News @ M-Media

Tag: Zika Virus

  • လိင်ဆက်ဆံမှုမှတစ်ဆင့် ဇီကာကူးစက်မှု ထင်ထားသည်ထက် မြင့်မား

    လိင်ဆက်ဆံမှုမှတစ်ဆင့် ဇီကာကူးစက်မှု ထင်ထားသည်ထက် မြင့်မား

    မတ် ၁၀၊ ၂၀၁၆
    M-Media

    zika 14

    – လိင်ဆက်ဆံမှုကတဆင့် ဇီကာဗိုင်းရပ်စ်ကူးစက်မှုဟာ အရင်ခန့်မှန်းထားတာထက် ပိုအဖြစ်များနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောကြားလိုက်ပါတယ်။

    ခြင်ကနေတစ်ဆင့် ကူးစက်ပြီး မွေးကင်းစကလေးတွေမှာ ဦးနှောက်မဖွံ့ဖြိုးတာနဲ့ အာရုံကြောဆိုင်ရာ ပြဿနာတွေ ဖြစ်ပွားတတ်တဲ့ ဇီကာရောဂါဟာ တောင်အမေရိကတစ်ဝှမ်းမှာ အများဆုံး ကူးစက်ပြန့်ပွားနေတာဖြစ်ပြီး WHO ကတော့ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေ ဖြစ်လာပြီလို့ ကြေငြာခဲ့ပါတယ်။

    ဒီရောဂါဟာ လိင်ဆက်ဆံမှုကနေတစ်ဆင့်လည်း ကူးစက်တတ်ပြီး အင်္ဂါနေ့က အရေးပေါ်ကော်မတီဆွေးနွေးပွဲမှာ WHO အထွေထွေညွှန်ကြားရေးမှူး မာဂရက်ချန်က “နိုင်ငံအသီးသီးက အစီရင်ခံစာနဲ့ တွေ့ရှိမှုတွေအရ လိင်ဆက်ဆံရာကနေ ဇီကာဗိုင်းရပ်စ် ကူးစက်မှုဟာ အရင်က ယူဆထားတာထက် ပိုပြီး အဖြစ်များနေတယ်” လို့ ပြောကြားခဲ့ပါတယ်။

    အမေရိကန်ကလည်း လိင်ကတစ်ဆင့် ဇီကာကူးစက်တယ်လို့ ယူဆဖွယ်ရှိတဲ့ အဖြစ်အပျက် တစ်ဒါဇင်ကျော်ကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ဇီကာဗိုင်းရပ်စ်နဲ့ စပ်ဆက်ပြီး ယာယီကိုတစ်ခြမ်းသေ ရောဂါ Guillain-Barre နဲ့ သေဆုံးတာတွေ ရှိနေတယ်လို့ နိုင်ငံ ၉ နိုင်ငံက သတင်းပို့ထားကြောင်း ချန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဇီကာနဲ့ဆက်နွယ်နေတဲ့ ပြဿနာတွေဟာ ကိုယ်ဝန်ဆောင်နိုင်တဲ့ အမျိုးသမီးတွေမှာသာမကဘဲ ကလေးတွေ၊ ဆယ်ကျော်သက်တွေနဲ့ အရွယ်ရောက်ပြီးသူတွေမှာပါ တွေ့လာရပြီ ဖြစ်တယ်လို့လည်း သူမက ဆိုပါတယ်။

    ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ ဇီကာပျံ့နှံ့နေတဲ့ နိုင်ငံတွေမသွားလာဖို့၊ တကယ်လို့ ကိုယ့်ရဲ့အဖော်က အဲဒီကူးစက်နေတဲ့ နိုင်ငံတွေ သွားလာဖူးရင် အကာအကွယ်နဲ့လိင်ဆက်ဆံဖို့၊ ဒါမှမဟုတ် ကိုယ်ဝန်ဆောင်စဉ်ကာလ လိင်ဆက်ဆံခြင်းမှ ရှောင်ကျဉ်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က အကြံပြုထားပါတယ်။

    Ref: Al-jazeera

  • ဂျပန်နိုင်ငံတွင် ဇီကာကူးစက်နေသူ ပထမဆုံး တွေ့ရှိ

    ဂျပန်နိုင်ငံတွင် ဇီကာကူးစက်နေသူ ပထမဆုံး တွေ့ရှိ

    ဖေဖော်ဝါရီ ၂၅၊ ၂၀၁၆
    M-Media

    zika 11

    – ဘရာဇီးလ်နိုင်ငံသို့ သွားရောက်ခဲ့သည့် ဆယ်ကျော်သက် ဂျပန်အမျိုးသားတစ်ဦးတွင် ဇီကာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ရသည်ဟု ဂျပန်သတင်းဌာန NHK က ကြေငြာလိုက်ပြီး နိုင်ငံအတွင်း ပထမဆုံး ဇီကာဗိုင်းရပ်စ် တွေ့ရှိမှုလည်း ဖြစ်သည်။

