News @ M-Media

Tag: Yangon

  • မင်္ဂလာတောင်ညွှန့် သပြေကုန်းရပ်ကွက်တွင် ပြုလုပ်မည့် စာပေဟောပြောပွဲ

    မတ်လ၊ ၂ ၊ ၂၀၁၃
    M-Media

    P5280001

    စာပေချစ်မြတ်နိုးသူများ ကြီးမှူးကျင်းပသော စာပေဟောပြောပွဲ ကို မတ်လ (၃)ရက်နေ့တွင် သပြေကုန်းရပ်ကွက်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရန်ကုန်တွင် ကျင်းပပြုလုပ်ပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

    ဟောပြောမည့် ဆရာများမှာ ချစ်ဦးညို၊ မင်းကိုနိင်၊ ဇာဂနာ တို့ဖြစ်ကြောင်းသိရသည်။ ယခုနှစ်ပိုင်းအတွင်း စာပေဟောပြောပွဲများကို နယ်မြိုများတွင်သာမက ရန်ကုန်မြို့လယ် မြို့နယ်များတွင် ရပ်ကွက်အလိုက် ခပ်စိတ်စိတ် ပြုလုပ်လာကြောင်း တွေ့ရသည်။

  • လှိုင်သာယာရှိ မွတ်စလင်မ်ဆိုင်များနှင့် ဘာသာရေးဝတ်ပြုဆောင် အကြမ်းဖက်ဖျက်ဆီးခံရ

    မတ်လ ၁၊ ၂၀၁၃
    M-Media
    ဇာဏီ

    535622_543892405631023_646643262_n
    Photo Credit-The Voice Weekly

    ရန်ကုန်  ။       ။     ၂၈.၂.၂၀၁၂ ရက်ညပိုင်းတွင် ရန်ကုန်မြို့ လှိုင်သာယာ၊ ၃-ထိပ်ရှိ မွတ်စလင်မ်များပိုင်သော ဆိုင်များနှင့် ဘာသာရေးဝတ်ပြုဆောင်ကို အကြမ်းဖက် ဖျက်ဆီးကြကြောင်း သတင်းရရှိသည်။

    ယင်းအကြောင်းအရာအား အသေးစိတ် စုံစမ်းရာ “လှိုင်သာယာ အောင်ဇေယျ တံတားအဆင်း၊ ၃-ထိပ်၊ ၁/၁၀-၁၁-၁၂ ရပ်ကွက်အတွင်းသို့ ယမန်နေ့ည ၁၂-နာရီလောက်တွင်  လူ (၄၀၀)ကျော်မှ အကြမ်းဖက် ဖျက်ဆီးခဲ့ကြကြောင်း၊ ကန်သာယာလမ်းရှိ ဘာသာရေး ၀တ်ပြုဆောင်အတွင်း ကျူးကျော် ၀င်ရောက်ပြီး ၀တ်ပြုဆောင်အတွင်းရှိ ပစ္စည်းများအားလုံးကို ဖျက်ဆီးသွားကြောင်း၊ ကနောင်လမ်းရှိ တို့ညီနောင် စက်ဘီးပစ္စည်းဆိုင်၊ ရွှေ ဆိုင်ကယ်ပစ္စည်းဆိုင်၊ ဘိုင်လေးကွမ်းယာဆိုင်၊ ရွှေဥဒေါင်းလမ်းရှိ ကျော် အိမ်ဆောက်ပစ္စည်းဆိုင်၊ လှသစ္စာဆေးဆိုင်၊ ရွှေ အလှကုန်နှင့် အိမ်ဆောက်ပစ္စည်းဆိုင်ရှိ တံခါးတို့ကို ရဲတင်းနှင့်ခုတ်ပြီး ဖျက်ဆီးကြကြောင်း၊ ဂျွန်ဘူးကွမ်းယာဆိုင်၊ ၁၁-ကွေ့ရှိ ဘဂျမ်း ကွမ်းယာဆိုင်၊ ဗိုလ်ချုပ်လမ်းရှိ ကိုသန်းဇော် ကွမ်းယာဆိုင်၊ ဒေါ်ခတီဂျာကွမ်းယာဆိုင်၊ အာခီမာကွမ်းယာဆိုင် တို့ကိုလည်း ဖျက်ဆီးခဲ့ကြကြောင်း၊ တပင်ရွှေထီးလမ်းမရှိ လှသစ္စာဆေးဆိုင်ကိုလည်း ခဲများနှင့် ထုပေါက်ဖျက်ဆီးခဲ့ကြောင်း သိရသည်။

