ပြီးခဲ့သည့်နှစ်အတွင်း ပြုလုပ်
Blog
-
မိမိ၏စားပွဲပေါ်တွင် နျူခလုပ် အမြဲတမ်းရှိသည်ဟု ကင်ဂျုံအန်က ကန်ကို သတိပေး
ဇန်န၀ါရီ ၁၊ ၂၀၁၈M-Media– နျူကလီးယားခလုပ်မှာ မိမိ၏ စားပွဲပေါ်တွင် အမြဲတမ်းရှိနေသည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြောကြားလိုက်ပြီး မည်သည့်အခါမှ စစ်ပွဲစတင်ရေး စိတ်မကူးရန်လည်း အမေရိကန်ကို သတိပေးခဲ့သည်။ရုပ်သံမှပြောကြားသော နှစ်သစ်ကူးမိန့်ခွန်းတွင် ကင်ဂျုံအန်က မြောက်ကိုရီးယား၏ နျူလက်နက်များမှာ အမေရိကန်နိုင်ငံတစ်ခုလုံးသို့ ပစ်ခတ်နိုင်ကာ ခြိမ်းခြောက်နေခြင်းမဟုတ်ဘဲ အမှန်တကယ်လုပ်နိုင်စွမ်းရှိသည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။ သို့သော် မိမိအနေဖြင့် တောင်ကိုရီးယားနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရန် လမ်းဖွင့်ထားပြီး ဆိုးလ်မြို့တွင် ပြုလုပ်မည့် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲတွင် မြောက်ကိုရီးယားက အဖွဲ့တစ်ခု စေလွှတ်သွားနိုင်သည်ဟုလည်း ဆိုသည်။မြောက်ကိုရီးယား၏ ထိုခြိမ်းခြောက်မှုနှင့်ပတ်သက်၍ ဖလော်ရီဒါရှိ Mar-a-Lago အပန်းဖြေစခန်းသို့ ရောက်ရှိနေသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား သတင်းထောက်များကမေးမြန်းရာ ထရမ့်က ‘ကြည့်တာပေါ့။ ကြည့်တာပေါ့’ ဟု ပြန်လည်ဖြေကြားခဲ့သည်။ခဲ့သည့် ဒုံးကျည်စမ်းသပ်မှု၊ နျူစမ်းသပ်မှုများကြောင့် မြောက်ကိုရီးယားမှာ ကမ္ဘာ့နိုင်ငံများ၏ ဝေဖန်မှုများ ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရပြီး ကုလနှင့် အမေရိကန်တို့က ပိတ်ဆို့မှုများကို တိုးမြှင့်လုပ်ဆောင်ခဲ့သည်။ Ref : BBC -
အစ္စလာမ်မုန်းတီးရေးရောဂါ နိုင်ငံအတွင်း အ၀င်မခံဟု စင်ကာပူပြည်ထဲရေးဝန်ကြီး ပြော
ဒီဇင်ဘာ ၃၁၊ ၂၀၁၇
M-Media– ကမ္ဘာတစ်ဝှမ်းမှာ အစ္စလာမ်မုန်းတီးရေးရာဂါဟာ ပိုမိုမြင့်တက်လာပြီး ဒါဟာ လက်ခံနိုင်စရာမဟုတ်ဘဲ အကြမ်းဖက်အန္တရာယ် ပိုရှိလာစေတယ်လို့ စင်ကာပူပြည်ထဲရေးဝန်ကြီး ကေ ရှန်မူဂမ်က ပြောကြားလိုက်ပါတယ်။
“အစ္စလာမ်မုန်းတီးရေးရောဂါဆိုတာ မကောင်းတဲ့ကိစ္စတစ်ခုပါ။ လက်မခံနိုင်စရာ ဖြစ်ပြီး၊ ဒါဟာ အစ္စလာမ်နာမည်ခံ လူသတ်နေတဲ့ အကြမ်းဖက်သမားတွေဆီကသာမက မွတ်စလင်တွေကို တိုက်ခိုက်ချင်တဲ့သူတွေထံကပါ အကြမ်းဖက်မှုတွေ မြင့်တက်လာစေမှာ ဖြစ်ပါတယ်” လို့ Canberra Drive မှာ ပြုလုပ်တဲ့ အခမ်းအနားတစ်ခုမှာ ၀န်ကြီးက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
