Blog
-
စာဖတ်ပရိတ်သတ်သို့ ကျေးဇူးတုံ့ပြန်မှု အစီအစဉ်မှ ကံထူးရှင် မဲပေါက်သူများစာရင်း
M-Media တည်ထောင်ခြင်း ၇ နှစ်ပြည့် အထိမ်းအမှတ်စာဖတ်ပရိတ်သတ်သို့ ကျေးဇူးတုံ့ပြန်မှု အစီအစဉ်မှ ကံထူးရှင် မဲပေါက်သူများစာရင်း
M-Media တည်ထောင်ခြင်း ၇ နှစ်ပြည့် အထိမ်းအမှတ် စာဖတ်ပရိတ်သတ်သို့ ကျေးဇူးတုံ့ပြန်မှုအဖြစ် တယ်လီဖုန်း ငွေဖြည့်ကဒ်များ လက်ဆောင်ပေးအပ်မည့် အစီအစဉ်တရပ်ကို ၂၀၁၇ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင်ကြေညာခဲ့ပါတယ်။အစီစဉ်မှာပါဝင်သည့်အတိုင်း စည်းကမ်းချက်များနှင့် ကိုက်ညီသူများကို စိစစ်ပြီး ၄င်းတို့ အနက်မှာ ကံထူးသူ (၂၀)ဦးအား Computer Program ဖြင့် Random ရွေးချယ်ခဲ့ပါတယ်။ဆုရရှိသူ (၂၀)ဦး အမည်စာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။1 Md Abdullah2 လူဆိုး လူဆို3း Mingalar House4 Naing Wynn5 Shahidar Su Mon6 Ko Bobo7 နေ ရထား8 Shine Khant Zin9 Khinmaung Gyi10 Zaw Ko Tun11 Kyawmyinttun Tun12 Mariah Aktar13 တွတ် တွတ်14 Myat Myat Htwe15 Linkhit Deno16 Maung Maung17 Aleaxandar Sain18 Royal Tin Myint19 Najmul Husaini20 Nyein Chan Aungစာရင်းမှာ ပါဝင်သူများ အသုံးပြုသည့် ဆင်းကဒ်အမျိုးအစားကို ဆက်သွယ်မေးမြန်းပြီး ငွေဖြည့်ကဒ် (၅၀၀၀) တန်ကို M-Media မှ အမြန်ဆုံးပေးအပ်သွားမည်ဖြစ်ပါတယ်။(နာမည်စာရင်းမှာ ပါဝင်သူများ အနေဖြင့်လည်း Message box မှ တဆင့် မိမိတို့ အသုံးပြုတဲ့ ဆင်းကဒ်အမျိုးအစားကို ပြောကြားပေးနိုင်ပါတယ်။)ယခု အစီအစဉ်မှာ ပါဝင်ခဲ့ပေးခဲ့ကြသူများနှင့် စာဖတ်ပရိတ်သတ်များ အားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ -
အမေရိကန်၏ ပိတ်ဆို့မှုကို ဆန့်ကျင်သော မူကြမ်းတစ်ခုကို အီရန်လွှတ်တော် အတည်ပြု
သြဂုတ် ၁၃၊ ၂၀၁၇
M-Media– အမေရိကန်က လတ်တလောပြုလုပ်ထားသည့် ပိတ်ဆို့မှုများကို တုန့်ပြန်သည့်အနေဖြင့် နိုင်ငံ၏ ဒုံးကျည်အစီအစဉ်နှင့် အစ္စလာမ့်တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ လုပ်ငန်းစဉ်များတွင် ငွေကြေးပိုမို သုံးစွဲနိုင်မည့် ဥပဒေမူကြမ်းတစ်ခုကို အီရန်လွှတ်တော်က ယနေ့တွင် အတည်ပြုလိုက်သည်ဟု သိရသည်။
အီရန်၏ ဒုံးကျည်အစီအစဉ်နှင့်ပတ်သက်၍ သြဂုတ်လအစောပိုင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပိတ်ဆို့မှုအသစ်ချမှတ်သော ဥပဒေကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် အီရန်၏ ယခုတုန့်ပြန်မှု ပေါ်ထွက်လာခြင်းဖြစ်သည်။
ဒေသတွင်း အမေရိကန်၏ အကြမ်းဖက်မှုနှင့် အန္တရာယ်များသောလုပ်ရပ်များကို တန်ပြန်သည်ဟုဆိုသည့် ထိုဥဒေမူကြမ်းကို လွှတ်တော်အမတ် ၂၄၀ က ထောက်ခံမဲပေးခဲ့ပြီး ကြားနေမဲတစ်မဲသာ ရှိခဲ့သည်။
အမေရိကန်၏ ပိတ်ဆို့မှုအသစ်များမှာ ၂၀၁၅ ခုနှစ်က ရရှိထားသည့် နျူသဘောတူညီချက်ကို ဖောက်ဖျက်ခြင်းဖြစ်ပြီး မိမိတို့၏ ဒုံးကျည်အစီအစဉ်မှာ အဆိုပါ သဘောတူညီချက်ကို အတည်ပြုထားသည့် ကုလ၏ ဆုံးဖြတ်ချက်နှင့် ဆန့်ကျင်ခြင်းမရှိဟု အီရန်က ပြောကြားထားသည်။