    ယခုကဲ့သို့ လှိုင်သာယာတွင် အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်ခံရမှုအား ဆက်သွယ် စုံစမ်းမေးမြန်းရာ “လွန်ခဲ့တဲ့ ၁-လ၀န်းကျင်လောက်က ၁၆-ရပ်ကွက်မှာ တရားပွဲလုပ်တယ်။ ဦးပညာဝါရက တရားဟောတယ်။ အဲဒီ ဟောတဲ့တရားထဲမှာ ‘အလှူပေး သူဋ္ဌေးဖြစ်’ဆိုတဲ့ခေါင်းစဉ်နဲ့ မွတ်စလင်မ် မကောင်းကြောင်း၊ ဘာသာတရားက ယုတ်ညံ့တဲ့တဲ့ အကြောင်းတွေကို ၁-နာရီနီးပါးဟောတယ်။ အဲဒါကို တချို့က အသံဖမ်းတယ်၊ တချို့က CD ခွေထုတ်ပြီး ၁-ခွေကို ၃၀၀-နဲ့ ရောင်းတယ်။ တစ်ချို့လည်း ၂-ခွေကို ၃၀၀ နဲ့ရောင်းတယ်။ အဲဒါတွေကို ရခိုင်အဖွဲ့တစ်ခုက လုပ်နေတယ်လို့ပြောကြတယ်။ အဲဒီအခွေကို ရပ်ကွက်ထဲမှာလည်း ထပ်ပြန်တလဲလဲ ဖွင့်လေ့ရှိကြတယ်။ အောင်ဇေယျကြိုး တံတားထိပ် ၁/၁၀ ရပ်ကွက် ဦးဥတ္တမလမ်းမှာ ဖိုးလေးဆိုတဲ့ မွတ်စလင်မ် လင်မယားနေတဲ့ အိမ်ရှေ့မှာ ထပ်ပြန်တလဲလဲလာဖွင့်တော့ သူတို့လည်း မကျေမနပ်ဖြစ်ပြီး မျက်နှာမသာမယာဖြစ်လာတယ်။ အဲဒါနဲ့သူတို့က ရဲစခန်းကို သွားတိုင်တယ်။ သူတို့လင်မယားက ငွေကြေးလည်းချောင်လည်တော့ သူတို့ကို အစာမကြေဖြစ်ပြီး မကျေနပ်တဲ့သူတချို့လည်းရှိတယ်။ သူတို့နဲ့အဆင်မပြေတဲ့ အမျိုးသမီး တစ်ယောက်က အထောက်အထားမဲ့လုပ်ကြံပြီး ဖိုးလေးရဲ့မိန်းမက ဘုန်းကြီးတရားခွေကို ခြေထောက်နဲ့ နင်းခြေပြတယ်လို့ ဇာတ်လမ်းတစ်ခုဆင်တယ်။ အဲလို လုပ်လိုက်တော့ တစ်လမ်းလုံး အုံကြွလာတယ်။ စခန်းကို သွားတိုင်မယ်ဆိုပြီး ဆိုက္ကားနင်းတဲ့ ညီညီလွင်က ဦးဆောင်ပြီး သွားတိုင်တယ်။ အဲဒီမှာ မွတ်စလင်မ်ထဲက ဦးမြင့်သူ၊ ဦးသိန်း၊ ကိုမောင်မောင်တို့ကို ရ.ယ.က က ခေါ်တာနဲ့ သွားတွေ့ကြတော့ ဖိုးလေးတို့ လင်မယားကို ခေါ်ပြီးဆုံးမခိုင်းတယ်။ ဒါနဲ့ ဖိုးလေးတို့ လင်မယားကိုခေါ်ပြီး ဆုံးမတော့ သူတို့လင်မယားက အဲလို တရားခွေကို ထပ်တလဲလဲဖွင့်နေတာအတွက် မကျေနပ်ကြောင်းကို ၀န်ခံတယ်။ ဘုန်းကြီးတရားခွေကို ခြေထောက်နဲ့ နင်းခြေတာတော့ မဟုတ်ကြောင်းပြောတယ်။ ဖိုးလေးမိန်းမက အခွေကိုနင်းခြေတယ် ဆိုတာမြင်ကြောင်း ဗုဒ္ဓဘာသာ(၂၇)ယောက်က သက်သေခံကြတယ်။ ရဲစခန်းနဲ့ မ.ယ.က က ဖြေရှင်းပေးလို့ အဲဒီ ကိစ္စက ပြီးသွားခဲ့တယ်။

    ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ နေ့ခင်းပိုင်းမှာ ရပ်ကွက်ထဲမှာ လျှောက်အော်တယ် မွတ်စလင်မ်တွေ ကား(၃)စီးနဲ့ ရန်ကုန်ကနေ ဆင်းလာကြပြီဆိုပြီး ကောလဟလလွှင့်တယ်။ အဲဒါ တစ်ရပ်ကွက်လုံးပြန့်သွားတယ်။ ဒါနဲ့ မွတ်စလင်မ်လူကြီး တချို့ကလည်း အဲဒါမျိုး မဟုတ်ကြောင်း ရှင်းပြကြတယ်။ မွတ်စလင်မ်တွေဘက်ကိုလည်း ရခိုင်တွေဝင်လာပြီဆိုပြီး သတင်းလာပေးကြပြန်တယ်။ ခုနက မွတ်စလင်မ် လူကြီးတွေကပဲ ပြဿနာတွေမဖြစ်အောင် ၀ိုင်းဝန်းပြောဆိုကြတယ်။ အဲလို ဖြေရှင်းပေးတာကို ရခိုင်ဗုဒ္ဓဘာသာတွေက မကျေမနပ်ဖြစ်ပြီး သွေးထိုး လှုံ့ဆော်မှုတွေလုပ်နေတာကို ရခိုင်ဗုဒ္ဓဘာသာ ဘုန်းကြီးတွေကို တိုင်ရမယ်ဆိုပြီးပြောကြတယ်။ ကြာသပတေးညပိုင်းမှာ ဘုန်းကြီးတွေလာမယ်ဆိုပြီးလည်း ထပ်ပြောကြတယ်။ ဒီရက်ပိုင်းတွေမှာလည်း လူ(၄၀-၅၀)က ရပ်ကွက်ထဲမှာ ညတိုင်းလိုလို စုနေကြတယ်။

    မနေ့က ၂၈.၂.၂၀၁၃ ကြာသပတေးနေ့ည (၁၂)နာရီကျော်ကျော်လောက်မှာ  ရပ်ကွက်ထဲကို ရောက်လာတယ်။ ဘယ်ကနေဘယ်လို ထွက်လာကြသလဲတော့ မသိဘူး လမ်းပေါ်မှာလဲ ပြည့်နေတယ်။ စုစုပေါင်း (၄၀၀)၀န်းကျင်လောက်တော့ရှိတယ်။ တချို့က ဆိုင်ကယ် ကယ်ရီတွေစီးလာကြတယ်။ တချို့ကလည်း လမ်းလျှောက်လာကြတယ်။

     ဦးဥတ္တမလမ်းက တစ်လမ်းလုံးနဲ့ ချောင်းစပ်မှာနေတဲ့ ကျူးကျော်တဲကလူတွေ အားလုံးလိုလို ပါကြတယ်။ ဖိုးလေးတို့အိမ်ကို စပြီးဖျက်တယ်။ နောက် မွတ်စလင်မ်ဆိုင်တွေကို စပြီးဖျက်ဆီးတော့တယ်။ ရဲတွေလည်းရောက်လာပြီး မဖျက်ဖို့တားကြတာကို လက်မခံဘူး။ အကြမ်းဖက် ဖျက်ဆီးနေကြသူတွေရဲ့လက်ထဲမှာ လှံတွေ၊ တုတ်တွေ၊ ဓါးတွေ၊ ရဲတင်းတွေတွေ့တယ်။

    ကနောင်လမ်းက တို့ညီနောင် စက်ဘီးပစ္စည်းဆိုင်၊ ရွှေ ဆိုင်ကယ်ပစ္စည်းဆိုင်၊ ဘိုင်လေးကွမ်းယာဆိုင်တို့ကို ဖျက်တယ်။ ရွှေ ဆိုင်ကယ် ပစ္စည်းဆိုင် ပိုင်ရှင်က တစ်ခြမ်းမှာ ဆိုင်ကယ်ပစ္စည်း ဆိုင်ဖွင့်ထားပြီး တဘက်ခြမ်းကိုတော့ ငှားထားတော့ တခြမ်းက လ္ဘက်ရည် ဆိုင်ဖွင့်ထားတယ်။ အဲဒီဆိုင်က ဗုဒ္ဓဘာသာဆိုင်ဖြစ်နေတော့ အဲဒီဆိုင်ကိုတော့ မဖျက်ဆီးကြဘူး။ မွတ်စလင်မ်ဆိုင်တွေပဲ ဖျက်ဆီးကြတယ်။ အဲလို ဖျက်ဆီးတာကို ခရိုင် ရဲတွေ၊ ရ.ယ.က က ရပ်ကြည့်နေတယ်။ ခဲနဲ့ထုတ်လိုက်တာ ၈-လသား မွတ်စလင်မ်ကလေးရဲ့ ခေါင်းပေါ် တည့်တည့်ကျတော့မလို ဖြစ်တော့ ကလေးအဖေက စိတ်တိုသွားပြီး ‘ကလေးနဲ့ဘာဆိုင်လဲ၊ လုပ်ချင်ရင် တစ်ယောက်ချင်းလုပ်ကွာ’ဆိုပြီး ပြောတယ်။ အကြမ်းဖက်သမားတွေက ‘ဟေ့ကောင်ထွက်လာစမ်း သတ်ပစ်မယ်’ဆိုပြီးအော်တယ်။ ကလေးအမေက သူ့အမျိုးသားကို နောက်ဘက်ကို ဆွဲခေါ်သွားတယ်။

