News @ M-Media

Tag: WuhanVirus

  • ကိုဗစ်ကာကွယ်ဆေးသစ် ၂ မျိုး ထပ်မံပေါ်ထွက်

    ကိုဗစ်ကာကွယ်ဆေးသစ် ၂ မျိုး ထပ်မံပေါ်ထွက်

    ဇန်နဝါရီ ၃၀၊ ၂၀၂၁
    M-Media

    -ယူကေ၊ တောင်အာဖရိကနဲ့ နိုင်ငံတစ်ချို့မှာ ပြန့်နှံနေတဲ့ ပုံပြောင်းကိုဗစ်အတွက်ပါ အသုံးပြလို့ရမယ့် ကာကွယ်ဆေးသစ်နှစ်မျိုး ထွက်ပေါ်လာပါတယ်။

    တစ်မျိုးက အမေရိကန်ထုတ် Novavax ဆေးဖြစ်ပြီး ယူကေမှာပြုလုပ်နေတဲ့ တတိယအဆင့် စမ်းသပ်အသုံးပြုမှုတွေအရ ရိုးရိုးကိုဗစ်ပိုးကို ကာကွယ်ရာမှာ ၈၉ ရာခိုင်နှုန်း ထိရောက်မှုရှိတာကို တွေ့ရပါတယ်။

    ပုံပြောင်းကိုဗစ်အတွက်ဆိုရင် ၈၆ ရာခိုင်နှုန်းလောက် ကာကွယ်ပေးနိုင်ပါတယ်။ ဒီဆေးကို တောင်အာဖရိကမှာလည်း စမ်းသပ်နေပါတယ်။

    Novavax ကုမ္ပဏီရဲ့ အမှုဆောင်အကြီးအကဲ စတန် အီရက်က ယူကေစမ်းသပ်မှုရလဒ်တွေဟာ အားရစရာကောင်းပြီး မျှော်လင့်ထားသလို ဖြစ်လာခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    နောက်ထပ်ကာကွယ်ဆေးတစ်မျိုးက အမေရိကန်ကုမ္ပဏီ Johnson & Johnson ပိုင် ဘလ်ဂျီယံဆေးဝါးလုပ်ငန်း Janssen က ထုတ်လုပ်တဲ့ ကာကွယ်ဆေးပါ။ တစ်ကြိမ်တည်းထိုးရတဲ့ ဒီကာကွယ်ဆေးဟာ ကိုဗစ်ရောဂါကို ၆၆ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပြီး၊ ဒီဆေးထိုးထားရင် ဆေးရုံတက်ရလောက်တဲ့အထိ ပြင်းထန်တာ၊ သေဆုံးတာမျိုး လုံး၀ မဖြစ်တော့ဘူးလို့ ဆိုပါတယ်။

    Janssen ဆေးဟာ ပုံပြောင်းကိုဗစ်ကိုတော့ Novavax လောက် ကာကွယ်နိုင်စွမ်း မရှိပါဘူး။ ၂ ကြိမ်ထိုးရင် ထိရောက်မှုပိုရှိလားဆိုတာကို စမ်းသပ်နေတယ်လို့ Janssen ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။

    ကမ္ဘာ့နိုင်ငံတွေရဲ့ ကျန်းမာရေးဝန်ကြီးဌာနတွေက အသုံးပြုခွင့် ထုတ်ပေးမှ ဒီကာကွယ်ဆေးတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိ ယူကေ၊ အမေရိကန်နဲ့ ကနေဒါတို့က ဒီဆေးတွေကို ကြိုတင်မှာယူထားကြပါတယ်။ ၂၀၂၁ ခုနှစ် ဒုတိယနှစ်ဝက်မှာ ဆေးတွေ စတင် ဖြန့်ဖြူးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

    ကမ္ဘာတစ်ဝှမ်း အဓိက အသုံးပြုနေတဲ့ ကိုဗစ်ကာကွယ်ဆေး ၃ မျိုးရှိပြီး အမေရိကန်-ဂျာမန်ထုတ် Pfizer and BioNTech၊ ယူကေထုတ် AstraZeneca နဲ့ အမေရိကန်ထုတ် Moderna တို့ ဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်ထုတ်နဲ့ ရုရှားထုတ် ကိုဗစ်ကာကွယ်​ဆေးတွေကိုလည်း တစ်ချို့နိုင်ငံတွေမှာ သုံးစွဲနေကြပြီ ဖြစ်ပါတယ်။