လွှတ်တော်၏ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေးပေါ်လစီ ကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ဟိုစိန် နာကာဗီ ဟိုစိန်နီက လွှတ်တော်မှာ နျူကလီးယားသဘောတူညီချက်ကို မချိုးဖောက်စေရန်နှင့် ဆန့်ကျင်သူများက စောဒကတက်ခွင့် မရစေရန် အဆိုပါမူကြမ်းကို ဂရုတစ်စိုက် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
မူကြမ်းအရ နိုင်ငံ၏ ဒုံးကျည်အစီအစဉ်နှင့် အစ္စလာမ့်မစ်တော်လှန်ရေး အစောင့်တပ် IRGC လက်အောက်မှ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော Quds Force ကို ကန်ဒေါ်လာ သန်း ၂၆၀ စီ ခွဲဝေပေးမည်ဖြစ်သည်။
Ref: Press TV
-
အမေရိကန်ရှိ လူဖြူအစွန်းရောက်များ၏ ဆန္ဒပြပွဲ သွေးထွက်သံယိုမှုနှင့် ပြီးဆုံး
သြဂုတ် ၁၃၊ ၂၀၁၇
M-Media– အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ် ချားလော့စ်ဗီလီတွင် ယမန်နေ့က ပြုလုပ်ခဲ့သည့် လက်ယာအစွန်းရောက်များ၏ ချီတက်ဆန္ဒပြမှုတွင် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူတစ်ဦးသေဆုံးကာ ၃၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
လက်ယာစွန်းရောက်အဖွဲ့မှာ ဖက်စစ်ဆန့်ကျင်ရေး၊ လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေး တန်ပြန်ဆန္ဒပြလူအုပ်ကြီးနှင့် ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ယမန်နေ့တစ်နေ့လုံးတွင် နှစ်ဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။
ကားတစ်စီးမှာ တန်ပြန်ဆန္ဒပြသည့် လူအုပ်အတွင်းသို ၀င်တိုက်မှုတစ်ခုလည်း ဖြစ်ခဲ့ပြီး အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။ ထို့ပြင် အသက်အန္တရာယ်စိုးရိမ်ရသည့် ဒဏ်ရာအပါအ၀င် ထိခိုက်ဒဏ်ရာသူ အများအပြားရှိခဲ့သည်။
ထိုကားတိုက်မှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးကာ တရားစွဲဆိုခဲ့သည်။ FBI ကလည်း နိုင်ငံသားအခွင့်အရေးနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။
ရဲတပ်ဖွဲ့ကမူ ဆန္ဒပြသူများအား ငရုပ်ကောင်းစပရေးများ၊ နံပါတ်တုတ်များနှင့် နှိမ်နင်းခဲ့သည်။ ဆန္ဒပြမှုကို စောင့်ကြည့်နေသည့် ရဲတပ်ဖွဲ့ ရဟတ်ယာဉ်တစ်စီးမှာ မြို့ပြင်ဘက်တွင် ပျက်ကျခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့သည်။
ချားလော့စ်ဗီလီတွင် ခွဲထွက်ရေးခေါင်းဆောင်တစ်ဦး၏ ရုပ်တု ဖယ်ရှားမှုကို ဆန့်ကျင့်သောအားဖြင့် လူဖြူအစွန်းရောက်များမှာ ပြီးခဲ့သည့်လအနည်းငယ်အတွင်း ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။
၎ လအတွင်း ၃ကြိမ်မြောက်ဖြစ်သော ယမန်နေ့ဆန္ဒပြမှုတွင် လူပါင်း ၄၆၀၀၀ ခန့် ပါဝင်ခဲ့ပြီး အမေရိကန်သမိုင်းတွင် လူဖြူအစွန်းရောက်များ၏ အကြီးမားဆုံး ဆန္ဒပြမှုများမှ တစ်ခုဖြစ်သည်ဟု မှတ်ယူကြသည်။
ကားဖြင့်ဝင်တိုက်မှုကြောင့် သေဆုံးသွားသည့် အမျိုးသမီးမှာ ဟီသာ ဟီယာဖြစ်ပြီး ကျန်ရစ်သူမိသားစုအတွက် အမေရိကန်ပြည်သူများက အွန်လိုင်းမှတစ်ဆင့် ရန်ပုံငွေရှာဖွေပေးနေကာ လက်ရှိ ကန်ဒေါ်လာ ၂ သောင်းခန့် ရရှိနေပြီဖြစ်သည်။
Ref: Aljazeera
-
ဂျာမနီမှာ နာဇီနဲ့ လူဖြူအစွန်းရောက်ဝါဒကို တစ်ကိုယ်တော်တွန်းလှန်နေတဲ့ အသက် ၇၀ အရွယ် ဘွားဘွား
သြဂုတ် ၁၃၊ ၂၀၁၇
M-Media
– ဂျာမနီနိုင်ငံက အသက် ၇၀ အရွယ် အဖွားအိုတစ်ယောက်ဟာ နာဇီဝါဒီတွေနဲ့ လူဖြူအစွန်းရောက်တွေကို သူတတ်နိုင်တဲ့ဘက်ကနေ တွန်းလှန်မှုတွေ ပြုလုပ်နေပါတယ်။ဘယ်လိုတွန်းလှန်မှုမျိုးလဲ?
