News @ M-Media

Tag: Yangon

  • ဓာတ်ပုံအသင်း နှစ်ပတ်လည် ဓာတ်ပုံပြိုင်ပွဲ ဆုရအနုပညာ ဓာတ်ပုံပြပွဲနှင့် ဟောပြောပွဲ ကျင်းပမည်

    မတ်လ ၁၅ရက်၊၂၀၁၃
    M-Media
    ပသီဆောင်းနှင်းမှုံ

    မြန်မာနိုင်ငံဓာတ်ပုံအသင်း နှစ်ပတ်လည် ဓာတ်ပုံပြိုင်ပွဲ ဆုရအနုပညာ ဓာတ်ပုံပြပွဲနှင့် ဟောပြောပွဲ ကျင်းပမည်

    OLYMPUS DIGITAL CAMERA

    မြန်မာနိုင်ငံဓာတ်ပုံအသင်း (၄၉)ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ နှစ်ပတ်လည် ဓာတ်ပုံပြိုင်ပွဲ ဆုရအနုပညာဓာတ်ပုံပြပွဲနှင့်ဟောပြောပွဲ အခမ်းအနားကို မတ်လ ၁၈၊၁၉၊၂၀ ရက်နေ့များတွင် စင်ထရယ်ဟိုတယ်(ပတ္တမြားခန်းမ) ၊ဗိုလ်ချုပ်အောင်ဆန်းလမ်း၌ နံနက် ၁၀း၀၀ မှ ညနေ ၅း၀၀ထိ ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိသည်။

    အဆိုပါ အခမ်းအနားတွင် ဟောပြောမည့် သူများမှာ ၁၈ရက်နေ့တွင် နံနက် ၁၀း၃၀ မှ ၁၂း၀၀ထိကို ဆရာဦးဖေမြင့်ဦး၊ နေ့လည် ၂း၀၀ မှ ၃း၃၀ ထိကို ဆရာဦးကျော်ကျော်ဝင်း တို့ဖြစ်ကြောင်း၊ ၁၉ရက်နေ့တွင် နံနက် ၁၀း၃၀ မှ ၁၂း၀၀ထိကို ဆရာပန်းချီစိုးမိုး၊ နေ့လည် ၂း၀၀မှ ၃း၃၀ ထိကို ဆရာအေ၀မ်းသိန်းထွဋ် တို့ဖြစ်ကြောင်း၊ ၂၀ရက်နေ့တွင် နံနက် ၁၀း၃၀မှ ၁၂း၀၀ထိကို ဆရာဦးကျော်ဝင်း(လှဂုဏ်ရည်)၊ နေ့လည် ၂း၀၀ မှ ၃း၃၀ ထိကို ဆရာဦးထိန်ဝင်း တို့ဖြစ်ကြောင်း သိရသည်။

    လူဦးရေ (၆၀)ယောက်သာ ကန့်သတ်ထားသောကြောင့် တက်ရောက်မည့်သူများ အနေဖြင့် မြန်မာနိုင်ငံ ဓာတ်ပုံအသင်း အတွင်းရေးမှူး စိုင်းခမ်းလင်း ထံ ဖုန်း ၀၁-၃၇၃ ၁၆၇ သို့ဆက်၍ ကြိုတင် စာရင်းပေးသွင်း တက်ရောက်နိုင်ကြောင်း စုံစမ်းသိရှိရသည်။

  • လှိုင်သာယာ PPCL (မန်းကုမ္ပဏီ) ဆီပေပါ သိုလှောင်ရုံတွင် မီးလှောင်မှုဖြစ်ပွား

    မတ်လ ၁၂ရက်၊ ၂၀၁၃
    M-Media
    သတင်း-ပသီဆောင်းနှင်မှုံ

     P6090109
    လှိုင်သာယာမြို့နယ်၊ ဒိုက်စုကျေးရွာ၊ အပိုင်း(၆)၊ ဆိပ်ကမ်းသာ လမ်းမပေါ်ရှိ PPCL Premiun PetroL (မန်း ကုမ္မဏီ)တွင် ယနေ့ မွန်းတည့် ၁၂း၀၀ နာရီ တွင် မီးလောင်မှု့ ဖြစ်ပွားခဲ့ပြီး ၁၂း၅၅ မိနစ်ချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သတင်းရရှိသည်။

    အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒိုက်စုမီးသတ်ဌာနမှ တပ်စုမှူး ကိုသန်းလွင်မှ “ဆီပေပါတွေ သိုလှောင်ထားတဲ့ နေရာကနေ မီးလောင်တာပါ၊ဘယ်လိုစ လောင်တာလည်း ဆိုတာတော့ ကျွန်တော်တို့လည်း မသိသေးပါဘူး၊လှိုင်သာယာ၊ အင်းစိန် ၊စမ်းချောင်း၊ ကမာရွက် စတဲ့မြို့နယ်တွေက မီးသတ်ကား အစီးရေ (၅၀)ခန့်၊ လူအင်အား အယောက် ၃၀၀လောက်နဲ့ မီးဝိုင်းငြိမ်းကြပါတယ်။ ဒါပေမယ့် ကုမ္ပဏီ ၀င်းထဲက ၀န်ထမ်း အိမ်ယာ နှစ်လုံးရယ်၊ ရုံးခန်း အဆောက်အဦးရယ်၊ ဆီပေပါ ၃လုံး၊ ဆီပေပါတင် ကားနှစ်စီးရယ်၊ သင်္ဘောတစ်စင်း မီးထဲ ပါသွားပါတယ် ”ဟု M-Media သို့ပြောကြားခဲ့သည်။

    “ဆီပေပါ ထည့်တဲ့ အလုပ်သမား နှစ်ဦး ဒဏ်ရာ ရရှိလို့ ဆေးရုံပို့ထားပါတယ်။ ဒီအနီးအနားမှာ မီး ဆက်လက် လောင်ကျွမ်းဖို့ လွယ်ကူတဲ့ နေရာတွေ မရှိပါဘူး ။ဒီနေရာက လူနေအိမ်တွေနဲ့ ဝေးပါတယ်။ ဆိပ်ကမ်းမှာ ရပ်ထားတဲ့ သဘောင်္ တစ်စီးတော့ ပါသွားတယ်” ဟု  မီးသတ်ဌာနမှ တာဝန်ရှိသူ တစ်ဦးက M-Media သို့ပြောသည်။

    မြင့်သက်ဦး ၄၅၁ ငါးဖမ်း သင်္ဘောမှ ၀န်ထမ်းကလည်း “ကျွန်တော်တို့ သင်္ဘော ဆိုက်ကပ်ထားတဲ့နေရာမှာ မီးလောင်နေတယ်လို့ ပြောလို့ အပြေးလာကြည့်တာပါ။ ဒီရောက်တော့ ကျွန်တော်တို့ သင်္ဘောလည်း မီးထဲ ပါသွားပြီး ထင်းဖြစ်သွားပြီ။ ချောင်းလေး ရှိတော့ ဒီနားမှာ သင်္ဘောပြင်တဲ့ အချိန်တိုင်း အမြဲ ကမ်းကပ်ကပ် ထားတာပါ”ဟု M-Media သို့ပြောကြားခဲ့သည်။

    အဆိုပါ မီးလောင်မူနှင့် ပတ်သက်၍  ဆီဖြည့်နေရင်း လောင်တာဖြစ်နိုင်ကြောင်း ပတ်ဝန်းကျင် ပြည်သူတစ်ဦးမှ ဝေဖန်သုံးသပ် ပြောကြားခဲ့သည်။

    More Photo

    P6090114

    P6090089

  • “လှပ ရောင်စုံ မြို့တော်ရန်ကုန်” ဓါတ်ပုံ ပြိုင်ပွဲ နှင့် ပြိုင်ပွဲ ကျင်းပမည်။

    မတ်လ ၆ ၊ ၂၀၁၃
    M-Media
    သတင်း- ပသီဆောင်းနှင်းမှုံ

    111
    ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ကြီးမှုး ကျင်းပသော လှပ ရောင်စုံ မြို့တော်ရန်ကုန် ခေါင်းစဉ်ဖြင့် ဓါတ်ပုံ ပြိုင်ပွဲ နှင့် ပြပွဲ ၂၀၁၃ အခမ်းအနားကို ဧပြီလ ၁ရက် (တနလာင်္နေ့) တွင် မြို့တော်ခန်းမ၊ ပထမထပ်ခန်းမကြီး တွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

