    M-Media

    လွန်ခဲ့သော သုံးနှစ်အတွင်း WikiLeaks  websites မှတဆင့်မှ သတင်းများ ခိုးယူပြီး ထိပ်တန်းလျှို့ဝှက်သတင်းပေါက်ကြားစေသည်ဟု စွပ်စွဲခံရသူ အမေရိကန် စစ်သားအား တနင်္လာနေ့တွင် တဖက်သက် ခုံရုံးတင်စစ်ဆေးသွားမည်ဟု အမေရိကန် စစ်အာဏာပိုင်များက ပြောကြားခဲ့သည်။

    Manning-WikiLeaks_WikiLeaks.
    Photo- washingtonpost

    သို့သော်ငြားလည်း တရားခံဖြစ်သူ ပထမဆင့်စစ်သည် Bradley Manning (အသက် ၂၅နှစ်) ၏ ရှေ့နေ David Coombs က “ Manning ဒီလို လျှို့ဝှက်စာရွက်စာတမ်းတွေ ၊ ဗွီဒီယိုတွေ နဲ့ အခြားအချက်အလက်တွေကို နှိုက်ယူခဲ့တယ်ဆိုတာ အာဖဂန်နစ္စတန်နဲ့ အီရတ်မှာတုန်းက စစ်ကုန်ကျစရိတ်တွေကို လူတွေကို ချပြချင်လို့ပဲဖြစ်တယ် ” ဟု   Maryland ရှိ Fort Meade ၌ ရုံးတင်စစ်ဆေးသော ပထမနေ့တွင် လျှောက်လဲပြောဆိုလိုက်ပါသည်။

    အစိုးရ၏စစ်ရေးနှင့်သံတမန်ရေးရာ၌ ပိုမိုပွင့်လင်းမြင်သာမှုကိုလိုလားသော ပြည်တွင်းလွတ်လပ်အဖွဲ့အစည်းများက Manning ၏ အမှုကို လျှော့ပေါ့စေချင်နေကြသည်။ ထိပ်တန်းလျှို့ဝှက်သတင်းပေါက်ကြားမှုမှာ လူ့အသက်နှင့်သံတမန်ရေး၌ အန္တရာယ်ဖြစ်စေသည်ဟု စွပ်စွဲထားသည်။
    ထောက်လှမ်းရေးပညာရှင်ဟောင်း Manning သည် (၂၀၁၀) ခုနှစ်အတွင်း လျှို့ဝှက်စာရွက်စာတမ်း (၇၀၀, ၀၀၀) ကျော် ပြင်ပသို့ပေါက်ကြားစေမှု  ထင်ရှားလျှင် သူသည် လွတ်ငြိမ်းချမ်းသာခွင့်မရှိ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျနိုင်ပါသည်။

    အမေရိကန်စစ်တပ်ကပ္ပတိန် Joe Morrow မှ  “ ဒီလို သတင်းပေါက်ကြားအောင်လုပ်တာဟာ  ကျွန်တော်တို့ ရန်သူတွေနဲ့ ဆန့်ကျင်သူတွေအတွက် တကယ့် အကျိုးအမြတ်ကြီး ဖြစ်သွားပါလိမ့်မယ် “  ဟု ထုတ်ဖော်ပြောဆိုပါသည်။

    စစ်ယူနီဖောင်းဝတ်ဆင်လျက် တရားခံ Manning  သည် စစ်ဆေးကြားနားချက် (၂၁)ကြိမ်အတွင်း   ရန်သူအား အကူအညီပေးမှုအပါအ၀င် နိုင်ငံ၏လျှို့ဝှက်ချက်ပေါက်ကြားမှုအက်ဥပဒေ (၁၉၁၇) Espionage Act နှင့်ငြိစွန်းနေသဖြင့် သူ၏ပြစ်ဒဏ်လျှော့ပေါ့ရေးသနားခံစာကို ဖေဖော်ဝါရီလက တင်ခဲ့သော်လည်း ပယ်ချခံရပြီး မူလစွဲချက်များကိုသာ ဆက်လက်ရင်ဆိုင်နေရသည်။