    Ref: BBC

  • ကိုဗစ်ကာကွယ်ဆေး တစ်နှစ်တစ်ကြိမ် ထိုးရဖွယ်ရှိနေဟု ယူအေအီး ကျန်းမာရေးတာဝန်ရှိသူပြော

    ကိုဗစ်ကာကွယ်ဆေး တစ်နှစ်တစ်ကြိမ် ထိုးရဖွယ်ရှိနေဟု ယူအေအီး ကျန်းမာရေးတာဝန်ရှိသူပြော

    ဇန်နဝါရီ ၂၇၊ ၂၀၂၁
    M-Media

    ယူအေအီး ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဖရီဒါ အလ် ဟိုစနီ

    -ကိုဗစ်ဗိုင်းရပ်စ်ရဲ့ ပုံပြောင်းတတ်တဲ့ သဘာ၀ကြောင့် ကာကွယ်ဆေးကို တစ်နှစ်တစ်ကြိမ် ထိုးရတာမျိုး ဖြစ်နိုင်တယ်လို့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) ကျန်းမာရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဖရီဒါ အလ် ဟိုစနီက ပြောပါတယ်။

    လူထုအခြေပြု အကူအညီပေးရေးအဖွဲ့ MBAF နဲ့ ယူအေအီး ပြည်သူ့ကျန်းမာရေးစင်တာ (ADPHC) တို့ရဲ့ မနေ့က အလွန်လိုင်းဆွေးနွေးပွဲတစ်ခုမှာ ဖရီဒါက အခုလို ပြောလိုက်တာပါ။

    ကိုဗစ်ရောဂါ စတင်ပြန့်နှံ့ကတည်းက ဗိုင်းရပ်စ်ပုံပြောင်းမှု အကြိမ်ရေထောင်ချီ ဖြစ်ခဲ့ပြီး လက်ရှိ ယူ​ကေ၊ တောင်အာဖရိကနဲ့ အခြားနိုင်ငံတစ်ချို့မှာ ကူးစက်မှု ၇၀ ရာခိုင်နှုန်း ပိုမြန်တဲ့ ပုံပြောင်းကိုဗစ်တစ်မျိုး ပြန့်နှံ့နေပါတယ်။

    ဖရီဒါက ဒီလိုပုံပြောင်းမှုတွေ ဆက်ဖြစ်နေရင် ကာကွယ်ဆေးကို တစ်နှစ်တစ်ကြိမ်လောက် ထိုးရတာမျိုး ဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိ ယူအေအီးမှာ အသက် ၁၆ နှစ်​အရွယ် လူငယ်တွေကို ထိုးပေးနိုင်မယ့် ကာကွယ်ဆေး အနည်းဆုံး ၃ မျိုးလောက်ကို စမ်းသပ်နေတယ်လို့ သူမက ဆိုပါတယ်။

    ကိုဗစ်ကူးစက်သူ ၄၀ ကနေ ၅၀ ရာခိုင်နှုန်းလောက် ရောဂါလက္ခဏာ မပြတာကို သူမက ထောက်ပြခဲ့ပါတယ်။

    “ဒါ့ကြောင့် လူကြီးတွေကို ဦးစားပေးထိုးပေးဖို့ ကျွန်မတို့ အဓိက လုပ်နေတယ်။ လူကြီးတွေ၊​ တစ်ခြားရောဂါရှိတဲ့သူတွေမှာ ကိုဗစ်ကူးစက်တာကို ကြိုသိလေလေ၊ ဗိုင်းရပ်စ်ကို ထိန်းချုပ်ဖို့ အခွင့်အရေး များလေလေပါပဲ”

