News @ M-Media

ဆီးရီးယားအာဏာရှင် အာဆတ်ကို အာရပ်လိဂ်က ပြန်လက်ခံ

မေ ၉၊ ၂၀၂၃

M-Media


-၁၁ နှစ်ကြာ ထုတ်ပယ်ထားတဲ့ ဆီးရီးယားကို အာရပ်လိဂ်အဖွဲ့က တနင်္ဂနွေနေ့မှာ အဖွဲ့၀င်အဖြစ် ပြန်လည် လက်ခံလိုက်ပါတယ်။ 

ဆန္ဒပြပြည်သူတွေကို အာဏာရှင် အာဆတ်က အကြမ်းဖက်သတ်ဖြတ်ခဲ့တဲ့ ၂၀၁၁ ခုနှစ်က စတင်ပြီး ဆီးရီးယားမှာ ပြည်တွင်းစစ် ဖြစ်လာခဲ့တာပါ။ 

အာရပ်လိဂ်ဟာ ၂၀၁၂ ခုနှစ်မှာ ဆီးရီးယားကို အဖွဲ့၀င်အဖြစ်ကနေ ထုတ်ပယ်ခဲ့ပါတယ်။ 

လက်ရှိ ဆီးရီးယားမှာ အာဆတ်အစိုးရက နိုင်ငံရဲ့ နယ်မြေအများအပြားကို ထိန်းချုပ်ထားနိုင်ဆဲဖြစ်ပြီး လက်နက်ကိုင်သူပုန်တွေက နယ်မြေအနည်းငယ် သိမ်းပိုက်ထားပါတယ်။ 

ဆီးရီးပြည်တွင်းစစ်ကို လက်တွေ့ကျကျနဲ့ ထိထိရောက်ရောက် ဖြေရှင်းနိုင်ရေးအတွက် အဖွဲ့၀င်အဖြစ် ပြန်လည်လက်ခံတာလို့ အာရပ်လိဂ်က ထုတ်ပြန်ပါတယ်။ 

ဆော်ဒီအာရေဗျမှာ မကြာခင်ကျင်းပမယ့် ထိပ်သီးအစည်းအ၀ေးမှာ ဆီးရီးယားသမ္မတ အာဆတ်ကို အာရပ်လိဂ်က ဖိတ်ကြားဖို့ ရှိနေပါတယ်။ 

Ref: CNN