ဇန်န၀ါရီ ၁၊ ၂၀၁၈
M-Media
– နျူကလီးယားခလုပ်မှာ မိမိ၏ စားပွဲပေါ်တွင် အမြဲတမ်းရှိနေသည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြောကြားလိုက်ပြီး မည်သည့်အခါမှ စစ်ပွဲစတင်ရေး စိတ်မကူးရန်လည်း အမေရိကန်ကို သတိပေးခဲ့သည်။
ရုပ်သံမှပြောကြားသော နှစ်သစ်ကူးမိန့်ခွန်းတွင် ကင်ဂျုံအန်က မြောက်ကိုရီးယား၏ နျူလက်နက်များမှာ အမေရိကန်နိုင်ငံတစ်ခုလုံးသို့ ပစ်ခတ်နိုင်ကာ ခြိမ်းခြောက်နေခြင်းမဟုတ်ဘဲ အမှန်တကယ်လုပ်နိုင်စွမ်းရှိသည် ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။
သို့သော် မိမိအနေဖြင့် တောင်ကိုရီးယားနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရန် လမ်းဖွင့်ထားပြီး ဆိုးလ်မြို့တွင် ပြုလုပ်မည့် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲတွင် မြောက်ကိုရီးယားက အဖွဲ့တစ်ခု စေလွှတ်သွားနိုင်သည်ဟုလည်း ဆိုသည်။
မြောက်ကိုရီးယား၏ ထိုခြိမ်းခြောက်မှုနှင့်ပတ်သက်၍ ဖလော်ရီဒါရှိ Mar-a-Lago အပန်းဖြေစခန်းသို့ ရောက်ရှိနေသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား သတင်းထောက်များကမေးမြန်းရာ ထရမ့်က ‘ကြည့်တာပေါ့။ ကြည့်တာပေါ့’ ဟု ပြန်လည်ဖြေကြားခဲ့သည်။
ပြီးခဲ့သည့်နှစ်အတွင်း ပြုလုပ်
Ref : BBC