    ပြိုင်ပွဲဝင်မည့် ဓါတ်ပုံများကို ၂၀၁၃ခုနှစ် မတ်လ ၁၈ရက်မှ ၂၈ရက်နေ့အထိ ရုံးချိန်အတွင်း လက်ခံသွားမည်ဖြစ်ကြောင်း၊ ပြပွဲကာလမှာ ၃.၄.၂၀၁၃ မှ ၅.၄.၂၀၁၃ ထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

  • ရန်ကုန်တိုင်း ဝန်ကြီးချူပ် အစ္စလာမ့်ဘာသာရေး အဖွဲ့ ကြီးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ

    မတ်လ ၄ ၊ ၂၀၁၃
    M-Media

    ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချူပ် ဦးမြင့်ဆွေ အစ္စလာမ့်ဘာသာရေးအဖွဲ့ ကြီးမှာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

    2

    ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချူပ် ဦးမြင့်ဆွေသည် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးမှ တာဝန်ရှိသူများနှင့် ၂၀၁၃ခုနှစ် မတ်လ ၄ ရက်နေ့တွင် ရန်ကုန်မြို့ ပြည်လမ်းရှိ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးခန်းမသို့ ဖိတ်ခေါ်၍ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်းသိရပါသည်။

    ထိုသို့တွေ့ဆုံရာတွင် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဥက္ကဌ၊  ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေးဝန်ကြီး၊ ရန်ကုန်တိုင်း ဒေသကြီး လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

     

  • လှိုင်သာယာမှ မင်းမဲ့စရိုက်ကြောင့် ထွက်ပြေး တိမ်းရှောင်ခဲ့ရသူ တဦးနှင့် အင်တာဗျူး

    မတ်လ ၊၃ရက်၊၂၀၁၃
    M-Media
    သတင်း-ဇာဇာလှိုင်

    ၂၈.၂.၂၀၁၂ ရက်ညပိုင်းတွင် ရန်ကုန်မြို့ လှိုင်သာယာ၊ ၃-ထိပ်ရှိ မွတ်စလင်မ်များပိုင်သော ဆိုင်များနှင့် ပိတ်ထားတ ကြာပြီဖြစ်သော ဘာသာရေး ၀တ်ပြုဆောင်ကို လူစုလူဝေးဖြင့် ဖျက်ဆီးမှုများပြုလုပ်ခဲ့ကြပါသည်။

    1
    မတ်လ ၁ ရက်နေ့ည ၈ နာရီ ခွဲအချိန် လှိုင်သာယာ ၁ ရပ်ကွက် အခြေအနေမြင်ကွင်း
    Photo Credit Skyheart Winko

    မတ်လ(၁)ရက်နေ့ ည ၁၂း၃၀ ခွဲကျော်တွင် မြေတိုင်း၁ တိုးချဲ့ ၊သာယာကုန်း ခ/၂၀၊အောင်ချမ်းသာလမ်း၊ အမှတ်(၃)ရပ်ကွက်၊ လှိုင်သာယာ မြို့နယ် မှ ထွက်ပြေးတိမ်းရှောင် လာရသူ မိသားစုထဲမှ မိသားစုဝင်  တစ်ဦးဖြစ်သော ကိုဇော် ထံ လတ်တလော ကြုံတွေ့ခဲ့ရသည့် အခြေအနေ နှင့် ပတ်သက်၍ M-Media မှ ဆက်သွယ် မေးမြန်းခဲ့ပါသည်။

