စက်တင်ဘာ ၁၄၊ ၂၀၁၇
M-Media
– လွှတ်တော်ဥက္ကဌရာထူးအပါအ၀င် အစိုးရတာဝန်ပေါင်းများစွာ ထမ်းဆောင်ခဲ့တဲ့ မွတ်စလင်အမျိုးသမီး ဟာလီမာယာကွဘ်ဟာ စက်တင်ဘာ ၁၄ ရက်နေ့မှာ နိုင်ငံရဲ့ ၈ ယောက်မြောက် သမ္မတအဖြစ် ကျမ်းကျိန်မှာ ဖြစ်ပါတယ်။
Source – CNA
စက်တင်ဘာ ၁၄၊ ၂၀၁၇
M-Media
– လွှတ်တော်ဥက္ကဌရာထူးအပါအ၀င် အစိုးရတာဝန်ပေါင်းများစွာ ထမ်းဆောင်ခဲ့တဲ့ မွတ်စလင်အမျိုးသမီး ဟာလီမာယာကွဘ်ဟာ စက်တင်ဘာ ၁၄ ရက်နေ့မှာ နိုင်ငံရဲ့ ၈ ယောက်မြောက် သမ္မတအဖြစ် ကျမ်းကျိန်မှာ ဖြစ်ပါတယ်။
Source – CNA
စက်တင်ဘာ ၁၄၊ ၂၀၁၇
M-Media
– ရခိုင်ပြည်နယ်မှာ ပြုလုပ်နေတဲ့ စစ်ရေးလှုပ်ရှားမှုတွေ၊ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို၊ တရားဥပဒေ စိုးမိုးရေးဆောင်ရွက်ဖို့အတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်က မြန်မာအစိုးရကို တိုက်တွန်းပြောကြားလိုက်ပါတယ်။
ဆွီဒင်နဲ့ ဗြိတိန်တို့ရဲ့ တောင်းဆိုမှုကြောင့် ရခိုင်ပြည်နယ်နဲ့ပတ်သက်တဲ့ ဒုတိယမြောက် တံခါးပိတ်အစည်းအဝေးကို မနေ့မှာ ကျင်းပခဲ့ပါတယ်။
ဂူတာရက်စ်က ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အခြေအနေဟာ ‘ဆိုးဆိုးရွားရွား’ ဖြစ်နေပြီး ဒါတွေကို ‘လုံးဝလက်မခံနိုင်စရာ’ ဖြစ်ကြောင်း၊ ဒီလူနည်းစုတွေဟာ လူမျိုးစုလိုက် သုတ်သင်ရှင်လင်းခံနေရတယ်လို့ သတ်မှတ်ကြောင်း အစည်းအဝေးမစခင်မှာ ပြောကြားခဲ့ပါတယ်။
“စစ်ရေးလှုပ်ရှားမှုတွေကို ရပ်ဆိုင်းဖို့၊ အကြမ်းဖက်မှုကို အဆုံသတ်ဖို့၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ဖို့၊ တိုင်းပြည်က ထွက်သွားရသူတွေ ပြန်လာခွင့်ကို အသိအမှတ်ပြုဖို့ မြန်မာအာဏာပိုင်တွေကို ကျွန်တော် တိုက်တွန်းပါတယ်”
အစည်းအဝေးပြီး လုံခြုံရေးကောင်စီက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ‘နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုအတွင်း အကြမ်းဖက်မှုတွေ အလွန်အကျွံဖြစ်ခဲ့တယ်ဆိုတဲ့ သတင်းတွေအတွက် စိုးရိမ်မိကြောင်း၊ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုအဆုံးသတ်ရေး၊ တင်းမာမှုလျော့ပါရေး၊ တရားဥပဒေ စိုးမိုးရေး၊ အရပ်သားတွေကို ကာကွယ်ပေးရေး၊ ဒုက္ခသည်ပြဿနာကို ဖြေရှင်းရေး ချက်ခြင်းဆောင်ရွက်ဖို့ တိုက်တွန်းကြောင်း’ ဖော်ပြထားပါတယ်။
ကုလဆိုင်ရာ ဗြိတိန်သံအမတ် မတ်သယူး ရိုင်ခရော့ဖ်က ဒီကြေငြာချက်ဟာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ၉ နှစ်အတွင်း လုံခြုံရေးကောင်စီရဲ့ ပထမဆုံး ကြေငြာချက်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
လူမျိုးစုလိုက် သုတ်သင်မှုလား
တနင်္လာနေ့မှာ ကုလလူ့အခွင့်အရေးအကြီးအကဲက ရခိုင်ပြည်နယ် အဖြစ်အပျက်တွေမှာ ရိုဟင်ဂျာတွေကို လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းတဲ့ ဥပမာမျိုးကို တွေ့နေရတယ်လို့ ပြောကြားခဲ့ပြီး မြန်မာဖက်ကတော့ ဒါကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။
