News @ M-Media

Wikileaks တည်ထောင်သူအပေါ် အဓမ္မပြုကျင့်မှုစွဲချက်ကို ဆွီဒင်ပယ်ဖျက်

မေ ၁၉၊ ၂၀၁၇
M-Media

– အမေရိကန်၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်သည့် Wikileaks ၀ဘ်ဆိုက်ကို တည်ထောင်သူ ဂျူလီယန် အာဆန်နှင့်ပတ်သက်၍ အဓမ္မပြုကျင့်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများကို ဆွီဒင်က ယနေ့တွင် ပယ်ဖျက်လိုက်သည်။

အသက် ၄၅ နှစ်အရွယ် အာဆန်မှာ အမေရိကန်၏ စစ်ရေးနှင့် သံတမန်ရေးဆိုင်ရာ လျှို့ဝှက်ချက်များကို Wilileaks မှတစ်ဆင့် ဖွင့်ချခဲ့ပြီနောက် ဆွီဒင်အစိုးရ၏ တရားစွဲဆိုခြင်းကို ခံခဲ့ရပြီး ၂၀၁၂ ခုနှစ်ကတည်းက လန်ဒန်မြို့ရှိ အီကွေဒေါ သံရုံးတွင် ခိုလှုံနေသူဖြစ်သည်။

ဗြိတိန်ရဲတပ်ဖွဲ့ကမူ အာဆန်အနေဖြင့် အီကွေဒေါသံရုံးမှ ထွက်ခွာလျှင် အသေးစား ရာဇ၀တ်မှုများဖြင့် ဖမ်းခံရမည်ဟု ပြောကြားခဲ့သည်။

အာဆန်၏ကိစ္စကို ကိုင်တွယ်နေသော ဥပရေးရာအဖွဲ့မှ ခရစ္စတိုဖီ မာချန်က ယခုကဲ့သို့ အဓမ္မမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုကို ပယ်ဖျက်ခြင်းကို ကြိုဆိုပြီး ‘အိပ်မက်ဆိုး အဆုံးသတ်သွားခြင်း’ ဟု ပြောကြားခဲ့သည်။

ဆွီဒင်အစိုးရ၏ ကြေငြာချက် ထွက်ပေါ်လာပြီးနောက်ပိုင်း အာဆန်က ပြုံးနေသော ၎င်း၏ ဓာတ်ပုံကို Twitter စာမျက်နှာတွင် လွှင်တင်ခဲ့ပြီး၊ မည်သည့် မှတ်ချက်မှ မပေးခဲ့ပေ။

Ref: Aljazeera