News @ M-Media

Blog

  • တရုတ်က ကျူးကျော်လာနိုင်ခြေရှိ၍ ကယ်ဆယ်ရေးစီမံကိန်းကို ထိုင်၀မ်ပြင်ဆင်

    တရုတ်က ကျူးကျော်လာနိုင်ခြေရှိ၍ ကယ်ဆယ်ရေးစီမံကိန်းကို ထိုင်၀မ်ပြင်ဆင်

    ဧပြီ ၁၄၊ ၂၀၂၃

    M-Media 


    -ထိုင်၀မ်မှာ ကြာသာပတေးနေ့က စစ်ပွဲနဲ့ ဘေးအန္တရာယ် ကယ်ဆယ်ရေးဆိုင်ရာ လေ့ကျင့်ခန်းတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ 

    ထိုင်၀မ်ပစ်မှတ်တွေကို တိုက်ခိုက်သိမ်းပိုက်တဲ့ စစ်ရေးလေ့ကျင့်မှု တရုတ်က ရုတ်တရက်ပြုလုပ်ခဲ့ပြီး ၃ ရက်အကြာမှာပဲ ထိုင်၀မ်က ကယ်ဆယ်ရေး လေ့ကျင့်မှု လုပ်တာပါ။ 

    တိုက်ချွန်မြို့မှာလုပ်တဲ့ ဒီလေ့ကျင့်ခန်းအတွင်း ကယ်ဆယ်ရေးလုပ်သားတွေအပါအ၀င် လူပေါင်း တစ်ထောင်ကျော် ပါ၀င်ခဲ့ပါတယ်။ 

    ဒုံးကျည်၊ ဓာတုလက်နက်တွေနဲ့ တိုက်ခိုက်ခံရတာ၊ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးနေရာတွေ တိုက်ခိုက်ခံရတာမျိုး ပုံစံတူ ဖန်တီး လေ့ကျင့်ခဲ့ကြတာ ဖြစ်ပါတယ်။ 

    ထိုင်၀မ်ကျွန်းရဲ့ လေကြောင်းကာကွယ်ရေးဇုန်အတွင်း တရုတ်တိုက်လေယာဥ်တွေ မကြာခဏ ၀င်ရောက်ပျံသန်းလေ့ရှိပြီး ဒီအတွက် ထိုင်၀မ်ကလည်း အမြင့်ဆုံးအဆင့် တပ်လှန့်ထားပါတယ်။ 

    Ref: CNA 

  • မိုဆူးလ်မြို့က ရမ်ဇာန်ဥပုသ်လ

    မိုဆူးလ်မြို့က ရမ်ဇာန်ဥပုသ်လ


    ဧပြီ ၁၄၊ ၂၀၂၃

    M-Media 


    -အီရတ်နိုင်ငံ ဒေသအသီးသီးမှာ ရမ်ဇာန်ဥပုသ်လကို ဖြတ်သန်းရာမှာ နိုင်ငံမြောက်ပိုင်း မိုဆူးလ်မြို့က ရမ်ဇာန်ဖြတ်သန်းမှုဟာ ကျော်ကြားပါတယ်။ 

    မနက်စောစော ၀ါထမင်းစားဖို့ လိုက်လံနှိုးဆော်တဲ့အဖွဲ့တွေ၊ လမ်းဆုံတွေမှာ စင်ထိုးပြီး ပုံပြင်ပြောဆိုတဲ့ ဓလေ့တွေဟာ မူဆိုးလ် ရမ်ဇာန်ရဲ့ အမှတ်သညာတွေဖြစ်ပါတယ်။ 

    ရမ်ဇာန်လ မိုဆူးလ်ရဲ့ နာမည်ကြီး အစားအသောက်တစ်ခုက စပျစ်သီးခြောက်ဖျော်ရည် ဖြစ်ပါတယ်။ ကာ့ဒ်တောင်တန်းတွေကထွက်တဲ့ စပျစ်သီးတွေဟာ ကမ္ဘာ့အကောင်းဆုံး စာရင်း၀င်ပြီး အခြောက်ခံကာ ဖျော်ရည်လုပ်သောက်ကြပါတယ်။  

    မိုဆူးလ်မှာ ရမ်ဇာန်လ စျေးတန်းကြီးတွေဟာ ပစ္စည်းစုံကာ အလွန်စျေးချိုတဲ့အတွက် နိုင်ငံရဲ့ အခြားဒေသတွေကပါ လာရောက်၀ယ်ယူကြပါတယ်။

