News @ M-Media

Blog

  • ဂါဇာပြည်သူများကို ဆက်လက်ကူညီမည်ဟု ကာတာ ကတိပြု

    ဂါဇာပြည်သူများကို ဆက်လက်ကူညီမည်ဟု ကာတာ ကတိပြု

    ဇူလိုင် ၁၀၊ ၂၀၁၇
    M-Media

    – အစ္စရေး၏ ပိတ်ဆို့မှုကြောင့် အတိဒုက္ခရောက်နေရသည့် ဂါဇာကမ်းမြှောင်မှ ပါလက်စတိုင်းပြည်သူများကို ဆက်လက် ကူညီထောက်ပံ့သွားမည်ဟု ဂါဇာသို့ ရောက်ရှိနေသည့် ကာတာ သံအမတ် မိုဟာမက် အလ်-အီမာဒီက ပြောကြားလိုက်သည်။

    ဆော်ဒီဦးဆောင်သည့် အုပ်စုက ကာတာမှာ ဂါဇာကမ်းမြှောင်ရှိ ဟားမက်စ်အဖွဲ့အပါအ၀င် အကြမ်းဖက်အဖွဲ့များကို ထောက်ပံ့မှုများ ပြုလုပ်သည်ဟူသော စွဲချက်ဖြင့် ပြီးခဲ့သည်လအစောပိုင်း အဆက်အသွယ်ဖြတ်တောက်ခဲ့ပြီးနောက်ပိုင်း အလ်-အီမာဒီမှာ ပထမဆုံးအကြိမ် ဂါဇာသို့ ရောက်ရှိလာခြင်းဖြစ်သည်။

    “ကာတာမှာ ပြဿနာရှိနေပေမယ့် ခင်ဗျားတို့ကို ကျွန်တော်တို့ ဆက်လက် ပံ့ပိုးကူညီသွားမှာ ဖြစ်ပါတယ်။ ကာတာရဲ့ စီမံကိန်းသစ်တစ်ခုကို ကျွန်တော်တို့ ဆောင်ရွက်ဖို့ရှိနေပြီး လက်ရှိ လုပ်ဆောင်နေတဲ့ စီမံကိန်းတွေကိုလည်း ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု အီမာဒီက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ပြီးခဲ့သည့် ၅ နှစ်တာကာလအတွင်း ကာတာမှာ ဂါဇာကမ်းမြှောင် ပြန်လည်တည်ဆောက်ရေးအတွက် ကန်ဒေါ်လာ ၁.၄ ဘီလီယံ ကူညီရန် ကတိပြုခဲ့ပြီး ဆေးရုံများ ဆောက်လုပ်ခြင်း၊ လမ်းများ၊ အိမ်ယာများ အဆင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်နေသည်။

    အလ်-အီမာဒီမှာ ဂါဇာပြန်လည်တည်ဆောက်ရေး ကာတာကော်မတီ၏ အကြီးအကဲလည်း ဖြစ်သည်။

    ဟားမက်စ်တာဝန်ရှိသူ မူရှီးရ် အလ်-မက်စ်ရီက အလ်-အီမာဒီ လာရောက်ခြင်းမှာ ပါလက်စတိုင်းကိစ္စအတွက် ကာတာ၏ စစ်မှန်သော သဘောထားကို ဖော်ကျူးနေခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အစ္စရေး၏ ပိတ်ဆို့မှုကို ၁၀ နှစ်ကြာ ခံထားရသည့် ဂါဇာကမ်းမြှောင်ဒေသတွင် ပါလက်စတိုင်းပြည်သူ ၂ သန်း ကြုံတွေ့နေရသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာများအတွက် ကုလက သတိပေးထားသည်။

    Ref: Aljazeera

     

  • ပါကစ္စတန်က ပထမဆုံး စက်ရုပ်စားပွဲထိုး

    ပါကစ္စတန်က ပထမဆုံး စက်ရုပ်စားပွဲထိုး

    ဇူလိုင် ၁၀၊ ၂၀၁၇
    M-Media

    – ပါကစ္စတန်က အသက် ၂၃ နှစ်ရွယ် အီလက်ထရောနစ် အင်ဂျင်နီယာ ကျောင်းသားတစ်ယောက်ဟာ စားပွဲထိုးနိုင်တဲ့ စွမ်းရည်ရှိတဲ့ စက်ရုပ်တွေကို ထီထွင်ခဲ့ပြီး ပီဇာဆိုင်မှာ အသုံးချနေပါတယ်။

    နိုင်ငံရဲ့ ပထမဆုံးဆုံး စက်ရုပ်စားပွဲထိုးဖြစ်တဲ့ ဒီစက်ရုပ်တွေရဲ့ စွမ်းရည်က ဘယ်လိုရှိလဲ၊ တီထွင်ရာမှာ ဘယ်လိုအခက်အခဲတွေရှိခဲ့လဲ၊ စားသုံးသူတွေရဲ့ တုန့်ပြန်မှုက ဘယ်လိုလဲဆိုတာကို ဒီဗီဒီယိုမှာ တွေ့မြင်ရမှာဖြစ်ပါတယ်။