    အဆိုပါလူငယ်မှာ မြို့တော်တိုကျို အနောက်တောင်ပိုင်းရှိ ကာနာဂါဝါ ပြည်နယ်မှဖြစ်ပြီး ဘရာဇီးလ်မှ ဂျပန်သို့ ပြန်ရောက်လာပြီးနောက် အဖျားနှင့် အရေပြားယားယံမှု ရောဂါများကို ခံစားခဲ့ရသောကြောင့် ဆေးရုံ၌ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကာ ထိုကဲ့သို့ ဇီကာဗိုင်းရပ်စ် ကူစက်နေကြောင်း တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

    တိုကျိုကျန်းမာရေးဝန်ကြီးဌာနကမူ NHK ၏ ထိုသတင်းဖော်ပြချက်နှင့်ပတ်သက်၍ မည်သည့်မှတ်ချက်မှ မပေးခဲ့ပေ။ အဆိုပါ ဇီကာဗိုင်းရပ်စ်မှာ ပြီးခဲ့သည့်နှစ် မေလမှစတင်ကာ လက်တင်အမေရိက နိုင်ငံများတွင် ပြန်လည်ပေါ်ပေါက်လာခြင်းဖြစ်ပြီး ဘရာဇီးလ်နိုင်ငံတွင် ကူးစက်သူပေါင်း ၄၀၀၀ ကျော် ရှိနေသည်။

    ဂျပန်နိုင်ငံတွင် ဇီကာဗိုင်းရပ်စ်ကူးစက်မှုမှာ လွန်ခဲ့သည့် ၃ နှစ်ခန့်က တစ်ကြိမ် တွေ့ရှိခဲ့ရဖူးပြီး ထိုစဉ်ကလည်း နိုင်ငံရပ်ခြားမှ ပြန်ရောက်လာသူထံတွင် တွေ့ခဲ့ရခြင်းဖြစ်သည်။

    Ref: Channelnewsasia

  • ဇီကာကြောင့် ပထမဆုံး သေဆုံးမှု ဗင်နီဇွဲလားတွင် ဖြစ်ပေါ်

    ဇီကာကြောင့် ပထမဆုံး သေဆုံးမှု ဗင်နီဇွဲလားတွင် ဖြစ်ပေါ်

    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၆
    M-Media

    zika 8

    – ဇီကာဗိုင်းရပ်စ်ပိုးနှင့် ဆက်နွယ်သည့် ရောဂါဖြင့် လူ ၃ ဦးသေဆုံးခဲ့သည်ဟု ဗင်နီဇွဲလားသမ္မတ မာဒူရိုက ယမန်နေ့တွင် ကြငြာလိုက်ပြီး ခြင်မှတစ်ဆင့်ကူးစက်သည့် အဆိုပါ ဗိုင်းရပ်စ် ပြန်ပွားခဲ့ပြီးနောက် ပထမဆုံး သေဆုံးမှုလည်း ဖြစ်သည်။

    တောင်အမေရိကနိုင်ငံတစ်ခုဖြစ်သည့် ဗင်နီဇွဲလားနိုင်ငံတစ်ဝှမ်းတွင် ဇီကာဗိုင်းရပ်စ် ကူးစက်နေသူမှာ ၃၁၉ ဦး ရှိနေပြီး ယခုကဲ့သို့ သေဆုံးသူ ၃ ဦးအပြင် အခြား ၆၈ ဦးကိုလည်း အထူးကြပ်မပ်ကုသနေရသည်ဟု မာဒူရိုက ထည့်သွင်းပြောကြားခဲ့သည်။

    နိုဝင်ဘာ ၅ ရက်နေ့မှ ဖေဖော်ဝါရီ ၈ ရက်နေ့အထိ ဗင်နီဇွဲလားနိုင်ငံတွင် ဇီကာသံသယရှိသူ ၅၂၂၁ ဦးရှိခဲ့ပြီဖြစ်သည်။ ဇီကာဗိုင်းရပ်စ်မှာ ကိုယ်ဝန်ဆောင်မိခင်များမှတစ်ဆင့် ရင်သွေးငယ်များကိုလည်း ကူးစက်နိုင်ပြီး ဦးနှောက်ထိခိုက်သည့် ရောဂါ ဖြစ်ပွားနိုင်သည်။

    Ref: Channelnewsasia

  • ကိုလံဘီယာတွင် ဇီကာဗိုင်းရပ်စ် ကူးစက်သူ ကိုယ်ဝန်ဆောင် အမျိုးသမီး အရေအတွက် ကြောက်စရာကောင်းအောင် မြင့်တက်

    ကိုလံဘီယာတွင် ဇီကာဗိုင်းရပ်စ် ကူးစက်သူ ကိုယ်ဝန်ဆောင် အမျိုးသမီး အရေအတွက် ကြောက်စရာကောင်းအောင် မြင့်တက်

    ဇန်န၀ါရီ ၃၁၊ ၂၀၁၆
    M-Media

    zika 5

    – ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသည့် ကိုယ်ဝန်ဆောင်အမျိုးသမီး အရေအတွက်မှာ ကိုလံဘီယာနိုင်ငံတွင် ကြောက်စရာကောင်းလောက်အောင် မြင့်တက်လာခဲ့ပြီး ၂၁၀၀ ကျော်အထိ ရှိလာခဲ့ပြီဟု အမျိုးသား ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့တွင် ကြေငြာခဲ့သည်။