ဒီအခြေအနေကို လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းမှုလို့ ပြောလို့ရမလားဆိုတဲ့ အမေးကို ဂူတာရက်စ်က”ကျွန်တော်က ဒီမေးခွန်းကို အမေးနဲ့ပဲ ပြန်ဖြေချင်ပါတယ်။ ရိုဟင်ဂျာလူ့အဖွဲ့အစည်းရဲ့ ၃ ပုံ ၁ ပုံလောက်ဟာ နိုင်ငံအတွင်းက ထွက်ပြေးနေရတဲ့အခြေအနေကို ဖော်ပြဖို့အတွက် (ဒီစကားလုံးအပြင်) အခြား ပိုကောင်းတဲ့ စကားလုံး ရှိပါသလား ဆိုတာပါပဲ” လို့ ပြန်ဖြေခဲ့ပါတယ်။
မြန်မာအစိုးရက ရိုဟင်ဂျာရွာ ၁၇၆ ခုမှာ လုံးဝ လူသူမရှိတော့ဘဲ မတည်ငြိမ်မှုတွေကြောင့် ထွက်ပြေးသွားကြတယ်လို့ ပြောကြားထားပါတယ်။
“တော်တော် ဆိုးဆိုးဝါးဝါး အခြေအနေပါ။ လူတွေသေနေတယ်။ လူတော်တော်များများလည်း ဒုက္ခသုက္ခတွေ ခံစားနေရတယ်။ ဒါကို ကျွန်တော်တို့ ရပ်တန့်ဖို့ လိုပါတယ်။ ဒါဟာ ကျွန်တော့်ရဲ့ အဓိက စိုးရိမ်မှုပါပဲ” လို့ ကုလ အတွင်းရေးမှူးချုပ်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။
လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးနိုင်ရေး ကုလနဲ့ NGO အွဲ့အစည်းတွေကို ၀င်ရောက်ခွင့်ပေးဖို့လည်း ဂူတာရက်စ်က မြန်မာအာဏာပိုင်တွေကို တိုက်တွန်းခဲ့သလို၊ ရိုဟင်ဂျာတွေကို နိုင်ငံသားပေးတာမျိုး ဒါမှမဟုတ် ပုံမှန် နေထိုင်ရှင်သန်နိုင်မယ့် ဥပဒေအရေ အသိအမှတ်ပြုတာမျိုး လုပ်ပေးသင့်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။
Ref: Aljazeera
အားလုံးထင်တဲ့ အတိုင်းပါပဲ၊ “လံကြုပ်၊လုပ်ကြံဇာတ်လမ်းများ” ဖန်တီးပြီး ပွဲဆူအောင် လုပ်နေကြပါသည်။ စက်တင်ဘာလ ၁၁ရက်နေ့တွင် ဘာဖြစ်မည်။ညာဖြစ်မည်။ စသည်ဖြင့် သွေးထိုးလှုံ့ဆော်ကာ လူမှုရေးကွန်ရက် Facebook နှင့် Messenger များပေါ်တွင် အစ္စလာမ် ဘာသာဝင်တို့၏ အာရပ်နာမည်အမျိုးမျိုးပေးပြီး ပရိုဖိုင်းဓာတ်ပုံနေရာတွင် အချို့အစ္စလာမ်တို့၏ နိုင်ငံခြားယဉ်ကျေးမှု့၊ ဝတ်စားဆင်ယင်မှုပုံစံများဖြင့် အကောင့်တု အကောင့်လိမ် (Fake Account) များဖြင့် ဗုဒ္ဓဘာသာဝင်များကို ဆဲလိုက်၊ဘာသာတရားကို စော်ကားလိုက်၊ ပြုနေသော Facebook Account များကို လေ့လာကြည့်ရာတွင် နှစ်ဘက်လူ့အဖွဲ့အစည်းများ၊ သွေးကွဲစေမည့် ဒေါသမီး ဟုန်းဟုန်းတောက်စေမည့် အကြောင်းအရာများကို post တင်လိုက်။ comment ကော်မန့်များတွင် ဝင်ရေးလိုက်၊ လုပ်ကာ ဘာသာရေး၊လူမျိုးရေး အဓိကရုဏ်းများ၊ မဖြစ်ဖြစ်အောင် သွေးထိုးလှုံ့ဆော် နေသော အင်အားစုတစ်ခု ယခုအချိန်တွင် ပြန်လည်ခေါင်းထောင်လာနေသည်ကို သတိထားမိပါ သည်။
ပြည်သူလူထု၏ ရွေးကောက်တင်မြှောက်ခံအရပ်သားအစိုးရသည် ရခိုင်ပြည်နယ်ဖြစ်စဉ်များ နှင့် ပတ်သက်၍ ခေါင်းကိုက်နေစဉ်တွင် ဆေးမတိုက်ဘဲ ခေါင်းကိုရိုက်ခွဲမည့် အလဲထိုးသတ်မည့် အဖျက်အင်အားစုများ နယ်ပယ်စုံမှ အလျှိုလျှိုထွက်လာနေသည်ကို ပြည်သူလူထုကြီးသတိပြုမိ တော့သည်။ ထိုအင်အားစုကြီးကို သမ္မတဟောင်းဦးသိန်းစိန်ကိုယ်တိုင် “နောက်ကွယ်က လက်မဲကြီးအုပ်စု” ဟူ၍ ခေါ်ဝေါ်သုံးစွဲခဲ့ပါသည်။ ထိုလက်မဲကြီးအုပ်စုသည် နိုင်ငံရေးအာဏာအ တွက် ဘာသာရေး၊ လူမျိုးရေးပြဿနာများကို အခြေခံကာ ဖန်တီးလေ့ရှိကြောင်း အတိတ်သမိုင်း ဒိုင်ယာယီများက သက်သေထူနေပေသည်။