နိုင်ငံတစ်ဝှမ်းက သူတို့တွေရဲ့ လူမျိုးရေးခွဲခြားမှု စတစ်ကာတွေ၊ ဂရက်ဖစ်တီတွေကို ခွာတာ၊ ဖျက်တာမျိုး ပြုလုပ်နေတာပါ။
၁၉၈၆ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ သူ့ရဲ့ ဒီ နာဇီဆန့်ကျင်ရေး လှုပ်ရှားမှုဟာ အခုဆိုရင် ၃၁ နှစ် ရှိလာပါပြီ။ သူဖယ်ရှားခဲ့တဲ့ နာဇီဝါဒ စတစ်ကာတွေကို လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကမှ စတင်စုဆောင်းခဲ့ပြီး လက်ရှိမှာ စုစုပေါင်း ၇ သောင်း ကျော်လာပြီ ဖြစ်ပါတယ်။
သူမရဲ့ ရည်ရွယ်ချက်ကဘာလဲ၊ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ခဲ့ရလဲ၊ ဘာ့ကြောင့် ဒီအလုပ်ကို လုပ်နေတာလဲဆိုတာ ဒီဗီဒီယိုမှာ တွေ့ရမှာဖြစ်ပါတယ်။
-
ဆီးရီးယားမှ နာမည်ကျော် White Helmet ကယ်ဆယ်ရေးအဖွဲ့ဝင် ၇ ဦး ရုံးခန်းတွင် သတ်ဖြတ်ခံရ
သြဂုတ် ၁၂၊ ၂၀၁၇
M-Media– ဆီးရီးယားတွင် ပြည်တွင်းစစ်ဒဏ် ခံစားနေရသည့် ပြည်သူများအား ကူညီကယ်တင်ပေးနေသည့် White Helmets အဖွဲ့၏ အီဒလစ်ဘ်ပြည်နယ်မှ ရုံးခန်းကို သေနတ်သမားများက ၀င်ရောက်စီးနင်းခဲ့ပြီး အဖွဲ့ဝင် ၇ ဦးကို သတ်ဖြတ်ခဲ့သည်ဟု သိရသည်။
White Helmets အဖွဲ့မှ ထုတ်ပြန်သော ကြေငြာချက်တွင် ဆာရ်မင်းမြို့မှ ထိုတိုက်ခိုက်မှုမှာ ယနေ့မနက်အစောပိုင်းတွင် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ သေနတ်သမားများမှာ ကားနှစ်စီးနှင့် အခြားပစ္စည်းကိရိယာများကိုလည်း ခိုးယူသွားခဲ့သည်။
တိုက်ခိုက်မှုအတွက် မည်သည့်အဖွဲ့ကမှ တာဝန်ယူခြင်းမရှိသေးပေ။ အီဒလစ်ဘ်ပြည်နယ်မှာ သမ္မတ ဘာရှာ အလ်အာဆတ်ကို ဆန့်ကျင်သည့် သူပုန်များ ထိန်းချုပ်ထားရာ ဒေသဖြစ်ပြီး ဆာရ်မင်းမြို့တွင် အလ်ကိုင်းဒါးနှင့် ဆက်နွယ်နေသည့် တိုက်ခိုက်ရေးသမားများနှင့် လက်ယာစွန်းရောက် Ahrar al-Sham အဖွဲ့တို့အကြား တိုက်ခိုက်မှုများ ဖြစ်ပွားကာ မြို့၏ ဒေသအများအပြားကို အလ်ကိုင်းဒါးအဖွဲ့က ထိန်းချုပ်ထားသည်။
ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က White Helmets အဖွဲ့ဝင်များမှာ အသံတိတ်ပစ္စတိုဖြင့် ဦးခေါင်းကို ပစ်သတ်ခံရခြင်းဖြစ်ပြီး၊ ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်များ မနက်တွင် ရောက်လာသည့်အချိန်ကျမှ သေဆုံးကြောင်း သိရှိခဲ့ရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
အမည်မဖော်လိုသည့် တက်ကြွလှုပ်ရှားသူတစ်ဦးကမူ ထိုတိုက်ခိုက်မှုကို IS အဖွဲ့ဝင်များက ပြုလုပ်ခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။
White Helmets အဖွဲ့မှာ ပြည်တွင်းစစ်ဒဏ် ခံစားနေရသော ပြည်သူများကို စွမ်းစွမ်းတမံ ကူညီကယ်တင်မှုကြောင့် ပြီးခဲ့သည့်နှစ်တွင် နိုဘယ်ငြိမ်းချမ်းရေးဆု ဇကာတင်စာရင်းဝင်ခဲ့သည်။
Ref: Alarabiya