News @ M-Media

Blog

  • ဓမ္မတာကာလအတွင်း အမျိုးသမီးများအား စွန့်ပစ်သည့်ဓလေ့ကို ရာဇ၀တ်မှုအဖြစ် နီပေါသတ်မှတ်

    ဓမ္မတာကာလအတွင်း အမျိုးသမီးများအား စွန့်ပစ်သည့်ဓလေ့ကို ရာဇ၀တ်မှုအဖြစ် နီပေါသတ်မှတ်

    သြဂုတ် ၁၀၊ ၂၀၁၇
    M-Media

    – အမျိုးသမီးများ လစဉ် ဓမ္မတကာလနှင့် မီးဖွားပြီးနောက် နေအိမ်မှထုတ်ကာ အပြင်၌ခွဲထားသည့် ဟိန္ဒူဓလေ့ထုံးစံတစ်ခုကို နီပေါလွှတ်တော်က ရာဇ၀တ်မှုအဖြစ် သတ်မှတ်လိုက်သည်ဟု သိရသည်။

    အဆိုပါ ထုံးတမ်းကို ‘ချာအူပါဒီ’ ဟု ခေါ်ဆိုပြီး ယမန်နေ့က လွှတ်တော်၌ တစ်ညီတစ်ညွတ်တည်း အတည်ပြုခဲ့သော ဥပဒေ၌ ထိုဓလေ့ သို့မဟုတ် ထိုဓလေ့ထုံးတမ်းနှင့် ဆင်တူသောလုပ်ရပ် သို့ဟုတ် ထိတွေ့ကိုင်တွင်ခြင်းမရှိသည့် လူမဆန်သောလုပ်ရပ်များကို တားမြစ်ခဲ့သည်။

    ကျူးလွန်သူများအနေဖြင့် ထောင်ဒဏ် ၃ လ၊ သို့မဟုတ် ဒဏ်ငွေ ရူပီး ၃၀၀၀၀ (ကန်ဒေါ်လာ ၃၀) ကျခံစေရန်လည်း ဥပဒေတွင် ဖော်ပြထားပြီး တစ်နှစ်အတွင်း အာဏာသက်ရောက်မည်ဖြစ်သည်။

    နီပေါ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ မိုဟ်နာ အန်ဆာရီက ထိုကဲ့သို့ ပြဌာန်းနိုင်ခဲ့မှုမှာ ကြီးမားသောအောင်မြင်မှုဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ဒီဓလေ့ကို ပြုလုပ်ဖို့ ဖိအားပေးခံရတဲ့ အမျိုးသမီးတွေအနေနဲ့ ရဲရဲဝံ့ဝံ့ ရှေ့ထွက်ဖို့ ဒီဥပေဒက လမ်းဖွင့်ပေးလိုက်တာပါ။ ဒီဓလေ့ဟာ အမျိုးသမီးတွေကိုဖယ်ကျဉ်တဲ့၊ စိတ်ဒုက္ခပေးတဲ့ အပြုအမူမျိုးပါ။ တရားရုံးချုပ်ဟာ ဒီထုံးစံကို လွန်ခဲ့တဲ့ ၁၂ နှစ်ကတည်းက ပိတ်ပင်ခဲ့ပေမယ့် လမ်းညွှန်းချက်သာ ဖြစ်တဲ့အတွက် သက်ရောက်မှု မရှိ
    ပါဘူး”

    အဆိုပါထုံးစံမှာ လူ့အဖွဲ့အစည်းတွင် အမြစ်တွယ်နေပြီဖြစ်သောကြောင့် ယခုဥပဒမှာလည်း ထိရောက်မှုရှိမည်မဟုတ်ဟု ဝေဖန်မှုများ ရှိနေသည်။