အစ္စလာမ်မုန်းတီးရေးရောဂါဟာ အစ္စလာမ်ရဲ့ စစ်မှန်တဲ့ သင်ကြားမှုတွေကို နားမလည်မှုရဲ့ ရလဒ်ဖြစ်ကြောင်း၊ အစ္စလာမ့်မစ် အစွန်းရောက်သမားတွေရဲ့ တိုက်ခိုက်မှုတွေဟာ ကမ္ဘာတစ်ဝှမ်းမှာ အစ္စလာမ်အပေါ် နားလည်မှုလွဲတာတွေ အလွန်အမင်း မြင့်တက်လာစေကြောင်းလည်း ရှန်မူဂန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
“အစွန်းရောက်တဲ့မွတ်စလင်တွေ ရှိတယ်ဆိုတာ မှန်ပါတယ်။ သူတို့တွေဟာ သည်းခံနိုင်စွမ်းမရှိဘူး၊ ကျွေးကြော်သံတွေအော်တယ်၊ အကြမ်းဖက်ဖို့တိုက်တွန်းတယ်၊ ရူးကြောင်ကြောင်တွေလုပ်တယ်၊ မွတ်စလင်မဟုတ်သူတွေ၊ အမျိုးသမီးတွေ၊ တစ်ခြားသူတွေအပေါ်မှာ ရူးနှမ်းတဲ့ ပြောကြားမှုတွေ လုပ်ပါတယ်။ ဒါပမယ့် တကယ်တော့ သူတို့တွေဟာ လူနည်းနည်းလေးသာဖြစ်ပြီး မဖြစ်စလောက်လေးပါ။ ရိုးရိုးသားသားပြောရရင် ဘာသာတိုင်းမှာ ဒီလိုလူတွေ ရှိပါတယ်။ အကြမ်းဖက်သမားတွေရဲ့ သားကောင်ဖြစ်နေရသူ အများစုဟာ မွတ်စလင်တွေ ဖြစ်တယ်ဆိုတဲ့အချက်ကို ကျွန်တော်တို့ သိထားသင့်ပါတယ်”
စင်ကာပူအနေနဲ့ အစ္စလာမ်မုန်းတီးရေးရောဂါ တိုင်းပြည်အတွင်းမှာ မရှိစေဖို့၊ ဘာသာပေါင်းစုံညီညွတ်ရေးကို မြှင့်တင်ဖို့ အကောင်းဆုံး ကြိုးစားမှာဖြစ်ကြောင်း ရှန်မူဂန်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
“လက်ရှိ ဒီမှာ ကျွန်တော်တို့ဟာ အခြေအနေတွေကို အခြားနေရာနဲ့မတူတဲ့ပုံစံနဲ့ စောင့်ကြည့်လို့ရနေတယ်လို့ ထင်ပြီး၊ ကောင်းကောင်းလုပ်နိုင်တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ကျေနပ်လောက်စရာတော့ မဟုတ်ပါဘူး”
ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အမေရိကန်က အသိအမှတ်ပြုမှုနဲ့ပတ်သက်လို့ မေးမြန်းရာမှာ ရှန်မူဂန်က ဒီအတွက် မှတ်ချက်မပေးချင်ကြောင်း၊ ကုလမှာ အမေရိကန်ရဲ့လုပ်ရပ်ကို ဆန့်ကျင်တဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံမဲပေးခဲ့ပြီး စင်ကာပူဟာ သူ့ရဲ့ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ပြသခဲ့ပြီးဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။
Ref: CNA
-
ပထမဆုံး ဒီမိုကရေစီ သမ္မတဟောင်းကို အီဂျစ်က ထောင် ၃ နှစ် ထပ်ချ
ဒီဇင်ဘာ ၃၁၊ ၂၀၁၇
M-Media– အီဂျစ်နိုင်ငံသမိုင်းတွင် ပထမဆုံး ဒီမိုကရေစီနည်းကျ သမ္မတဖြစ်လာခဲ့သည့် သမ္မတဟောင်း မိုဟာမက် မော်စီအား အီဂျစ်တရားရုံးက ထောင်ဒဏ် ၃ နှစ် ထပ်မံချမှတ်လိုက်သည်ဟု သိရသည်။