    ယူအေအီးဟာ တရုတ်ထုတ် Sinopharm၊ အမေရိကန်ထုတ် Pfizer နဲ့ ရုရှားထုတ် Sputnik ကိုဗစ်ကာကွယ်ဆေးတွေကို အသုံးပြုခွင့်ပြုထားပြီး ၂၀၂၁ ခုနှစ် ပထမ ၃ လအတွင်း နိုင်ငံလူဦးရေရဲ့ ထက်ဝက်လောက်ကို ထိုးပေးနိုင်ဖို့ စီစဉ်ထားပါတယ်။

    Ref: Khaleej Times

  • တရုတ်တွင် ရောဂါလက္ခဏာမပြသူများမှတစ်ဆင့် ကိုဗစ်ပြန်ကူးမှု ဖြစ်ပေါ်

    တရုတ်တွင် ရောဂါလက္ခဏာမပြသူများမှတစ်ဆင့် ကိုဗစ်ပြန်ကူးမှု ဖြစ်ပေါ်

    ဇန်နဝါရီ ၂၅၊ ၂၀၂၁
    M-Media ၏

    -တရုတ်နိုင်ငံမှာ အခုရက်ပိုင်းအတွင်း ကိုဗစ်ကူးစက်မှု သိသိသာသာ ပြန်လည်မြင့်တက်လာခဲ့ပြီး ရောဂါလက္ခဏာမပြတဲ့သူတွေဆီကနေ ပြန့်နှံ့တာဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

    စနေနေ့က ကူးစက်သူ ၈၀ ရှိရာကနေ မနေ့က ၁၂၄ ဦး ရှိလာခဲ့ပြီး ပြီးခဲ့တဲ့နှစ် မတ်လနောက်ပိုင်း ကိုဗစ်ကူစက်မှုပြန်ဖြစ်ရာမှာ တစ်ရက်တာ အမြင့်ဆုံး ကူးစက်မှုလည်း ဖြစ်ပါတယ်။ ကူးစက်မှု အများအပြားတွေ့ရတဲ့ ဒေသက နိုင်ငံအရှေ့မြောက်ပိုင်း ကျီလင်ပြည်နယ်ပါ။

    ရောဂါလက္ခဏာမပြဘဲ ကိုဗစ်ရှိနေသူတွေကို တရုတ်အစိုးရက ရောဂါရှိသူအဖြစ် မသတ်မှတ်ပါဘူး။ ဒါပေမယ့် ဒီလူတွေမှာ ရောဂါလက္ခဏာ ပြန်ပြလာပြီး သူတို့ကနေ တစ်ခြားလူတွေကို ကူးစက်ပြန့်နှံတယ်တာကို အခုရက်ပိုင်းမှာ ခပ်စိပ်စိပ် တွေ့လာရပါတယ်။

    ဒါ့ကြောင့် ဒေသခံအာဏာပိုင်တွေဟာ လူသန်းနဲ့ချီ နေအိမ်ကွာရန်တင်းဝင်ခိုင်းတာ၊ လှုပ်ရှားသွားလာမှု ကန့်သတ်တာ၊ ကိုဗစ်စစ်ဆေးတာတွေကို ပြန်လည်လုပ်ဆောင်လာပါတယ်။

    နိုင်ငံတစ်ဝှမ်းက ကိုဗစ်ကာကွယ်​ဆေးထိုးတဲ့နေရာတွေမှာလည်း ရောဂါပိုးအစအနတွေကို တွေ့ရပြီး တရုတ် ကူးစက်ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးဌာန CDC ကတော့ ကာကွယ်ဆေးအရည်ကနေ ကျခဲ့တာမျိုးဖြစ်ကာ မကူးစက်နိုင်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

    Ref: CNA

  • ဦးနှောက်ထဲတွင် ကိုဗစ်ပိုးပုန်းအောင်းပြီး ဒုက္ခပြန်ပေးနိုင်ဟု သုတသေနတစ်ခုတွင် တွေ့ရှိ

    ဦးနှောက်ထဲတွင် ကိုဗစ်ပိုးပုန်းအောင်းပြီး ဒုက္ခပြန်ပေးနိုင်ဟု သုတသေနတစ်ခုတွင် တွေ့ရှိ

