News @ M-Media

Tag: WuhanVirus

  • ကိုဗစ်ကိစ္စ သတင်းမှားဖြန့်သူကို ယူအေအီး ဒဏ်တပ်မည်

    ကိုဗစ်ကိစ္စ သတင်းမှားဖြန့်သူကို ယူအေအီး ဒဏ်တပ်မည်

    ဧပြီ ၁၉၊ ၂၀၂၀
    M-Media

    -နိုင်ငံအတွင်း Covid-19 ကပ်ရောဂါနဲ့ပတ်သက်တဲ့ သတင်းမှားတွေ ဖြန့်ဝေသူကို ဒီရ်ဟမ် ၂ သောင်း (ဒေါ်လာ ၅၅၀၀) ရိုက်မယ်လို့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံက မနေ့မှာ ကြေငြာလိုက်ပါတယ်။

    ယူအေအီးမှာ လက်ရှိအချိန်အထိ ကူးစက်သူ ၆၃၀၀ ကျော်နဲ့ သေဆုံးသူ ၃၇ ဦး ရှိနေပါတယ်။

    ဆိုရှယ်မီဒီယာမှာ ဗိုင်းရပ်စ်ပြန့်နှံ့မှု၊ ကုသမှုတွေနဲ့ပတ်သက်တဲ့ သတင်းမှားတွေလည်း ပြန့်နှံ့နေပြီး ယူအေအီးအစိုးရရဲ့ မနေ့က ကြေငြာချက်ဟာ ဒါတွေကို ထိန်းသိမ်းဖို့ ဖြစ်ပါတယ်။

    ကိုဗစ်နဲ့ပတ်သက်တဲ့ သတင်းတွေကို ကျန်းမာရေး၀န်ကြီးဌာနတစ်ခုတည်းကသာ ထုတ်ပြန်သွားမှာဖြစ်ပြီး အဲဒီအချက်အလက်တွေနဲ့ ကွဲလွဲတဲ့ သတင်းတွေ၊ သတင်းမှားတွေ၊ တရားဝင်ထုတ်ပြန်ထားခြင်းမရှိတဲ့ သတင်းတွေကို ပုံနှိပ်ဗားရှင်း၊ အသံဗားရှင်း၊ အီလက်ထရောနစ်ဗားရှင်း ဘယ်လို ပုံစံနဲ့မဆို ဖြန့်ချီတာကို တားမြစ်တယ်လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဒါပေမယ့် ဒီတားမြစ်ချက်ဟာ သတင်းသမားတွေ၊ မီဒီယာသမားတွေအပေါ်မှာ အကျုံးဝင်လားဆိုတာ အသေးစိတ် ဖော်ပြထားခြင်း မရှိပါဘူး။

    Ref: Aljazeera

  • Covid-19 ကြောင့် ဂျပန်ကျန်းမာရေးစနစ် ပြိုလဲနိုင်ဟု ပညာရှင်များ သတိပေး

    Covid-19 ကြောင့် ဂျပန်ကျန်းမာရေးစနစ် ပြိုလဲနိုင်ဟု ပညာရှင်များ သတိပေး

    ဧပြီ ၁၉၊ ၂၀၂၀
    M-Media

    -Covid-19 ကူးစက်သူအရေအတွက် မြင့်တက်လာရင် တိုင်းပြည်ရဲ့ ကျန်းမာရေးစနစ် ပြိုလဲနိုင်တယ်လို့ ဂျပန် ဆရာဝန်တွေက အစိုးရကို သတိပေးလိုက်ပါတယ်။

    တရုတ်နိုင်ငံအပြင်ဘက်မှာ ဒုတိယမြောက် အစောဆုံးကူးစက်ခဲ့တဲ့ ဂျပန်နိုင်ငံဟာ ပြန့်ပွားမှုကို ထိန်းချုပ်နိုင်တော့မယ်လို့ အစောပိုင်းမှာ ထင်ခဲ့ရပေမယ့် နောက်ပိုင်းမှာ ကူးစက်မှု ပြန်လာပြီး အခုဆိုရင် ကူးစက်သူ တစ်သောင်းကျော်လာပြီ ဖြစ်ပါတယ်။ သေဆုံးသူက ၂၀၀ ကျော်ရှိလာပြီး မြို့တော်တိုကျိုဟာ ဗိုင်းရပ်စ်ဒဏ်ကို အဆိုးဝါးဆုံးခံရတဲ့နေရာ ဖြစ်ပါတယ်။

    ကူးစက်သူ မြင့်တက်လာတာနဲ့အမျှ ဆေးရုံတွေက လက်ခံကုသမပေးနိုင်တာတွေ ဖြစ်ပေါ်နေပြီး ကိုဗစ်သံသယလူနာတစ်ဦးကိုဆိုရင် ဆေးရုံ ၈၀ လောက်က ငြင်းပယ်မှုကို ခံခဲ့ရပါတယ်။