    နီပေါနိုင်ငံရှိ လူ့အဖွဲ့အစည်းအများအပြားမှာ ဓမ္မတာလာနေသော အမျိုးသမီးများကို မသန့်ရှင်းသူများဟု မှတ်ယူပြီး နေအိမ်၏ အဝေးတွင်ရှိသော တဲတစ်လုံးတွင် သွားရောက်ပစ်ထားကြသည်။ ထို့ပြင် ၎င်းတို့ကို အစားအသောက်၊ ဘာသာရေးအထိမ်းအမှတ်ပစ္စည်းများ၊ ကျွဲနွားများနှင့် အမျိုးသားများကို ထိတွေ့ကိုင်ခွင့် မပြုပေ။

    ထိုဓလေ့ကို ကျင့်သုံးသည့်အခါ လူသူနှင့်ဝေးသော နေရာတွင် နေထိုင်ရသောကြောင့် အမျိုးသမီးများမှာ မြွေကိုက်သေဆုံးခြင်း၊ မတော်တဆ မီးလောင်သေဆုံးခြင်း၊ အခြားသောနည်းလမ်းများဖြင့် သေဆုံးခြင်းတို့ကိုလည်း ကြုံတွေ့ရလေ့ရှိသည်။

    Ref: Aljazeera

  • အခမဲ့ ကြော်ငြာ အစီအစဉ်

    အခမဲ့ ကြော်ငြာ အစီအစဉ်


    M-Media မှ တင်ဆက်လျက်ရှိသော Online Media Platform များ၌
    စီးပွားရေးများအတွက် အခမဲ့ ကြော်ငြာများ ၂၀၁၇ ဒီဇင်ဘာလကုန်အထိ
    ထည့်သွင်းပေးသွားပါမည်။

    စိတ်ဝင်စားသူများအနေဖြင့် အသေးစိပ်ကို Facebook Page Message Box မှ ဖြစ်စေ
    [email protected] သို့ ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။

    အောက်ဖော်ပြ လုပ်ငန်းကြော်ငြာ များ လုံးဝ လက်မခံပါ။
    ————————————
    ၁။ အရက်၊ ဘီယာ၊ ဆေးလိပ်၊ မူးယစ်ဆေးဝါး၊ လိင်မှုရေးရာ ဆက်စပ်သည့်
    လုပ်ငန်းများ၊ လူကုန်ကူးမှုနှင့် ညိစွန်းသည့် လုပ်ငန်းများ၊

    ၂။ မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေနှင့် ဆန့်ကျင်သည့် လုပ်ငန်းများ

    ၃။ လူမျိုးရေး၊ ဘာသာရေး ပုတ်ခတ်စော်ကားပြီး၊ အမုန်းစကား ဖြန့်ဝေသည့်
    စာအုပ်စာပေ၊ ရုပ်ရှင် နှင့် မီဒီယာ ကြော်ငြာများ၊

  • IS လက်မှ ခရစ်ယာန်များကို ကယ်ထုတ်ပေးခဲ့သူ ဖိလစ်ပိုင်မွတ်စလင်တစ်ဦး၏ ရင်ဖွင့်သံ

    IS လက်မှ ခရစ်ယာန်များကို ကယ်ထုတ်ပေးခဲ့သူ ဖိလစ်ပိုင်မွတ်စလင်တစ်ဦး၏ ရင်ဖွင့်သံ

    သြဂုတ် ၁၀၊ ၂၀၁၇
    M-Media

    – ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းက မွတ်စလင်အများစုရှိရာ မာရာဝီမြို့လေးကို IS အကြမ်းဖက်သမားတွေ သိမ်းပိုက်ထားတာ ၃ လကျော်လောက် ရှိလာပါပြီ။

    IS က လက်မရွံ့လူသတ်သမားတွေရဲ့ရန်၊ အစိုးရတပ်ဖွဲ့တွေရဲ့ ဗုံးကြဲမှုဒဏ်တွေကြောင့် မြို့နေပြည်သူအများစုဟာ မြို့ကနေ တိမ်းရှောင်ထွက်ပြေးနေရပါတယ်။

    IS က ခရစ်ယာန်တွေကို ရှာဖွေပြီး သတ်ဖြတ်တာမျိုးတွေရှိနေပြီး၊ တကယ်တော့ သူ့တို့အမိန့်ကို မနာခံတဲ့သူ ဘယ်သူ့ကိုမဆို ချမ်းသာမပေးပါဘူး။

