News @ M-Media
Blog
  • ယနေ့တွင် ကျမ်းကျိန်သည့် ဇင်ဘာဘွေသမ္မတသစ် အာဏာရှင်မူဂါဘီကို ချီးကျူး
    ယနေ့တွင် ကျမ်းကျိန်သည့် ဇင်ဘာဘွေသမ္မတသစ် အာဏာရှင်မူဂါဘီကို ချီးကျူး
    နိုဝင်ဘာ ၂၄၊ ၂၀၁၇
    M-Media
    ကျမ်းကျိန်နေသည့် အီမာဆန် မန်ဂါဂွါ
    – အာဏာရှင်မူဂါဘီ နှုတ်ထွက်သွားပြီးနောက် ဒုတိယသမ္မတဟောင်း အီမာဆန် မန်ဂါဂွါမှာ ယနေ့တွင် ဇင်ဘာဘွေသမ္မတသစ်အဖြစ် ကျမ်းကျိန်ခဲ့ပြီး နိုင်ငံသားအားလုံးကို အလုပ်အကျွေးပြုသွားမည်ဟု ကတိပြုခဲ့သည်။
    မြို့တော်ဟာရာရီရှိ အမျိုးသားအားကစားရုံတွင် ပြုလုပ်ခဲ့သည့် ကျမ်းကျိန်ပွဲအခမ်းအနားကို ပြည်သူ ထောင်ပေါင်းများစွာ တက်ရောက်ခဲ့ပြီး မန်ဂါဂွါက နိုင်ငံရေးနှင့် လူမျိုးရေးကွဲပြားမှုရှိနေသော်လည်း ယခုလိုနေ့မျိုး ရောက်ရှိလာအောင် ၎င်းအား ကူညီပေးခဲ့သူများအားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
    ထို့ပြင် အာဏာရှင်ဟောင်း မူဂါဘီမှာ ‘အဖေကြီး၊ ထူးချွန်သူ၊ ရဲရင့်သူ’ စသဖြင့် သမုတ်ကာ မိမိလေးစားရသည့် ခေါင်းဆောင်ဖြစ်သည်ဟု ချီးကျူးခဲ့သည်။
    မူဂါဘီမှာ ဇနီးဖြစ်သူ ဂရေ့စ်မူဂါဘီကို အာဏာပေးရန်အတွက် ၎င်း၏ လူယုံ မန်ဂါဂွါအား ထုတ်ပယ်ခဲ့ပြီးနောက် ဇင်ဘာဘွေနိုင်ငံရေးအခြေအနေမှာ မတည်မငြိမ်ဖြစ်လာခဲ့ပြီး မန်ဂါဂွါနှင့် နီးစပ်သည့် စစ်တပ်က ပြီးခဲ့သည့်တစ်ပတ်တွင် အစိုးရရုံးများကို သိမ်းပိုက်ကာ မူဂါဘီမိသားစုကိုလည်း ထိန်းသိမ်းခဲ့သည်။
    ထို့နောက် ပြည်သူများနှင့် မူဂါဘီ၏ ပါတီတို့က ၎င်းအား နှုတ်ထွက်ရန် တောင်းဆိုခဲ့ပြီး အစောပိုင်းတွင် လက်မခံသော်လည်း အင်္ဂါနေ့တွင် လွှတ်တော်သို့ နှုတ်ထွက်စာတင်ကာ ၃၇ နှစ်ကြာ အုပ်စိုးမှုကို အဆုံးသတ်ခဲ့သည်။
    မန်ဂါဂွါမှာ ဒုသမ္မတရာထူးမှ ထုတ်ပယ်ခံရပြီးနောက်ပိုင်း တိုင်းပြည်မှ ထွက်ခွာသွားခဲ့ပြီး ဗုဒ္ဓဟူးနေ့တွင် ပြန်လည်ရောက်ရှိလာခဲ့ကာ ပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့သည်။
    မူဂါဘီလက်ထက် ပြည်သူများအား အဖိနှိပ်ဆုံးသူများအဖြစ် ကျော်ကြားသူများနှင့် ရင်းနှီးသော ဆက်ဆံရေးရှိပြီး၊ ၎င်းကိုယ်တိုင်လည်း မကောင်းသတင်းဖြင့် ကျော်ဇောခဲ့သောကြောင့် မန်ဂါဂွါ သမ္မတသစ် ဖြစ်လာသော်လည်း ပြည်သူများ၏ အခြေအနေမှာ တိုးတက်လာမည့် အလားအလာမရှိဟု ကျွမ်းကျင်သူများက သုံးသပ်ကြသည်။
    Ref: BBC
  • မက္ကာ၊ မဒီနာရှိ အထွဋ်အမြတ်ဗလီကြီးများတွင် ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးမှုကို ဆော်ဒီ တားမြစ်
