News @ M-Media

Tag: WuhanVirus

  • ထိုင်ဝမ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မရှိတော့

    ထိုင်ဝမ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မရှိတော့

    ဧပြီ ၁၄၊ ၂၀၂၀
    M-Media

    -နိုင်ငံအတွင်းမှာ Covid-19 ကူးစက်မှု မရှိတော့ဘူးလို့ ထိုင်ဝမ်နိုင်ငံက ဒီကနေ့မှာ ကြေငြာလိုက်ပြီး ဒါဟာ တစ်လကျော်အတွင်း ပထမဆုံးအကြိမ် ကူးစက်မှု ပပျောက်သွားတာ ဖြစ်ပါတယ်။

    ထိုင်ဝမ်ဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ကတည်းက ကိုရိုနာဗိုင်းရပ်စ် တားဆီးကာကွယ်ရေးကို အစောဆုံး စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ ထိထိ​ရောက်ရောက် ဆောင်ရွက်နိုင်မှုအတွက် ကမ္ဘာ့ပညာရှင်တွေရဲ့ ချီးကျူးမှုကိုလည်း ခံထားရပါတယ်။

    စုစုပေါင်း ကူးစက်သူအရေအတွက်ဟာ ၃၉၃ ဦးရှိပြီး အဲဒီအထဲက ၃၃၈ ဦးဟာ နိုင်ငံခြားကနေ ကူးစက်လာသူတွေပါ။ သေဆုံးသူက၆ ဦးသာ ရှိပါတယ်။

    “ကျွန်တော်တို့ ကျော်လွှားနိုင်ခဲ့ပြီလို မျှော်လင့်ပါတယ်။ ဒါပေမယ့် တားဆီးကာကွယ်မှုတွေကိုတော့ ဆက်လက် လုပ်ဆောင်သွားရမှာပါ။ ကူးစက်မှုမရှိတော့တဲ့အတွက် ပျော်ရွှင်မိပါတယ်” လို့ ကျန်းမာရေးဝန်ကြီး Chen Shih-chung က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    ဆေးရုံက ဆင်းသွားသူအရေအတွက်က ၁၂၄ ဦးအထိ ရှိနေပါတယ်။

    တရုတ်နဲ့နီးကပ်ပေမယ့် ထိုင်ဝမ်ဟာ တစ်နိုင်ငံလုံးကို တံခါးပိတ်ကာ ရွေ့လျားသွားလာမှု ကန့်သတ်တာမျိုး မရှိဘဲ လူစုလူဝေးမလုပ်ဖို့ တားမြစ်တာ၊ အပြင်ထွက်ရင် နှာခေါင်စည်း မတပ်မနေရအဖြစ် သတ်မှတ်တာလောက်သာ လုပ်ဆောင်ခဲ့ပါတယ်။

    Ref: CNA

  • ဒုတိယသမ္မတ ၂ နှင့် မိသားစု၊ နီးစပ်သူ ၃၀ ခန့်ကို Covid-19 ရှိ၊ မရှိ စစ်ဆေးမည်

    ဒုတိယသမ္မတ ၂ နှင့် မိသားစု၊ နီးစပ်သူ ၃၀ ခန့်ကို Covid-19 ရှိ၊ မရှိ စစ်ဆေးမည်

    ဧပြီ ၁၄၊ ၂၀၂၀

    M-Media

    ဒုတိယသမ္မတ ၂ နှင့် မိသားစု၊ နီးစပ်သူ ၃၀ ခန့်ကို Covid-19 ရှိ၊ မရှိ စစ်ဆေးမည်

    News Source – BBC Burmese

  • မလေးရှားတွင် Covid-19 ကန့်သတ်မိန့်ကို ဖောက်ဖျက်သည့် မြန်မာ ၆၀ ကျော် ဖမ်းဆီးခံရ

    မလေးရှားတွင် Covid-19 ကန့်သတ်မိန့်ကို ဖောက်ဖျက်သည့် မြန်မာ ၆၀ ကျော် ဖမ်းဆီးခံရ

    ဧပြီ ၁၄၊ ၂၀၂၀
    M-Media

    -ရွေ့လျားသွားလာမှုကန့်သတ်မိန့်ကို ဖောက်ဖျက်ပြီး လူစုလူဝေးနဲ့ သင်္ကြန်ပွဲကျင်းပတဲ့ မြန်မာနိုင်ငံသား ၆၂ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ မလေးရှား ​သတင်းဌာနတွေက ဒီကနေ့မှာ ဖော်ပြပါတယ်။