    ဇန်နဝါရီ ၂၄၊ ၂၀၂၁
    M-Media

    -ကိုဗစ်ပိုးဟာ ကူးစက်သူတွေရဲ့ ဦးနှောက်ထဲမှာ ပုန်းအောင်းနေပြီး သက်သာလာတဲ့အချိန်မှာ ဒီပိုးက ပြန်လည်ပြန့်နှံ့ကာ ကိုဗစ်ပြန်ဖြစ်နိုင်သလို၊ နောက်ဆက်တွဲရောဂါတွေလည်း ဖြစ်နိုင်တယ်လို့ အမေရိကန် လေ့လာမှုတစ်ခုမှာ တွေ့ခဲ့ရပါတယ်။

    ဂျော်ဂျီယာတက္ကသိုလ်ကလုပ်တဲ့ အဲဒီလေ့လာမှုကို Viruses ဆိုတဲ့ ဆေးပညာဂျာနယ်မှာ အခုတစ်ပတ်အစောပိုင်းက ဖော်ပြခဲ့တာပါ။

    ကြွက်တွေကို အသက်ရှုလမ်းကြောင်းကနေတစ်ဆင့် ပိုးကူးစေပြီး ကုသရာမှာ အဆုတ်ထဲက ကိုဗစ်ပိုးတွေ ကုန်သွားပေမယ့် ဦးနှောက်ထဲရောက်နေတဲ့ ကိုဗစ်ပိုးကြောင့် နောက်ပိုင်းမှာ လက္ခဏာပြန်ပြပြီး သေဆုံးသွားတာကို လေ့လာမှုမှာ တွေ့ခဲ့ရပါတယ်။

    ကိုဗစ်ပျောက်တော့မယ့်လူနာတွေမှာ ရုတ်တရက် လက္ခဏာပြန်ပြပြီး ​သေဆုံးသွားရတဲ့ အကြောင်းအရင်းကို ဒီလေ့လာမှုကနေ အဖြေရှာနိုင်မယ်လို့ ပညာရှင်တွေက ယုံကြည်နေကြပါတယ်။

    “ဦးနှောက်ဟာ ကိုဗစ်ဗိုင်းရပ်စ် ပုန်းအောင်းတတ်တဲ့ နေရာတစ်ခုပါ။ ဒါ့ကြောင့် ဆိုးရွားတဲ့ နောက်ဆက်တွဲရောဂါတွေ၊ နှလုံးရောဂါ၊ လေဖြတ်တာ၊ အနံ့ပျောက်တာ၊ အရသာပျောက်တာတွေကို တွေ့ရတာပါ။ ဒီရောဂါလက္ခဏာတွေဟာ အဆုပ်ထက် ဦးနှောက်ပိုးဝင်တာနဲ့ ဆိုင်ပါတယ်” လို့ သုတေသနမှာ ပါဝင်ခဲ့တဲ့ မူကက်ရှ် ကူးမားက ပြောကြားခဲ့ပါတယ်။

    ကိုဗစ်ပိုးဟာ အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေထက် ဦးနှောက်ထဲမှာ ပုန်းအောင်းနိုင်ချေ ပိုမိုများပြားပြီး အဆုပ်ထဲရောက်တဲ့ပိုးက ၃ ရက်လောက်နေရင် သေသွားတတ်ပေမယ့် ဦးနှောက်ထဲမှာတော့ ၅ ရက်ကနေ ၆ ရက်လောက်အထိ အများအပြား ရှိနေနိုင်သေးတယ်လို့လည်း ဂျော်ဂျီယာတက္ကသိုလ်ရဲ့ လေ့လာမှုမှာ တွေ့ခဲ့ရပါတယ်။

    “အသက်ရှူလမ်းကြောင်းဆိုင်ရာကိုပဲ ပိုပြီးအာရုံစိုက်နေတာ မမှန်ဘူးလို့ ကျွန်တော်တို့က မြင်တယ်။ ဦးနှောက်က အဆုပ်၊ နှလုံးနဲ့ အစိတ်အပိုင်းအားလုံးကို ထိန်းချုပ်ထားတာကြောင့် ဦးနှောက်ကို ပိုးရောက်သွားရင် ခန္ဓာကိုယ်က အစိတ်အပိုင်းအားလုံးကို ထိခိုက်နိုင်ပါတယ်” လို့ ကူးမားက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဦးနှောက်ကိုရောက်သွားတဲ့ကိုဗစ်ပိုး သေသွားရင်တောင် နောက်ပိုင်းမှာ မှတ်ဉာဏ်ချို့ယွင်းတာလို ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ ရောဂါတွေ၊ စိတ်ရောဂါ၊ ကိုယ်ခံစွမ်းအားက တိုက်ဖျက်မပေးနိုင်တဲ့ နာတာရှည်ရောဂါတွေ ဖြစ်ပွားနိုင်တယ်လို့လည်း ကူးမားက ဆိုပါတယ်။