    မက္ကာ၊ မဒီနာရှိ အထွဋ်အမြတ်ဗလီကြီးများတွင် ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးမှုကို ဆော်ဒီ တားမြစ်
    နိုဝင်ဘာ ၂၄၊ ၂၀၁၇
    M-Media
    မက္ကာရှိ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်မှ ကအ်ဘာကျောင်းတော်
    – မက္ကာနဲ့ မဒီနာက အစ္စလာမ်ဘာသာဝင်တွေရဲ့ အထွဋ်အမြတ်ထားရာ ဗလီဝတ်ကျောင်းတော် ၂ လုံးမှာ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ရိုက်ကူးမှုကို ဆော်ဒီအာရေဗျက မနေ့မှာ ကြေငြာချက်ထုတ်ကာ တားမြစ်ပိတ်ပင်လိုက်ပါတယ်။
    ဆော်ဒီအစိုးရရဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်တဲ့ အဲဒီကြေငြာချက်မှာ မက္ကာက မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်နဲ့ မဒီနာက မတ်စ်ဂျစ်ဒ် နဗ၀ီ ဗလီဝတ်ကျောင်းတော်အတွင်း ၀တ်ပြုသူတွေအနေနဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ရိုက်ကူးတာမျိုးကို တားမြစ်ကြောင်း ဖော်ပြထားပါတယ်။
    မီဒီယာသမားတွေအပြင် ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှ ရိုက်ကူးခွင့် ပြုမှာမဟုတ်ဘဲ ဒါဟာ မြင့်မြတ်ရာနေရာတွေကို ထိန်းသိမ်းဖို့၊ ကာကွယ်စောင့်ရှောက်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ကြေငြာချက်က ဆိုပါတယ်။ ဒီပိတ်ပင်မှုဟာ ဗလီဝတ်ကျောင်းတော် နယ်နမိတ်အတွင်း ပါဝင်တဲ့ ၀တ္တက္ကမြေအားလုံးအတွက်လည်း အကျုံး
    ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ရိုက်ကူးတာဟာ ၀တ်ပြုသူတွေကို အနှောက်အယှက်ဖြစ်စေပြီး အခုလိုပိတ်ပင်မှုမှာ ဒီအကြောင်းအရင်းလည်း ပါဝင်တယ်လို့ ဆော်ဒီအာဏာပိုင်တွေက ပြောပါတယ်။
    ဒီပြဌာန်းချက်ကို ချိုးဖောက်မယ်ဆိုရင် ကင်မရာတွေ၊ ဖုန်းတွေကို သိမ်းဆည်းမှာဖြစ်ပြီး တရားစွဲဆိုသွားမယ်လို့ ကြေငြာချက်ထဲမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။
    အခုသီတင်းပတ်အစောပိုင်းမှာ အစ္စရေးက ဂျူးတစ်ယောက်ဟာ မတ်စ်ဂျစ်ဒ်နဗ၀ီ ဗလီဝတ်ကျောင်းတော်ထဲ ၀င်ရောက်ပြီး ဓာတ်ပုံရိုက်ကာ ဆိုရှယ်မီဒီယာတွေအပေါ်မှာ လွှင့်တင်ခဲ့တာကြောင့် အာရပ်ကမ္ဘာမှာ ဝေဖန်မှုတွေ ညံသွားခဲ့ပါတယ်။
    ဗလီဝတ်ကျောင်းတော်ရှိရာ မဒီနာမြို့လယ်ကောင်ကို အစ္စလာမ်ဘာသာဝင်မဟုတ်သူတွေ မ၀င်ရလို့ ဆော်ဒီက အမိန့်ထုတ်ထားတာ ဖြစ်ပါတယ်။
    Ref: Dailysabah
  • လာမည့်နှစ်တွင် ရွေးကောက်ပွဲလုပ်ရန် ပါလက်စတိုင်း အဓိကပါတီကြီးများ သဘောတူ