    ဒီဗီဒီယိုဟာ ခရစ်ယာန် တစ်ဒါဇင်လောက်ကို အိမ်မှာဖွက်ထားပြီး ဘေးလွတ်ရာကို ကယ်ထုတ်ပေးခဲ့တဲ့ မာရာဝီက အစ္စလာမ့်ဓမ္မပညာရှင် နူရ်ဒင် လွတ်ကမန်က သူကြုံတွေ့ခဲ့ရတာကို ကိုယ်တိုင်ပြောပြထားတဲ့ ဗီဒီယိုဖြစ်ပါတယ်။

    လွတ်ကမန်တင်မကဘဲ မာရာဝီက မွတ်စလင်တွေဟာ အိမ်နီးချင်း ခရစ်ယာန်တွေကို ဘေးလွတ်ရာ ကယ်ထယ်ပေးခဲ့တဲ့ အခြားအဖြစ်အပျက်တွေလည်း များစွာ ရှိနေပါတယ်။

  • အမျိုးပျောက်စေနိုင်သော ၁၉၈၂ နိုင်ငံသား ဥပဒေ၏ “အဟ” တစ်ခု

    အမျိုးပျောက်စေနိုင်သော ၁၉၈၂ နိုင်ငံသား ဥပဒေ၏ “အဟ” တစ်ခု

    ” ၈၂ခုနှစ် ဥပဒေ နဲ့ အညီ စီရင်ဆုံးဖြတ်ပါ။” ဆိုသည်ကို မကြာခန တွေ့နေရပါတယ်။

    ဒီမိုကရေစီ လွှတ်တော် မှာ ပြန်ဆွေးနွေး မခံသော၊ မဆလ အမွေခံဖြစ်သော၊ ဦးနေဝင်း၏ လက်ကျန်အမွေဖြစ်သော၊ ဤ ဥပဒေ ကို ဘာကြောင့်လက်မလွှတ်နိုင်ရပါသလဲ ဆိုသည်မှာ စိတ်ဝင်စား စရာပါ။

    ဥပဒေပညာ နှင့် တရားစီရင်ရေးနည်းစံနစ်များ လူထု နှင့် နှစ်ပေါင်းများစွာ ဝေးကွာနေရလို့ ဖြစ်ပါမည်။

    ၈၂ ခုနှစ် နိုင်ငံသား ဥပဒေ တွင် တိုင်းရင်းသား မိဘနှစ်ပါးက မွေး ပါမှ အလိုလျောက်နိုင်ငံသားဖြစ်ပါသည်။

    ကျန် သူများ သည် ဥပဒေ အရသာ နိုင်ငံသား ဖြစ်ခွင့်ရသည်။ ထိုသူများ ကို နိုင်ငံတော်၏ အကျိုးငှာ နိုင်ငံသား အဖြစ်မှ ရုပ်သိမ်းခွင့် ရှိပါသည်။ထိုသူ များ သည် မည်သည့် အခါ တွင်မှ တိုင်းရင်းသား တို့ကဲ့ သို့ အခွင့်ရေး ရမည် ကို ဥပဒေ တွင် မဖေါ်ပြထားပါ။

    ထိုဥပဒေ ပေါ်လာရသည့် အကြောင်းနောက်ခံထဲက တစ်ခုမှာ နဂါးမင်းစစ်ဆင်ရေး၊ရွှေဟင်္သစစ်ဆင်ရေး တို့ နောက်ခံဖြစ်သော ရခိုင်ပြည်နယ် လူဝင်မှုပြဿနာလည်း ပါပါသည်။

    ဦးနေဝင်း၏ မဆလ လွှတ်တော် မှ ကသောကမြော ထုတ်လုပ်လိုက် ရသော ဥပဒေတို့၏ ထုံးစံ အတိုင်း ဟိုကျန် သည်ကျန်ဖြစ်ခဲ့ပါသေးသည်။