၂၀၁၁ ခုနှစ် လူထုတော်လှန်ရေးတွင် အာဏာရှင် မိုဘာရက် ပြုတ်ကျခဲ့ပြီးနောက် ပြုလုပ်သည့် ရွေးကောက်ပွဲတွင် မော်စီမှာ သမ္မတဖြစ်လာခဲ့သည်။
သို့သော်လည်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုကြောင့် ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီး မော်စီ၏ မွတ်စလင်ဘရားသားဟုဒ်ပါတီကို တရားမ၀င်ပါတီအဖြစ် ကြေငြာကာ ပါတီဝင်များအပါအ၀င် လူသောင်းချီကို အာဏာသိမ်းအစိုးရက ဖမ်းဆီးခဲ့သည်။
မော်စီမှာ လက်ရှိတွင် ၎င်း၏ ယခင် ထောင်ဒဏ် ၄ နှစ်ကို ကျခံနေရသည်မှာ တစ်နှစ် ကြာမြင့်နေပြီဖြစ်ပြီး၊ သမ္မတအဖြစ် တာဝန်ယူစဉ်က ပြောကြားသော မိန့်ခွန်း၌ တရားရေးစနစ်ကို အသရေဖျက်သည်ဆိုသည့် အမှုဖြင့် ယမန်နေ့တွင် ကိုင်ရိုမြို့ ရာဇ၀တ်ခုံရုံးက ထောင်ဒဏ် ၃ နှစ် ထပ်မံချမှတ်ခဲ့သည်။
ထို့ပြင် မော်စီက စွပ်စွဲပြောကြားခဲ့သည်ဆိုသော တရားသူကြီးအား အီဂျစ်ပေါင် တစ်သန်း (ဒေါ်လာ ၅၆၂၇၀) နစ်နာကြေးပေးရန်လည်း အမိန့်ချခဲ့သည်။
မော်စီနှင့်အတူ အခြား ၁၉ ယောက်မှာ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခံခဲ့ရကာ ထင်ရှားသည့် ဒီမိုကရက်တစ် လှုပ်ရှားမှုခေါင်းဆောင် အေလာ အဘ်ဒဲလ်-ဖာတာအပါအ၀င် အခြား ၅ ဦးမှာ ဒဏ်ငွေ အီဂျစ်ပေါင် ၃ သောင်း ပေးဆောင်ရန် တရားရုံးက အမိန့်ချခဲ့သည်။
Ref: Aljazeera
-
အီရန်ပြည်သူများ၏ အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုတွင် အနည်းဆုံး ၂ ဦး သေဆုံး
ဒီဇင်ဘာ ၃၁၊ ၂၀၁၇
M-Media– အီရန်တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက စတင်ခဲ့သည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုအတွင်း အနည်းဆုံး ၂ ဦးသေဆုံးခဲ့သည်ဟု သိရသည်။
နိုင်ငံအနောက်ပိုင်း ဒိုရုဒ်မြို့တွင် ယမန်နေ့ညပိုင်းက သေဆုံးခဲ့ခြင်းဖြစ်ပြီး လိုရက်စ္စတန်ပြည်နယ် အုပ်ချုပ်ရေးမှူး၏ လုံခြုံရေးဆိုင်ရာ အကြံပေးဖြစ်သူ ဟာဘီဘွလ္လာဟ် ခိုဂျက်စ်တီပူရ်းက လှုံ့ဆော်သူများကြောင့် ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို အဟန့်အတားဖြစ်စေသည်ဟု ပြောကြားခဲ့သည်။
ထို့ပြင် မည်သည့်ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်မှ ဆန္ဒပြသူများကို ပစ်ခတ်ခဲ့ခြင်းမရှိဟု ပြောကြားခဲ့သော်လည်း သေဆုံးသူများနှင့် ပတ်သက်၍ အသေးစိတ် ဖော်ပြခဲ့ခြင်း မရှိပေ။