    “ကြောက်စရာဗျ။ ကိုဗစ်ကူးပြီး ပြန်ကောင်းသွားပြီဆိုရင် အန္တရာယ်ကင်းသွားပြီလို့ လူတော်တော်များများက ထင်ကြတယ်။ ဒါဟာ မမှန်ဘူးဆိုတာ ကျွန်တော်တို့အခု စတွေ့ပါပြီ။ ဘယ်တော့မှ အန္တရာယ်မကင်းတော့ပါဘူး”

    Ref: News Week

  • ပုံပြောင်းကိုဗစ်ကြောင့် သေဆုံးမှုများနိုင်ဟု ယူကေဝန်ကြီးချုပ် သတိပေး

    ပုံပြောင်းကိုဗစ်ကြောင့် သေဆုံးမှုများနိုင်ဟု ယူကေဝန်ကြီးချုပ် သတိပေး

    ဇန်နဝါရီ ၂၃၊ ၂၀၂၁
    M-Media

    -နိုင်ငံတစ်ဝှမ်းမှာတွေ့ရတဲ့ ပုံပြောင်းကိုဗစ်ဟာ သေဆုံးမှုများပြားနိုင်တယ်လို့ ယူကေဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောကြားလိုက်ပြီး ​လက်ရှိကာကွယ်ဆေးကတော့ ပုံပြောင်းကိုဗစ်အတွက် အလုပ်ဖြစ်တယ်လို့ ဆိုပါတယ်။

    ဒီပုံပြောင်းကိုဗစ်ဟာ ယူကေမှာ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းက စတင်ပြန့်နှံ့နေတာဖြစ်ပြီး ကူးစက်မှုက သာမန်ထက် ၇၀ ရာခိုင်နှုန်း မြင့်မားပေမယ့် သေဆုံးမှုအန္တရာယ် မရှိဘူးလို့ အစောပိုင်းမှာ ထုတ်ပြန်ထားတာပါ။

    မနေ့က သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ် ဂျွန်ဆင်က သေဆုံးမှုမြင့်တက်လာတာနဲ့ ပုံပြောင်းကိုဗစ် ဆက်စပ်မှုရှိနိုင်တယ်လို့ ထုတ်ပြောပါတယ်။ ဒါပေမယ့် လက်ရှိ အသုံးပြုနေတဲ့ Pfizer-BioNTech၊ AsterAstrazeneca ကာကွယ်ဆေးတွေဟာ ပုံပြောင်းကိုဗစ်အတွက်လည်း ထိရောက်မှုရှိတယ်လို့ သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ယူ​ကေ ထိပ်တန်းသိပ္ပံပညာရှင် ပက်ထရစ် ဗာလန့်စ်က ပုံပြောင်းကိုဗစ်ကြောင့် သေဆုံးမှုတွေရှိတယ်ဆိုတဲ့ အချက်အလက်ဟာ ခိုင်မာမှုသိပ်မရှိသေးဘူးလို့ သာမာန် ကိုဗစ်ကူးစက်နေသူတွေ ဆေးရုံကိုရောက်လာရင် သူတို့အတွက် စိုးရိမ်စရာ မရှိတော့ပေမယ့်၊ ပုံပြောင်းဗိုင်းရပ်စ်က ပိုစိုးရိမ်ရတယ်ဆိုတာကိုတော့ ဝန်ခံခဲ့ပါတယ်။

    ယူကေမှာတွေ့ရတဲ့ ပုံပြောင်းကိုဗစ်ကို တောင်အာဖရိကနဲ့ ဘရာဇီးလ်တို့မှာလည်း တွေ့ထားပါတယ်။

    Ref: Aljazeera