    “ Manning ဖော်လိုက်တဲ့ အကြောင်းတွေထဲမှာ (၂၀၀၉) ခုနှစ် ခရစ်စမတ်အကြိုည ဗုံးခွဲမှုမှာ အမေရိကန်စစ်သားတွေ ဘာမှမထိခိုက်ဘဲ  အီရတ်မိသားစု လေးဦးသေဆုံးမှု ၊ (၂၀၀၇) ခုနှစ်တုန်းက Apache လက်နက်ကိုင်တိုက်ခိုက်မှုမှာ  ဘဂ္ဂဒက်က သတင်းထောက် (၂)ဦးအပါအ၀င် လူ (၁၂)ယောက်ကို သေဆုံးစေမှု ရဲ့ ဗွီဒီယိုသတင်း အချက်အလက်တွေပါဝင်နေတယ်။ ဒီအချက်တွေဟာ ပြည်သူကို အသိပေးဖို့လိုအပ်တယ်လို့ သူကယုံကြည်တယ်။
    Manning ဟာ လူတွေရဲ့အသက်ကိုတန်ဖိုးထားတဲ့သူ ၊ လူသားချင်းစာနာစိတ်ရှိတဲ့သူ၊  (၂၁) ရာစုစစ်မက်ရေးရာရဲ့ သရုပ်မှန်အပေါ် မျှတတဲ့အမြင်ရှိတဲ့ စစ်သားငယ် ၊ ရိုးသားပြီး ရည်ရွယ်ချက်ကောင်းတဲ့ လူငယ်တစ်ယောက်ပါ ” ဟု သူ၏ရှေ့နေ David Coombs ကရှင်းပြခဲ့သည်။

    Manning သည် ပြည်တွင်းရေးအချက်အလက်ပေါင်း ၂၅၁,၂၈၇ ခုကို တစ်နာရီလျှင် ၁၀၀၀ နှုန်းမက ဒေါင်းလုတ် လုပ်ခဲ့ကြောင်း Morrow က တရားရုံးသို့တင်ပြခဲ့သည်။

    Manning အမှု၏ ပထမဆုံးမျက်မြင်သက်သေမှာ စစ်ထောက်လှမ်းရေးတပ်ကြပ်ကြီး Thomas Smith ဖြစ်သည်။ Manning ကို ကွန်ပျူတာများ ၊ disc ၊ အခြားဆက်စပ်ပစ္စည်များနှင့်တကွ ဘဂ္ဂဒက်အရှေ့ဖက် အီရတ် စစ်စခန်း၌ မိခဲ့ခြင်းဖြစ်ပြီး ၊ Manning ၏အခန်းဖော် Eric Baker က  Manning သည် ကွန်ပျူတာများဖြင့်သာ အချိန်ကုန်နေလေ့ရှိသူဖြစ်သည်ဟု  တရားရုံးတွင် ထွက်ဆိုခဲ့ပါသည်။

    တရားသူကြီး Colonel Denise Lind အနေဖြင့် Manning ၏အမှုအစိတ်အပိုင်းအချို့ကို လျှို့ဝှက်ချက်ပေါက်ကြားမှုအား ကာကွယ်ရန်အလို့ငှာ လူသိရှင်ကြား မဖြစ်စေလိုဟု ဆိုသည်။  Manning ကို သြဂုတ်လနှောင်းပိုင်းအထိ စစ်ဆေးစီရင်သွားမည်ဟု ခန့််မှန်းရသည်။

    တရားခွင်၌ သတင်းမီဒီယာသမားများ နှင့် လေ့လာစောင့်ကြည့်သူများ လူဦးရေ ၄၀ အနက် နယူးယောက်မှ လူ့အခွင့်အရေးနှင့်နိုင်ငံရေးလှုပ်ရှားသူ Cornel West လည်း ပါဝင်သည်။ ” ဒီလို ရဲရဲရင့်ရင့်လုပ်ဆောင်ခဲ့တဲ့ Bradley Manning အတွက်ကြောင့် ကျွန်တော် ဒီကိုလာတာပါ၊ သူဟာ သတ္တိရှိတဲ့လူငယ်တစ်ယောက်ဖြစ်ပါတယ်  ” ဟု ၄င်းမှ တရားခွင်အပြင်ဖက်၌ ပြောကြားခဲ့ပါသည်။

    Refး ရိုက်တာ

  • လက်တင်အမေရိက နိုင်ငံများ အမေရိကန် ထောက်လှမ်းရေး၏ ခြိမ်းခြောက်၊ စောင့်ကြည့်ခြင်း ခံနေရဟု ဝီကိလိခ် ဖွင့်ချ