နိုင်ငံအတွင်း ကုန်ဈေးနှုန်း မြင့်တက်လာမှု၊ လူနေမှုစားရိတ် ကြီးမြင့်မှုတို့ကြောင့် အီရန်ပြည်သူများမှာ ကြာသာပတေးနေ့မှစ၍ ဒုတိယမြို့တော် မက်ရှ်ဟဒ်တွင် ဆန္ဒပြခဲ့ကြပြီး နောက်ပိုင်းတွင် နိုင်ငံတစ်ဝှမ်း ပြန့်နှံ့သွားခဲ့သည်။
အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှု နည်းပါးသည့် အီရန်နိုင်ငံတွင် ယခုအုံကြွမှုမှာ ၁၀ စုနှစ်အတွင်း အကြီးမားဆုံးဖြစ်သည်။
အီရန်ပြည်ထဲရေးဝန်ကြီး အဘ်ဒိုရဟ်မန် ရဟ်မာနီ ဖဇ်လီက ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးသူများ၊ ဥပဒေ ချိုးဖောက်သူများ၊ မတည်ငြိမ်အောင် လုပ်သူများမှာ ထိုလုပ်ရပ်များအတွက် တာဝန်ယူရမည်ဟု ယနေ့မနက်ပိုင်းတွင် သတိပေးခဲ့သည်။
Ref: Aljazeera
-
အစ္စရေး၏ ဒုက္ခပေးမှုကြောင့် နေရပ်စွန့်ခွာရင်း ကုန်သလောက်ဖြစ်လာတဲ့ ပါလက်စတိုင်း ခရစ်ယာန်များ
ဒီဇင်ဘာ ၃၀၊ ၂၀၁၇
M-Media– ပါလက်စတိုင်းကို အစ္စရေးက ကျူးကျော်သိမ်းပိုက်မှုဟာ ဒေသတွင်း ခရစ်ယာန်တွေ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ထွက်ခွာခြင်းရဲ့ အဓိကအကြောင်းအရင်း ဖြစ်တယ်လို့ လေ့လာမှုအသစ်တစ်ခုအရ သိရပါတယ်။
အနောက်ဖက်ကမ်း ဘီအစ်ဂျာလာက Dar al-Kalima တက္ကသိုလ်ကပြုလုပ်တဲ့ လေ့လာမှုမှာ ခရစ်ယာန်နဲ့ မွတ်စလင် ထောင်ကျော်ကို သူတို့ရဲ့ဘ၀နေထိုင်မှုကြောင်း၊ အဓိက အခက်အခဲအကြောင်းနဲ့ အဲဒီအခက်အခဲ ဘာ့ကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းတွေကို မေးမြန်းခဲ့တာပါ။
“အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှု၊ လက်ရှိဖြစ်နေတဲ့ တင်းမာမှုတွေ၊ ခွဲခြားမှုပေါ်လစီတွေ၊ ထင်တိုင်းကြဲဖမ်းဆီး၊ မြေယာသိမ်းမှုတွေက ပါလက်စတိုင်းခရစ်ယာန်တွေရဲ့ မျှော်လင့်ချက်မဲ့မှုကို ပိုမိုတိုးပွားစေတဲ့ အကြောင်းအရင်းတွေ ဖြစ်ပါတယ်” လို့ လေ့လာမှုမှာ ဖော်ပြထားပါတယ်။
ဒီလိုအခြေအနေတွေကြောင့် ပါလက်စတိုင်းခရစ်ယာန်တွေဟာ ကောင်းမွန်တဲ့ အနာဂတ်ကို မျှော်လင့်လို့မရဘူးလို့ ခံစားလာရပါတယ်။
ပါလက်စတိုင်း ဥပဒေပြုကောင်စီဝင်တစ်ဦးဖြစ်ပြီး လေ့လာမှုမှာပါဝင်ခဲ့တဲ့ ဘားနဒ် ဆဘဲလာက ပါလက်စတိုင်းတွေ လျှော့သွားတာထက် လူ့အဖွဲ့အစည်းမှာ သူတို့နေရာပျောက်လာတာက အစိုးရိမ်ရဆုံးဖြစ်ကြောင်း၊ အစ္စရေးနဲ့ ပဋိပက္ခတွေ ဆက်ဖြစ်နေပြီး၊ ပါလက်စတိုင်းပိုင်နက်တွေ ကျူးကျော်သိမ်းပိုက်နေမှုကို နိုင်ငံရေးအရ ဖြေရှင်းမှုမရှိတာဟာ ပါလက်စတိုင်းခရစ်ယာန်တွေ ရွှေ့ပြောင်းထွက်ခွာမှုရဲ့ အဓိကအကြောင်းအရင်း ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။