    ဂျပန်ဆရာဝန်များအသင်းက ကျန်းမာရေးဝန်ထမ်းတွေအားလုံး လာရောက်ကူညီပေးဖို့လိုအပ်ပြီး ဒီလိုမှမဟုတ်ရင် ကျန်းမာရေးစနစ် ပြိုလဲသွားမယ်လို့ မနေ့မှာ သတိပေးခဲ့ပါတယ်။

    အခြား ဆေးဘက်ဆိုင်ရာ အသင်း ၂ ခုကလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ မြင့်တက်လာတာနဲ့အမျှ ဆေးရုံတွေရဲ့ ကုသနိုင်စွမ်းကလည်း ကျဆင်းလာတယ်လို့ ထောက်ပြခဲ့ပါတယ်။ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေမှာ ကာကွယ်ရေးဝတ်စုံတွေ လုံလုံလောက်လောက်မရှိတာလို လိုအပ်ချက်တွေလည်း ရှိနေပါတယ်။

    ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအစိုးရရဲ့ ကိုဗစ်တားဆီးနှိမ်နှင်းရေး ပေါ်လစီတွေကို နိုင်ငံအတွင်းမှာ ဝေဖန်မှု မြင့်တက်နေပါတယ်။

    Ref: BBC

  • ဝူဟန်ဗိုင်းရပ်စ်အတွက် နောက်ဆက်တွဲရလဒ်ကို တရုတ် ခံစားရမည်ဟု ထရမ့် သတိပေး

    ဝူဟန်ဗိုင်းရပ်စ်အတွက် နောက်ဆက်တွဲရလဒ်ကို တရုတ် ခံစားရမည်ဟု ထရမ့် သတိပေး

    ဧပြီ ၁၉၊ ၂၀၂၀
    M-Media

    -ကိုရိုနာဗိုင်းရပ်စ် သိသိကြီးနဲ့ ပြန့်နှံ့စေခဲ့တဲ့ တရုတ်အနေနဲ့ နောက်ဆက်တွဲ ရလဒ်တွေကို ခံစားရမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မနေ့မှာ သတိပေးလိုက်ပါတယ်။

    ဝူဟန်က ဓာတ်ခွဲခန်းတစ်ခုမှာ မွေးထားတဲ့ Covid-19 ဗိုင်းရပ်စ်ဟာ အဲဒီကနေ့ ပေါက်ထွက်ပြီး ကမ္ဘာတစ်ဝှမ်းကို ကူးတာဖြစ်ကာ တရုတ်အစိုးရက ဒါကို သိခဲ့တယ်လို့ အမေရိကန်က စွပ်စွဲထားတာပါ။ ပြန့်နှံ့မှုနဲ့ပတ်သက်ပြီး ကမ္ဘာကို တရုတ်က စောစောစီးစီး အသိမပေးခဲ့ဘူးလို့လည်း ဆိုပါတယ်။

    ထရမ့်ကတော့ ဒီဗိုင်းရပ်စ်ပိုး ကမ္ဘာကိုမပြန့်ခင်ကတည်းက တရုတ်ဟာ ရပ်တန့်နိုင်ရမှာဖြစ်ပြီး ဒီလို မလုပ်ခဲ့တဲ့အတွက် အခုလို ကမ္ဘာကြီးက ခံစားနေရတာဖြစ်တယ်လို့ မနေ့က အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    ဒီအတွက် နောက်ဆက်တွဲ ရလဒ်တွေကို တရုတ်က ခံစားရလားမလို့ သတင်းထောက်တွေက မေးမြန်းရာမှာ ထရမ့်က ခံစားရလိမ့်မယ်လို့ ဖြေကြားခဲ့ပါတယ်။

    “သူတို့ သိသိကြီးနဲ့ လုပ်တာပါ။ ဒါက သေချာပါတယ်။ ဒါဟာ အမှားတစ်ခုလို့ ပြောရင် အဲဒီအမှားကိုက မှားနေတာပါ။ ဒါပေမယ့် သူတို့ သိသိကြီးနဲ့ လုပ်တာပါ။ နောက်ဆက်တွဲဆိုးကျိုးဆိုတာလည်း ရှိလာမှာပါ။ အမှားတစ်ခုကြောင့် ဗိုင်းရပ်စ် ပေါက်ထွက်လာတာနဲ့ တမင်ပေါက်ထွက်အောင်လုပ်တာနဲ့ လုံး၀ မတူပါဘူး”

