News @ M-Media

Blog

  • လူဖြူအစွန်းရောက်များကို အမေရိကန်သမ္မတထရမ့် ၀တ်ကျေတန်းကျေ ရှုတ်ချ

    လူဖြူအစွန်းရောက်များကို အမေရိကန်သမ္မတထရမ့် ၀တ်ကျေတန်းကျေ ရှုတ်ချ

    သြဂုတ် ၁၅၊ ၂၀၁၇
    M-Media

    – ဗားဂျီးနီးယားပြည်နယ် ချားလော့စ်ဗီလီမြို့တွင် ဖြစ်ပွားခဲ့သည့် ရုန်းရင်းဆတ်ခတ်မှုများတွင် ပါဝင်ခဲ့သော လူဖြူအစွန်းရောက်များကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရှုတ်ချလိုက်ပြီး လူမျိုးရေးခွဲခြားမှုမှာ ဆိုးရွာသည့်အရာဖြစ်သည်ဟု ပြောကြားလိုက်သည်။

    တနင်္ဂနွေနေ့ကဖြစ်ပွားခဲ့သည့် ထိုအဖြစ်အပျက်နှင့် ပတ်သက်၍ ယမန်နေ့က နိုင်ငံသို့ပြောကြားသောမိန့်ခွန်းတွင် ထိုကဲ့သို့ ရှုတ်ချခဲ့ခြင်းဖြစ်ပြီး လူမျိုးရေးခွဲခြားမှုကို ရှုတ်ချမှုမရှိဟု ရီပက်ဘလစ်ကန်နှင့် ဒီမိုကရက်တစ်အမတ်များက ဝေဖန်ခဲ့ပြီးနောက် ပေါ်ထွက်လာခြင်းဖြစ်သည်။

    “KKK၊ နာဇီလက်သစ်တွေ၊ လူဖြူအစွန်းရောက်တွေနဲ့ အခြားသော အမုန်းဆောင်အုပ်စုတွေအပါအ၀င် အမေရိကန်တွေ နှစ်လိုဖွယ်ဆုပ်ကိုင်ထားတဲ့ အရာတွေကို ပျက်ဆီးစေတဲ့ အမည်မျိုးတွေနဲ့ အကြမ်းဖက်မှု ဖြစ်ပွားစေသူတွေဟာ ရာဇ၀တ်ကောင်တွေ၊ လူဆိုးဓားပြတွေသာ ဖြစ်ပါတယ်။ အယူသည်းမှုခေါင်းစဉ်အောက်မှာ အကြမ်းဖက်မှု ပြန့်နှံ့သူတွေဟာ အမေရိကန်ရဲ့ အနှစ်သာရကို ထိုးနှက်တာလည်း ဖြစ်ပါတယ်”

    ထို့ပြင် လူဖြူအစွန်းရောက်များအား တန်ပြန်ဆန္ဒပြသည့် လူအုပ်အတွင်းသို့ ကားဖြင့် ၀င်တိုက်ခဲ့သည့် လုပ်ရပ်အတွက် နိုင်ငံသားဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို တရားရေးဌာနက ပြုလုပ်နေသည်ဟုလည်း ထရမ့်က ကြေငြာခဲ့သည်။ ထိုအဖြစ်အပျက်ကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့သည်။

    “ဒီတစ်ပတ်အဆုံးပိုင်းက လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေး အကြမ်းဖက်မှုမှာ ရာဇ၀တ်မှုကျူးလွန်ခဲ့သူ ဘယ်သူမဆို ဒီအတွက် တာဝန်ယူရမှာဖြစ်ပြီး တရားမျှတမှုကို ဆောင်ကျဉ်းသွားမှာပါ”

    ချားလော့စ်ဗီလီမြို့တွင် ခွဲထွက်ရေးဗိုလ်ချုပ်တစ်ဦး၏ ရုပ်တု ဖယ်ရှားခံရမှုကို မကျေနပ်သောကြောင့် စနေနေ့က ပြုလုပ်ခဲ့သည့် ဆန္ဒပြမှုမှာ ၄ လအတွင်း ၃ ကြိမ်မြောက်ဖြစ်ပြီး၊ လူမျိုးရေးခွဲခြားမှုနှင့် လူဖြူအစွန်းရောက်ဆန့်ကျင်သူများကို တန်ပြန်ဆန္ဒပြသည့် လူအုပ်နှင့် ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

