News @ M-Media

Blog

  • တူရကီမှာ နာမည်ကြီးလာတဲ့ Bilal ကာတွန်းရုပ်ရှင်

    တူရကီမှာ နာမည်ကြီးလာတဲ့ Bilal ကာတွန်းရုပ်ရှင်

    မေ ၃၁၊ ၂၀၁၇
    M-Media

    – ဆော်ဒီဒါရိုက်တာ အေမန် တာရစ် ဂျမားလ် ရိုက်ကူးပြီး Bilal လို့ အမည်ပေးထားတဲ့ ကာတွန်းရုပ်ရှင်ကားတစ်ကားဟာ တူရကီနိုင်ငံမှာ နာမည်ကြီးနေပါတယ်။

    ဒီကာတွန်းရုပ်ရှင်ကို စနေနေ့က တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ စတင်မိတ်ဆက်ခဲ့ပြီး နိုင်ငံတစ်ဝှမ်းက ရုပ်ရှင်ရုံပေါင်း ၃၀၀ လောက်မှာ တစ်ပြိုင်နက်တည်း ပြသနေပါတယ်။ တူရကီနောက်ခံစားပြောထည့်ထားတဲ့ ဒီရုပ်ရှင်ကို တူရကီပြည်သူတွေနဲ့ နိုင်ငံခြားခရီးသွားတွေ တော်တော်လေး အကြိုက်တွေ့နေတယ်လို့ ဒါရိုက်တာ ဂျမားလ်က ဆိုပါတယ်။

    ဒီရုပ်ရှင်ဟာ တမန်တော် မုဟမ္မဒ်သခင်ရဲ့ အနီးကပ် သာဝကကြီးတစ်ပါးဖြစ်ပြီး၊ အစ္စလာမ့်သမိုင်းမှာ ပထမဆုံး မုအ်ဇင် (၀တ်ပြုရန်နှိုးဆော်သူ) ဖြစ်တဲ့ ဘီလားလ်သခင်ရဲ့ အကြောင်းကို ပုံဖော် ရိုက်ကူးထားတာပါ။

    တူရကီမီဒီယာတွေက အခက်အခဲဒုက္ခတွေကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး တရားမျှတမှု၊ တန်းတူညီမျှမှုရဲ့ မီးရှူးတန်ဆောင်ဖြစ်ခဲ့တဲ့ ဘီလားလ်သခင်ရဲ့ သရုပ်ကို ပေါ်လွင်အောင် ဖော်ပြနိုင်မှုအတွက် ဒီ Bilal ကာတွန်းရုပ်ရှင်ကို ချီးကျူးခဲ့ပါတယ်။

    အဲဒီရုပ်ရှင်ကို မတ်လအတွင်း နယူးယောက်က ကုလရုံးချုပ်မှာ ပြသခဲ့ပြီး နိုင်ငံပေါင်း များစွာမှာလည်း ပြသခဲ့ပြီးဖြစ်ပါတယ်။

    Ref: Arab News

  • ဒါလစ်ဇာနိမ့်များ (သို့) နွားသနားသောတိုင်းပြည်တွင် လူစာရင်းသွင်းခံရရန် ကြိုးပမ်းနေရသူများ

    ဒါလစ်ဇာနိမ့်များ (သို့) နွားသနားသောတိုင်းပြည်တွင် လူစာရင်းသွင်းခံရရန် ကြိုးပမ်းနေရသူများ

    မေ ၂၈၊ ၂၀၁၇
    M-Media

    ဒါလစ်တို့၏ ဆန္ဒပြမှု မြင်ကွင်းတစ်ခု

    – အိန္ဒိယနိုင်ငံမြောက်ပိုင်း အူတာပရာဒက်ရှ်ပြည်နယ် ဆဟာရန်ပူရ်ခရိုင်မှာ လတ်တလောဖြစ်ပွားခဲ့တဲ့ ဒါလစ်ဇာတ်နိမ့်တွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေကို ဆန့်ကျင်တဲ့အနေနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ထောင်ပေါင်းများစွာသော ဒါလစ်ဇာတ်နိမ့်တွေက နယူးဒေလီမှာ ဆန္ဒပြခဲ့ကြပါတယ်။

