News @ M-Media

Tag: Yangon

  • စောင့်ကြည့် သတိထားရမည့် ရန်ကုန်အခြေအနေ

    မတ်လ ၂၉၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်
    police
    ပျံလွန်တော်မူသွားသော မစိုးရိမ် ကျောင်းတိုက်မှ ဆရာတော် ကိုရည်စူး၍ ဆုတောင်းပွဲတစ်ရပ်ကို (၂၉)ရက်၊ သောကြာနေ့ နေ့လည် ၁၂း၃၀ အချိန်တွင် ရန်ကုန်မြို့ မြို့တော်ခန်းမအနီး ဆူးလေစေတီတော်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ထိုဆုတောင်းပွဲကို ဦးဝီရသူ တက်ရောက်မည် ဖြစ်ကြောင်းသတင်းရရှိသည်။

    ထိုအတူ လက်ပတောင်းတောင် ကြေးနီ စီမံကိန်း အရေး ဆန္ဒပြပွဲ တရပ်ပြုလုပ်ရန်ခွင့်ပြုချက် ရထားပြီးဖြစ်ကြောင်း သိရသည်။ ညနေ (၄း၀၀) နာရီတွင် ဆန္ဒပြပွဲကိုပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

    သို့ပါ၍ အစ္စလာမ်ဘာသာဝင် မိဘပြည်သူများ အနေဖြင့် ဂျွမ္မာအချိန်(သောကြာနေ့ဘုရားဝတ်ပြုချိန်)နှင့် အချိန်ကိုက်ဖြစ်နေသည်ကို သတိမူစေလိုကြောင်း၊ ရန်ကုန်မြို့တွင် ဆူပူအကြမ်းဖက်မှုဘက်သို့ ဦးတည်လာနိုင်သည်ကို သတိထားရမည် ဖြစ်ကြောင်း၊ အစ္စလာမ်ဘာသာဝင်များ အနေဖြင့် ၎င်းအနီးတ၀ိုက်မှ ရှောင်ကြဉ်ကြစေလိုကြောင်း၊ မိဘများ အနေဖြင့် မိမိသား သမီးများကို အိမ်ထဲတွင်သာ ထားရှိစေလိုကြောင်း၊ ပြဿနာဖြစ်စေနိုင်မည့် အရေးများမှ အတတ်နိုင်ဆုံး ကာကွယ် စောင့်ရှောက်ကြရန် တစ်ဦးချင်းစီမှာ တာဝန် ရှိကြောင်း၊ မိမိတစ်ဦးတစ်ယောက်ကြောင့် အစ္စလာမ်ဘာသာဝင်များ၏ အသက် အိုးအိမ်ကို မထိခိုက် မပျက်ဆီးစေရန် နေထိုင်ပြောဆိုသင့်ကြောင်း ကို ပန်းပဲတန်းမြို့နေ ပြည်သူတစ်ဦးမှ M-Media ကို ပြောပြလာပါသည်။

  • ဥက္ကံတွင် ဗလီနှင့် မွတ်စလင်မ်အိမ်များကို အကြမ်းဖက် ဖျက်ဆီးမည် ဆိုသောကြောင့် စိုးရိမ် ထိတ်လန့်နေကြ

    မတ်လ ၂၇၊ ၂၀၁၃
    M-Media
    ထွန်းတောက်

    Oak Kan
    ဥက္ကံမြို့ ။ ။ ရန်ကုန်မြောက်ပိုင်း အုတ်ကံမြို့တွင် ဗလီနှင့် မွတ်စလင်မ်အိမ်များကို အကြမ်းဖက်ဖျက်ဆီးမည်ဆိုသောကြောင့် မွတ်စလင်မ်များ စိုးရိမ်ထိတ်လန့်နေကြကြောင်းသတင်းရရှိသည်။