    လူအုပ်ကြီးအား ကားဖြင့်ဝင်တိုက်သူကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး တရားသူကြီးတစ်ဦးက ၎င်းအား အာမခံပေးရန် ငြင်းဆိုခဲ့သည်။

    မွတ်စလင်အစွန်းရောက်များ၏ တိုက်ခိုက်မှုများကို ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုလေ့ရှိသည့် ထရမ့်မှာ လူဖြူအစွန်းရောက်များ၏ တိုက်ခိုက်မှုများအတွက် နှုတ်ဆိတ်နေတတ်သောကြောင့် ယခုနောက်ပိုင်းတွင် ဝေဖန်ခံလာရသည်။

    ထရမ့်မှာ ပြီးခဲ့သည့်တစ်ပတ်က လူဖြူအစွန်းရောက်များ၏လက်ချက်ဟု ယူဆရသည့် ဗလီဝတ်ကျောင်းတော်တစ်လုံး ဗုံးခွဲတိုက်ခိုက်ခံရမှုအတွက်လည်း မည်သည့် တုန့်ပြန်မှုမှ မပြုလုပ်ခဲ့ပေ။

    Ref: Aljazeera

  • အမေရိကန်ပိုင် ဂူအိမ်ကျွန်းကို တိုက်ခိုက်ရန် ကင်ဂျုံအန်က အကြမ်းဖျင်းဆွေးနွေးထား

    အမေရိကန်ပိုင် ဂူအိမ်ကျွန်းကို တိုက်ခိုက်ရန် ကင်ဂျုံအန်က အကြမ်းဖျင်းဆွေးနွေးထား

    သြဂုတ် ၁၅၊ ၂၀၁၇
    M-Media

    – ပစိဖိတ်ရှိ အမေရိကန်ပိုင် ဂူအမ်ကျွန်းသို့ တိုက်ခိုက်ရန် အစီအစဉ်ကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က အကြမ်းဖျဉ်းဆွေးနွေးခဲ့ပြီး လက်ရှိတွင် ထိုကိစ္စကို ခေတ္တဆိုင်းငံ့ထားသည်ဟု တောင်ကိုရီးယားနိုင်ငံပိုင် သတင်းဌာန KCNA က ယနေ့တွင် ဖော်ပြလိုက်သည်။

    မြောက်ကိုရီးယား၏ ဒုံးကျည်များကို ကြီးကြပ်ရသော မဟာဗျူဟာတပ်ဖွဲ့မှ ခေါင်းဆောင်များနှင့် ယမန်နေ့တွင် ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး၊ စစ်ဖက်ဆိုင်ရာ မဆင်မခြင်လုပ်မှုကြောင့် အမေရိကန်၏ နယ်ချဲ့ဝါဒမှာ ၎င်းတို့၏လည်ပင်းကို ကြိုးကွင်းပြန်စွပ်နေသည်ဟု ကင်ဂျုံအန်က ပြောကြားခဲ့သည်ဟု ဆိုသည်။

    သို့သော်လည်း ဂူအမ်သို့ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု အစီအစဉ်ကို လတ်တလော ပြုလုပ်မည် မဟုတ်သေးဘဲ ယန်ကီးများ၏ မိုက်ရူးရဲသောလုပ်ရပ်များကို အနည်းငယ် စောင့်ကြည့်ချင်သည်ဟု ကင်ဂျုံအန်က ထည့်သွင်းပြောဆိုခဲ့သည်။

    “တင်းမာမှုတွေ လျော့ကျစေဖိုနဲ့ ကိုရီးယားကျွန်းဆွယ်မှာ အန္တရာယ်ရှိတဲ့ စစ်ရေးပဋိပက္ခတွေကို ရှောင်ရှားဖို့အတွက် အမေရိကန်အနေနဲ့ သင်တော်တဲ့နည်းလမ်းမျိုး ရွေးဖို့လိုပြီး၊ လုပ်ရပ်တွေကနေတစ်ဆင့် ဒါကို ပြသဖို့ လိုပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်းဆွယ်မှာ သူတို့ရဲ့ ကြီးမားတဲ့ နျူကလီးယား လက်နက်တွေကို ထားရှိပြီး ရန်စတာကြောင့် ဖြစ်ပါတယ်” ဟု KCNA က ဖော်ပြခဲ့သည်။