    အဲဒီနောက် ရဲတွေရောက်လာပြီး ပျက်စီးနေတာတွေကို ဓါတ်ပုံရိုက်တယ်။ ရဲတွေ ဓါတ်ပုံရိုက်ပြီးတာနဲ့ အဲဒီနေရာကို ဘယ်သူမှထပ်ပြီး မထိကြတော့ဘူး။ နောက်ပြီး ရွှေဥဒေါင်လမ်းက ကျော်အိမ်ဆောက် ပစ္စည်းဆိုင်၊ လှသစ္စာဆေးဆိုင်၊ ရွှေ အလှကုန်နှင့် အိမ်ဆောက်ပစ္စည်းဆိုင်တွေရဲ့ တံခါးတွေကို ရဲတင်းနဲ့ခုတ်တယ်။ ဂျွန်ဘူး ကွမ်းယာဆိုင်ကိုလည်း ဖျက်ဆီးတယ်။ ၁၁-ကွေ့က ဘဂျမ်းကွမ်းယာဆိုင်ကုလည်း ဖျက်ဆီးတယ်။ ဗိုလ်ချုပ်လမ်းက ကိုသိန်းဇော်ကွမ်းယာဆိုင်၊ ဒေါ်ခတီဂျာကွမ်းယာဆိုင်၊ အာခီမာကွမ်းယာဆိုင်ကိုလည်း ဖျက်ဆီးလိုက်တယ်။ တပင်ရွှေထီးလမ်းမက လှသစ္စာဆေးဆိုင်ကိုလည်း ၀ိုင်းပြီးဖျက်ဆီးဖို့လုပ်တယ်။ လူတစ်ယောက်က တားတော့ ခဲနဲ့ထုတာ ၆-လက်မလောက် အပေါက်ကြီးဖြစ်သွားတယ်။

    ဒီနေ့ ၁.၃.၂၀၁၃ သောကြာနေ့မနက်မှာလည်း ရဲတွေ ရောက်လာပြီး ဓါတ်ပုံတွေရိုက်တယ်။ ကန်သာယာလမ်းမှာရှိတဲ့ ၀တ်ပြုဆောင်က နံရံတွေကိုဖျက်ဆီးတယ်၊ ခုံတွေပစ္စည်းတွေကို ရိုက်ချိုးတယ်။ အဲလို ရိုက်ချိုးနေတာ ရ.ယ.က ရဲ့ တူဆိုတာမြင်လိုက်တယ်ဆိုတာ သိတယ်ပြောတော့။ ရ.ယ.က က လာပြောတယ်။ မြို့နယ်မှူးက ဖုန်းဆက်တယ်တဲ့ မြင်လိုက်တဲ့သူတွေကို တရားလိုလုပ်ပြီး အမှုဖွင့်ခိုင်းတယ်တဲ့။ ကျွန်တော်တို့တွေ ဘယ်လိုလုပ် အမှုဖွင့်ရဲကြမှာလဲ။ အမှုဖွင့်ရင် ဖွင့်တဲ့သူတွေကို ပြဿနာပြန်လုပ်လာမှာစိုးတယ်။

    အခုညကိုလည်း ကုလားသတ်ပွဲဆိုပြီး သတင်းလွှင့်တယ်။ ရ.ယ.က ကလည်း ရပ်ကွက်ထဲက မွတ်စလင်မ်တွေကို တခြားမှာ သွားနေဖို့ပြောပြီး ဖယ်ခိုင်းတယ်။ ဒါကြောင့် အိမ်တွေကို သော့ခပ်ပြီး နီးစပ်ရာဆွေမျိုးတွေဆီကို သွားနေရတယ်”လို့ လှိုင်သာယာမှ နေအိမ်စွန့်ခွာထွက်လာခဲ့သူတစ်ဦးမှ ပြောပြလာပါတယ်။

