News @ M-Media

Blog

  • IS လက်မှလွတ်မြောက်သည့် အီရတ်ပြည်သူများ အီးဒ်ပွဲတော်ကို ပျော်ရွှင်စွာ ကျင်းပ

    IS လက်မှလွတ်မြောက်သည့် အီရတ်ပြည်သူများ အီးဒ်ပွဲတော်ကို ပျော်ရွှင်စွာ ကျင်းပ

    ဇွန် ၂၆၊ ၂၀၁၇
    M-Media

    – ၂၀၁၄ ခုနှစ်မှာ IS ရဲ့ သိမ်းပိုက်ခြင်းကို ခံခဲ့ရတဲ့ အီရတ်နိုင်ငံ မူဆိုးလ်မြို့က ပြည်သူတွေဟာ IS လက်အောက်က လွတ်မြောက်ပြီးတဲ့နောက်ပိုင်း ပထမဆုံးအကြိမ် ယခုနှစ် ၀ါကျွတ်းအီးဒ်နေ့ကို ပျော်ရွှင်စွာ ဆင်နွှဲနေကြတဲ့ ပုံရိပ်တွေ ဖြစ်ပါတယ်။

    IS လက်အောက် ၃ နှစ်တာကာလအတွင်းမှာ မွတ်စလင်တွေအပါအ၀င် မူဆိုးလ်ပြည်သူတွေဟာ ဒုက္ခပေါင်းစုံကို ခါးစီးခံခဲ့ကြရတာပါ။

    အီရတ်စစ်တပ်က ပြီးခဲ့တဲ့နှစ်မှာ စတင်ပြုလုပ်ခဲ့တဲ့ မူးဆိုးလ်မြို့ ပြန်လည်သိမ်းပိုက်ရေး ထိုးစစ်ဟာ အခုအချိန်မှာ တော်တော် ခရီးပေါက်နေပြီး နယ်မြေတော်တော်များများကိုလည်း ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

    ဒီဗီဒီယိုမှာ အကြောက်တရားက ကင်းလွတ်ခဲ့ပြီးတဲ့နောက် အီရတ်ပြည်သူတွေ ၀ါကျွတ်အီးဒ်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲနေတဲ့ မြင်ကွင်းအမျိုးမျိုးကို တွေ့မြင်ရမှာပါ။

    Press TV ရဲ့ ဗီဒီယိုကို M-Media က ဘာသာပြန်ဆိုတင်ဆက်တာ ဖြစ်ပါတယ်။

  • ဝါကျွတ်အီးဒ်ပွဲတော် အတွက် ဘာသာပေါင်းစုံမှ လူငယ်ပြည်သူများရဲ့ ဆုတောင်းစကားများ

    ဝါကျွတ်အီးဒ်ပွဲတော် အတွက် ဘာသာပေါင်းစုံမှ လူငယ်ပြည်သူများရဲ့ ဆုတောင်းစကားများ

    ဇွန် ၂၆ ၂၀၁၇
    M-Media

    ဒီကနေ့မှာကျရောက်တဲ့ မွတ်စလင်တွေရဲ့ ဝါကျွတ်အီးဒ် အခါသမယမှာ မြန်မာနိုင်ငံအတွင်း ဘာသာပေါင်းစုံ လူငယ်များမှ နှုတ်ခွန်းဆက် ဆုမွန်ကောင်း တောင်းပေးထားပါတယ်။

     