သာဓကတစ်ရပ်ကိုတင်ပြရလျှင် ၂၀၁၂ ရခိုင်ပြည်နယ်တွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခကို သွေးထိုးလှုံ့ဆော် အကွက်ကျကျ ဖန်တီးခဲ့ပြီး ရခိုင်ဗမာ အမျိုးသားရေး ဝါဒများကို အာရုံ လွှဲပြောင်းစေကာ “ကျောက်ဖြူမှ ကူမင်းတရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကြီး စီမံကိန်း”ကို ပြီးစီးအောင် ကြံစည်နိုင်ခဲ့ခြင်းသည် ထင်ရှားသော သက်သေတစ်ခုဖြစ်ခဲ့ပါသည်။
စက်တင်ဘာလ ၁၀ရက် နေ့လည် ၂နာရီ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်တွင် ဘင်္ဂလီဆန့်ကျင်ရေး စစ်အုပ်ချုပ်ရေး အမြန်ဆုံးပေးရေးနှင့် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်၏ ကော်မရှင် အစီရင်ခံစာကို ဆန့်ကျင်ရေး စသည်တို့ကို တောင်းဆို ဆန္ဒပြကြောင်း စာရေးသူ သတိပြုမိပါသည်။
ဆန္ဒပြနေသူများကို စာရေးသူ စကားမစပ် မေးမြန်းလိုသည်မှာ လက်ရှိ အစိုးရထံသို့ “ကိုဖီအာနန်တင်သွင်းခဲ့သော အစီရင်ခံစာကို ဆန္ဒပြမျိုးချစ်ကြီးများ အစ၊ အဆုံး သေသေချာချာ ဖတ်ပြီးပြီလား”ဟု မေးမြန်းလိုပါသည်။
အလားတူ ကရင်ပြည်နယ်၊ဘားအံမြို့တွင် ဒေသခံ အစိုးရအာဏာပိုင်များ၏ ခွင့်ပြုချက် မရှိပဲ၊ ကရင်ပြည်နယ် မဘသက ဦးစီးကျင်းပသည့် တောင်ကလေးနှစ်သစ်ကူးကွင်းတွင် စက်တင်ဘာလ ၁၀ရက်နေ့ နေ့လည် ၂ နာရီတွင် အချိန်ကိုက် ကျင်းပခဲ့ပြန်သည်။ ထိုဟောပြောပွဲ တွင် မဘသ အမာခံ ဆရာတော်တစ်ပါးဖြစ်တဲ့ နာမည်ဆိုးဖြင့် ကမ္ဘာကျော်နေသော ဦးဝီရသူက “ရခိုင်ကိစ္စဟာ မြန်မာတွေနှင့် အစ္စလာမ်တွေဖြစ်နေတဲ့ ပြဿနာပုံစံမျိုး စည်းရုံးလှုံဆော်ခဲ့ပါသည်။ မြန်မာပြည်တွင် အစ္စလာမ်ဘာသာဝင်တွေဟာ လူဦးရေနှင့် နယ်ချဲ့ပြီး အကြမ်းဖက်နေတဲ့သူတွေ ဖြစ်ကြောင်း “ကျား” သတ္တဝါကို အစားမကျွေးအပ်သလို “ကုလား”ကိုလည်းနေရာ မပေးအပ်ဖူးလို့ စော်ကား ဟောကြားပြန်တယ်။ လက်ရှိ NLD အရပ်သားအစိုးရကို မိုက်မိုက်ကမ်းကမ်း စော်ကားပြောဆိုပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စ ယန်ဟီးလီ ကိုလည်း နိုင်ငံကို ရောင်းစားမယ့် “ဖာသယ်မ” ဟူ၍ ထပ်မံဆဲဆို စော်ကားခဲ့ပြန်သည်။ အမုန်းစကား ပြော ဆူပူလှုံ့ဆော်ဟောပြောတဲ့ ထိုနေ့ည ၇နာရီ ၄၅ မိနစ် အချိန်တွင် မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့ ရွှေအိုး ၂ ရပ်ကွက်တွင် ပုဆိုးများ ခြုံကာ ရုပ်ဖျက်ထားသော နှာခေါင်းစည်းတတ်ထားသော လူငယ်၊ လူလတ် ၅၀ ဦးခန့်သည် နိုင်ငံတော်သီချင်းများ ဆိုလိုက် ၉၆၉ လှုံ့ဆော်သီချင်းများ ဆိုလိုက်နှင့် အစ္စလာမ်ဘာသာဝင်များ၏ ဆိုင်ခန်းများ၊ နေအိမ်များ၊ဗလီများကို ခဲများဖြင့် ပစ်ပေါက်ရန်စ ပြဿနာဖန်တီးသည့် လှုံ့ဆော်မှုများရှိခဲ့ပါသည်။ ဆူပူမှုများကို နေရာကွက်ကျား လုပ်လိုက် ရဲများရောက်လာလျှင် ကိုယ်ရောင်ဖျောက်နေလိုက် နှင့် နေရာ (၈)နေရာတွင် ၈ကြီမ်နီးပါး ဆူပူအကြမ်းဖက် လှုံ့ဆော်ခဲ့ပါသည်။ အကြမ်းဖက်ဟူသော စကားကိုသုံးရခြင်းမှာ ထိုသူများတွင် တုတ်၊ဓား၊လေးခွ၊ပုဆိန် စသည်တို့ပါရှိကြောင်း မျက်မြင်သက်သေများက ပြောဆိုကြသည်။ အကြမ်းဖက်သူများထဲတွင် ဒေသခံများနှင့် အနီးတစ်ဝိုက်ရွာများမှနေ့စား ၃၀၀၀ကျပ်ပေး၍ လာခဲ့ကြသူများလည်း ရှိကြောင်း ဒေသခံတစ်ဦး က မီဒီယာတစ်ခု အား ပြောကြားခဲ့ပါသည်။