  • အကြမ်းဖက်သမား ၂ဝဝ ခန့် ရဲတပ်ဖွဲ့ကို တိုက်ခိုက်၊ ဆိုင်များကို ဖျက်စီး (ရုပ်သံ)

    အကြမ်းဖက်သမား ၂ဝဝ ခန့် ရဲတပ်ဖွဲ့ကို တိုက်ခိုက်၊ ဆိုင်များကို ဖျက်စီး (ရုပ်သံ)

    ဖေဖော်ဝါရီ ၂၀ ၊၂၀၁၃
    Credit-Kamayut Media

    အကြမ်းဖက်သမား ၂ဝဝ ခန့် ရဲတပ်ဖွဲ့ကို တိုက်ခိုက်၊ ဆိုင်များကို ဖျက်စီး

    ဘာသာရေး အစွန်းရောက် လူငယ် ၇ဝကျော်ဟာ ဖေဖော်ဝါရီ ၁၉ရက်နေ့ညက သာကေတမြို့နယ်က လုံခြုံရေးအရာရှိတွေကို ခဲတွေနဲ့ပစ်ပေါက်ပြီး ဖုန်းဆိုင်နဲ့ ကွမ်းယာဆိုင်တွေကိုလည်း အကြမ်းဖက် ဖျက်စီးခဲ့ပါတယ်။

  • သာကေတတွင် အစ္စလာမ် ဘာသာဝင်တို့ ၏ ဆိုင်များ လုယက် ဖျက်ဆီးခံရ

    ဖေဖော်ဝါရီလ ၂၀၊၂၀၁၃
    M-Media
    ဇာဇာလှိုင်

    535596_618077821541586_873658057_n
    Photo – Skyheart Winko

    ဖေဖော်ဝါရီ ၁၉ ရက် ယမန်နေ့ညက သာကေတမြို့နယ် ရန်ပြေ (၄)လမ်း ၊(၅) လမ်း၊ (၇) လမ်း နှင့် ရန်အောင် လမ်းထိပ်ရှိ အစ္စလာမ်ဘာသာဝင်များ၏ ဆိုင်ခန်းများအား လူအုပ်စု တစ်စုမှ လိုက်လံ လုယက် ဖျက်ဆီးခဲ့ကြောင်း ည ၁၁နာရီ ၃၀မိနစ် က သာကေတမြို့နယ် အဆိုပါ ယင်းဆိုင်ခန်း ပိုင်ရှင်များ၏ ဆက်သွယ်ပြောပြချက်များ အရ သိရှိရသည်။

    ရန်ပြေ (၄)လမ်း (၅)လမ်း တောက်လျှောက်ရှိ လက်ဖက်ရည်ဆိုင်၊ကွမ်းယာဆိုင်၊ မုန့်ဆိုင်၊ဖုန်းဆိုင် စသည့် အစ္စလာမ်ဘာသာဝင်တို့ရဲ့ ဆိုင်များကိုသာ ရွေး၍ ၀င်ရောက် ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။လူများကို မထိခိုက်ခဲ့ကြောင်း သိရသည်။ လုံခြုံရေး ရဲများစွာချထားကြောင်းလဲသိရပါသည်။

    ရန်ပြေမှ လူတစ်ယောက်မှ ပြောတာက “သူတို့ရပ်ကွက်မှာ တခါမှ မမြင်ဖူးဘူးတဲ့ … ရပ်ကွက်လူကြီးကတစ်ယောက်က အပြင်မထွက်ဖို့ လိုက်အော်နေတယ် … ကျွန်တော်ဖုန်းဆက်တော့ နောက်မှ ပြန်ဆက်ဖို့တိုးတိုးလေးပြောသွားတယ် … အိမ်ကိုမီးအမှောင်ချပြီးနေကြဖို့ပြောတယ် … ”ဟု သိရသည်။

    အဆိုပါ ဖြစ်ရပ်များကြောင့် သာကေတနေ ပြည်သူ သက်ကြီးရွယ်အို၊ ကလေးသူငယ်မှ အစ လူကြီး၊လူငယ် အားလုံး စိုးရိမ် ပူပန်နေရကြောင်း၊ဘယ်သူမှ မအိပ်ရဲကြကြောင်း၊သတိဝီရိယဖြင့် နေနေရကြောင်း သိရသည်။သာကေတ မြို့နယ်တွင်း မတည်ငြိမ်အောင် နည်းမျိုးစုံဖြင့် ဖန်တီးနေကြသဖြင့် သာကေတမြို့နယ်တွင်း နေထိုင်သူများ အားလုံးမှာ ထိုလူစု လူဝေးကိုရှောင်ရှားပြီး အိမ်တံခါးများ သော့ခတ်ကာ မီးများပိတ်ထားလျက်ရှိသည်။