    “ဥက္ကံမှာ မွတ်စလင်မ်တွေကို အကြမ်းဖက်ဖျက်ဆီးမယ်လို့ သတင်းတွေထွက်ပေါ်နေတာကြောင့် အားလုံးလည်း စိုးရိမ်ထိတ်လန့်နေကြပါတယ်။ အုတ်ကံမြို့ပေါ်မှာ ဒီနေ့ (၂၇)ရက်ကနေ (၂၉)ရက်ထိ ညစဉ် (၃)ရက်တိုင်တိုင် ၉၆၉ တရားပွဲ ရှိနေပါတယ်။ ဒီတရားပွဲပြီးမယ့်ရက် ၂၉-ရက်နေ့ကို အထူးစိုးရိမ်နေကြပါတယ်။ ဥက္ကံမြို့မှာက ဗလီ(၂)လုံးပဲရှိတာပါ။ ဥက္ကံအနီးက မွတ်စလင်မ်တွေချည်းပဲနေတဲ့ ပနီပင်ရွာကိုလည်း မီးရှို့မယ်၊ မီးကွင်းပစ်မယ်ဆိုပြီးခြိမ်းခြောက်စာတွေ ပစ်ခံနေရပါတယ်။ အဲဒီအတွက် အားလုံးမှာ စိုးရိမ်နေကြတယ်။ ဥက္ကံမြို့ပေါ်က မွတ်စလင်မ် ကလေး၊ လူကြီးနဲ့ အမျိုးသမီးတွေကို ဘေးလွတ်ကင်းရာဘက်ကို ပို့ထားကြပြီး အမျိုးသားအများစုသာ ရှိနေကြပါတော့တယ်။ တရားပွဲပြီးမယ့် ၂၉-ရက်နေ့ကို အထူးစိုးရိမ်ပါတယ်”ဟု ဥက္ကံမြို့ခံမှ M-Media ကို ပြောပြလာပါတယ်။

  • မတ်လ ၂၄ – ၂၅ ရန်ကုန်မြို့ ဆူညံမှုဖြစ်စဉ်

    မတ်လ ၂၄ – ၂၅ ရန်ကုန်မြို့ ဆူညံမှုဖြစ်စဉ်

    M-Media
    March 25, 2013

    မတ်လ ၂၄ ည ၁၀ နာရီခန့် မှစ၍ အကြမ်းဖက်လူရမ်းကားတစ်စုသည် ရန်ကုန်မြို့ မွတ်စလင်မ်အ များစုနေ ထိုင်ရာ ရပ်ကွက်များသို့  ကား ၂-စီးဖြင့် လှည့်ပတ်သွားလာ အော်ဟစ်နေပြီး တိုက်ခိုက်ရန် ညာသံပေးကြိုးစား ရာ ဒေသခံမွတ်စလင်မ်များက ဟန့်တားကာကွယ်ရန်ဆိုင်းပြင်းသဖြင့် ထွက်ပြေးသွားသည်။

    ထိုသို့ အကြိမ်ကြိမ်ကြိုးစားရာ မွတ်စလင်မ်များက ခေါင်းငုံမခံပဲ ပြန်လည်ဟန့်တားခုခံသဖြင့် တိုက်ခိုက်မှုမအောင်မြင်ခဲ့ကြောင်း မျက်မြင်တဦးကပြောသည်။

    မတ်လ ၂၅ ရက်နေ့  ၁ နာရီ ၃၀ မိနစ်ခန့်  တွင် M-Media မှ ဖုန်းနှင့် ဆက်သွယ်မေးမြန်းနေချိန်အတွင်း ကား နှစ်စီးခန့် ဖြင့် ၀င်ရောက်လာပြီး အော်သံများထွက်လာကြောင်း မွတ်စလင်မ်အမျိုးသမီးကပြောသည်။