    ၁၉၄၈ခု စီတီဇင်အက် အရ နိုင်ငံသားဖြစ်ခွင့် ရှိသူ နှင့် သက်ဆိုင်သော ပုဒ်မ တစ်ခုကျန်ခဲ့ပါသည်။ သို့ပါသောကြောင့် နိုင်ငံတော်ကောင်စီအမိန့်ကြော်ငြာစာ ထုတ်ပြီး ဖြည့်စွက်ပြဌာန်းခဲ့ရပါသည်။

    ဥပဒေတွင် ရှင်းလင်းသောပြဌာန်းမှုများ ကျန်နေပါသဖြင့် အားနည်းချက် အကြီးကြီး ရှိနေပါသည်။

    အမျိုးကွယ်ပျောက် စေမည့်ဥပဒေ လို ဖြစ်နေပါသည်။ မည်သူ မှ ဘာမှ လုပ်ရန် မလိုပါဘဲ ကာလ ရှည်ကြာလာလျင် မြန်မာပြည်တွင်”ဗမာတိုင်းရင်းသား စစ်စစ်” များ ၈၂ခု ဥပဒေ အရ လျော့နည်း ကွယ်ပျောက်ပါလိမ့်မည်။

    အိန္ဒိယ နှင့် တရုပ် သွေး နှော သော တိုင်းရင်းသား မဟုတ်သည့် သွေးနှော ခေါ် ကပြား ခေါ် ဥပဒေအရဖြစ်သည့် နိုင်ငံသားများသည် လည်း မဲပေးပိုင်ခွင့် ရှိသူ လူများစု ဖြစ်လာပါ လိမ့်မည်။ အစိုးရ များသည် လည်း ထိုမဲဆန္ဒရှင်တို့ကို အလေးထား ရပေလိမ့်မည်။

    အမျိုးသားရေး သမားတို့ စိုးရိမ်နေသော ကိစ္စမှာ ၈၂ ခုနှစ် ဥပဒေအရ ဖြစ်လာပါလိမ့်မည်။

    အဘယ်ကြောင့် ဆိုသည်ကို ရှင်းပါမည်။ ဥပဒေ အရ နှစ်မည်မျှကြာကြာ ကပြား တို့ တိုင်းရင်းသား မဖြစ်။ ဖြစ်ခွင့်လည်း မပေးထား။

    ဥပဒေ အရ သွေးနည်း သွေးများ ပိုင်းခြား ခွဲမပေးထား။ နည်းလမ်းမပြထား။အထက်ဆက် မှာ သွေးတစ်ကြောင်း နှောလျင် အောက်ဆက်များ ဆင်းသမျှ ကပြားဖြစ်ပေရတော့မည်။

    ၁/၂ပုံ ၊ ၁/၄ပုံ ၊၁/၈ ပုံ ၊ ၁/၁၆ပုံ၊၁/၃၂ ပုံ၊၁/၆၄ ပုံ၊၁/၁၂၈ပုံ အစရှိသည်ဖြင့် မည်သို့ နှောနှော၊မည်မျှနှောနှော တိုင်းရင်းသား မဟုတ်တော့၊မစစ်တော့ ဆိုလျင် ကပြားများ က လူများစု ဖြစ်လာမည်လား? ဗမာ စစ်စစ် ဆိုသည်က လူများစု ဖြစ်လာမည်လား?
    သင်္ချာ နဲ့တောင် တွက်ကြည့်ရန်မလိုပါ။

    “နို့”ထဲ” ရေ” ရောလျင်လည်း” ရေ”။
    “ရေ” ထဲ”နို့” ရောလျင်လည်း” ရေ”

    ဆိုသည့် သဘောဆောင်သည့် ဥပဒေ အောက်တွင် ကြာလာလျင်”နို့စစ်စစ်” မှာ မရှိသလောက် ရှားပါလိမ့်မည်။

