News @ M-Media

ကာတာလေယာဉ်များ ဘာရိန်းနှင့် ယူအေအီး လေပိုင်နက်တွင် ပျံသန်းခွင့်ပြန်ရ

သြဂုတ် ၉၊ ၂၀၁၇
M-Media

– ယူအေအီးနှင့် ဘာရိန်းနိုင်ငံတို့က ထိန်းချုပ်ထားသည့် ပယ်လယ်ကွေ့ နိုင်ငံတကာရေပိုင်နက်မှနေ၍ ကာတာလေယာဉ်များ ပျံသန်းခွင့်ကို နိုင်ငံတကာ အအရပ်ဖက်လေကြောင်းဆိုင်ရာအဖွဲ့ ICAO က ခွင့်ပြုပေးခဲ့သည်ဟု သိရသည်။

ဇွန်လ ၅ ရက်နေ့က ဆော်ဒီ၊ ဘာရိန်း၊ ယူအေအီးနှင့် အီဂျစ်တို့မှာ ကာတာနှင့် သံတမန်အပါအ၀င် အဆက်အသွယ်အားလုံး ဖြတ်တောက်ခဲ့ပြီး ကာတာအခြေစိုက် လေယာဉ်များမှာ ထိုနိုင်ငံများ၏ လေပိုင်နက်များမှ ၀င်ရောက်ပျံသန်းခွင့် မရသောကြောင့် လေကြောင်းခရီးများကို အချိန်ပိုမိုကြာမြင့်စွာ ပျံသန်းနေရသည်။

သို့သော်လည်း ကာတာလေယာဉ်များ လေပိုင်နက်ကို တူညီစွာ အသုံးပြုခွင့်ရရှိရေးအတွက် ဘာရိန်းနှင့် ယူအေအီးအပါအ၀င် အရှေ့အလယ်ပိုင်းနိုင်ငံများနှင့် ဆွေးနွေးကာ လမ်းကြောင်းလမ်းကြောင်းသစ်များကို ဖန်တီးနိုင်ခဲ့သည်ဟု ကနေဒါအခြေစိုက် ICAO မှ ပြောရေးဆိုခွင့်ရှိသူ အန်သိုနီ ဖီလ်ဘင်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

လေကြောင်းဆိုင်ရာ အကြံပေးအဖွဲ့ Strategic Aero Research မှ အကြီးတန်း လေ့လာဆန်းစစ်သူ ဆဂ်ျ အဟ်မဒ်က ယခုလမ်းကြောင်းသစ်များမှာ ယာယီသာဖြစ်သော်လည်း ကာတာလေကြောင်းလိုင်း Qatar Airways အတွက် အသက်ရှူချောင်စေမည့် ရေရှည်အဖြေအတွက် ရှေ့ပြေးဖြစ်သည်ဟု ပြောကြားခဲ့သည်။

ကာတာမှာ ထိုပြဿနာကို ဖြေရှင်းပေးရန် ICAO ကို တောင်းဆိုခဲ့ပြီး ကိုယ်စားလှယ်အဖွဲ့များ၊ ကုလ အရပ်ဖက်လေကြောင်းဆိုင်ရာ အဖွဲ့မှ တာဝန်ရှိသူများက ပြီးခဲ့သည့်တစ်ပတ်တွင် တံခါးပိတ် ဆွေးနွေးခဲ့ကြသည်။

Ref : Aljazeera