    ကင်ဂျုံအန်က အမေရိကန်အနေဖြင့် မြောက်ကိုရီးယားကို ဆန့်ကျင်သည့် မိုက်မဲသော ရန်စမှုများကို ချက်ခြင်း ရပ်တန့်ရန်လည်း တိုက်တွန်းခဲ့သည်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယား၏ ဒုံးကျည်နှင့် နျူကလီးယားအစီအစဉ်အတွက် ယခင်က မရှိခဲ့ဖူးသည့် လုပ်ရပ်မျိုးဖြင့် တုန့်ပြန်သွားမည်ဟု ပြီးခဲ့သည့်တစ်ပတ်တွင် ပြောကြားခဲ့ပြီးနောက် မြောက်ကိုရီးယားကလည်း မိမိတို့အနေဖြင့် ပစိဖိတ်ရှိ အမေရိကန်ပိုင် ဂူအမ်ကျွန်းကို တိုက်ခိုက်ရန် စီစဉ်နေသည်ဟု ပြန်လည် ခြိမ်းခြောက်ခဲ့သည်။

    Ref: CNA

  • ဦးစိန်ထွန်း (ဘတ်စကက်ဘော-လက်ရွေးစင်) လူမှုထူးချွန် ( ပထမဆင့် )

    ဦးစိန်ထွန်း (ဘတ်စကက်ဘော-လက်ရွေးစင်) လူမှုထူးချွန် ( ပထမဆင့် )

    ၁၉၄၄ ခုနှစ်တွင် မန္တလေးမြို့၊ ပြည်ကြီး ကျက်သရေ အရှေ့ရပ်တွင် မွေးဖွားသည်။ မွေးချင်း ခြောက်ယောက်ရှိသည့် အနက် တတိယ သားဖြစ်သည်။

    မန္တလေးမြို့ ၊ အထက (၁) တွင် ၁၀ တန်း အထိ သင်ကြားခဲ့သည်။

    ကျောင်း ၏ ဘတ် စ ကက် ဘော လက် ရွေး စင် ဘ ဝ က တည်း က မ န္တ လေး – အ နောက် တောင် ကျုံး ထောင့် တွင် လူ ငယ် များ ကို ဘတ် စ ကက် ဘော ပ ညာ မျိုး စေ့ ချ ပေး ခဲ့ သည်။

    ဘတ်စကတ်ဘော အားကစားတွင် ထူးချွန်၍ ၁၉၆၄ ခုတွင် အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပသည့် လေးကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ၊ ၁၉၆၄ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ ဘတ်စကက်ဘောနည်းပြသင်တန်းသို့ တက်ရောက်ခဲ့သည်။

    ၁၉၆၆ ခုတွင် တရုတ်ပြည်သို့ ချစ်ကြည်ရေး ပွဲ သွားရောက်ကစားရာ အကောင်းဆုံးအားကစားသမားဆုရရှိခဲသည်။ ၁၉၆၆ ခု တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ၌ ကျင်းပသော ငါးကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် အကောင်းဆုံး အားကစားသမားဆုနှင့် တတိယဆု ရရှိခဲ့သည်။

    ၁၉၆၇ ခုတွင် လေးကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လည်းကောင်း၊ ၁၉၆၇ ခု တွင် စင်ကာပူ နိုင်ငံသို့ ချစ်ကြည်ရေးပွဲကိုလည်းကောင်း သွားရောက်ကစားခဲ့သည်။

    ၁၉၆၉ ခု တွင် ရန်ကုန်မြို့တွင်ကျင်းပသည့် ငါးကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ တွင် တတိယ ဆုရရှိခဲ့သည်။ ၁၉၇၁ တွင် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေး အားကစားပွဲ သွားရောက်ခဲ့သည်။