    “မတ်လ ၁ရက်နေ့က ည၈နာရီလောက်မှာ လူစုပြီး ကျွန်တော်တို့ အိမ်ကို မီးရှို့မယ်၊အိမ်ကို ဖျက်ပစ်မယ်လို့ အစည်းအဝေး လုပ်ကြပါတယ်။အဲဒီ အစည်းအဝေးထဲက မိတ်ဆွေက ပြန်ပြောပြတာပါ။ ကျွန်တော်တို့လမ်းထဲမှာ မွတ်စလင် အိမ်ဆိုလို့ကျွန်တော်တို့ အိမ်ပဲရှိပါတယ်၊နောက် ညနေ ၅နာရီ နာရီကျော်လောက်မှာ လူစုစု ရုံးရုံး ဖြစ်နေတာနဲ့ မိသားစုဝင(်၁၈)ယောက်ထဲက အသက်ကြီးတဲ့သူရယ်၊ မသန်မစွမ်းရယ်၊ ကလေးငယ်တွေပါ အပါအ၀င် သူတို့ကို ထွက်ပြေး တိမ်းရှောင်ခိုင်း ထားလိုက်ရပါတယ် ။နောက် ကျွန်တော့်တူ(၂)ယောက်ရယ်၊ ကျွန်တော်ရယ် အိမ်မှာ ကျန်ခဲ့ပြီး ရပ်ကွက်ရုံး တာဝန်ခံ၊ မြို့နယ်ရဲစခန်း၊နယ်ထိန်း တို့ထံ အကြောင်းကြားလိုက်ပါတယ်။ လမ်းထဲက ဗုဒ္ဒဘာသာဝင်၁၈ယောက် ၁၉ယောက် လာစောင့်ပေးပါတယ်။ နာရီဝက်လောက်ကြာတော့ လုံခြုံရေး အပြည့်အစုံနဲ့ ရဲကား ၁၀စီးရောက်လာပါတယ်။ ရဲတွေက မေးမြန်းတော့ ကျွန်တော်တို့ အိမ်ကို မီးရှို့မယ်၊အခုလာနေပြီ လို့သတင်းကြားလို့ပါလို့ ဖြေလိုက်ပါတယ်။လုံခြုံရေး ရဲတွေကလည်း ကျွန်တော်တို့ကို ဒီလိုပြန်ပြောပါတယ်“အေး တစ်ဖက်ကလည်း မင်းတို့အိမ်မှာ ကုလားတွေ လူစုထားတယ်၊ဓာတ်ဆီတွေ ၊ရေနံဆီတွေနဲ့ ရပ်ကွက်ကို မီးရှို့မယ်လို့ ငါတို့ကို လာတိုင်ထားတယ်၊ အဲဒီတော့ မင်းတို့အားလုံးလည်းပြန်ကြ၊ ငါတို့ရှိတယ်၊မင်းတို့လည်း မီးမှိတ်ပြီးအိပ်တော့၊ ငါတို့ တာဝန်ယူတယ်”လို့ပြောပါတယ်။ အဲဒီအချိန်က ည၁၂နာရီကျော်နေပါပြီ။

    ကျွန်တော်တို့လည်း မီးမှိတ်ပြီး အိမ်ထဲမှာ မအိပ်ရဲပါဘူး၊ ထိုင်နေပြီး အပြင်ကို နားစွင့်နေပါတယ်။ည၁၂နာရီခွဲလောက်မှာ လက်ခုပ် သုံးချက် တီးသံကြားရပါတယ်။ ဒါနဲ့ ကွန်တော်တို့အိမ် အပေါ်ထပ်ကနေ ချောင်းကြည့်ပါတယ်။ လက်ခုပ်သံ ဆုံးပြီး ခဏလောက်ကြာတော့ လူအစုစု ဖြစ်သွားတယ်၊ လက်တွေမှာလည်း မီးတုတ်တွေ၊ ၀ါးရင်းတုတ်နဲ့ လူအယောက်၃၀၊၄၀လောက် ကျွန်တော်တို့ အိမ်ကို ၀ိုင်းလိုက်တယ်။ ကျွန်တော်တို့ လုံခြုံရေးရဲဆီ ဖုန်းဆက်လိုက်တော့ ၅မိနစ်လောက်နေတော့ ရောက်လာကြပါတယ်။ အဲဒီ လူတွေကို ဖမ်းရင် မိပါတယ်။ ဒါပေ့မယ့် မဖမ်းပါဘူး။ကျွန်တော်က ဘာလို့ မဖမ်းတာလဲ လို့မေးတော့ ပြဿနာပိုပြီး ကြီးထွားသွားမှာ စိုးလို့လို့ဖြေပါတယ် ။နောက် သံဃာတော် ၅ပါး ၆ပါးလောက် ရောက်လာပြီး ကျွန်တော်တို့ ၃ယောက်ကို အိမ်ကနေ ခေါ်ထုတ်ပေးပြီး ရဲကားနဲ့ရှောင်တိမ်းဖို့ ထည့်ပေးလိုက်ပါတယ်. အဲဒီဆရာတော်တွေကတော့ ကွန်တော်တို့ လှိုင်သာယာ ရပ်ကွက် သံဃာ့နာယက ဥက္ကဌ အကျော်ကျောင်းတိုက် ဆရာတော်နှင့် ဓမ္မိကာရုံ ကျောင်းတိုက် ဆရာတော်တို့အပါအ၀င်  ဆရာတော်တွေ စောင့်ရှောက်ပေးလို့ ဘေးကင်းခဲ့တာပါ။