    Covid-19 ပြန့်နှံ့ကူးစက်မှုကြောင့် မလေးရှားဟာ တိုင်းပြည်ကို မတ်လ အလယ်ပိုင်းလောက်ကတည်းက တံခါးပိတ်ထားပြီး ပြည်သူတွေ လှုပ်ရှားသွားလာမှု၊ လူစုလူဝေး လုပ်ဆောင်မှုတွေကို တင်းတင်းကြပ်ကြပ် တားမြစ်ကန့်သတ်ထားတာပါ။

    မြို့တော် ကွာလာလမ်ပူမြို့ ဆင်ခြေဖုံး ဆီပန်းမြို့က စက်ရုံတစ်ခုရဲ့ အလုပ်သမားအဆောင်မှာ မြန်မာနိုင်ငံသားတွေဟာ သင်္ကြန်အကြိုနေ့က ရေသဘင်ပွဲတော် ကျင်းပခဲ့ကြပြီး မိနစ် ၃၀ ကြာမြင့်တဲ့ ဗီဒီယိုတစ်ခုလည်း ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့ခဲ့ပါတယ်။

    ခရိုင်ရဲတပ်ဖွဲ့ အကြီးအကဲ ဝမ် ကမာရွလ် အဇ်ရန် ဝမ် ယူဆွဖ်က စက်ရုံ စီမံခန့်ခွဲရေးအဖွဲ့ရဲ့ အကူအညီပေးမှုနဲ့အတူ ဧပြီလ ၁၃ ရက်နေ့ နေ့လည် ၂ နာရီလောက်မှာ သံသယရှိသူ ၆၂ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    အဲဒီအထဲက ၂ ဦးဟာ သင်္ကြန်ပွဲတော် ကျင်းပပုံတွေကို ဖုန်းနဲ့ ဗီဒီယိုရိုက်ကူးပြီး Facebook စာမျက်နှာမှာ လွှင့်တင်ခဲ့တယ်လို့ ဝန်ခံခဲ့ကာ အချို့တွေကလည်း ပွဲတော်မှာ ပါဝင်ခဲ့တယ်လို့ ဝန်ခံကြောင်း၊ စစ်ဆေးမေးမြန်းပြီး နောက်ထပ်ပါဝင်သူတွေကို ရှာဖွေဖမ်းဆီးဖို့ လုပ်ဆောင်နေကြောင်း ဝမ် ယူဆွဖ်က ဆိုပါတယ်။

    အခု ဖမ်းဆီးထားတဲ့ မြန်မာ ၆၀ ကျော်ကိစ္စကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၆၉၊ ၅၀၅ (ဂ)၊ ကူးစက်ရောဂါ တားဆီးနှိမ်နှင်းရေးဆိုင်ရာ အက်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေတွေနဲ့ စုံစမ်းစစ်ဆေးနေတာ ဖြစ်ပါတယ်။

    သင်္ကြန်ပွဲကျင်းပတဲ့ ဗီဒီယို အွန်လိုင်းမှာ ပြန့်နှံ့သွားပ​ြီးတဲ့နောက် မလေးရှားနိုင်ငံသားတွေက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။

    Ref: Malay Mail

  • Covid-19 လူလူချင်းကူးစက်မှုကို တရုတ်က ဖုံးကွယ်ခဲ့ဟု ကန်တာဝန်ရှိသူ ဝေဖန်

    Covid-19 လူလူချင်းကူးစက်မှုကို တရုတ်က ဖုံးကွယ်ခဲ့ဟု ကန်တာဝန်ရှိသူ ဝေဖန်

    ဧပြီ ၁၃၊ ၂၀၂၀
    M-Media

    -Covid-19 လူလူချင်းကူးစက်မှုဟာ တရုတ်နိုင်ငံမှာ ဒီဇင်ဘာလ အလယ်ပိုင်းလောက်ကတည်းက ဖြစ်ပေါ်နေပေမယ့် တရုတ်အစိုးရက ကမ္ဘာကို နောက်ကျမှ အသိပေးတယ်လို့ အမေရိကန်သမ္မတရဲ့ ကိုရိုနာဆိုင်ရာအကြံပေး ဒေါက်တာ အန်သိုနီ ဖောင်စီက ပြောကြားလိုက်ပါတယ်။