    မေ-၁၇၊၂၀၁၃
    M-Media

    rahimi20130517062900617

    အမေရိကန်တွင်အခြေပြုသည့် သတင်းဆက်သွယ်ရေးနည်းပညာများကို မှီခိုနေရသောကြောင့် လက်တင်အမေရိကနိုင်ငံများ၏ အချုပ်အခြာမှာ အမေရိကန်ထောက်လှမ်းရေး အေဂျင်စီများ၏ ခြိမ်းခြောက်မှု အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ၀ီကီလီက်ကို တည်ထောင်သူ ဂျူလီယန် အက်စိန်းဂ်ျ(Julian Assange)က ပြောဆိုသည်။

    လက်တင်အမေရိကနိုင်ငံများအနေဖြင့် ၀ါရှင်တန်၏ အင်တာနက်သတင်းအချက်အလက် ကိုင်တွယ်မှုအပေါ် ယုံကြည်စိတ်ချနေခြင်းက အမေရိကန် ထောက်လှမ်းရေးအေဂျင်စီများဖြစ်ကြသည့် စီအိုင်အေ၊ အန်အက်စ်အေနှင့် အက်ဖီအိုင်တို့မှ စောင့်ကြည့်ခံနေရခြင်း၏ အရင်းအမြစ်ဖြစ်သည်ဟု ဂျူလီယန် အက်စိန်ဂ်ျ က ဥရုဂွေးနိုင်ငံပြည်သူ့တက္ကသိုလ်၌ကျင်းပသည့် ဗီဒီယိုအစည်းအဝေးတစ်ခုတွင် ပြောကြားခဲ့သည်ဟု Russia Today သတင်းဌာနက သောကြာနေ့တွင် ဖော်ပြခဲ့သည်။

    “လူတစ်ဦးချင်းစီရဲ့ ကြားမှာရှိနေတဲ့ သာမန် စာပေးစာယူစနစ်၊ တယ်လီဖုန်းလိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်ပြောဆိုမှုတွေကို အစားထိုးပြီး လူ့အဖွဲ့အစည်းရဲ့ နယ်ပယ်စုံမှာ ထိုးဖောက်ဝင်ရောက်လာတဲ့ အင်တာနက် အသုံးအပြုမှုဟာ အမေရိကန်ဆက်သွယ်ရေးလုပ်ငန်းတွေရဲ့လက်ထဲမှာ ရှိနေပါတယ်။” ဟု သူကဆိုသည်။

    အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်ရှိ ကွန်ပျူတာစနစ်များမှ ကြီးမားသောဆာဗာများတွင် လက်တင်အမေရိက နိုင်ငံသားများ၏ သတင်းအချက်အလက်များကို သတိလက်လွတ် လွှင့်တင်နေခြင်းများကို ပြောဆိုသွားပြီး ဆိုရှယ်နက်ဝက်များနှင့် ဂူးဂဲလ်ကဲ့သို့ ကုမ္ပဏီများ၏ ထုတ်လုပ်မှုများကို လူကြိုက်များမှု မြင့်တက်လာခြင်းနှင့်ပက်သက်၍လည်း ပြောဆိုသွားခဲ့သည်။ ထိုသတင်းအချက်အလက်များအား ဂူးဂဲလ်၊ ဖေ့စ်ဘွက်၊ ရာဟူးနှင့် အခြားသော အင်တာနက်ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများက ထိန်းချုပ်ထားသည်။
    “အဲဒီသတင်းအချက်အလက်တွေကို အမေရိကန်ထောက်လှမ်းရေး အေဂျင်စီတချို့နဲ့ အခြားသော အဖွဲ့အစည်းတွေက တရားဝင်ပုံစံနဲ့ရော၊ အခြားပုံစံနဲ့ပါ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပြီး ထိန်းချုပ်ထားပါတယ်။” ဟု သူကဆိုသည်။

    အဆိုပါ မှတ်ချက်ပေးပြောဆိုမှုမှာ ၎င်းတို့၏ သတင်းထောက်များ၊ အယ်ဒီတာများ၏ နှစ်လတာအတွင်း တယ်လီဖုန်းဆက်သွယ်ပြောဆိုမှုများကို အမေရိကန် တရားရေးဌာနမှ လျှို့ဝှက်စွာ နားထောင်ခွင့်ရနေသည်ဟု အေပီသတင်းဌာနမှ ထုတ်ဖော်ပြောဆိုပြီးနောက်ပိုင်း ရက်အနည်းငယ်အကြာတွင်ထွက်ပေါ်လာခြင်းဖြစ်သည်။