    268111_544392188914378_572188421_n
    အခြေအတွေ ပိုဆိုးလာတဲ့အတွက် မတ်လ ၂ ရက်နေ့မှာ ဒေသန္တရ အမိန့် ထုတ်လိုက်ရပါတယ်။
    Photo : The Voice

    မနေ့က မတ်လ၂ရက်နေ့က ဓမ္မိကာရုံ ကျောင်းတိုက်ဆရာတော် ကို ကျွန်တော်တို့မှာ နာမကျန်းမာ ဖြစ်တဲ့ လူမမာရယ်၊ သက်ကြီးရွယ်အိုရယ်၊ မသန်မစွမ်းရယ်၊ ကလေးငယ်တွေပါ ရှိနေတော့ ကျွန်တော်တို့အိမ်ကို ပြန်ချင် ပါတယ်လို့လျှောက်ထားခဲ့ပါတယ်။ ဆရာတော်က“အေး၊ အိမ်ကိုပြန်ပါ၊ ဘုန်းဘုန်း အာဏာပိုင် အဖွဲ့အစည်းတွေကို ဖုန်းဆက်ပေးမယ်၊ လုံခြုံရေးအတွက်” လို့မိန့်တော်မူပါတယ်။မိသားစုလိုက် အိမ်ကိုပြန်နေကြပါတယ်။မနက် ၁၂နာရီထိုးတဲ့ အထိ ဈေးလည်း မသွားရဲပါဘူး။ အပြင်မှာ ကျွန်တော်တို့ကို ဒီကုလားတွေ မောင်းထုတ်လိုက်တာ ဘာလို့ပြန်လာတာလဲ၊ ဒီည ၈နာရီမှာ အိမ်ကို မီးရှို့ပစ်မယ်၊ ဆိုပြီး ကျိန်းဝါးနေပါတယ်။အဲလို နေနေရင်းနဲ့ လူအုပ်က ညနေ၄နာရီလောက်မှာ လူအုပ်က ၂၀ကျော် ၃၀နီးပါး ဖြစ်သွားတယ်။ဘေးအိမ်က ဗုဒ္ဒဘာသာဝင် တစ်ဦးက အဌားကားကို သွားဌားပေးပြီး အိမ်ရှေ့ မကျတကျမှာ ရပ်ခိုင်းပြီး ကျွန်တော်တို့တွေ ပြေးတက်ခဲ့ပါတယ်။ပြေးပြီ ပြေးပြီဆိုပြီး ကားကို အရက်ပုလင်းခွံတွေ ခဲတွေနဲ့လိုက်ထုပါတယ်။ ရဲကို ဖုန်းဆက်တော့ ဒေသန္တရ အမိန့် ထုတ်လိုက်တာ တွေ့ရပါတယ်။ ကျွန်တော်တို့မှာ လုံခြုံရေး ချထားပေးမယ့်လို့ အမှန်တကယ် မလုံခြုံသေးပါဘူး။ အိမ်မှာ မနေရဲလို့ လမ်းမှာရော၊ ဘုန်းကြီးကျောင်းမှာပါ နေနေရပါတယ်။ ကျွန်တော်တို့ကို ကူညီပေးတဲ့ လမ်းထဲက ဗုဒ္ဒဘာသာဝင် အိမ်နှစ်အိမ်ကိုတောင် နေ့ခင်းကြောင်တောင်ကြီး ခြံစည်းရိုး တွေကို ၀င်ဖျက်ဆီးပါတယ်။ အိမ်ကို စောင့်ရှောက်ပေးတဲ့ မြေတိုင်း၅က ဗုဒ္ဒဘာသာဝင်အိမ်ကို လည်း ကာကွယ်ပေးလို့ သတ်မယ် ဖြတ်မယ် လုပ်နေလို့ ကူညီပေးတဲ့ သူတွေလည်း မနေ့က တိမ်းရှောင်နေရပါတယ်။