    သတင်းအပြည့်အစုံကိုတော့ ဒီမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။

  • “လွတ်မြောက်မှုနှင့် မထိုက်တန်သူများ” (Quote)

    “လွတ်မြောက်မှုနှင့် မထိုက်တန်သူများ” (Quote)

    ဇူလိုင် ၁၀ ၊ ၂၀၁၇
    M-Media

    “သူတစ်ပါးတို့၏ လွတ်လပ်ခွင့်အား ငြင်းပယ်နေသူများသည် ၎င်းတို့ကိုယ်တိုင် အတွက်လည်း လွတ်မြောက်မှုနှင့် မထိုက်တန်သူများသာ”

    ၁၆ ယောက် မြောက် အမေရိကန်သမ္မတ အေဗရာဟင်လင်ကွန်း

  • မန္တလေးက ပန်းသေးလူငယ်များ၏ အီးဒ် မိတ်ဆုံစားပွဲ

    မန္တလေးက ပန်းသေးလူငယ်များ၏ အီးဒ် မိတ်ဆုံစားပွဲ

    ၂၀၁၇ ခုနှစ် “အီးဒ်” အထိမ်းအမှတ် မန္တလေး ပန်းသေးလူငယ် မိတ်ဆုံစားပွဲကို ဇူလိုင်လ ၈ ရက်နေ့က မန္တလေးမြို့မှာ ရှိတဲ့ ပန်းသေးခန်းမ မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

    ဓါတ်ပုံ- ပန်းသေးမိသားစု – မန္တလေးမြို့ FB

  • အဲဗာတန်သို့ ပြန်လာရခြင်းကို ပျော်ရွှင်သည်ဟု ရူနီပြော

    ဇူလိုင် ၉၊ ၂၀၁၇
    M-Media

    – အသင်းဟောင်းကို ပြန်လည်ရောက်ရှိလာသည့်အတွက် ပျော်ရွှင်မိပြီး၊ အသင်းမှာ ရှေ့ဆက် အောင်မြင်နိုင်မည်ဟု အဲဗာတန်သို့ ရောက်ရှိလာသည့် အင်္ဂလန်တိုက်စစ်မှူး ၀ိန်းရူနီက ပြောကြားလိုက်သည်။

    မန်ယူက အဲဗာတန်တိုက်စစ်မှူး လူကာကူကို ပေါင် ၇၅ သန်းဖြင့် ခေါ်ယူခဲ့ပြီးနောက် အသက် ၃၁ နှစ်အရွယ် ရူနီ၏ အနာဂတ်မှာ မသေချာတော့ဘဲ အဲဗာတန်အသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာခြင်းဖြစ်ကာ ၂ နှစ် စာချုပ်ချုပ်ဆိုခဲ့သည်။

    “အသင်းဟောင်းကို ပြန်ရောက်လာတဲ့အတွက် ၀မ်းသာပါတယ်။ ကောင်လေးတွေနဲ့တွေ့ဖို့၊ လေ့ကျင်ခန်းဆင်းဖို့ ကွင်းထဲဝင်ကစားဖို့ မစောင့်နိုင်တော့ပါဘူး” ဟု ရူနီက ပြောကြားခဲ့သည်။

    ထို့ပြင် အဲဗာတန်အသင်းမှာ ရှေ့ဆက်သွားကာ အောင်မြင်နိုင်မည်ဟု ခံစားရကြောင်း ၎င်းက ထည့်သွင်း ပြောဆိုခဲ့သည်။

    “ကျွန်တော် အားပေးတဲ့အသင်း၊ ကျွန်တော့်ကို မြေတောင်မြှောက်ပေးတဲ့အသင်း ဆိုတာကြောင့်ပဲ ဒီကို ရောက်လာတာမဟုတ်ပါဘူး။ အသင်းဟာ ရှေ့ဆက်အောင်မြင်နိုင်မယ်လို့ ကျွန်တော် ထင်မြင်ယူဆတာကြောင့် ရောက်လာခဲ့တာ ဖြစ်ပါတယ်”

    ၂၀၀၄ ခုနှစ်က အဲဗာတန်အသင်းမှ ပြောင်းရွှေ့လာခဲ့သည့် ရူနီမှာ မန်ယူအသင်းအတွက် ၅၅၉ ပွဲကစားကာ ၂၅၃ ဂိုး သွင်းယူပေးခဲ့ပြီး ပရီးမီးယားလိဂ် ၅ ကြိမ်၊ ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်တစ်ကြိမ်၊ FA ဖလား တစ်ကြိမ် ရရှိခဲ့သည်။

    မန်ယူနည်းပြ မော်ရင်ဟိုက ရူနီကိုယ်တိုင် ထွက်ခွာခွင့်တောင်းသောကြောင့် ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။