    ၁၉၇၂ ခုတွင် မန္တလေး အရှေ့တောင်မြို့နယ် အားကစားမှူးအဖြစ် ထမ်းဆောင်ခဲသည်။ ၁၉၇၅ တွင် အရှေ့ဂျာမဏီ (G.D.R) သို့ အားကစားနည်း ၂၄ မျိုးနှင့် အားကစားဆိုင်ရာ ကျန်းမာရေးသင်တန်း တက်ရောက်ခဲ့ရာ Grade I နှင့် အောင်မြင်ခဲ့သည်။

    ” မိုး ကြိုး ” ဘက် စ ကက် ဘော အ သင်း ကို ထူ ထောင် လေ့ ကျင့် မှု များ ပေး ခဲ့ သည်။ ဆရာ ကိုစိန် ထွန်း ၊ ဆ ရာ ကို မ ဂျစ် ( ခ ) ကို ခင်မောင် ၊ ဆရာကို ခင် မောင် ညွန့် တို့ ခေါင်း ဆောင် သော ” မိုး ကြိုး( က ) ” အ သင်း နှင့် တ ပည့် လူ ငယ် များ ( စာ ရေး

    သူ အ ပါ အ ဝင် ) ” မိုး ကြိုး ( ခ ) ” အ သင်း တို့ သည် အ ထက် ပါ ကျုံး ထောင့် ၌ ကျင်း ပ သော ” လွတ် လပ် ရေး အောင် ပွဲ ” များ တွင် နှစ် စဉ် ပါ ဝင် ယှဉ် ပြိုင် ခဲ့ကြ ပါ သည်။

    ၁၉၈၄ ခု တွင် စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံများသို့ နည်းပြဆိုင်ရာ ကွန်ဖရင့် နှင့် Olympic Solidarity Course အား တက်ရောက်ခဲ့သည်။ မြန်မာနိုင်ငံ အစိုးရမှ ချီးမြှင့်သော လူမှုထူးချွန် ပထမ အဆင့် ရရှိခဲ့သည်။ လက်ထောက် ညွှန်ကြားရေးမှူး

    အားကစားအရာရှိ အဖြစ် တာဝန် ထမ်းဆောင်ရင်း ၁၄- ၈ – ၁၉၉၂ ရက် တွင် အ ရှင် မြတ်အ မိန့် တော် ခံ ယူ ခဲ့ ရာ ယ ခု ကွယ် လွန် ခြင်း ( ၂၅ ) နှစ် ပြည့် ငွေ ရ တု အ ဖြစ် ဂုဏ် ပြု ဖော် ပြ အပ် ပါ သည် ။

    ဦးခင်မောင်ဝင်း(ဓူဝံ) တင်ပြသည်။
    ဓါတ်ပုံ-Lin Latt May

  • ဆီးဂိမ်းဘောလုံးအဖွင့်ပွဲ မြန်မာက စင်ကာပူကို ခြေအသာဖြင့် အနိုင်ရ

    ဆီးဂိမ်းဘောလုံးအဖွင့်ပွဲ မြန်မာက စင်ကာပူကို ခြေအသာဖြင့် အနိုင်ရ

    သြဂုတ် ၁၄၊ ၂၀၁၇
    M-Media

    – ၂၉ ကြိမ်မြောက် မလေးရှားဆီးဂိမ်းရဲ့ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု A အဖွင့်ပွဲစဉ်ကို ဒီနေ့ညနေက ယှဉ်ပြိုင်ကစားခဲ့ရာမှာ မြန်မာ ယူ-၂၂ အသင်းဟာ စင်ကာပူ ယူ-၂၂ အသင်းကို ခြေစွမ်းအသာနဲ့ အနိုင်ရရှိခဲ့ပါတယ်။

    ဆီးဂိမ်းအတွက် အသေအချာပြင်ဆင်ထားတဲ့ မြန်မာအသင်းဟာ ဆလာယန်းဘောလုံးကွင်းမှာကစားတဲ့ ဒီပွဲမှာ အသင်းလိုက်ကစားအား ကောင်းမွန်ခဲ့ပြီး မလေးရှားရောက် မြန်မာပရိတ်သတ်တွေကလည်း တစ်ခဲနက် လာရောက်အားပေးခဲ့ကြပါတယ်။