    လာမည့်နှစ်တွင် ရွေးကောက်ပွဲလုပ်ရန် ပါလက်စတိုင်း အဓိကပါတီကြီးများ သဘောတူ
    နိုဝင်ဘာ ၂၃၊ ၂၀၁၇
    M-Media
    သဘောတူလက်မှတ်ရေးထိုးနေသည့် ဟားမက်စ်နှင့် ဖာတာတို့မှ ကိုယ်စားလှယ်များ
    – ၂၀၁၈ ခုနှစ် နှစ်ကုန်ထက် နောက်မကျစေဘဲ အထွေထွေရွေးကောက်ပွဲပြုလုပ်ရန် ပါလက်စတိုင်း နိုင်ငံရေးပါတီများဖြစ်သည့် ဖာတာနှင့် ဟားမက်စ်အဖွဲ့တို့မှာ သဘောတူခဲ့ပြီး ကိုင်ရိုတွင် ပြုလုပ်ခဲ့သည့် ပြန်လည်ရင်ကြားစေ့ရေး နောက်ဆုံးအကျော့၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။
    မနေ့က ပြုလုပ်ခဲ့သည့် ဆွေးနွေးမှုအပြီး ထုတ်ပြန်သော ကြေငြာချက်တွင် လာမည့်နှစ်အကုန်၌ သမ္မတနှင့် ဥပဒေပြုအမတ်များ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပြင်ဆင်မှုများပြုလုပ်ရန် ဗဟိုရွေးကောက်ပွဲကော်မရှင်ကို နှစ်ဖက်ကိုယ်စားလှယ်များက တိုက်တွန်းခဲ့သည်။
    သဘောတူညီခဲ့ကြသည့် အဓိကအချက်များတွင် လက်ရှိ လှုပ်ရှားမှုမရှိသော ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ (PLO)အား ပါလက်စတိုင်းပြည်သူအားလုံးကို အမှန်တကယ်ကိုယ်စားပြုသည့် အဖွဲ့မျိုး ဖြစ်လာရေး ပြင်ဆင်ဖွဲ့စည်းရန်၊ ဆယ်စုနှစ်တစ်ခုကျော်ကြာ ပိတ်ဆို့မှုများအောက်တွင် နေထိုင်ခဲ့ရသည့် ဂါဇာပြည်သူများ၏ ထိခိုက်ခံစားမှုများ အဆုံးသတ်ရေး ဆောင်ရွက်ရန်တို့လည်း ပါဝင်သည်။
    နှစ်ရက်တာ ကြာမြင့်ခဲ့သည့် အဆိုပါဆွေးနွေးမှုအတွင်း ဖာတာနှင့် ဟားမက်စ်တို့အပါအ၀င် အခြားသော ပါလက်စတိုင်း နိုင်ငံရေးအသင်းအဖွဲ့များ၊ လက်နက်ကိုင်အဖွဲ့များလည်း ပါဝင်ခဲ့သည်။
    အောက်တိုဘာ ၁၂ ရက်နေ့တွင် ဖာတာနှင့် ဟားမက်စ်အဖွဲ့တို့မှာ ညီညွတ်သော အစိုးရတစ်ရပ် ဖြစ်ပေါ်လာရေးကို အခြေခံကာ ရင်ကြားစေ့ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
    Ref: Aljazeera
  • ရိုဟင်ဂျာများ နေရပ်ပြန်ပို့ရေး မြန်မာ-ဘင်္ဂလာဒေ့ရှ် လက်မှတ်ထိုး
    ရိုဟင်ဂျာများ နေရပ်ပြန်ပို့ရေး မြန်မာ-ဘင်္ဂလာဒေ့ရှ် လက်မှတ်ထိုး
    နိုဝင်ဘာ ၂၃၊ ၂၀၁၇
    M-Media
    ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်များ
    – ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေကို သူတို့နေထိုင်ခဲ့တဲ့ ရခိုင်ပြည်နယ်ကို ပြန်ပို့ရေး သဘောတူညီချက်တစ်ခုကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့က လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။