    ဝူဟန်မြို့မှာ ကူးစက်ရောဂါတစ်မျိုး ဖြစ်ပွားနေကြောင်း တရုတ်ဆိုရှယ်မီဒီယာမှာ အစောဆုံးရေးသားခဲ့တဲ့ ဆရာဝန် ၈ ဦးကို တရုတ်အစိုးရက ခေါ်ယူသတိပေးခဲ့ပြီး အဲဒီအထဲက တစ်ဦးဆိုရင် ဝါဒမဖြန့်ဘူးလို့ ခံဝန်လက်မှတ်ပါ ထိုးပေးခဲ့ရပါတယ်။ ​ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေကြောင်းကိုတရုတ်က ဇန်နဝါရီလရောက်မှ ကမ္ဘာကို အသိပေးခဲ့တာ ဖြစ်ပါတယ်။

    အမေရိကန်က တရုတ်အစိုးရဟာ ကူးစက်ပြန့်နှံ့မှုကို စောစောအသိမပေးဘဲ ဖုံးကွယ်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

    အိမ်ဖြူတော် ကိုရိုနာဗိုင်းရပ်စ် တားဆီးတိုက်ဖျက်ရေးအဖွဲ့က အဓိကအဖွဲ့ဝင် ဒေါက်တာ ဖောင်စီက ​ဗိုင်းရပ်စ်ဟာ လူလူချင်းမကူးဘဲ တိရစ္ဆာန်က​နေ လူကိုသာကူးတာဖြစ်တယ်၊ ဇန်နဝါရီလ အလယ်ပိုင်းလောက်ကမှ လူအများအပြားကို ကူးစက်သွားတာဖြစ်တယ်လို့ တရုတ်အစိုးရရဲ့ ပြောကြားချက်တွေဟာ မှန်ကန်မှုမရှိဘူးလို့ Fox News သတင်းဌာရဲ့ တနင်္ဂနွေနေ့ အစီအစဉ်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

    “ဒီပြောဆိုချက် ၂ ခုစလုံးမှာ မမှန်ပါဘူး။ အစကတည်းက သတင်းမှန်မရတာပါ။ ဝါဒဖြန့်ထားတဲ့ သတင်းတွေကိုသာ အစကတည်းက ကျွန်တော်တို့ ကြားခဲ့ရတာပါ”

    Ref: Washington Times

  • Covid-19 ဗိုင်းရပ်စ်မှာ လူနာနှင့် ၁၂ ပေအကွာ​ရှိ လေထဲ၌ ရှိနိုင်ဟု သုတေသနတစ်ခုတွင် ဖော်ပြ

    Covid-19 ဗိုင်းရပ်စ်မှာ လူနာနှင့် ၁၂ ပေအကွာ​ရှိ လေထဲ၌ ရှိနိုင်ဟု သုတေသနတစ်ခုတွင် ဖော်ပြ

    ဧပြီ ၁၂၊ ၂၀၂၀
    M-Media

    -Covid-19 ကူးစက်နေတဲ့ လူနာထံကနေ ဗိုင်းရပ်စ်ပိုးဟာ ၄ မီတာ (၁၂ပေကျော်) အကွာအဝေးမှာ လေထဲအထိ ရောက်ရှိနေတာကို သုတေသနအသစ်တစ်ခုမှာ တွေခဲ့ရပြီး ဒါဟာ လူတစ်ဦးနဲ့တစ်ဦးအကြား ၆ ပေခြားရမယ်ဆိုတဲ့ အကြံပြုချက်ထက် ၂ ဆ များနေတာ ဖြစ်ပါတယ်။

    ဘေဂျင်း စစ်ဆေးသိပ္ပံ တက္ကသိုလ်က တရုတ်သိပ္ပံပညာရှင်တွေဟာ Covid-19 လူနာတွေကို တင်ထားရာ ဆေးရုံက ပစ္စည်းတွေကို ဓာတ်ခွဲစမ်းသပ်ရာကနေ ဒီလို တွေ့ရှိခဲ့တာဖြစ်ပြီး သူတို့ရဲ့ တွေ့ရှိချက်ကို အမေရိကန် ကူးစက်ရောဂါ ကာကွယ်တားဆီးရေးဌာန (CDC) က ထုတ်ဝေတဲ့ Emerging Infectious Diseases ကျန်းမာရေးဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