  • ပါကစ္စတန်တွင် တိမ်းမှောက် ဓာတ်ဆီတင်ကား ပေါက်ကွဲမှုကြောင့် လူ ၁၄၀ ကျော် သေဆုံး

    ပါကစ္စတန်တွင် တိမ်းမှောက် ဓာတ်ဆီတင်ကား ပေါက်ကွဲမှုကြောင့် လူ ၁၄၀ ကျော် သေဆုံး

    ဇွန် ၂၅၊ ၂၀၁၇
    M-Media

    – ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်တွင် တိမ်းမှောက်သွားသော ဓာတ်ဆီတင်ကားမှ ဆီများကို ယူနေစဉ် မီးလောင်ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၁၄၀ ခန့် မီးလောင်းသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    ဘာဟာဝါလ်ပူးရ်မြို့အပြင်ဘက်ရှိ အဝေးပြေးလမ်းတွင် ယနေ့မနက်ပိုင်းက ဓာတ်ဆီတင်ကားတစ်စီးမှာ စလစ်ဖြစ်၍ တိမ်းမှောက်သွားပြီးနောက် ထိုဒေသတစ်ဝိုက်တွင် နေထိုင်သူများမှာ မော်တော်ဆိုင်ကယ်များ၊ ကားများဖြင့် စုရုံးရောက်ရှိလာကာ အိုးခွက်များ၊ ရေဘူးများ၊ ရေပုံးများ၊ ဓာတ်ဆီပုံးများနှင့် ဓာတ်ဆီများကို ယူဆောင်နေစဉ် ကားမှာ မီးလောင်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

    သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများတွင် ကလေးငယ်များလည်း ပါဝင်ပြီး ရုပ်သံမှတ်တမ်းများတွင် မီးတောက်ကြီးများ၊ မီးလောင်ထားသော ကားများ၊ မော်တော်ဆိုင်ကယ်များ၊ မီးလောင်ထားသေဆုံးနေသည့် ရုပ်အလောင်းများ အဝေးပြေးလမ်းမတွင် ပြန့်ကျဲနေသည်ကို တွေ့ရှိခဲ့ရသည်။

    အခင်းဖြစ်ပွားမှုနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိရသေးဘဲ မျက်မြင်သက်သေများကမူ ဆီတင်ကားမှာ ကားဘီးပေါက်၍ တိမ်းမှောက်သွားသည်ဟု ပြောကြားကြောင်း၊ အနီးနားရှိလူများက ဓာတ်ဆီများ လာယူနေစဉ် ၁၀ မိနစ်ခန့်အကြာတွင် ကားမှာ ပေါက်ကွဲသွားကြောင်း၊ အဘယ့်ကြောင့် မီးလောင်သွားသည်ကို မသိရှိရသေကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့အကြီးအကဲက ပြောကြားခဲ့သည်။

    ဒဏ်ရာရရှိသူများမှာ ၁၀၀ နှင့် ၂၀၀ ကြား ရှိနေသည်ဟုလည်း ဒေသတွင်း ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    Ref: Aljazeera

     

  • ယူကေတွင် အီးဒ်နေ့ ၀တ်ပြုပြီးထွက်လာသည့် မွတ်စလင်လူအုပ်စုကို ကားတစ်စီးက ၀င်တိုက်

    ယူကေတွင် အီးဒ်နေ့ ၀တ်ပြုပြီးထွက်လာသည့် မွတ်စလင်လူအုပ်စုကို ကားတစ်စီးက ၀င်တိုက်

    ဇွန် ၂၅၊ ၂၀၁၇
    M-Media

    – အင်္ဂလန်နိုင်ငံ နယူးကာဆယ်မြို့ ဘောလုံးကွင်းတစ်ခု အပြင်ဘက်တွင် ၀ါကျွတ်အီးဒ်နေ့ ၀တ်ပြုဆုတောင်းပြီး ထွက်လာသည့် မွတ်စလင်အုပ်စုကို ကားတစ်စီးက ၀င်ရောက်တိုက်မိမှုကြာင့် ကလေးငယ် ၃ ဦးအပါအ၀င် လူ ၆ ဦးကို ဆေးရုံသို့ တင်ပို့ခဲ့ရသည်ဟု သိရသည်။

    ဒေသစံတော်ချိန် ယနေ့မနက် ၉ နာရီ ၁၄ မိနစ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ကမူ ထိုအဖြစ်အပျက်မှာ အကြမ်းဖက်မှုနှင့် ဆက်စပ်မှုမရှိဟု ယုံကြည်ရကြောင်း ပြောကြားခဲ့သည်။ ကားဖြင့်တိုက်မိမှုအတွင်း အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့သည်။