    “ဖြည့်သွင်းရမယ့် ပုံစံတွေကို ဘင်္ဂလားဒေ့ရှ်ဖက်က ကျွန်တော်တို့ကို ပြန်ပို့ပြီးတာနဲ့ သူတို့ကို အမြန်ဆုံး ပြန်ခေါ်သွားမှာပါ” လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က မြန်မာနိုင်ငံကို ပြန်လာဖို့အတွက် ရိုဟင်ဂျာတွေ ဖြည့်သွင်းရမယ့် ပုံစံတွေကို ရည်ညွှန်းပြီး ဒီကနေ့မှာ ပြောကြားခဲ့ပါတယ်။
    သြဂုတ်လနှောင်းပိုင်းမှာ ရိုဟင်ဂျာလက်နက်ကိုင်တွေက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ပြီးနောက်ပိုင်း စစ်တပ်ကပြုလုပ်တဲ့ စစ်ဆင်ရေးအတွင်းမှာ ရိုဟင်ဂျာ ၆ သိန်းကျော်လောက် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရတယ်လို့ ကုက ပြောကြားထားပါတယ်။
    ယခင်ကလည်း စစ်တပ်ရဲ့ ညှင်းပမ်းနှိပ်စက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာတွေ သိန်းနဲ့ချီရှိခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စစ်အာဏာရှင်လက်ထက် ၁၉၉၀ ပြည့်နှစ်တွေမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ သဘောတူထားတဲ့ စည်းကမ်းချက်တွေအတိုင်း ရိုဟင်ဂျာတွေကို ပြ
    န်ခေါ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
    အဲဒီလိုပြန်ခေါ်မှုဟာ သူတို့ရဲ့ သဘောဆန္ဒအလျောက်နဲ့ လုံလုံခြုံခြုံ ဖြစ်စေရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပေမယ့် စစ်ခေါင်းဆောင်တွေက ဒီလုပ်ငန်းစဉ်ကို နှောက်ယှက်မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။
    သြဂုတ်လနှောင်းပိုင်းကစပြီး ပြုလုပ်တဲ့ စစ်တပ်ရဲ့ စစ်ဆင်ရေးအတွင်းမှာ ရိုဟင်ဂျာအရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပစ်တာ၊ အမျိုးသမီးတွေကို အဓမ္မကျင့်တာ၊ နေအိမ်မီးရှို့တာတွေ လုပ်ခဲ့တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ပြောကြားခဲ့ပေမယ့် မြန်မာအစိုးရနဲ့ စစ်တပ်တို့က ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ် တီလာဆန်က ရိုဟင်ဂျာတွေအပေါ် စစ်တပ်က ဆယ်စုနှစ်နဲ့ချီပြုလုပ်တဲ့ ညှင်းပမ်းနှိပ်စက်မှုဟာ ‘လူမျိုးစုလိုက် သုတ်သင်မှု မြောက်နေတယ်’ လို့ မနေ့မှာ တရားဝင် ကြေငြာခဲ့ပါတယ်။
    ရန်ကုန် အမေရိကန်သံရုံးဟာ တာဝန်ရှိသူတွေ ရခိုင်ကိုသွားမယ့်ကိစ္စကို ရပ်ဆိုင်းထားလိုက်ပြီး တီလာဆန်ရဲ့ မှတ်ချက်ကြောင့် တုန့်ပြန်မှုတွေ ဖြစ်လာနိုင်တဲ့အတွက် အမေရိကန်နိုင်ငံသားတွေ ရခိုင်ပြည်နယ်ကို မသွားဖို့အတွက်လည်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။
    Ref: Independent