    “တန်းတူညီမျှမှုအတွက် တိုက်ပွဲဝင်တာဖြစ်တယ်။ ဖိနှိပ်ချုပ်ချယ်မှုအတွက် တိုက်ပွဲဝင်တာ ဖြစ်ပါတယ်” လို့ အသက် ၃၁ နှစ်ရွယ် ရှေ့နေနဲ့ တက်ကြွလှုပ်ရှားသူ ချန်ဒရာရှီခါရ် အဇဒ် ရာဗန်က ဒါလစ်ဇာတ်နိမ့် လူအုပ်ကြီးကို ပြောကြားခဲ့ပါတယ်။ တစ်ချို့လူတွေဟာ ကီလိုမီတာ ရာနဲ့ချီဝေးတဲ့ဒေသတွေကနေ လာရောက်ပြီး
    ဒီ ဆန္ဒပြပွဲမှာ ပါဝင်ကြတာဖြစ်ပါတယ်။

    ဒီဆန္ဒပြမှုကို Bhim Army ဆိုတဲ့အဖွဲ့က ဦဆောင်ပြုလုပ်တာဖြစ်ပြီး ဒီအဖွဲ့ကို ချန်ဒရာရှီခါရ်နဲ့ ဗီနေးရတ္တာဆင်းတို့က ပူးတွဲတည်ထောင်ထားတာပါ။

    ဒီအဖွဲ့ရဲ့နာမည်ဟာ နာမည်ကျော် ဒါလစ်လူမျိုးတစ်ဦးဖြစ်တဲ့ Bhimrao Ramji (BR) ဆီက ဆင်းသက်လာတာဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ အဖွဲ့ဟာ ‘ထိတွေ့လို့မရသူများ’ လို့ သမုတ်ခြင်း ခံထားရတဲ့ ဇာတ်နိမ့်တွေ အများအပြားရှိတဲ့ အူတာပရာဒက်ရှ်ပြည်နယ် အနောက်ပိုင်းမှာ အခမဲ့ကျောင်းတွေ၊
    သင်ကြားရေး စင်တာတွေကို ဖွင့်လှစ်ထားပါတယ်။

    Bhim Army ပေါ်ထွက်လာခြင်း

    အလယ်ခေတ် ဘုရင်တစ်ပါးဖြစ်တဲ့ မဟာရာနာ ပရာတက်ကို ဂုဏ်ပြုတဲ့အနေနဲ့ မေလ ၅ ရက်နေ့က ဆဟာရန်ပူရ်ခရိုင် ရှာဘီရ်ပူရ်ရွာမှာ သာကူရ် ဇာတ်မြင့်အုပ်စုက ပြုလုပ်တဲ့ ချီတက်လမ်းလျှောက်မှုကို ဒါလစ်တွေက ဆန့်ကျင်ပြီးတဲ့နောက်ပိုင်း ဒီ ဇာတ်နိမ့်တွေကို လူထုက အာရုံစိုက်မှု ပိုလာခဲ့ပါတယ်။ ဒီအုပ်စုနှစ်ခုကြားထဲမှာ
    ရန်ပွဲတွေဖြစ်ပွားခဲ့ပြီး သာကူရ်ဇာမြင့်တွေက ဒါလစ်တွေရဲ့ အိမ်တွေကို မီးရှို့ခဲ့ပါတယ်။

    ဒါလစ် သူတော်စင်တစ်းပါးဖြစ်တဲ့ ဆန့် ရာဝီဒါရဲ့ ဘုရားကျောင်းတစ်ခုလည်း အဂါရ၀ပြု ဖျက်ဆီးခံလိုက်ရပါတယ်။

    ရွာလူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းလောက်ရှိတဲ့ သာကူရ်ဇာတ်မြင့်တွေကို ကြောက်တဲ့အတွက် ဒါလစ်တော်တော်များများဟာ ရွာကနေ ထွက်ပြေးခဲ့ရပါတယ်။

    အိန္ဒိယဖွဲ့စည်းပုံရေးဆွဲရာမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့ ဒါလစ်ပညာရှင် BR Ambdekar ရုပ်ထုကို ဧပြီလ ၁၄ ရက်နေ့မှာ ပြုလုပ်မယ့် Ambedkar Jayanti ပွဲတော်အတွက် ရွာမှာ စိုက်ထူတာကို သာကူရ်ဇာတ်မြင့်တွေက ရပ်ခိုင်းခဲ့တယ်လို့ ဒါလစ်တွေက ပြောပါတယ်။

့Ambedkar Jayanti ပွဲတော်ဟာ အိန္ဒိယနိုင်ငံတစ်ဝှမ်းက ဒါလစ်တွေ အမြဲလိုလို ပြုလုပ်ကြတဲ့ ပွဲတော်ဖြစ်ပြီး Ambdekar ရဲ့ ရုပ်ထုတွေ၊ ပိုစတာတွေကိုလည်း ဒါလစ်တွေရဲ့ အိမ်တွေ၊ ဆိုင်တွေမှာ ချိတ်ဆွဲထားလေ့ရှိပါတယ်။

    အမြစ်တွယ်နေတဲ့ ဇာတ်နိမ့်၊ ဇာတ်မြင့် ခွဲခြားတဲ့စနစ်က သူ့တို့ရဲ့ တိုးတက်ကြီးပွားမှုအတွက် အခွင့်အလမ်း နည်းပါးတာကြာင့် ဒါလစ်တော်တော်များများဟာ ဟိန္ဒူဘာသာကို စွန့်ခွာခဲ့ကြပါတယ်။ (အများစုက ဗုဒ္ဓဘာသာကို ကူးပြောင်းသွားကြပါတယ်)

    ကျွမ်းကျင်သူတွေက Bhim Army အဖွဲ့ဟာ ၁၉၇၀ ပြည့်နှစ်တွေက မဟာရက်ရှ်ထရာပြည်နယ်မှာ ပေါ်ထွက်လာခဲ့တဲ့ Dalit Panthers အဖွဲ့ရဲ့ အယူအဆပိုင်းဆိုင်ရာ တော်တော်များများကို ရယူထားတယ်လို့ ဆိုပါတယ်။

    Bhim Army က ဦးဆောင်ပြီး မေလ ၉ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ချီတက်ဆန္ဒပြမှုဟာ ဒါလစ်တွေအတွက် နစ်နာကြေးရဖို့ ရည်ရွယ်တာဖြစ်ပြီး ရဲတပ်ဖွဲ့က ချန်ဒရာရှီခါရ်အပါအ၀င် အဖွဲ့ဝင်တော်တော်များများကို တရားစွဲဆိုခဲ့ပြီးတဲ့နောက် ရုန်းရင်းဆန်ခတ်မှုတွေလည်း ဖြစ်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာ ဒါလစ်နှစ်ယောက်နဲ့ သာကူရ်တစ်ယောက်တို့ သေဆုံးသွားပြီးနောက်ပိုင်း တင်းမာမှုတွေက ဆက်လက် မြင့်တက်လာခဲ့ပါတယ်။

    ရဲတပ်ဖွဲ့က အလိုရှိနေတဲ့ ချန်ဒရာရှီခါရ်က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ပြုလုပ်ခဲ့တဲ့ ချီတက်ဆန္ဒပြမှုမှာ ပေါ်ထွက်လာခဲ့ပြီး ဆန္ဒပြပွဲကို လူပေါင်း ၂ သိန်းလောက် တက်ခဲ့ကြပါတယ်။