ထိုအကြမ်းဖက်အဖွဲ့သည် “လူမျိုးခြား၊ ဘာသာခြားတွေကို ရိုက်၊သတ်ကြ ဟူ၍လည်း” အော်ဟစ်၊ ဆဲဆိုခဲ့ကြကြောင်းကို အခင်းဖြစ်ပွားသည့်နေရာအနီးရှိ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောဆိုခဲ့ပါသည်။
စက်တင်ဘာ (၁၀)ရက်ည တောင်တွင်းကြီး အကြမ်းဖက်မှု့ကို လေ့လာကြည့်လျှင် အတိတ် က ဖြစ်ခဲ့ဖူးသော လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများနှင့် ဆင်တူနေကြောင်း စာရေးသူ သတိပြုမိသည့် အချက်များရှိနေပါသည်။ ယင်းတို့မှာ
(၁) စနစ်တကျ ကြိုတင်ပြင်ဆင်ထားသော လူ၅၀ခန့်က ဟိုသီချင်း၊ ဒီသီချင်းများဖြင့် ဘေးတီးပေးပြီး ဝိုင်းအုံလာသော လူ ၄၀၀ လောက် ဖြစ်သွားတော့မှ အစ္စလာမ်ဘာသာဝင်တွေရဲ့ အိမ်တွေ၊ ဆိုင်တွေကို ရုတ်တရက် တိုက်ခိုက်ခဲ့တယ်။
(၂) တန်ဘိုးရှိတဲ့ မိုဘိုင်းဖုန်းလို ပစ္စည်းတွေကို ခိုးယူခဲ့တယ်။
(၃) ဒေသခံအစ္စလာမ်ဘာသာဝင်တွေကို ရန်စတဲ့သဘောမျိုးနဲ့ မျက်နှာစိမ်းလူငယ် ၅ဦးက မခံချင်အောင်ဆဲဆိုခဲ့တယ်။ဒေသခံတွေက မကြားချင်ယောင်ဆောင် လိုက်တော့ ကသီလင်တ နိုင်သွားခဲ့တယ်။
(၄) တုတ်၊ဓား၊ ပုဆိန်များကိုင်ဆောင်ထားတဲ့ အကြမ်းဖက်အဖွဲ့ဟာ လူညီတယ်။ စနစ်ကျတယ်။ နောက်ကွယ်ကနေ အကွက်ကျကျ ဟန်ချက်ညီ ညွှန်ကြားနေတဲ့သူတွေရှိမှန်း ပေါ်လွင်နေတယ်။ မိုဘိုင်းဖုန်းတွေနဲ့ပဲ သူတို့အချင်းချင်းဆက်သွယ်ခဲ့တယ်။
(၅) အကြမ်းဖက်အဖွဲ့ရဲ့အထင်နှင့် အမြင်လွဲသွားခြင်းကတော့ တောင်တွင်းကြီး ဒေသခံ ဗမာလူမျိုးတွေက သူတို့နောက်ကို မပါဝင်ခဲ့ခြင်းပါပဲ။
(၆) ည ၁ နာရီကျော်မှာ လုံခြုံရေး ရဲတပ်ဖွဲ့တွေ အင်အားတိုးချဲ့များပြားလာတော့ အခြေအနေမ ကောင်းတော့တာ ကြောင့် အကြမ်းဖက်အဖွဲ့ဟာ နောက်ကွယ်က အမိန့်အတိုင်း လူစုခွဲ သုတ်ခြေတင်ခဲ့တယ်။ ဒါပေမယ့် (၅)ဦးကိုတော့ အာဏာပိုင်တွေက ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အထက်ပါ ညအချိန်မတော်ကြီး တမင်ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်လုပ်ရက်ကြောင့် အစ္စလာမ် ဘာသာဝင်တို့၏ သားရေလုပ်ငန်းဆိုင်၊ မိုဘိုင်းဖုန်းဆိုင်၊ သံပစ္စည်းနှင့် ဒန်အိုးဒန်ခွက်ဆိုင်၊ ထမင်းဆိုင်၊ လဘက်ရည်ဆိုင်နှင့် ပေါင်မုန့်ရောင်းဝယ်ရေး ဆိုင်များ ဖျက်ဆီးခံခဲ့ရသည်။ အကယ်၍ မိမိတို့၏ ဥစ္စာပစ္စည်း၊ ထမင်းအိုး ရိုက်ချိုးဖျက်ဆီးခံခဲ့ရသောကြောင့် အကြမ်းဖက်ခံရသူတို့က ဒေါသဖြင့် လက်တုန့်ပြန်ခဲ့ပါက နောက်ကွယ်က မစင်ပေနေသော လက်မဲကြီး၏ကြိုးကွင်းထဲကို စွပ်မိရက်သား ဖြစ်သွားပေလိမ့်မည်။ သွေးထွက်သံယိုတွေဖြစ်။ အရပ်သားတွေ အထိတ်တလန့် ဖြစ်ကာ ဆူပူအကြမ်းဖက်မှုတွေ တိုင်းနှင့်ပြည်နယ်တွေ အထိ ပြန့်နှံ့ခဲ့မည်။ ဒေါသထွက်နေသော လူအုပ်ကြီးတွေက နောက်ကွယ်က လက်မဲကြီး၏ ညွှန်ကြားချက်အတိုင်း နေရာစုံမှ အပြေး အလွှား ထွက်လာကြမည်။ ဝန်ကြီးချုပ်များကို သက်ဆိုင်ရာပြည်နယ်တိုင်းဒေသရှိ လက်မဲကြီး အလိုတော်ရှိ များက ဖိအားပေး စာထုတ်တောင်းဆို ဆန္ဒပြကြမည်။ ထွေအုပ်များကလည်း ပုဒ်မ ၁၄၄ ညမထွက်ရအမိန့ ထုတ်ဖို့၊ ‘ဟုတ်ကဲ့၊ မှန်ပါ့၊ အဆင်သင့်ပါပဲ’ ပြောဖို့ ကျင့်သားရပြီး ဖြစ်နေတာ တွေ့ရမည်။
ဆိုးကျိုးရလာဒ်များအနေနဲ့ မြန်မာနိုင်ငံ၏ ပုံရိပ် အဖတ်ဆယ်လို့မရအောင် ကျဆင်းသွားမည်မှာ အသေအချာပင် ဖြစ်သည်။