    Ref: Aljazeera

  • ငှပ်တုပ်ကွေး မျိုးကွဲသစ်ကြောင့် တရုတ်တွင် လူသေဆုံးမှုဖြစ်

    ငှပ်တုပ်ကွေး မျိုးကွဲသစ်ကြောင့် တရုတ်တွင် လူသေဆုံးမှုဖြစ်

    ဧပြီ ၁၂၊ ၂၀၂၃

    M-Media 


    -တရုတ်နိုင်ငံမှာ ငှက်တုပ်ကွေး H3N8 ကြောင့် ပထမဆုံး လူသေဆုံးမှု ဖြစ်ပေါ်ခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်ပါတယ်။ 

    H3N8 ဟာ ငှပ်တုပ်ကွေး မျိုးကွဲတစ်ခုဖြစ်ပြီး အရင်က တိရစ္ဆာန်တွေမှာသာ တွေ့ရတာပါ။ ပြီးခဲ့တဲ့နှစ် ဧပြီနဲ့ မေလအတွင်း တရုတ်မှာ လူသားကို ကူးစက်မှုနှစ်ခု ဖြစ်ခဲ့တာကို စတွေ့ရပြီး အခုနှစ်မှာတော့ လူသေဆုံးမှုပါ ရှိလာတာ ဖြစ်ပါတယ်။ 

    သေဆုံးသူဟာ ကင်ဆာရောဂါအခံရှိတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပြီး ဖေဖော်၀ါရီလက အဆုပ်ရောင်ရောဂါကြောင့် ဆေးရုံတင်ရကာ မတ်လအတွင်းမှာ သေဆုံးသွားတာ ဖြစ်ပါတယ်။ 

    သေဆုံးသူနဲ့ အနီးကပ်နေထိုင်သူတွေမှာ ကူးစက်မှု မတွေ့ရသေးဘူးလို့ WHO ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့နှစ်ကနဲ့ ဒီနှစ် ကူးစက်သူ ၃ ဦးစလုံးဟာ ကြက်ဘဲစျေးကနေ ဒီဗိုင်းရပ်စ်ကို ကူးစက်လာကြတာဖြစ်ပါတယ်။ 

    လက်ရှိမှာ တရုတ်အစိုးရက စောင့်ကြည့်မှုတွေ တိုးမြှင့်လုပ်ဆောင်နေပြီး ကူးစက်ပြန်နှံ့ဖို့အန္တရာယ် နည်းပါးတယ်လို့ WHO က ဆိုပါတယ်။ ဒါပေမယ့် ကမ္ဘာတစ်၀ှမ်းကလည်း စောင့်ကြည့်မှုတွေလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ 

    ငှက်တုပ်ကွေးတွေထဲမှာ H5N1 က လူတွေမှာ ကူးစက်မှုပိုများပြီး H3N8 ထက်လည်း ပြင်းထန်ပါတယ်။ ဒီဗိုင်းရပ်စ်နှစ်ခုဟာ ဆက်စပ်မှု မရှိဘူးလို့ WHO က ဆိုပါတယ်။ 

    Ref: Reuters 

  • မိမိသဘောဖြင့် တရားစီရင်သည့် ဘာသာရေးဆရာနှင့် အဖွဲ့ကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ဖမ်းဆီး

    မိမိသဘောဖြင့် တရားစီရင်သည့် ဘာသာရေးဆရာနှင့် အဖွဲ့ကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ဖမ်းဆီး

    ဧပြီ ၁၁၊ ၂၀၂၃

    M-Media


    -အမျိုးသမီတစ်ဦးကို အိမ်ထောင်ရေးဖောက်ပြန်တယ်လို့ စွပ်စွဲကာ အရေးယူအပြစ်ပေးခဲ့တဲ့ ဘာသာရေးဆရာနဲ့ အဖွဲ့၀င် ၃ ဦးကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ 

    ဒီအဖြစ်အပျက်ဟာ နိုင်ငံအရှေ့မြောက်ပိုင်း ဟာဘီဂန့်ဂျ်ဆိုတဲ့ ရွာတစ်ရွာမှာ ဖြစ်ပွားခဲ့တာပါ။ 

    အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးဟာ အိမ်ထောင်ရေးဖောက်ပြန်တယ်လို့ဆိုပြီး ကြိမ်ဒဏ် ၈၂ ချက်ရိုက်ကာ၊ ခဲလုံး ၈၀ နဲ့ ပစ်ပေါက် အပြစ်ပေးဖို့ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တစ်ဦးက ဓမ္မသတ်ထုတ်ခဲ့တာပါ။  ကျေးရွာကောင်စီကလည်း ဒီအတိုင်း လိုက်လုပ်ခဲ့ပါတယ်။ 