    “အခု ဒါလစ်တွေဟာ နိုးထလာပါပြီ။ ဒါလစ်တွေ ဘယ်နေရာမှာပဲ နှိပ်စက်ခံရပါစေ ချန်ဒရာရှီခါရ်ဟာ အဲဒီနေရာကို အရောက်သွားပြီး ကျူးလွန်သူတွေကို တာဝန်ယူခိုင်းမှာပါ။ ဒါကိုတော့ မှတ်ထားလိုက်ပါ” လို့ ချန်ဒရာရှီခါရ်က ပြောပါတယ်။

    မပျော့ညံ့ပါ

    ဗုဒ္ဓဟူးနေ့မှာတော့ BJP ပါတီခေါင်းဆောင်တဲ့ အစိုးရဟာ ဆဟာရန်ပူရ်မှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ပြီး ကောလဟာလတွေ၊ ဆန္ဒပြမှုတွေကို ဆိုရှယ်မီဒီယာကနေတစ်ဆင့် ဆောင်ရွက်လားဆိုတာ စစ်ဆေးခဲ့ကြပါတယ်။ လူမျိုရေးပဋိပက္ခတွေ ဖြစ်လေ့ရှိတဲ့ ဒီဒေသမှာ လက်နက်ကိုင်တပ်ဖွဲ့တွေလည်း အစိုးရက
    ချထားလိုက်ပါတယ်။

    ဆဟာရန်ပူရ်ခရိုင် တစ်ခုတည်းမှာတင် ၂၀၁၀ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်တွင်း လူမျိုးရေး အဓိကရုဏ်း ၅၄၄ ခု ဖြစ်ပွားခဲ့တယ်လို့ Hindustan Times ရဲ့ စုံစမ်းစစ်ဆေးမှုအရ သိရပါတယ်။

    ခရိုင်လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းဟာ မွတ်စလင်တွေဖြစ်ပြီး၊ ၂၅ ရာခိုင်နှုန်းက ဒါလစ်တွေဖြစ်ကာ ၁၀ ရာခိုင်နှုန်းက ဇာတ်မြင့် သာကူရ်နဲ့ ကရှာထရီယာတွေ ဖြစ်ပါတယ်။

    ၂၀၁၃ ခုနှစ်အတွင်းမှာ ဘေးနားက မူဇက်ဖာရ်နဂါခရိုင်မှာ မွတ်စလင်တွေနဲ့ လယ်ယာလုပ်ငန်း အဓိကလုပ်ကြတဲ့ ဂျတ်လူမျိုးတွေအကြား ပဋိပက္ခတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုအတွင်းမှာ လူ ၆ ဦး သေဆုံးခဲ့ပြီးအများစုက မွတ်စလင်တွေ ဖြစ်ပါတယ်။

    ကွန်ဂရက်၊ လက်ယာယိမ်း BJP ပါတီတွေနဲ့ အဆက်အဆံရှိတဲ့ အိန္ဒိယ ရီပက်ဘလစ်ကန်ပါတီရဲ့ ဂိုဏ်းခွဲတွေလို ဒါလစ်အဖွဲ့တွေ၊ Bahujan Samaj Party (BSP) အဖွဲ့တို့နဲ့ မတူတဲ့တစ်ချက်က Bhim Army ဟာ BJP ရဲ့ အယူအဆရေးရာ မိခင်အဖွဲ့အစည်း Rashtriya Swayamsevak Sangh (RSS) ကို ပြင်းပြင်းထန်ထန်
    ဝေဖန်တာဖြစ်ပါတယ်။ Rashtriya Swayamsevak Sangh (RSS) ဟာ Hindutva လို့ခေါ်တဲ့ ဟိန္ဒူအမျိုးသားရေးဝါဒကို လက်ကိုင်ထားတဲ့ သဘောထားတင်းမာတဲ့ ဟိန္ဒူအဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