သို့သော် ဤလောကကြီးသည် ထင်သလို ဖြစ်မလာသော သဘောရှိသည်။ အရပ်သားစစ်စစ် သမ္မတကြီးလက်ထက်တွင် အကြိမ်ကြိမ် အောက်လမ်းနည်းများသုံး၍ လူတစ်စု၊ လူတစ်ဖွဲ့ ကောင်းစားရေး မြန်မာနိုင်ငံကြီး၏ အချုပ်အခြာအာဏာကို မိမိတို့ စစ်ဗိုလ်လူထွက်များသာ ရယူ ပိုင်ဆိုင်၊ ချယ်လှယ်နိုင်ရေးမူကို သံမှိုစွဲသလို၊ တရားသေမူဝါဒကို အသေဆုပ်ကိုင်ပြီး ခေတ်အဆက်ဆက် အာဏာရှိစဉ်က ပြည်သူ့ဘဏ္ဍာငွေများကို အလွဲသုံးစားလုပ်ပြီး ကုဋေကုဋာကြွယ်များ ဖြစ်နေသူများကို ပြည်သူလူထုက နားလည် ခွင့်လွှတ်ပေးပါလိမ့်မယ်။ ယခုအချိန်မှစ၍ မြန်မာပြည်ကြီး ပျက်ဆီးရာ၊ ပျက်ဆီးကြောင်းများကို ထပ်၍ မလုပ်ကြပါနဲ့တော့။ ယခုအခြေအနေတွင် နိုင်ငံနှင့် ပြည်သူလူထုအတွက် နေ့မအား၊ ညမအား မခိုးမ၀ှက်သော အစိုးရတစ်က မြန်မာပြည်ကြီးကို ဦးဆောင်နေစဉ် ‘မကူညီချင်နေပါ၊ မနှောက်ယှက်ပါနှင့်တော့’ သမိုင်းတရားခံများအနေနဲ့ သွတ်သွင်းမခံရလေအောင် နောက်ကွက်က လုပ်ရပ်ဆိုးများကို ရပ်တန်းက ရပ်တံ့ပါတော့ ဟူ၍ အကြံပြု တိုက်တွန်းအပ်ပါသည်။
‘သင်ပြုသောကံ ပဲ့တင်သံ သင့်ထံပြန်လာမည်’ ဟူသော လောကနီတိကို နှလုံးသွင်းဖို့ အချိန်တန်ပြီ ဖြစ်ပါကြောင်း ပြည်သူလူထုကိုယ်စား တင်ပြအပ်ပါသည်။
မြေးသခင်ဒေါင်း (လွတ်လပ်ရေး မော်ကွန်းဝင်)
ကျွန်တော့်ကိုယ်ပွားလေးရေ…
လောကကြီးကို ကျွန်တော်စွန့်ခွာခဲ့တာ အခုဆိုရင် လေးလကျော်ကြာခဲ့ပြီနော်။ အခုလို စောစောစီး စီးထွက်ခွာသွားမှုက ကျွန်တော့်ကို ပိုပြီးရင့်ကျက်သူတစ်ယောက်ဖြစ်စေခဲ့ပါတယ်။ ခင်ဗျားကို အခု လိုမျိုး စာပြန်ရေးနိုင်လောက်တဲ့အထိ ရင့်ကျက်စေခဲ့ပါတယ်ဆိုပါတော့ဗျာ။ ကျွန်တော်ဆိုတာကအ ခြားသူမဟုတ်ပါဘူး။ အလန်ကာဒီ (Alan Kurdi) ပါဗျ။ တူရကီနိုင်ငံရဲ့ ဘိုဒရမ် (Bodrum) ကမ်းခြေမှာ သောင်တင်သေဆုံးခဲ့တဲ့ သုံးနှစ်အရွယ်ဆီးရီးယားနိုင်ငံသား ကမ္ဘာကျော်လေးပါဗျ။ အခု ကျွန်တော်က အသက်၄၅ နှစ်ရှိနေမှာဖြစ်တဲ့ ကမ္ဘာမြေက ကျွန်တော့်ကိုယ် ကျွန်တော် (ခင်ဗျားကို) စာရေးလိုက်ပါတယ်ဗျာ။
ချစ်ရပါသော ကျွန်တော့်ကိုယ်ပွားလေးရေ…
ကျွန်တော်ကတော့ အခုကောင်းကင်ဘုံမှာဗျ။ ဘယ်လောက်တောင် ထွန်းလင်းတောက်ပပြီး စွဲမက် ဖွယ်ကောင်းတဲ့နေရာလဲဗျာ။ ဒီမှာက နေ့တွေ ညတွေ ဆိုပြီး ခွဲခြားရှိမနေဘူးဗျ။ နေ၊လ နဲ့ကြယ်တွေက ကြည်လင်နေတဲ့ ကောင်းကင်ပြင်မှာ အတူတကွ ဝင်းလက်နေလိုက်တာများဗျာ။ အမေနဲ့အစ်ကိုလား? သူတို့လည်း အခြားသူတွေနဲ့အတူ ပြုံးလို့ပျော်လို့ဗျ။ ဒီမှာဆို နိုင်ငံတွေ၊ နယ်စပ်တွေဆိုပြီးလည်း ခွဲခြားကန့်သတ်ထားတာမျိုးမရှိသလို ရွှေ့ပြောင်းနေထိုင်မှုတွေ၊ ဘာသာရေးခွဲခြားမှုတွေ၊ အကြမ်းဖက်လုပ်ရပ်တွေနဲ့ အကြမ်းသမားတွေလည်းမရှိကြဘူးဗျ။ အားလုံးက တန်းတူရည်တူတွေပါပဲဗျာ။ ကျွန်တော်တို့ ဝိညာဉ်အားလုံးက အေးအေးချမ်းချမ်း ညီညီ ညွတ်ညွတ်ပဲနေထိုင်ကြတာဗျ။