    စွပ်စွဲခံအမျိုးသမီးက ဒီကိစ္စကို သွားရောက်တိုင်ကြားခဲ့ပြီးနောက် ဘာသာရေးခေါင်းဆောင်နဲ့ ကျေးရွာလူကြီး ၃ ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ 

    အမျိုးသမီးရဲ့ ခင်ပွန်းဟာ အိုမန်နိုင်ငံမှာ အလုပ်လုပ်နေတာဖြစ်ပြီး ဒီကိစ္စဖြစ်ပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ်ကို ပြန်ရောက်လာကာ သူ့ရဲ့ဇနီး ခံစားခဲ့ရတာတွေအတွက် တရားမျှတမှုရဖို့ တောင်းဆိုခဲ့ပါတယ်။ 

    အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေဟာ ဓမ္မသတ်ထုတ်ပြန်ခွင့် ရှိပေမယ့် အတင်းအကြပ် လိုက်နာဆောင်ရွက်ခိုင်းတာမျိုး မပြုဖို့ ဘင်္ဂလားဒေ့ရှ်တရားရုံးချုပ်က ၂၀၁၁ ခုနှစ်မှာ အမိန့်ထုတ်ထားမြစ်ထားပါတယ်။ 

    Ref: Reuters 

  • ယီမင်ပြည်တွင်းစစ် ပြီးဆုံးရေးကြိုးပမ်းမှု တိုးတက်မှုများ ရှိလာ

    ယီမင်ပြည်တွင်းစစ် ပြီးဆုံးရေးကြိုးပမ်းမှု တိုးတက်မှုများ ရှိလာ

    ဧပြီ ၁၁၊ ၂၀၂၃

    M-Media 


    -လွန်ခဲ့တဲ့ ၉ နှစ်က စတင်ခဲ့တဲ့ ပြည်တွင်းစစ် ပြီးဆုံးဖို့အတွက် ယီမင်က လက်နက်ကိုင်အဖွဲ့တွေအကြား ဆွေးနွေးမှုတွေ ပြုလုပ်နေတရာမှာ တိုးတက်မှုတွေ ရှိလာပါတယ်။ 

    ယီမင်အစိုးရဟာ ၂၀၁၄ ခုနှစ်က ဟူသီသူပုန်အဖွဲ့ရဲ့ ဖြုတ်ချမှုကို ခံရပြီးနောက် နိုင်ငံတောင်ပိုင်းကို ထွက်ပြေးခဲ့ရပြီး အဲဒီနောက် နိုင်ငံအတွင်းကနေ ထွက်ခွာကာ ဆော်ဒီမှာ ရှိနေတာ ဖြစ်ပါတယ်။ 

    အစိုးရကို ထောက်ခံတဲ့ ဆော်ဒီနဲ့ အိုမန်တို့က ကိုယ်စားလှယ်အဖွဲ့တွေဟာ မနေ့က မြို့တော်ဆန်နာကို ရောက်ရှိလာကာ ဟူသီခေါင်းဆောင်တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ 

    လုပ်ငန်းစဥ်တွေထဲမှာ အပစ်ရပ်ရေး၊ ငြိမ်းချမ်းရေး၊ အကျဥ်းသားလဲလှယ်ရေး၊ ရေရှည်တည်တံ့တဲ့ နိုင်ငံရေးအဖြေတစ်ခု ရရှိဖို့အတွက် ယီမင်က အဖွဲ့အစည်းတွေအကြား ညှိနှိုင်းဆွေးနွေးနိုင်ရေး စတာတွေ ပါ၀င်တယ်လို့ ယီမင်ဆိုင်ရာ ဆော်ဒီ သံအမတ် မိုဟာမက် ဘင် ဆအီဒ် အလ်-ဂျဘာရ်က ပြောပါတယ်။ 

    ယီမင်ပြည်တွင်းစစ်ထဲကို ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်အဖွဲ့တွေက ၂၀၁၅ ခုနှစ်မှာ ပါ၀င်လာပြီး လေကြောင်းကနေ တိုက်ခိုက်မှုတွေ အဆက်မပြတ် ပြုလုပ်လာတာပါ။ 

    ဟူသီနဲ့ ဆော်ဒီတို့ကြား ပြီးခဲ့တဲ့နှစ်က အပစ်ရပ်ရေး သဘောတူညီချက်တစ်ခု ရရှိခဲ့ပေမယ့် အောက်တိုဘာလမှာ သက်တမ်းကုန်ဆုံးခဲ့ပါတယ်။ 

    Ref: Aljazeera