    မြန်မာအသင်းအတွက် ဂိုးတွေကိုတော့ ပထမပိုင်း မပြီးခင်နဲ့ ဒုတိယပိုင်းတို့မှာ တိုက်စစ်မှူးအောင်သူက ခြေစွမ်းပြ သွင်းယူခဲ့တာပါ။ စင်ကာပူအသင်းက ဒုတိယပိုင်းမှာ ပိုပြီး အချိန်အဆက်မိလာပေမယ့် ချေပဂိုးတွေကို သွင်းယူနိုင်ခြင်း မရှိပါဘူး။

    စင်ကာပူနည်းပြ ရစ်ချက် တာဒီက သူတို့အသင်းအနေနဲ့ ပထမပိုင်းမှာ ကောင်းကောင်းမကစားနိုင်ခဲ့ကြောင်း၊ အရင်က ရှုံးနိမ့်ခဲ့ဖူးတာကြောင့် မြန်မာအသင်းကို ကြောက်ရွံ့နေခဲ့ကြောင်း၊ ဒုတိယပိုင်းမှာတော့ ယုံကြည်မှုရလာခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုလည်း ပိုရလာခဲ့ကြောင်း၊ ရလဒ်အတွက် စိတ်ပျက်ရကြောင်း ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

    မြန်မာနည်းပြ ဂတ်ဆီဇီက အခုလိုနိုင်ပွဲရတဲ့အတွက် ၀မ်းသာကြောင်း၊ ကောင်းကောင်းကစားနိုင်ခဲ့ပြီး နောက်ထပ်ကစားရမယ့်ပွဲကို အာရုံစိုက်ထားကြောင်း ပြောကြားခဲ့ပါတယ်။

    မြန်မာအသင်းဟာ အုပ်စုဒုတိယပွဲစဉ်အဖြစ် သြဂုတ်လ ၁၆ ရက်နေ့မှာ ဘရူးနိုင်းအသင်းနဲ့ ကစားရမှာဖြစ်ပြီး၊ စင်ကာပူကတော့ အိမ်ရှင်မလေးရှားနဲ့ ကစားရမှာ ဖြစ်ပါတယ်။

    Ref: CNA, MFF

  • အိန္ဒိယ-ပါကစ္စတန် ငြိမ်းချမ်းရေးသီချင်း အွန်လိုင်းတွင် ရေပန်းစား

    အိန္ဒိယ-ပါကစ္စတန် ငြိမ်းချမ်းရေးသီချင်း အွန်လိုင်းတွင် ရေပန်းစား

    သြဂုတ် ၁၄၊ ၂၀၁၇
    M-Media

    ‘ငြိမ်းချမ်းရေး နိုင်ငံတော်သီချင်း’

    – ပါကစ္စတန်နိုင်ငံဟာ သြဂုတ်လ ၁၄ ရက်နေ့မှာ သူတို့ရဲ့ နှစ် ၇၀ မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ကျင်းပမှာဖြစ်ပြီး သူတို့ရဲ့ ကျောင်းတော်ကပြိုင်ဘက် အိန္ဒိယဟာ နောက်တစ်ရက်မှာ လွတ်လပ်ရေးနေ့ ကျရောက်မှာ ဖြစ်ပါတယ်။

    ဗြိတိသျှထံကနေ လွတ်လပ်ရေးရပြီးနောက်ပိုင်း သူတို့ နှစ်နိုင်ငံဟာ တင်းမာမှုတွေရှိခဲ့ပြီး အထူးသဖြင့် ပိုင်နက်အငြင်းပွားမှုဖြစ်နေတဲ့ ကက်ရှ်မီးယားဒေသအတွက် ၃ ကြိမ်တိုင်တိုင် စစ်ဖြစ်ခဲ့ပါတယ်။

    ဒီရန်လိုမှုတွေကို ပြေငြိမ်းပြီး နှစ်နိုင်ငံစည်းလုံးနိုင်ရေး သီချင်းတစ်ပုဒ်ဟာ လွတ်လပ်ရေးနေ့အမီ အွန်လိုင်းမှာ ပေါ်ထွက်လာခဲ့ပါတယ်။

