News @ M-Media

မက်ဆီ ဆော်ဒီသွားကစားတော့မည်

မေ ၉၊ ၂၀၂၃

M-Media 


-ဆော်ဒီကလပ် အလ် ဟီလာလ်အသင်းနဲ့ မက်ဆီတို့အကြား အပြောင်းအရွှေ့အတွက် သဘောတူညီမှု ရသွားပြီလို့ ပြင်သစ်နဲ့ ဆော်ဒီမီဒီယာတွေက ဒီကနေ့မှာ ဖော်ပြပါတယ်။ 

အလ်ဟီလာလ်အသင်းဟာ ဆော်ဒီလိဂ်မှာ ရော်နယ်ဒိုကစားနေတဲ့ အလ်နဆာရ်အသင်းနဲ့ ပြိုင်ဘက်ဖြစ်ပါတယ်။ 

မက်ဆီလက်မှတ်ထိုးမယ့် လုပ်ခလစာတန်ဖိုးဟာ ပေါင် ၅၂၂ သန်း ရှိမယ်လို့ ပြင်သစ်မီဒီယာတွေမှာ ဖော်ပြပါတယ်။ AFP သတင်းဌာနကလည်း အပြောင်းအရွှေ့အတွက် သဘောတူညီချက် ရရှိသွားပြီလို့ ဖော်ပြပါတယ်။ 

ပီအက်စ်ဂျီအသင်းကတော့ AFP ရဲ့ မေးမြန်းမှုမှာ ဒီကိစ္စအတွက် မှတ်ချက်မပေးခဲ့ဘဲ မက်ဆီရဲ့ စာချုပ်ဟာ ဇွန်လ ၃၀ ရက်နေ့အထိ သက်တမ်းရှိတယ်လို့ တုန့်ပြန်ပြောကြားခဲ့ပါတယ်။ 

မက်ဆီရဲ့ ဇနီး အန်တိုနီလာက ဆော်ဒီကို မလိုက်ချင်ဘဲ ကလေး ၃ ယောက်နဲ့အတူ ဥရောပမှာပဲ နေချင်တယ်လို့ ဆိုပါတယ်။

Ref : Daily Mail