အခု ခင်ဗျားတို့ ကမ္ဘာကြီးရဲ့ နှစ်သစ်ကူး အခါသမယကို ကျွန်တော်တို့ရဲ့ ကြည်နူးစရာကောင်းကင် ဘုံကနေ ကောင်းကောင်းမြင်နေရတယ်ဗျ။ ခင်ဗျားတို့ရဲ့ ခမ်းနားတဲ့ မီးရှုး၊မီးပန်းတွေကို မြင်နေရ သလို ခေါင်းလောင်းသံချိုတွေကိုလည်း ကြားနေရတယ်ဗျ။ ခင်ဗျားတို့ရဲ့ ကမ္ဘာကြီးကတော့ (ထုံးစံ အတိုင်း) ဆန့်ကျင်ဘက်တွေကို ဖြီးလိမ်းဆဲပါပဲလား။ ကမ္ဘာရဲ့တစ်ချို့နေရာတွေက လင်းလို့ထင်းလို့ နေပေမယ့် တစ်ချို့နေရာတွေကျပြန်တော့ မှောင်ဆဲမိုက်ဆဲပါလား။ ကြည်နူးဖွယ်ခေါင်းလောင်းသံ တွေနဲ့ ချောက်ချားဖွယ်သေနတ်သံတွေကလည်း ရောထွေးဆဲပါလား။ ပျော်ရွှင်မှုတွေရဲ့ နောက်မှာလည်း ဝမ်းနည်းပူဆွေးမှုတွေက ကပ်လျက်ပါဆဲပါလား။ အမုန်းတရားတွေကလည်း မေတ္တာတရားနဲ့ လက်တွဲညီညီလျှောက်လှမ်းဆဲပါလား။ အလိုလေးဗျာ… လူ့ဘဝဆိဆုတာကြီးက အဲ့လိုကြီးပါပဲဗျာ။ ကျွန်တော်နဲံတော့ ဒီအရာတွေ အကုန်လုံးက အဝေးကြီးဝေးခဲ့ပါညပီဗျာ။
ကိုယ်ပွားလေးရေ…
ကျွန်တော့်အဖြစ်ကိုရော မှတ်မိသေးလားဗျ။ ဥရောပ သုခကမ္ဘာကို မျှော်ရည်မှန်းပြီး ဇာတိမြေ ကိုဘာနီ (Kobani) ရဲ့ အကြမ်းဖက်မှုကနေလွတ်မြောက်ဖို့ မိဘတွေနဲ့အတူ ထွက်ပြေးခဲ့ကြတာကို လေဗျာ။ လှေထွက်ပြီး မိနစ်အစိတ်လောက်အကြာမှာ ကျွန်တော်တိုရဲ့ စိတ်ကူးအိမ်မက်လေး အဆုံး သတ်ခဲ့ရတယ်လေဗျာ။ ကြီးမားတဲ့ လှိုင်းလုံးတွေကြားမှာ ကျွန်တော်တို့စီးခဲ့တဲ့ လှေကလေးမှောက် တော့ ကျွန်တော့်လက်က အမေ့ဆီကနေ လွတ်သွားခဲ့တယ်လေ။ ကျွန်တော်က “သားကိုချန်မထားခဲ့ပါနဲ့ ဖေဖေ”လို့ အော်ပြောခဲ့ပါသေးတယ်။ ဒါပေမယ့်ဗျာ လှိုင်းလုံးကြီးတွေကြား မှာ လူးလွန့်ရင်း မျှော်လင့်ချက်ရောင်နီလေးကို ဆုပ်ကိုင်ဖို့ မရှုမလှ ကြိုးစားရင်းပေါ့။ မှောင်မိုက်နေ တဲ့ ပင်လယ်ကျယ်ကြီးထဲမှာ သုံးနှစ်သား ဒီကောင်လေးက ဘယ်လောက်များတတ်စွမ်းနိုင်မှာ မို့လို့ လဲဗျာ။ နောက်ဆုံးမှာတော့ သမုဒ္ဒရာကြီးက ကျွန်တော့်ကို လက်ကမ်းပေးပြီး သူမရဲ့ရင်ခွင်ထဲမှာ သိမ်မွေ့စွာ ပွေ့ဖက်ထားပေးပါတယ်။ သူမရဲ့ကြင်နာလိုက်ပုံများဗျာ… နောက်ပြီးတော့ဗျာ ကျွန်တော့်ကို သူမက ဟိုးအောက်အထိ ဆွဲနှစ်မချဘဲ အပေါ်ဘက် ကမ်းစပ်ကို ပို့ပေးခဲ့ရှာသေး တယ်ဗျ။ အဲ့ဒီနေ့ကို ခင်ဗျားသေချာမှတ်မိပါတယ်နော်။ အနီရောင်ရှပ်အင်္ကျီလေးနဲ့ အပြာရောင် ဘောင်းဘီလေးဝတ်ထားပြီး ဖိနပ်ကလေးပါစီးထားတဲ့။ မျက်နှာကိုလည်း ကမ်းခြေမှာမှောက်လျက် အပ်လို့ အိပ်ပျော်နေတဲ့ ကျွန်တော်လေဗျာ။ လှိုင်းကြပ်ခွပ်ကလေးတွေကတောင် ကျွန်တော့်ကို ချော့ မော့နေခဲ့သေးတယ်ဗျာ။ အဲ့ဒီနေ့က အိပ်စက်ခြင်းကတော့ ကျွန်တော့်အတွက် ထာဝရအိပ်စက်ခြင်း ပါပဲဗျာ။
ကျွန်တော့်ရဲ့အဲ့ဒီပုံလေးက လူမှုကွန်ယက်တွေနဲ့ သတင်းမီဒီယာတွေကြားမှာ တော်တော်လေးပျံ့နှံ့ ခဲ့တယ်လေဗျာ။ လူတွေက ဘာတွေများပြောခဲ့ကြသလဲဗျာ။ ကမ္ဘာ့လူသားဆန်မှု ဘေးဒုက္ခလား။ လွတ်မြောက်ရေးအတွက် ဆိုးဆိုးဝါးဝါးကြိုးစားခဲ့တဲ့ ဆီးရီးယားလူမျိုးတွေရဲ့ နာကျင်မှုသင်္ကေတ လား။ အဲဒီပုံက ကမ္ဘာကြီးကို ဆွံ့အသွားစေခဲ့တာလား။ လူတွေရဲ့ အသိစိတ်ကိုရော နိုးဆွစေခဲ့သလား။ သူတို့တွေကျွန်တော့်အတွက် နတ်သားတောင်ပံတွေတပ် ပေးခဲ့ကြသေးတယ်။ ဒါတွေဟာ တကယ်တော့ကျွန်တော့်ရဲ့သေခြင်းကို အကျယ်ချဲ့ အလွမ်းသယ်ခဲ့ကြတာ မဟုတ်ပါဘူး။ သူတို့ရဲ့ နာကျင်မှုကို သူတို့ဘာသာ နှစ်သိမ့်ခဲ့ကြတာပါ။ အမှန်တော့ (သူတို့ဘယ်လိုပဲလုပ်လုပ်) အသက်တစ်ချောင်းကတော့ ဘယ်တော့မှ ပြန်လည်ရှင်သန်လာမှာ မဟုတ်တော့ပါဘူး။ ကျွန်တော်က ထာဝရသုံးနှစ်သားလေးပဲပေါ့ဗျာ။ ကျွန်တော်တို့မိသားစုက ကျည်ဆံမိုးတွေ၊ ဗုံးမုန်တိုင်းတွေကြား မငြိမ်းချမ်းတဲ့ ဆီးရီးယားက လွတ်မြောက်အသက်ရှင်ဖို့ ရုန်းကန်ခဲ့ကြတယ်။ တည်ငြိမ်အေးချမ်းတဲ့မြေမှာ အခြေချဖို့ကြိုးစားရင်း ကျွန်တောတို့ဘဝတွေ အခုလို ဆုံးရှုံးခဲ့ကြရတယ်ဗျာ။ ဒီလိုသေဆုံးမှုတွေကြောင့် အလွန်ပဲနာကျင်ရပါတယ်။ မထိုက်တန်လှပါဘူး။ အလိုလေးလေး… စဉ်းစားကြည့်ပေါ့ဗျာ။ ကျွန်တော်ရဲ့သုံးနှစ်ဆိုတဲ့ သက်တမ်း က အလွန်တိုတောင်းလွန်းမနေဘူးလားဗျာ။