လက်ရှိ နိုင်ငံရေးနဲ့ စီးပွားရေး အခြေအနေတွေကြောင့် ခရစ်ယာန်သာသနာ အစပြုပေါ်ထွန်းရာ ဂျေရုစလင်နဲ့ ဘက်သလီဟန်မှာ ပါလက်စတိုင်းခရစ်ယာန်တွေဟာ လျင်လျင်မြန်မြန်ပဲ လျော့ပါးနေပါတယ်။
“ပါလက်စတိုင်းတွေရဲ့ အမှတ်သညာဟာကို အလေးထားဖို့၊ ဂရုစိုက်ဖို့ လိုအပ်နေပါတယ်” ဆဘဲလာက ဆိုပါတယ်။
လေ့လာမှုမှာ ဖြေကြားခဲ့သူ ခရစ်ယာန် ၅၀ ရာခိုင်နှုန်းနဲ့ မွတ်စလင် ၅၄ ရာခိုင်နှုန်းက သူတို့ရဲ့ အခြေအနေတွေ နောက်ဆုံးမှာ တိုးတက်လာမယ်လို့ အကောင်းမြင်နေပြီး၊ ဘုရားသခင်ဟာ သူတို့ဖက်မှာ ရှိနေတယ်လို့လည်း ယုံကြည်နေကြပါတယ်။
“ဒီအချက်ဟာ ပါလက်စတိုင်းတွေရဲ့ ဘုရားသခင်အပေါ် ယုံကြည်ကိုးစားမှုကို ဖော်ကျူးနေပါတယ်” လို့ လေ့လာမှုမှာ ပါဝင်ခဲ့သူ ဗာဆန် အဂ်ဟာဘီကီယန်က ပြောကြားခဲ့ပါတယ်။
အော်တိုမန်ထိန်းချုပ်မှုအောက်မှာရှိနေစဉ် ပါလက်စတိုင်းခရစ်ယာန်တွေဟာ စီးပွားရေးအခွင့်အလမ်းတွေ ရှာဖွေဖို့အတွက် မြောက်အမေရိကနဲ့ လက်တင်အမေရိကတို့ကို ပြောင်းရွှေ့သွားခဲ့ကြပါတယ်။
၁၈၆၀ ခုနှစ် ၁၉၁၄ ခုနှစ်အထိ ပါလက်စတိုင်းလူဦးရေ ၃၅၀၀၀၀ မှာ ခရစ်ယာန်က ၁၁ ရာခိုင်နှုန်းရှိပြီး၊ ပထမကမ္ဘာစစ်ဖြစ်တော့မယ့်ဆဲဆဲမှာ ပါလက်စတိုင်းလူဦးရေ ၆၁၆၀၀၀ ရှိရာ ခရစ်ယာန်ဦးရေက ၆၉၀၀၀ အထိ ရှိပါတယ်။
အရှေ့ဥရောပကဂျူးတွေ ပါလက်စတိုင်းကို ၀င်ရောက်လာကာ အစ္စရေးနိုင်ငံ ထူထောင်ပြီးတဲ့နောက်ပိုင်းမှာတော့ ပါလက်စတိုင်းခရစ်ယာန်တွေ ပြောင်းရွှေ့ထွက်ခွာမှုဟာ သိသိသာသာ မြင့်တက်လာခဲ့ပြီး အစ္စရေး၊ အနောက်ဖက်ကမ်း၊ ဂါဇာတို့ပါဝင်တဲ့ သမိုင်းဝင် ပါလက်စတိုင်းနယ်မြေမှာ ယနေ့ ခရစ်ယာန်ဘာသာဝင်ဦးရေဟာ ၁.၇ ရာခိုင်နှုန်းသာ ရှိပါတော့တယ်။
၁၉၄၈ ခုနှစ် အစ္စရေးနိုင်ငံထူထောင်ချိန်မှာ ဂျက်ဖာကနေ ရာမာလာကို ထွက်ပြေးခဲ့ရတဲ့ ပါလက်စတိုင်းခရစ်ယာန် အစ္စကန်ဒါ အလ် ဟင်က ဘယ်တော့မှ ပါလက်စတိုင်းကနေ စွန့်ခွာမှာမဟုတ်ဘဲ၊ ဇာတိမြေမှာပဲ အရိုးထုတ်ဖို့ သားသမီး၊ မြေး၊ မြစ်တွေကို တိုက်တွန်းထားတယ်လို့ ပြောကြားခဲ့ပါတယ်။
“ပါလက်စတိုင်းတစ်ယောက်အနေနဲ့ ဒီမြေမှာပဲ သေတဲ့အထိ နေသွားမှာပါ။ ဒီမှာ ဘယ်နေရာသွားသွား ပါလက်စတိုင်းလို့ပဲ ကျွန်တော့်စိတ်ထဲမှာ မှတ်ယူတယ်။ ဂျေရုစလင်က ကျွန်တော်တို့ မြို့တော်ပေါ့ဗျာ။ ဒီမြေမှာ နှစ်ပေါင်းထောင်ချီနေခဲ့တဲ့ ကျွန်တော်တို့ကို ဘယ်သူကမှ မောင်းထုတ်လို့ မရပါဘူး” လို့ အစ္စကန်ဒါက ပြောကြားခဲ့ပါတယ်။
Ref: Aljazeera