    ကုသရန်ဆေးမရှိသေးသည့် အဆိုပါဗိုင်းရပ်စ်ပိုးမှာ မိခင်မှတစ်ဆင့် သန္ဓေသားကို ကူးစက်စေနိုင်ပြီး ဦနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေသည်။ ကိုလံဘီယာနိုင်ငံတွင် ဇီကာဗိုင်းရပ်စ်ကူးစက်သူ စုစုပေါင်းမျာ ၂၀၂၉၇ ဦးရှိပြီး ထိုအထဲတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးအရေအတွက်မှာ ၂၁၁၆ ဦး ပါဝင်နေသည်။

    သို့သော်လည် ဗိုင်းရပ်စ်ပိုးကြောင့် ဦးနှောက်ထိခိုက်မှုသတင်းများ၊ သေဆုံးသည့်သတင်းများ ထွက်ပေါ်လာခြင်း မရှိသေးပေ။ ဇီကာဗိုင်းရပ်စ်ကူးစက်နေသည့် နိုင်ငံပေါင်းမှာ အမေရိကတိုက်ရှိ နိုင်ငံများအစုအပါဝင် ၂၃ နိုင်ငံရှိနေပြီး သိပံ္ပပညာရှင်များကလည်း ဆေးဝါးဖော်ထုတ်ရန်အတွက် အပူတပြင်း ကြိုးစားနေကြသည်။

    Ref: Channelnewsasia

  • ကြောက်စရာ ဇီကာဗိုင်းရပ်စ်ကူးစက်သူ ဥရောပတွင် မြင့်တက်လာ

    ကြောက်စရာ ဇီကာဗိုင်းရပ်စ်ကူးစက်သူ ဥရောပတွင် မြင့်တက်လာ

    ဇန်န၀ါရီ ၂၇၊ ၂၀၁၆
    M-Media

    zika 3

    – ခြင်မှတစ်ဆင့်ကူးစက်ပြီး ကုသနိုင်သည့်ဆေး မရှိသေးသည့် ဇီကာဗိုင်းရပ်စ် ရှိနေသူတစ်ဦးကို တွေ့ရှိခဲ့ရသည်ဟု ဒိန်းမတ်နိုင်ငံက ယနေ့တွင် ကြေငြာခဲ့ကာ အီတလီ၊ စပိန်၊ ယူကေနှင့် ဆွစ်ဇာလန်နိုင်ငံများပြီးနောက် အဆိုပါဗိုင်းရပ်စ်ပိုးတွေ့ရှိသည့် ၅ ခုမြောက် ဥရောပနိုင်ငံ ဖြစ်လာခဲ့သည်။

    ကူးစက်သူမှာ မကြာသေးမီကမှ ရောဂါပိုး ကျယ်ကျယ်ပြန့်ပြန့် ပြန့်နှံ့ရာ တောင်အမေရိကနှင့် အလယ်အမေရိကသို့ သွားရောက်ခဲ့သူဖြစ်ပြီး အဖျားကဲ့သို့ လက္ခဏာများကို တွေ့ခဲ့ရပြီးနောက် စမ်းသပ်မှုများပြုလုပ်ခဲ့ရာ ဇီကာဗိုင်းရပ်စ်ပိုးကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

    အီတလီတွင် ကူးစက်သူအများအပြားရှိနေပြီး ၎င်းတို့မှာ လက်တင်အမေရိကမှ ဗိုင်းရပ်စ်ပိုး ကူးစက်လာခြင်းဖြစ်ကာ စပိန်တွင် ကူးစက်သူ ၂ ဦး၊ ယူကေတွင် ၃ ဦးနှင့် ဆွစ်ဇာလန်တွင် ၂ ဦး ရှိနေသည်။

    လက်ရှိအချိန်တွင် ဇီကာရောဂါပိုး အများဆုံး ကူးစက်ပြန့်ပွားနေသည့် နိုင်ငံများမှာ ဘရာဇီးလ်၊ ကိပ်ဗာဒီ၊ ကိုလံဘီယာ၊ အလ်ဆာဗေဒိုး၊ ဟွန်ဒူးရပ်စ်၊ မာတင်းနစ်၊ ပနားမားနှင့် ဆူရီနမ်နိုင်ငံတို့ဖြစ်ကြပြီး၊ အာရှတွင်လည်း ထိုင်ဝမ်နှင့် ထိုင်းနိုင်ငံတို့တွင် ရောဂါပိုးကူးစက်နေသူများကို တွေ့ရှိရသည်ဟု ပြီးခဲ့သည့်သီတင်းပတ်က ကြေငြာခဲ့သည်။

    အဆိုပါ ဇီကာဗိုင်းရပ်စ်မှာ အသက်သေဆုံးမှုကို မဖြစ်ပေါ်နိုင်သော်လည်း ဦးနှောက်ပျက်ဆီးကာ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ မသန်စွမ်းဖြစ်ခြင်း စသည့် ဝေဒနာများကို ခံစားရနိုင်သည်။

    Ref : RT