    “အလ္လာဟ်၊ ဒီမှာလာနေပြီ၊ ၁၀၁ လမ်းထိပ်က ရောင်နက်ပလီကို၊ ဒိုအာလုပ်ပါ (ဆုတောင်းပါ)။ လမ်းထိပ်မှာ ရောင်နက်ဗလီရှိတယ်။ အသံတွေ ဆူဆူညံညံကြားတယ်။ မွတ်စလင်မ်တွေကလည်း သက္ကဘီရ် (ဘုရားစာ) ရွတ်နေကြတယ်။”

    အဆိုပါ အကြမ်းဖက်သမားများသည် ကားနှစ်စီးဖြင့် တမြို့ လုံး ပတ်သွားလျက်ပြီး မအူကုန်းမြို့နယ် လမ်းကျယ်၊ မင်္ဂလာတောင်ညွန်မြို့နယ် လမ်း-၁၂၀ ဗလီအနီးနှင့် တ၀ိုက်လမ်းများနှင့် ပန်းပဲတန်းတွင် ရန်စမှုများ ကြိုးစားပြီး ရောင်နက် ဗလီကိုလည်း ခဲများဖြင့် ပစ်ပေါက်သွားကြောင်း မျက်မြင်တဦးက M-Media ကို ပြောပြလာသည်။

  • မြန်မာနိုင်ငံ ဓာတ်ပုံအသင်း ဓာတ်ပုံပြိုင်ပွဲ ဆုရ အနုပညာ ဓာတ်ပုံပြပွဲ နှင့် ဟောပြောပွဲ ကျင်းပ

    မတ်လ ၁၈ ရက်၊၂၀၁၃။
    M-Media
    သတင်း- ပသီဆောင်းနှင်းမှုံ

    P6150035

    မြန်မာနိုင်ငံဓာတ်ပုံအသင်း မှ ပြုလုပ်သည့် (၄၉)ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ နှစ်ပတ်လည် ဓာတ်ပုံပြိုင်ပွဲ ဆုရအနုပညာဓာတ်ပုံပြပွဲနှင့် ဟောပြောပွဲအခမ်းအနား ယနေ့ မတ်လ ၁၈ ရက်နေ့မှ စပြီး စင်ထရယ်ဟိုတယ် (ပတ္တမြားခန်းမ)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၌  စတင်ဖွင့်လှစ် ခဲ့ကြောင်းသိရှိရသည်။

    ယနေ့ ဟောပြောပွဲအစီစဉ်အဖြစ်  ဆရာဦးဖေမြင့်ဦးမှ ဓာတ်ပုံရိုက်ကူးနည်းဆိုင်ရာ အသိပညာများကို နံနက်၁၀း၀၀နာရီမှ ၁၂း၀၀အထိ ဟောပြောပို့ချခဲ့သည်။

    ဓါတ်ပုံပြိုင်ပွဲတွင် ယှဉ်ပြိုင်သူ (၆၆)ယောက်၊ ပြိုင်ပွဲဝင်ပုံပေါင်း (၇၆၅)ပုံ ပြိုင်ပွဲဝင်ခဲ့ကြောင်း သိရသည်။

    ဒီဂျစ်တယ် အထူးပြုလုပ်ချက် ကဏ္ဍ ရူချင်စဖွယ် (အဖြူအမည်း၊ မိုနိုကရိုဏ်း) ကဏ္ဍ၊ ရူချင်စဖွယ် (ဆေးရောင်စုံ)ကဏ္ဍ၊ လူပုံ(ဆေးရောင်စုံ)ကဏ္ဍ၊ သဘာဝလေ့လာချက်  သဏ္ဍာန် တို့ခေါင်းစဉ်အလိုက် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆု(၁)၊  နှစ်သိမ့်ဆု (၂)၊  နှစ်သိမ့်ဆု(၃) တို့ဖြင့် ဆုအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။