    မပူပါ နှင့်အုန်း။

    ချက်ခြင်းမဖြစ်ပါ။

    နှစ်ကာလများ ရှည်ကြာမှ ဖြစ်လာပါမည်။

    တစ်နေ့တော့ ဖြစ်လာမှာလည်း သေချာပါသည်။

    ကောင်းပါသည်။ပြည့်စုံပါသည်။ပြုပြင်စရာမရှိပါ ဟု ဆိုသော ၈၂ ခုနှစ် ဥပဒေ၏ “အဟ” တစ်ခု ပါ။

    ရေးသူ- Facebook User တစ်ဦး

  • ကာတာလေယာဉ်များ ဘာရိန်းနှင့် ယူအေအီး လေပိုင်နက်တွင် ပျံသန်းခွင့်ပြန်ရ

    ကာတာလေယာဉ်များ ဘာရိန်းနှင့် ယူအေအီး လေပိုင်နက်တွင် ပျံသန်းခွင့်ပြန်ရ

    သြဂုတ် ၉၊ ၂၀၁၇
    M-Media

    – ယူအေအီးနှင့် ဘာရိန်းနိုင်ငံတို့က ထိန်းချုပ်ထားသည့် ပယ်လယ်ကွေ့ နိုင်ငံတကာရေပိုင်နက်မှနေ၍ ကာတာလေယာဉ်များ ပျံသန်းခွင့်ကို နိုင်ငံတကာ အအရပ်ဖက်လေကြောင်းဆိုင်ရာအဖွဲ့ ICAO က ခွင့်ပြုပေးခဲ့သည်ဟု သိရသည်။

    ဇွန်လ ၅ ရက်နေ့က ဆော်ဒီ၊ ဘာရိန်း၊ ယူအေအီးနှင့် အီဂျစ်တို့မှာ ကာတာနှင့် သံတမန်အပါအ၀င် အဆက်အသွယ်အားလုံး ဖြတ်တောက်ခဲ့ပြီး ကာတာအခြေစိုက် လေယာဉ်များမှာ ထိုနိုင်ငံများ၏ လေပိုင်နက်များမှ ၀င်ရောက်ပျံသန်းခွင့် မရသောကြောင့် လေကြောင်းခရီးများကို အချိန်ပိုမိုကြာမြင့်စွာ ပျံသန်းနေရသည်။

    သို့သော်လည်း ကာတာလေယာဉ်များ လေပိုင်နက်ကို တူညီစွာ အသုံးပြုခွင့်ရရှိရေးအတွက် ဘာရိန်းနှင့် ယူအေအီးအပါအ၀င် အရှေ့အလယ်ပိုင်းနိုင်ငံများနှင့် ဆွေးနွေးကာ လမ်းကြောင်းလမ်းကြောင်းသစ်များကို ဖန်တီးနိုင်ခဲ့သည်ဟု ကနေဒါအခြေစိုက် ICAO မှ ပြောရေးဆိုခွင့်ရှိသူ အန်သိုနီ ဖီလ်ဘင်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

    လေကြောင်းဆိုင်ရာ အကြံပေးအဖွဲ့ Strategic Aero Research မှ အကြီးတန်း လေ့လာဆန်းစစ်သူ ဆဂ်ျ အဟ်မဒ်က ယခုလမ်းကြောင်းသစ်များမှာ ယာယီသာဖြစ်သော်လည်း ကာတာလေကြောင်းလိုင်း Qatar Airways အတွက် အသက်ရှူချောင်စေမည့် ရေရှည်အဖြေအတွက် ရှေ့ပြေးဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ကာတာမှာ ထိုပြဿနာကို ဖြေရှင်းပေးရန် ICAO ကို တောင်းဆိုခဲ့ပြီး ကိုယ်စားလှယ်အဖွဲ့များ၊ ကုလ အရပ်ဖက်လေကြောင်းဆိုင်ရာ အဖွဲ့မှ တာဝန်ရှိသူများက ပြီးခဲ့သည့်တစ်ပတ်တွင် တံခါးပိတ် ဆွေးနွေးခဲ့ကြသည်။

    Ref : Aljazeera