    ‘ငြိမ်းချမ်းရေး နိုင်ငံတော်သီချင်း’ လို့ အမည်ပေးထားတဲ့ အဲဒီဗီဒီယိုမှာ အိန္ဒိယနဲ့ ပါကစ္စတန်တို့ရဲ့ နှစ်နိုင်ငံ နိုင်ငံတော်သီချင်းတွေကို ထည့်သွင်းထားတာပါ။

    ငြိမ်းချမ်းရေးလိုလားတဲ့ Facebook အဖွဲ့ Voice of Ram က အဲဒီသီချင်းကို သူတို့ရဲ့ စာမျက်နှာမှာ လွှင့်တင်ခဲ့တာဖြစ်ပြီး နှစ်နိုင်ငံစလုံးက ပြည်သူတွေက သီချင်းစာသား၊ နောက်ကွယ်က ရည်ရွယ်ချက်တွေနဲ့ပတ်သက်ပြီး ချီးကျူးခဲ့ကြပါတယ်။

    အဲဒီဗီဒီယိုကို “ငါတို့ရဲ့ နယ်ခြားတွေကို အနုပညာအတွက် ဖွင့်လိုက်မယ်ဆိုရင် ငြိမ်းချမ်းရေးပါ တွဲပါလာမှာပါ” ဆိုတဲ့ စာသားနဲ့ အစပြုထားပါတယ်။

    အဲဒီနောက် အိန္ဒိယနဲ့ ပါကစ္စတန်က အနုပညာရှင်တွေဟာ အိန္ဒိယ နိုင်ငံတော်သီချင်းဖြစ်တဲ့ Jana Gana Mana နဲ့ ပါကစ္စတန်နိုင်ငံတော်သီချင်း Pāk Sarzamīn တို့ကို တစ်ပိုဒ်စီ ပေါင်းစပ်သီဆိုခဲ့ကြပါတယ်။

    ဗီဒီယိုအပိတ်မှာတော့ ‘ငြိမ်းချမ်းရေးအတွက် အတူတကွ ရပ်တည်ကြပါစို့’ ဆိုတဲ့ စာသားနဲ့ အဆုံးသတ်ထားပါတယ်။

    Voice of Ram ရဲ့ စာမျက်နှာမှာ သြဂုတ်လ ၁၁ ရက်နေ့က ဒီဗီဒီယိုကို လွှင့်တင်ခဲ့တာပါ။ သီချင်းမှာ ပါဝင်သီဆိုပေးခဲ့တဲ့ Voxchord အဖွဲ့က အခု သီချင်းဟာ ‘ယုံကြည်ချက်၊ ဂုဏ်သိက္ခာ၊ ခမ်းနားမှု၊ စွမ်းအား၊ တိုးတက်မှု၊ ပြည့်စုံကောင်းမွန်မှု’ တွေကို တိုက်တွန်းတာဖြစ်တယ်လို့ ဆိုပါတယ်။

    ပါကစ္စတန်က Dawn သတင်းစာကတော့ သီဗီဒီယိုဟာ အံ့သြစရာ လုပ်ဆောင်ချက်မျိုးဖြစ်ပြီး၊ နားဆင်ဖို့ ထိုက်တန်တဲ့ သီချင်းတစ်ပုဒ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

    ဆိုရှယ်မီဒီယာမှာတော့ နှစ်နိုင်ငံက ပြည်သူတွေဟာာ ဒီသီချင်းကို ချီးကျူးနေကြပါတယ်။

    Voice of Ram ရဲ့ အကြီးအကဲဖြစ်သူ ရမ် ဆူဘရာမာနီယမ်က လူတော်တော်များများဟာ ငြိမ်းချမ်းရေးအကြောင်းပြောဖို့ ကြောက်ရွံ့နေပြီး ဒါဟာ ယုတ္တိဗေဒမကျတဲ့ ကြောက်ရွံ့မှုမျိုးဖြစ်တာကြောင့် ဒီဗီဒီယိုကို ဖန်တီးရခြင်းဖြစ်တယ်လို့ အိန္ဒိယ သတင်းဝဘ်ဆိုက် Catch News ကို ပြောကြားခဲ့ပါတယ်။

    Ref: BBC