    ထိုပွဲတွင် ၂၀၁၂ခုနှစ်အတွက် အကောင်းဆုံးဓာတ်ပုံပညာရှင်ဆု “THE BEST PHTOGRAPHIC OF THE YEAR 2012” ဆုကို ကိုဇော်မင်း (GTS) AMPS, APPS အသင်းဝင်အမှတ်(၁၀၁၆၆) ရရှိခဲ့သည်။

    P6150013

    ပြိုင်ပွဲဝင် ဓာတ်ပုံများအား အကဲဖြတ်ပညာရှင်များ ဖြစ်သော ဦးမောင်မောင်သောင်း Hon;MPS, Hon;FMPS, AMPS၊ ဦးသီဟသိန်းဥာဏ် Hon:MPS, Hon;FMPS, AMPS ဖရန်ကီထွန်းတင် FMPS၊ ဥက္ကလာထွန်းရွှေ (မြို့တော်သတင်းထောက်ချုပ်) Hon;MPS၊ ဦးမြင့်သိန်းဖေ (ဂုဏ်ပြုအသင်းသား)၊ ဒါရိုက်တာ ပန်ချီစိုးမိုး Hon;MPS၊ ဦးဖေမြင့်ဦး Hon;MPS, FMPS, ARPS၊ ဦးထင်လင်း Hon;MPS, FMPS, PMPS၊ ဦးထင်အောင် PMPS၊ အေကေမိုး (ဦးအောင်ကျော်မိုး) PMPS၊ ဦးအောင်မျိုး PMPS တို့က အကဲဖြတ် ခဲ့ကြောင်းသိရသည်။

    ဆက်လက်၍ ယနေ့ နေ့လည် ၂း၀၀ မှ ၃း၃၀ ထိကို ဆရာဦးကျော်ကျော်ဝင်း ၊ ၁၉ရက်နေ့တွင် နံနက် ၁၀း၃၀ မှ ၁၂း၀၀ထိကို ဆရာပန်းချီစိုးမိုး၊ နေ့လည် ၂း၀၀မှ ၃း၃၀ ထိကို ဆရာအေ၀မ်းသိန်းထွဋ် တို့ဖြစ်ကြောင်း၊ ၂၀ရက်နေ့တွင် နံနက် ၁၀း၃၀မှ ၁၂း၀၀ထိကို ဆရာဦးကျော်ဝင်း(လှဂုဏ်ရည်)၊ နေ့လည် ၂း၀၀ မှ ၃း၃၀ ထိကို ဆရာဦးထိန်ဝင်း တို့မှ ဆက်လက် ဓါတ်ပုံ ဆိုင်ရာ ပညာရပ်များကို ဟောပြောပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

    ဓာတ်ပုံပြိုင်ပွဲ ဆုရ အနုပညာ ဓာတ်ပုံပြပွဲ နှင့် ဟောပြောပွဲ အခမ်းအနားကို မတ်လ ၂၀ ရက်နေ့အထိ ခင်းကျင်းပြသထားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

    More Photo

  • ပန်းဘဲတန်းမြို့နယ် တွင် စာပေဟောပြောပွဲအခမ်းအနား ကျင်းပမည်

    မတ်လ ၁၈ ရက်၊၂၀၁၃။
    M-Media
    သတင်း- ပသီဆောင်းနှင်းမှုံ

    P6150003

    စာပေမြတ်နိုးသူများ စုပေါင်းကျင်းပသည့် ပထမအကြိမ်မြောက် စာပေဟောပြောပွဲ အခမ်းအနားကို ပန်းဘဲတန်းမြို့နယ်၊အမှတ်(၁၁)ရပ်ကွက်၊ ၃၁လမ်းအထက်လမ်း၌ မတ်လ၂၄ ရက်နေ့  ည၇နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

    အဆိုပါ အခမ်းအနားတွင် စာရေးဆရာ ဖေမြင့်၊ စာရေးဆရာ အော်ပီကျယ်၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိင်တို့ ဟောပြောပို့ချမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။