     The Myanma Age
    သာကေတမြို့နယ်တွင် ဆူပူ အကြမ်းဖက်လိုသူများမှ အစ္စလာမ် ဘာသာဝင်တို့ရဲ့ ကလေးငယ်များ ဘာသာရေးစာသင့်ကျောင်းများ နှင့် နေအိမ် ဈေးဆိုင်များကို တိုက်ခိုက်မှု့ကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ချထားရစဉ်
    Photo-The Myanma Age

    ယခုရက်ပိုင်းအတွင်း ဖြစ်စဉ်များတွင် ပါဝင် ဖျက်ဆီးဆူပူကြသော လူစုများမှ ရန်ပြေ(၁၆)လမ်းတွင် နေထိုင်သော ဦးကျော်စိုး၏ သားဖြစ်သူအပါအဝင် လူငယ်(၁၁)ဦးအား တာဝန်ရှိသူများက ထိန်းသိမ်းထားကြောင်း နှင့် ရန်ပြေနှင့် မာန်ပြေရပ်ကွက်များတွင် မြို့နယ် အုပ်ချုပ်ရေးမှူး၏ လက်မှတ်ထိုးဖြင့် ဆူပူမှုများပြုလုပ်ပါက ဖမ်းဆီးအရေးယူခြင်း ခံရမည်ဟု ပါဝင်သောစာရွက်များအား (၃)မာန်ပြေ ဥက္ကဌ ဦးကံထွန်းမှတဆင့် ရပ်ကွက်အတွင်း လိုက်လံဝေငှထားသည် ဟု မြန်မာခေတ် မီဒီယာရဲ့ FB သတင်းစာမျက်မှာ မှာ ဖော်ပြထားချက်ရ သိရသည်။
    လွန်ခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်နေ့က (၃)မာန်ပြေရပ်ကွက်ရှိ အစ္စလာမ်ဘာသာဝင် ကလေးငယ်များ ဘာသာရေး စာသင်ကြားသည့် အဆောက်အအုံ ပြုပြင်ခြင်း မကျေနပ်ဟု ဆိုပြီး လူစုလူဝေးဖြင့် ဝိုင်းဝန်း ဖျက်ဆီး ပြိးနောက် သာကေတမြို့နယ်မှ ရပ်ကွက်အချို့တွင် အစ္စလာမ်ဘာသာဝင်တို့နှင့် စီးပွားရေးလုပ်ငန်းများကို လုယက် တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပေါ်နေခြင်းဖြစ်သည်။

  • မွတ်စလင် ဆန့်ကျင်ရေး လှုပ်ရှားမှုများကို မြန်မာမွတ်စလင် ပညာရှင်များ အထူးစိုးရိမ်

    ဖေဖော်ဝါရီ ၁၇ ၂၀၁၃
    M-Media
    နေသစ်ထွန်း

    နိုင်ငံနှင့်အ၀ှမ်း ဖြစ်ပွားနေသော မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုအပေါ် မြန်မာမွတ်စလင် ပညာရှင်များ အထူးစိုးရိမ်၊

    13

    လက်တလောဖြစ်ပွားခဲ့သည့် သာကေတ အစ္စလာမ် ဘာသာရေး ကျောင်း ဖျက်စီးခံရမှုအပါအ၀င် နိုင်ငံနှင့်အ၀ှမ်း တွင်ဖြစ်ပွားနေသော မွတ်စလင်ဆန့်ကျင်ရေးနှင့် ပတ်သက်၍ မြန်မာမွတ်စလင် ပညာရှင်များ အထူးစိုးရိမ်နေကြသည်။

    ဘာသာရေး အကြောင်းပြချက်ဖြင့် ပဋိက္ခဖန်တီးနေမှုများကို တားဆီးနိုင်သည့် ဥပဒေများ ပြဌာန်းပေးရန် လိုအပ်ကြောင်း မြန်မာ မွတ်စလင် တရား လွတ်တော်ရှေ့နေတစ်ဦးမှ ပြောပါသည်။