    ထောက်လှမ်းရေးလုပ်ငန်းအတွက် မိမိနိုင်ငံသားများ၏ တယ်လီဖုန်းပြောဆိုမှုများကို ကြားဖြတ်နားထောင်ခြင်းနှင့်ပက်သက်သည့် ပြဌာန်းထားသော ကိုယ်ပိုင်ဥပဒေများကို လိုက်နာရာတွင်ပင် အမေရိကန်အစိုးရမှာ စောင့်စည်းမှုမရှိဟု သူက ထည့်သွင်းပြောကြားခဲ့ပြီး နိုင်ငံခြားတိုင်းပြည်များမှ ပြည်သူများ၏ သတင်းအချက် အလက်များကို ထောက်လှမ်းစုံစမ်းခြင်းအား တားဆီးရန် အမေရိကန်တွင် ဥပဒေပြဌာန်းထားခြင်းမရှိ ဟူ၍လည်း သူက ဆက်လက်ပြောကြားခဲ့သည်။

    အမေရိကန် တရားရေးဌာနက ဖမ်းယူထားသာ တယ်လီဖုန်းပြောဆိုမှု မှတ်တမ်းများတွင် အေပီသတင်းထောက် တစ်ဦးချင်းဆီ၏ ဖုန်းနံပါတ်များဖြင့် အလုပ်နှင့် ကိုယ်ရေးကိုယ်တာကိစ္စအတွက် ခေါ်ယူပြောဆိုမှုများ၊ နယူးယောက်ရှိ အေပီသတင်းဌာန ရုံးချုပ်၊ ၀ါရှင်တန်၊ ဟတ်ဖို့ဒ်၊ ကွန်နက်တီကတ်ရှိ အေပီသတင်းဌာနရုံးများ၏ ဖုန်းနံပါတ်များဖြင့် ခေါ်ယူပြောဆိုမှုများ၊ အမေရိကန်အောက်လွှတ်တော် မီဒီယာခန်းမှ အေပီသတင်းဌာန၏ ဖုန်းနံပါတ်ဖြင့် ခေါ်ယူပြောဆိုမှုများ ပါဝင်လေသည်။
    MR/HSN

  • အာဖဂန်စစ်ပွဲလျို့ဝှက်ချက်များ ပေါက်ကြား

    WikiLeaks တည်ထောင်သူ ဂျူလီယန်အာဆန်ဂ်
    Robert Gate
    ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်နှင့် စစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ရေတပ်ဗိုလ်ချုပ်ကြီး မိုက်မူလင်
    Bradley Manning
    ဒုတပ်ကြပ် ဘရက်ဒလေမန်းနင်း

    အာဖဂန်စစ်ပွဲ လျို့ဝှက်ချက်များ ဆက်လက်ဖော်ပြခြင်း မပြုရန် WikiLeaks ၀က်ဘ်ဆိုက် တည်ထောင်သူအား အိမ်ဖြူတော်က ဇူလိုင်လ ၃၀ ရက်နေ့တွင် ပန်ကြားခဲ့ပြီး ပင်တဂွန်စစ်ဌာနချုပ်က သတင်းပေါက်ကြားမှုနှင့် ဆက်စပ်ပြီး ဆက်လက်စုံ စမ်း စစ်ဆေးနေကြောင်း သိရသည်။

    စစ်ပွဲလျို့ဝှက်ချက်ကို ပေါက်ကြားစေခဲ့သူဟု ယူဆရသော ဒုတပ်ကြပ် (Private First Class) ဘရက်ဒလေမန်းနင်းအား ကူဝိတ်မှနေပြီး ဗာဂျီးနီးယား စစ်ဘက်အကျဉ်းထောင်သို့ ခေါ်ယူကာ စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။ ပြီးခဲ့သည့် ဧပြီလအတွင်းက WikiLeaks တွင် ပေါက်ကြားခဲ့သော အီရတ်တွင် အမေရိကန်ရဟတ်ယာဉ် ထိုးစစ်ဆင်ရာမှဖြစ်ပွားခဲ့သည့် မတော်တဆမှု ဗီဒီယိုခွေနှင့် ပတ်သက်ပြီး မန်းနင်းအား စစ်ဆေးနေခြင်းဖြစ်ပြီး ယခုကဲ့သို့ အာဖဂန်စစ်ပွဲ လျို့ဝှက်ချက်များ ပေါက်ကြားမှုနှင့် ပတ်သက်၍ပါ သံသယရှိနေသည်ဟု သိရသည်။ (more…)