အကယ်၍ အကြမ်းဖက်မှုနဲ့ စစ်ပွဲတွေသာ မရှိခဲ့ဘူးဆိုရင်…
အကယ်၍ ပိုကောင်းတဲ့ လှေတစ်စီးသာ ကျွန်တော်တို့ စီးခွင့်ရခဲ့မယ်ဆိုရင်…
အကယ်၍ ကျွန်တော့်အဖေသာ အသက်ကယ် အင်္ကျီဝတ်ထားခဲ့မယ်ဆိုရင်…
အကယ်၍ ဥရောပနိုင်ငံတွေက သူတို့ရဲ့နှလုံးသားနဲ့ အတူ သူတို့ရဲ့နယ်စပ်တွေကို ဖွင့်ထားခဲ့မယ် ဆိုရင်… ကျွန်တော်သေရပါ့မလားဗျာ။
အခုတော့ဗျာ ကျွန်တော့်ရဲ့(အသက်မဲ့) ခန္ဓာကိုယ် ကျွန်တော်ရဲ့အမိမြေ (ကျွန်တော်ထွက်ပြေးခဲ့တဲ့ နေရပ်ပေါ့ဗျာ) ဆီကို သယ်ဆောင်သွားကြပြီ။ ကျွန်တော့်ခန္ဓာကိုယ် အဲဒီမှာမြေချခဲ့ကြတယ်။ တကယ်တော့ ကျွန်တော့်ရဲ့ဘဝဟာ အပေါစား ကံကြမ္မာနဲ့ ဆိုးဝါးတဲ့ဘဝတစ်ခုပါပဲဗျာ။
ကျွန်တော်ကတော့ဗျာ အနည်းဆုံး လူသိများခဲ့ရပြီး နှစ်သိမ့်ခံခဲ့ရပါတယ်။ အခြားထောင်ပေါင်းများ စွာ ဒုက္ခသည် တွေကတော့ အမေ့ခံတွေပေါ့ဗျာ။ ထောင်ချီတဲ့ရွှေ့ပြောင်းနေထိုင်သူတွေဟာ (ကျွန်တော်တို့လိုပဲ) မြေထဲပင်လယ်ကိုကျော်ဖြတ်ရင်း သေနေကြတယ်။ များစွာသော ကလေးသူငယ်တွေကလည်း အငတ်ဘေးနဲ့ အအေးဒဏ်တွေကြောင့် သေနေကြတယ်။ ရာနဲ့ချီတဲ့ လူတွေဟာလည်း အကြမ်းဖက်မှုကြောင့် သေနေကြသေးတယ်။ (ဖြတ်ပြောရဦးမယ်) ရေမနစ်ခင်က ကျွန်တော်နဲ့ တစ်နယ်တည်းသား သူငယ်ချင်းက ပြောခဲ့တယ်။ သူက သမုဒ္ဒရာကြီးကို အရမ်းကျေး ဇူးတင်ပါသတဲ့။ ဘာကြောင့်ဆို သူ့ကိုသမုဒ္ဒရာကြီးက ဗီဇာလည်းမစစ်ဘဲ၊ ကိုးကွယ်တဲ့ဘာသာလည်း မမေးဘဲ လက်ခံခဲ့လို့ပါတဲ့။ အေးဗျာ… ကျွန်တော်တို့လို နှစ်သိမ့်ခံ သတိရခံရတဲ့ သေသူတွေရှိသလို အပယ်ခံ၊ အမေ့ခံပြီး သေသွားတဲ့သူတွေလည်းရှိပါတယ်။ အိုဗျာ… တကယ်တော့ သေခြင်းတရားဟာ တရားမှ တရားရဲ့လားဗျာ။
ဒီနေရာမှာ မေးစရာရှိတာက နာကျင်စွာသေဆုံးခဲ့ရပြီး ငြိမ်းချမ်းလှတဲ့ သုခဘုံရောက်ကလေးတစ် ယောက်ဟာ ဘာကြောင့်များ ကမ္ဘာမြေက (၄၅) နှစ်ရှိတဲ့ ခင်ဗျားဆီကို စာရေးရသလဲဆိုတာကိုပါ။ (၄၅)နှစ်ဆိုတဲ့ အသက်အရွယ်ကိုမှ ဘာကြောင့်ရွေးချယ်ပြီး စာရေးရသလဲ။ အမှန်ကတော့ (၄၅) နှစ် ဆိုတဲ့ အရွယ်ဟာ ဘဝမှာ ပြည့်စုံတည်ငြိမ်တဲ့ အရွယ်မဟုတ်လားဗျာ။ ကျွန်တော်သာ အသက်ရှင်ပြီး အခုလို (၄၅) နှစ်အရွယ်ကို ရောက်မယ်ဆိုရင် ကျွန်တော်ဘာများဖြစ်နေမလဲ မသိဘူးနော်။
အဖေတစ်ယောက်လား? ဒါမှမဟုတ် အရာရှိတစ်ယောက်လား ? ဒါမှမဟုတ် ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်မယ့် အထင်ကရတစ်ယောက်လား? ဒါနဲ့ စကားမစပ်ဗျာ Apple ကုမ္ပဏီရဲ့ CEO စတီးဗ်ဂျော့ ကလည်း ရွှေ့ပြောင်းနေထိုင်သူ တစ်ယောက်ဆိုတာ ခင်ဗျားသိပါတယ်နော်။ ကျွန်တော်သာ အသက်ရှင်ခဲ့ရင် ကျွန်တော်ဘယ်နေရာမှာများ ရောက်နေမှာလဲ။ အမိမြေဆီးရီးယား ကို ပြန်ရောက်နေမှာလား? ဒါမှမဟုတ် ဥရောပနိုင်ငံတစ်ခုခုကိုများ ရောက်နေမလား။ ကမ္ဘာကြီးကရော ဘယ်လိုအခြေအနေမှာ ရှိနေမလဲ? ကျွန်တော်အခုရောက်နေတဲ့ နိဗ္ဗာန်ဘုံနဲ့ ကမ္ဘာ ကြီးက တူနေမှာလား? တကယ်တော့ဗျာ အသက်တွေကြီးဖို့နဲ့ (၄၅) နှစ်ရောက်ဖို့ဆိုတာ သဘာဝပဲ မဟုတ်လားဗျာ။ ဒါပေမယ့်လူတော်တော်များများနဲ့ ကျွန်တော် အတွက်တော့ လုံးဝမဟုတ်ပါဘူး။ အသက်(၄၅)နှစ်ဆိုတာ ကျွန်တော်တို့အတွက် ထာဝရအိမ်မက်တစ်ခုပါဗျာ။ ဘယ်တော့မှဖြစ်လာ မျာမဟုတ်တဲ့ အိမ်မက်တစ်ခုပေါ့ဗျာ။ ဘယ်သူကများ ကျွန်တော်နဲ့ ကျွန်တော့်လိုကလေးတွေကို (၄၅) နှစ်ဆိုတဲ့ အသက်ကို ရအောင်လုပ်ပေးနိုင်မှာလဲဗျာ။ ဘယ်သူကများ ကျွန်တော်တို့တွေရဲ့ အသက်တွေကို ပြန်ပေးနိုင်မှာလဲဗျာ။ ကျွန်တော်တို့တွေအသက် (၄၅) နှစ်၊ (၅၅) နှစ်နဲ့ နောက်ထပ် နှစ်များစွာအထိ ဘယ်လိုလုပ်နေထိုင်ခွင့်ရနိုင်တော့မှာလဲဗျာ။ ဒီမေးခွန်းကို ဘယ်သူကများ ဖြေပေး နိုင်မှာလဲ ကိုယ်ပွားလေးရာ။
ချစ်ခြင်းအားဖြင့်
ကျွန်တော်
ဗီယက်နမ်နိုင်ငံမှ ၁၅ နှစ်အရွယ်ရှိကျောင်းသူလေး “ငုယင်သီသူထရန်” ၏ ရွှေတံဆိပ်ဆုရ
“အသက် ၄၅ နှစ်ရှိသော သင့်ကိုယ်သင်စာတစ်စောင်ရေးပါ” ဟူသောပေးစာကို ဆီလျော်အောင် ဘာသာပြန်သည်။
စန္ဒာမြင့် (ပညာရေး)
စက်တင်ဘာ ၁၃၊ ၂၀၁၇
M-Media
– ၂၀၁၈ ခုနှစ် ရုရှားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ကမ္ဘာဖလားပြိုင်ပွဲအတွက် လက်မှတ်ထားကို စက်တင်ဘာ ၁၄ ရက် (ကြာသာပတေး) နေ့တွင် စတင်ရောင်းချသွားမည်ဟု သိရသည်။
လက်မှတ်များကို နှစ်ကျော့ ရောင်းချသွားမည်ဖြစ်ပြီး ပထမအကြိမ်မှာ စက်တင်ဘာ ၁၄ ရက်နေ့မှ အောက်တိုဘာ ၁၂ ရက်နေ့အထိ အဖြစ်သည်။
ဝယ်ယူလိုသူများအနေဖြင့် ဖီဖာ၏ ၀ဘ်ဆိုက်ဖြစ်သော www.fifa.com/tickets တွင် သွားရောက်ကြည့်ရှုနိုင်ပြီး တစ်ပွဲချင်းဖြစ်စေ၊ ကွင်းတစ်ကွင်းတွင် ကျင်းပမည့် ပွဲအားလုံးအတွက်ဖြစ်စေ လက်မှတ်များ ရွေးချယ်ဝယ်ယူနိုင်မည် ဖြစ်သည်။
သတ်မှတ်ရက်အတွင်း စာရင်းသွင်းသူများကို နိုဝင်ဘာ ၁၆ ရက်နှင့် ၂၈ ရက်ကြားတွင် လက်မှတ် ၀ယ်ယူခြင်း အောင်မြင်မှု ရှိ၊ မရှိ ပြန်လည်အေကြာင်းကြားမည်ဖြစ်သည်။
ကမ္ဘာ့ဘောလုံအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဖက်တမာ ဆာမူရာ မိမိတို့အနေဖြင့် လက်မှတ်များကို ပရိသတ်အားလုံးအတွက် မျှမျှတတ ရောင်းချပေးသွားမည်ဟု ပြောကြားခဲ့သည်။
တိယအကျော့ လက်မှတ်ရောင်းချမည့်ကာလမှာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့မှ ၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်နေ့အထိ ဖြစ်ည်။
ဧပြီ ၁၈ ရက်နေ့မှ ကမ္ဘာ့ဖလား နောက်ဆုံးအဆင့်ပြိုင်ပွဲများ စတင်ကျင်းပမည့် ဇူလိုင် ၁၅ ရက်နေ့အထိ လက်မှတ်များ ရောင်းချမည့် အစီအစဉ်တစ်ခုလည်း ရှိနေပြီး ယခုအစီအစဉ်တွင် အရင်လာသူများမှာ အရင် ၀ယ်ယူနိုင်မည်ဖြစ်သည်။
ကမ္ဘာ့ဖလားပြိုင်ပွဲကို လာရောက်ကြည့်ရှုမည့်သူများအနေဖြင့် FAN ID အသိအမှတ်ပြုကဒ်ပြား ရရှိရန် ရုရှား အာဏာပိုင်များကို လျှောက်ထားရမည်ဖြစ်ပြီး၊ ထို ID ကို ရရှိသူများအနေဖြင့် ရုရှားနိုင်ငံသို့ ဗီဇာမလိုပဲ ၀င်ရောက်ခွင့်၊ ပွဲကစားမည့်နေ့များတွင် သယ်ယူပို့ဆောင်ရေးလိုင်းများ အခမဲ့စီးနင်းခွင့်များ ရရှိမည်ဖြစ်သည်။
Ref: Alarabiya