    “မွန်ပြည်နယ် ၊ ကရင်ပြည်နယ် ၊ဧရာဝတီတိုင်းတွေ မှာ မွတ်စလင် ဆန့်ကျင်ရေးတွေ ထင်ထင်ရှားရှား ဖြစ်ပွား လာခဲ့တယ်။ လက်ရှိ အတည်ပြုကျင့်သုံးနေတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆၄ မှာ ဘာသာရေး အကြောင်း ပြုပြီး ပဋိပက္ခဖန်တီး၊ လှုံဆော်တာ တွေကို တားမြစ်တဲ့ ဥပဒေပြဌာန်းနိုင်တယ် လို့ ဖော်ပြထားတယ်။ ဒါကြောင့် လွတ်တော်ကနေ ဘာသာရေး အကြောင်းပြုပြီး ပဋိပက္ခတွေမဖြစ်ပေါ်လာဖို့ ဥပဒေပြဌာန်းပေးဖို့ လိုအပ်ပါ တယ်။ တခြားနိုင်ငံတွေမှာလည်း ဥပဒေနဲ့ ထိထိရောက်ရောက် ကာကွယ်ထားတာ တွေ့ရတယ် ”ဟု ရှေ့နေ ဦးခင်မောင်ချိုက အကြံပြု ပြောကြား သည်။

    နိုင်ငံနှင့်အ၀ှမ်း ဖြစ်ပွားနေသော ဥပဒေမဲ့ မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုများအား ထိရောက်စွာ အရေးယူခဲ့ခြင်း ၊ ပြည်သူ များထံ အဖြစ်မှန် တင်ပြခြင်း များ မရှိခဲ့သဖြင့်  ယင်းလှုပ်ရှားမှုတွင် နောက်ကွယ် ပယောဂများ ပါရှိဖွယ်ရှိကြောင်း မြန်မာမွတ်စလင် ပညာရှင် တစ်ဦးက သုံးသပ်သည်။

    “သာကေတဖြစ်စဉ် က ကြီးမားတဲ့ ပဋိပက္ခတစ်ခုအတွက် အစပျိုးတာလို့ အချို့ က ယူဆကောင်းယူဆနိုင်တယ်။ ဒါပေ မယ့့်  ဒီလိုမျိုး ကျွန်တော် မတွေ့ရဘူး။ တိုက်ဆိုင်မှု တစ်ခုပဲ ဖြစ်ပါတယ်။ သာကေတကိစ္စမှာ အာဏာပိုင်တွေ ကိုယ်တိုင်ဘေးက ရပ်ကြည့် နေတယ် ဆိုတာသိရတယ်။ ဘာသာ ရေးအဆောက်အအုံကို ဥပဒေမဲ့ မင်းမဲစရိုက်ဆန်ဆန် ၀င်ရောက် ဖျက်စီးတဲ့ သူတွေကို ဥပဒေအရ ဖမ်းဆီး အရေးယူရမယ်။ ပြစ်မှု ကျူးလွန်သူတွေကို ဖမ်းဆီးမှုတွေ မလုပ်ဘူး ဆိုရင်တော့ သာကေတ ဖြစ်စဉ်ကတော့ နောက်ကွယ်က ပယောဂပါနေတယ်လို့ ယူဆစရာရှိပါတယ်။ အာဏာ ပိုင် တွေ အနေနဲ့ ပြည် သူတွေ ထံ အဖြစ်မှန် ကိုရှင်းရှင်းလင်းလင်း တင်ပြပေးဖို့လိုအပ်ပါတယ် ” ဟု မော်လဝီ ပသီကျော်ဦးက ပြောပါသည်။

    576761_10150826579806383_685041382_11712483_1041883872_n
    ကချင်ပြည်နယ် အနောက်ဘက် မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် (ယခင်အခေါ်ဆိုင်းတောင်)ဆိတ်မူကျေးရွာမှ အစ္စလာမ်ဘာသာဝင် မြန်မာမွတ်စလင်မ်တို့ ဆုတောင်း ဝတ်ပြုရာ ဝတ်ပြုဆောင်အား ၂၀၁၂ ခုနှစ် ဧပြီလ ၁၂ ရက်နေ့က ဥပဒေမဲ့ ဖျက်ဆီးခဲ့သည့်ပုံ
    Kama masjid
    မကွေးတိုင်းဒေသကြီး၊ ကံမမြို့နေ မွတ်စလင်မ်(၁၀)ဦီးကျော်၏ နေအိမ်နှင့် ပိုင်ဆိုင်မှုများအပါအ၀င် ဗလီဝတ်ကျောင်းတော် တစ်လုံးတို့ကို (၁၃.၄.၂၀၁၂) တွင်အကြမ်းဖက်၊ ဖျက်ဆီး၊ လုယက်မှုများပြုလုပ်ခဲ့ကြပါတယ်။