    လူနာနဲ့ ၁၂ ပေအကွာလောက်မှာ တွေ့ရတဲ့ ဗိုင်းရပ်စ်ပိုးဟာ ကူးစက်နိုင်စွမ်းမရှိဘူးလို့ လက်ရှိ ကမ္ဘာ့ ဆေးဘက်ဆိုင်ရာ ပညာရှင်တွေက ခံယူထားကြတာပါ။

    ဒါပေမယ့် ဝူဟန်မြို့ကဆေးရုံမှာ ပြုလုပ်ခဲ့တဲ့ အခု သုတေသနမှာတော့ ဗိုင်းရပ်စ်တွေဟာ​ ဆေးရုံရဲ့ ကြမ်းပြင်မှာ သွားစုနေတာ၊ ကွန်ပျူတာ မောက်စ်တွေ၊ အမှိုက်ပုံးတွေ၊ ကုတင်တန်းတွေနဲ့ တံခါးဘုသီးတွေမှာ ပြန့်နှံ့နေတာ၊ ကျန်းမာရေးဝန်ထမ်းတွေစီးတဲ့ ဖိနပ် ဆိုလ်းပြားတွေမှာ ကပ်နေတာတွေကို တွေ့ခဲ့ရပါတယ်။

    လေကနေတစ်ဆင့် ပြန့်နှံ့မှု

    ဗိုင်းရပ်စ်ပါဝင်ပြီး အလွန်သေးငယ်တဲ့ အမှုန်အမွှားလေးတွေဟာ လူနာနဲ့ ၁၂ ပေအကွာက လေပေါ်မှာ လွင့်နေတာကိုလည်း သိပ္ပံပညာရှင်တွေက စမ်းသပ်တွေ့ရှိခဲ့ပါတယ်။

    လူနာရဲ့ နှာချေမှု၊ ချောင်းဆိုးမှုကနေ ထွက်လာတဲ့ အစက်ကလေးတွေဟာ မြေပြင်ပေါ်ကို မြန်မြန်ဆန်ဆန် ကျသားတတ်ပေမယ့် အလွန်သေးလွန်းတဲ့ အမှုန်လေးတွေကတော့ လေပေါ်မှာ နာရီများစွာ ပျံလွင့်နေနိုင်တယ်လို့ သုတေသန ပညာရှင်တွေက ပြောကြားခဲ့ပါတယ်။ ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်ထားတဲ့အတွက် ကျန်းမာရေးဝန်ထမ်းတွေမှာ ဒီအခြေအနေမျိုးကနေ ကူးစက်တာ မရှိဘူးလို့လည်း ဆိုပါတယ်။

    အခုတွေ့ရှိချက်အရ ရောဂါကူးစက်နေတယ်လို့ သံသယရှိသူကို နေအိမ်တွေမှာ သီးသန့်ခွဲထားတာမျိုးဟာ ကောင်းမွန်တဲ့ ကာကွယ်တားဆီးမှုမျိုးမဟုတ်ဘဲ ပတ်ဝန်းကျင်ကို ဗိုင်းရပ်စ်တွေ ပိုမိုပြန့်နှံစေလိမ့်မယ်လို့ တရုတ် သုတေသန ပညာရှင်တွေက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    Covid-19 ဟာ လူနာရဲ့ ခန္ဓာကိုယ်ကထွက်တဲ့ အရည်တွေကို တိုရိုက်ထိတွေ့မှ ကူးစက်တယ်လို့ ယေဘူယျအားဖြင့် ပညာရှင်တွေက ယူဆထားပြီး လေထဲကနေတစ်ဆင့် ကူးစက်နိုင်တယ်ဆိုတဲ့ ကိစ္စမှာတော့ ပညာရှင်တွေအကြား ငြင်းခုံမှုတွေ ရှိနေပါတယ်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က လေထဲကနေတစ်ဆင့် ကူးစက်နိုင်ချေ မရှိဘူးလို့ ပြောကြားထားပါတယ်။

    Ref: AFP