ဇန်န၀ါရီ ၃၁၊ ၂၀၁၆
M-Media
– ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသည့် ကိုယ်ဝန်ဆောင်အမျိုးသမီး အရေအတွက်မှာ ကိုလံဘီယာနိုင်ငံတွင် ကြောက်စရာကောင်းလောက်အောင် မြင့်တက်လာခဲ့ပြီး ၂၁၀၀ ကျော်အထိ ရှိလာခဲ့ပြီဟု အမျိုးသား ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့တွင် ကြေငြာခဲ့သည်။
ကုသရန်ဆေးမရှိသေးသည့် အဆိုပါဗိုင်းရပ်စ်ပိုးမှာ မိခင်မှတစ်ဆင့် သန္ဓေသားကို ကူးစက်စေနိုင်ပြီး ဦနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေသည်။ ကိုလံဘီယာနိုင်ငံတွင် ဇီကာဗိုင်းရပ်စ်ကူးစက်သူ စုစုပေါင်းမျာ ၂၀၂၉၇ ဦးရှိပြီး ထိုအထဲတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးအရေအတွက်မှာ ၂၁၁၆ ဦး ပါဝင်နေသည်။
သို့သော်လည် ဗိုင်းရပ်စ်ပိုးကြောင့် ဦးနှောက်ထိခိုက်မှုသတင်းများ၊ သေဆုံးသည့်သတင်းများ ထွက်ပေါ်လာခြင်း မရှိသေးပေ။ ဇီကာဗိုင်းရပ်စ်ကူးစက်နေသည့် နိုင်ငံပေါင်းမှာ အမေရိကတိုက်ရှိ နိုင်ငံများအစုအပါဝင် ၂၃ နိုင်ငံရှိနေပြီး သိပံ္ပပညာရှင်များကလည်း ဆေးဝါးဖော်ထုတ်ရန်အတွက် အပူတပြင်း ကြိုးစားနေကြသည်။
Ref: Channelnewsasia


Leave a Reply
You must be logged in to post a comment.