    ရမ်ဇာန်ဥပုသ်လကုန်ဆုံးသည့် အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သည့် ၀ါကျွန်အီးဒ်ပွဲတော်အတွက် ရာနှင့်ချီသော မွတ်စလင်များမှာ နယူးကာဆယ်ရှိ ဘောလုံးကွင်းတစ်ခုတွင် စုပေါင်းဝတ်ပြုခဲ့ပြီးနောက် ယခုအဖြစ်အပျက် ပေါ်ပေါက်လာခြင်းဖြစ်သည်။

    ရဲတပ်ဖွဲ့ကမူ အသက် ၄၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးထားသည်ဟု ဆိုသည်။

    “ဘာဖြစ်ခဲ့သလဲဆိုတာ သေချာသိရဖို့အတွက် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ဒါဟာ အကြမ်းဖက်လုပ်ရပ် မဟုတ်ဘူးလို့ ယုံကြည်ရပါတယ်” ဟု ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    နယူးကာဆယ် ဂျာမေဗလီဝတ်ကျောင်းတော်က ထုတ်ပြန်သော ကြေငြချက်တွင် မွတ်စလင်များ အီးဒ်နေ့ဝတ်ပြုဆုတောင်းမှုပြီးနောက် ချက်ခြင်းဆိုသလိုပင် အဆိုပါကားတိုက်မှု ဖြစ်ပွားခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရသူများ အမြန်ဆုံး သက်သာပျောက်ကင်းရန် ဆုတောင်းပါကြောင်း၊ အခြားသူများအနေဖြင့်လည်း ထိုကဲ့သို့ ဆုမွန်ကောင်းတောင်းပေးရန် တိုက်တွန်းပါကြောင်း၊ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပြီး အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

    ယူကတွင် လတ်တလော၌ အကြမ်းဖက်တိုက်ခိုက်မှုများ ခပ်စိပ်စိပ် ဖြစ်လာခဲ့ပြီး ဇွန်လ ၁၉ ရက်နေ့ကလည်း လန်ဒန်မြို့ ဖင်စ်ဘူရီပါ့ခ်ရပ်ကွက်ရှိ ဗလီတစ်လုံးမှ ၀တ်ပြုပြီး ထွက်လာသော လူအုပ်ကို ကာတစ်စီးက ၀င်တိုက်မှုကြောင့် တစ်ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်။

    ရဲတပ်ဖွဲ့ကမူ ထိုအဖြစ်အပျက်မှာ မွတ်စလင်များအား ပစ်မှတ်ထားသည့် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: Independent

  • မွတ်စလင်တို့၏ ၀ါကျွတ်အီးဒ်ပွဲတော်အတွက် ဗြိတိန်ဝန်ကြီးချုပ် ဆုမွန်ကောင်းတောင်း

    မွတ်စလင်တို့၏ ၀ါကျွတ်အီးဒ်ပွဲတော်အတွက် ဗြိတိန်ဝန်ကြီးချုပ် ဆုမွန်ကောင်းတောင်း

    ဇွန် ၂၅၊ ၂၀၁၇
    M-Media

    – ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင်တွေဟာ တစ်လတာ ဥပုသ်သီလ ဆောက်တည်ခဲ့ကြပြီးတဲ့နောက် နိုင်ငံတော်တော်များများဟာ ဇွန်လ ၂၅ ရက်နေ့မှာ ၀ါကျွတ်အီးဒ်ပွဲတော်ကို ဆင်နွှဲနေကြပါတယ်။

    ကမ္ဘာလူဦးရေရဲ့ ၃ ပုံ ၁ ပုံရှိနေတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ထူးမြတ်လှတဲ့ ဒီပွဲတော်အတွက် ကမ္ဘာ့ခေါင်းဆောင်တွေကလည်း ဆုမွန်ကောင်း တောင်းပေးခဲ့ကြပါတယ်။

    ဒါကတော့ ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေရဲ့ အီးဒ်နေ့ ဆုမွန်ကောင်းတောင်းတဲ့ ဗီဒီယို ဖြစ်ပါတယ်။