    ရခိုင်အရေးအခင်း အတန်ငယ်ငြိမ်သက်ခဲ့ပြီးနောက်ပိုင်း အစ္စလာမ် သာသနာနှင့် မွတ်စလင်များအပေါ် မတရားစွပ်စွဲ ၀ါဒ ဖြန့်မှုများ၊ တိုက်ခိုက်မှုများမြင့်တက်ခဲ့သည်။ မွတ်စလင်ဆန့်ကျင်ရေး တရားပွဲများပြုလုပ်ခြင်း ၊ ဒီဗွီဒီ အခွေ များဖြန့် ချီခြင်း၊ တို့ဖြင့် မွတ်စလင်ဆန့်ကျင့်ရေး လှုပ်ရှားမှု ဖြစ်ပွားနေမှုအပေါ် အိုလမာ သာသနာ့ ပညာရှင်များအဖွဲ့ချုပ်၊ အစ္စလာမ် သာသနာရေးရာကောင်စီ ၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ မြန်မာမွတ်စလင် လူငယ် များ (ဘာသာရေး)အဖွဲ့(မမလ) ၊ မြန်မာမွတ်စလင် အမျိုးသားရေးရာအဖွဲ့ချုပ် (မအဖ) ၊ မော်လ၀ီအဖွဲ့ချုပ် တို့မှ ထိရောက်စွာ ကိုင်တွယ် ဆောင်ရွက်ရန်  နှောင့်နှေးခဲ့သည်။

    “မောင်တောမြောက်ပိုင်း၊ မွန်ပြည်နယ် ဘက် ၊ ကရင်ပြည်နယ်ဘက် က ဖြစ်စဉ်တွေ က ဆက်တိုက်ဆိုသလို ဖြစ်ပွားလာ တာတွေ့ရတယ်။ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးက ဒီလိုဖြစ်ရပ်တွေ ရပ်တန့်အောင် ဆောင်ရွက်မှု တွေနှောက် နှေးနေပါ တယ်။ ဒီလိုအချိန်မှာ မွတ်စလင်အရေး ၊ သာသနာ့အရေးအတွက် ရှေ့တန်းထွက် ဆောင်ရွက်သင့်ပါတယ်” ဟု ရိုဟင် ဂျာ အရေးဆောင်ရွက်နေသူ  တစ်ဦးက ပြောပါသည်။

    ဘာသာတရားများအကြား ငြိမ်းချမ်းစွာ အတူယဉ်တွဲနေထိုင်ရေးသည် ဒီမိုကရေစီ ယဉ်ကျေးမှုရှိသော လူ့အဖွဲ့အစည်း တစ်ခုတွင် မရှိမဖြစ်သော အခြေအနေတစ်ရပ်ဖြစ်သည်။ ဒီမိုကရေစီ တန်ဖိုးနှင့်ဆန့်ကျင်သော ဘာသာတရားတစ်ခု၏ အဆောက်အအုံအား ဖျက်စီးခြင်းသည် လက်ခံဖွယ်ရာမရှိချေ။ ယင်းသို့သော မင်းမဲ့စရိုက်ဆန်ဆန် အပြုအမူများ ထပ်မံမဖြစ်ပွားစေရန် ပြစ်မှုကျူးလွန်သူများကို ဥပဒေအရ အရေးယူပေးရန် အရေးကြီးသည်။

    “သာကတေ ကိစ္စက မဖြစ်သင့်တဲ့ကိစ္စပါပဲ ယဉ်ကျေးတဲ့ လူ့အဖွဲပအစည်းတစ်ခုမှာ ဘာသာရေး အဆောက် အအုံကို ဖျက်ဆီးတာဟာ လက်မခံနိုင်ပါဘူး။ မွတ်စလင်တွေအနေနဲ့လည်း ထိပ်တိုက်ရင်ဆိုင်မှု မလုပ်ပဲ ၊ နိုင်ငံ တော်အစိုးရကို ဥပဒေ ကြောင်းအရ ဖြေရှင်းပေးဖို့ တောင်းဆိုရမယ်” ဟု   ၅၉ လမ်း ကုရ်အာန် အသိပညာပြန့်ပွားရေး ကော်မတီမှ မွဖ်သီ ဦးစန်း အောင်မှ သုံးသပ်ပြောကြားသည်။

    နေသစ်ထွန်း