    မိမိတို့ ဝင်ရောက်ကိုင်တွယ်ဖို့ အစကတည်းက တောင်းဆိုခဲ့ပေမယ့် တရုတ်က ခွင့်မပြုခဲ့ဘဲ ဒါဟာ တစ်ခုခုမှားနေပြီဆိုတာ သိပြီး ရှက်တဲ့အတွက်ဖြစ်ကြောင်း ထရမ့်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဝူဟန်ဓာတ်ခွဲခန်းကနေ ဗိုင်းရပ်စ်ပြန့်တယ်ဆိုတဲ့ အမေရိကန်ရဲ့ စွပ်စွဲချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ကျောက်လီကျန်းက ငြင်းပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကို အမေရိကန်စစ်တပ်က တရုတ်နိုင်ငံထံ ယူဆောင်လာတာ ဖြစ်နိုင်တယ်လို့ ကျောက်လီကျန်းက အရင် ပြောဆိုခဲ့ဖူးပါတယ်။

    Ref: CNA

  • အာဖရိကတွင် ၆ လအတွင်း လူသန်းချီ ကိုဗစ်ကူးနိုင်ဟု WHO သတိပေး

    အာဖရိကတွင် ၆ လအတွင်း လူသန်းချီ ကိုဗစ်ကူးနိုင်ဟု WHO သတိပေး

    ဧပြီ ၁၉၊ ၂၀၂၀
    M-Media

    -အာဖရိကတိုက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ အရေအတွက်ဟာ ၆ လအတွင်း သန်းချီ ဖြစ်လာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးလိုက်ပါတယ်။

    လက်ရှိ အာဖရိက တစ်တိုက်လုံးမှာ ကူးစက်သူ ၁၇၀၀၀ ကျော်နဲ့ သေဆုံးသူ ၉၀၀ လောက်သာ ရှိသေးတဲ့အတွက် အခြားဒေသတွေနဲ့ယှဉ်ရင် အလွန်အမင်း နည်းပါးနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာ့အဆင်းရဲဆုံးတိုက်ဖြစ်ပြီး ကောင်းမွန်တဲ့ ကျန်းမာရေးစနစ်တွေ မရှိတဲ့အတွက် ကူးစက်သူ အလွန်အမင်း များလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။

    “ဗိုင်းရပ်တွေဟာ နိုင်ငံတွေအလိုက် ဆက်လက် ကူးစက်ပြန့်နှံ့သွားမှာကို ကျွန်တော်တို့ စိုးရိမ်ပါတယ်။ ကူးစက်သူ အရေအတွက်ဟာ တစ်နေ့တစ်ခြား တိုးလာပါတယ်” လို့ WHO အာဖရိကဒေသ ဒါရိုက်တာ မက်ရှီဒီဆို မိုတီက ပြောကြားခဲ့ပါတယ်။

    လန်ဒန်မြို့ Imperial ကောလိပ်ရဲ့ ခန့်မှန်းတွက်ချက်မှုမှာတော့ အာဖရိကမှာ Covid-19 ကူးစက်မှုကို အကောင်းဆုံး တုန့်ပြန်နိုင်ရင်တောင် လူ ၃ သိန်းလောက် သေဆုံးနိုင်ခြေရှိပြီး အဆိုးဆုံးအခြေအနေမှာ လူ ၃.၃ သန်းလောက် သေဆုံးကာ သန်း ၁၂၀၀ လောက် ကူးစက်နိုင်တယ်လို့ ဆိုပါတယ်။

    အာဖရိကတိုက်အတွင်း ကူးစက်မှုအများဆုံးဖြစ်တဲ့ တောင်အာဖရိကနိုင်ငံမှာ တိုင်းပြည်ကို တံခါးပိတ်ကာ ရွေ့လျားသွားလာမှု ကန့်သတ်ထားတာကြောင့် ကူးစက်မှုအရေအတွက် ကျဆင်းနေပေမယ့် ဘာကီနာဖာဆို၊ ကွန်ဂို၊ အလ်ဂျီရီးယားတို့လို အခြား အာဖရိက နိုင်ငံတွေမှာတော့ ကူးစက်မှု၊ ပျမ်းမျှသေဆုံးမှုအရေအတွက်တွေဟာ မြင့်မားနေပါတယ်။

    Ref: Aljazeera

  • ရန်ကုန်တိုင်းဒေသကြီးတွင် ညမထွက်ရအမိန့်ထုတ်

    ရန်ကုန်တိုင်းဒေသကြီးတွင် ညမထွက်ရအမိန့်ထုတ်

    ဧပြီ ၁၈၊ ၂၀၂၀

    M-Media


    ရန်ကုန်တိုင်းဒေသကြီးအစိုးရက တိုင်းဒေသကြီးအတွင်း ည (၁၀) နာရီကနေ မနက် (၄) နာရီအထိ ညမထွက်ရအမိန့်တစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။ ကိုကိုးကျွန်းကလွဲပြီး တိုင်းဒေသကြီးက မြို့နယ်အားလုံးမှာ ဒီအမိန့် သက်ရောက်မှာ ဖြစ်ပါတယ်။