    ကျွန်တော်တို့မိသားစုတွေက နိုင်ငံတော်ကို ပုန်ကန်တဲ့သူတွေလည်း မဟုတ်ပါဘူး၊ဘယ်ဘာသာဝင်ကိုမှ မပုတ်ခတ် မစော်ကား ဖူးပါဘူး၊ရပ်ကွက်ထဲက လူဆိုးစာရင်းဝင် ခံဝန်ထိုးပြီးနေနေရတဲ့ သူတွေလည်း မဟုတ်ပါဘူး၊ကျွန်တော်တို့မှာ ဘာအပြစ်မှ မရှိပဲနဲ့ မင်းမဲ့စရိုက် ဆန်ဆန် ဥပဒေမဲ့ အုပ်စုဖွဲ့ ဗိုလ်ကျ အနိုင်ကျင့် ပြုမူသူတွေရဲ့ တရားခံတွေ လိုလို၊ သူပုန်တွေ လိုလို ထွက်ပြေး တိမ်းရှောင်နေရတာ ဘာဖြစ်လို့ပါလဲ၊ ကျွန်တော်တို့က စီးပွားရေးကိုကြိုးစားပမ်းစား ရှာဖွေ စုဆောင်းပြီး နေထိုင် စားသောက်နိုင်တဲ့ သူတွေပါ။အခုတော့ လမ်းမှာအိပ်၊ ထမင်းလည်း ၂ရက်ရှိပြီ ငတ်တာ၊စားဖို့လည်း သတိမရနိုင်လောက်အောင်ပါပဲ။ခုလဲ လှိုင်သာယာမြို့နယ်မှူးဆီ သွားပြီး ကျွန်တော်တို့အိမ် ကျွန်တော်တို့ပြန်ချင်ကြောင်း၊ လုံခြုံရေး ကိုလည်း နေ့ ည ပေးစေလိုကြောင်း သွားတောင်းဆိုမှာ ဖြစ်ပါတယ်။မြို့နယ် ကို တိုင်လို့မရရင် ခရိုင် ၊ခရိုင်နဲ့တင် မရရင် တိုင်းအထိ ဒီနေ့ပဲ အဆင့်ဆင့် တိုင်ကြားသွားမှာပါ။ တရားဥပဒေ စိုးမိုးရေးကို တကယ့် အောက်ခြေအထိ ထိထိရောက်ရောက် ဖြစ်စေချင်ပါတယ်”ဟု M-Media သို့ဖြေကြားခဲ့ပါသည်။

    ဆက်လက်၍ လက်တလော မငြိမ်မသက်မူတွေကို အခွင့်ကောင်း ယူပြီး အုပ်စုဖွဲ့ ဗိုလ်ကျ သူများမှာ ဒေါ်မော်မော်ကြည် ၊ဒေါ်နှင်းနှင်းအေး တို့က အဓိကခေါင်းဆောင်ပြီး ကိုဝင်းဌေး၊ ကိုဇော်မင်းထွန်း၊ ကိုလေးနိုင်၊ ဦးကြည်ထွေး၊ကိုသန်းထွန်းအောင်၊ ကိုဖိုးချစ်၊ ကိုမင်းမင်းဇော်၊ ကိုဆန်းဝင်း၊ ကိုအောင်မြတ်၊ မမြင့်မြင့်အောင်၊ မမာမာအေး၊မသီသီချို၊ မသဲသဲ၊ မပပ တို့ကလိုက်လံ စည်းရုံးခဲ့ကြောင်းကို ရပ်ကွက်တွင်းရှိနေထိုင်သူ ထဲမှ မပါဝင်လိုသူ ဗုဒ္ဒဘာသာ တစ်ဦးထံမှ စုံစမ်းသိရှိရသည်။