    “ချန်ဒရာရှီခါရ်တစ်ယောက်ကို သတ်လိုက်ရင် နောက်ထပ် ထောင်နဲ့ချီ ပေါ်လာမှာပါ။ RSS နဲ့ ဟိန္ဒူအခွင့်အရေး အဖွဲ့တွေဟာ ကျွန်တော်တို့ကို ရာစုနှစ်ပေါင်းများစွာ ဖိနှိပ်ချုပ်ချယ်ခဲ့ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပျော့ညံ့နေမှာ မဟုတ်ပါဘူး” လို့ ချန်ဒရာရှီခါရ်က နယူးဒေလီမှာပြုလုပ်တဲ့ ချီတက်ဆန္ဒပြမှုမှာ ပြောကြားခဲ့ပါတယ်။

    သာကူရ်ဇာတ်မြင့်များ အတင့်ရဲလာခြင်း

    အိန္ဒိယနိုင်ငံအတွင်းမှာ ဒါလစ်ဇာတ်နိမ့်တွေရဲ့ နိုင်ငံရေးဆိုင်ရာ ပထမဆုံး လှုပ်ရှားမှုဟာ ၁၉၇၀ ပြည့်တွေက အူတာပရာဒက်ရှ်အနောက်ပိုင်းမှာ စတင်ခဲ့ပြီး BSP ကို တည်ထောင်ခဲ့တဲ့ ကန်ရှီရမ်က ဦးစီးခဲ့တာဖြစ်ပါတယ်။

    ပါတီရဲ့ အဓိကခေါင်းဆောင်ဖြစ်ပြီး ဒါလစ်အမျိုးသမီးတစ်ယောက်လည်းဖြစ်တဲ့ မာယာဝတီဟာ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ၄ ကြိမ်တာဝန်ထမ်းဆောင်ခဲ့ကာ နောက်ဆုံးအကြိမ်ကတော့ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်ဖြစ်ပါတယ်။ အူတာပရာဒက်ရှ်ပြည်နယ် လူဦးရေ သန်း ၂၀၀ ရဲ့ ၂၁ ရာခိုင်နှုန်းဟာ ဒါလစ်တွေပါ။

    ၁၅ နှစ်လောက် ပြည်နယ်ရဲ့ နိုင်ငံရေးကို BSP နဲ့ အခြား Samajwadi Party (SP) ပါတီတို့က လွှမ်းမိုးခဲ့ပြီး ဒါလစ်၊ မွတ်စလင်တွေလို အခြားလူနည်းစုတွေရဲ့ နိုင်ငံရေး၊ စီးပွားရေးမှာ ကိုယ်စားပြုခွင့်နည်းပါးမှုကို ဖြေရှင်းဖို့ ကြိုးစားခဲ့ပါတယ်။

    သာကူရ် ဇာတ်မြင့်တစ်ယောက်ဖြစ်တဲ့ အဒီယာနသ်ဟာ ၂၀၀၂ ခုနှစ်နောက်ပိုင်း ပထမဆုံး ဇာတ်မြင့် ပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာပါတယ်။

    “(မတ်လအတွင်း) အဒီယာနသ် (ယိုဂီ) ဟာ အူတာပရာဒက်ရှ်ရဲ့ ၀န်ကြီးချုပ်ဖြစ်လာပြီးနောက်ပိုင်း သာကူရ်တွေက ပိုပြီး အတင့်ရဲလာပါတယ်။ သူတို့ (သာကူရ်)တွေက ၂၀၀၂ ခုနှစ် BSP က အာဏာရပြီးတဲ့နောက်ပိုင်း လူရိုသေရှင်ရိုသေဖြစ်လာတဲ့ ဒါလစ်တွေကို သင်ခန်းစာပေးချင်ကြတယ်” လို့ စာရေးဆရာတစ်ယောက်ဖြ
    စ်ပြီး ဒါလစ်အရေး တက်ကြွလှုပ်ရှားသူ ကန်ချာ အီလာအီယာက ပြောကြားခဲ့ပါတယ်။

    ၁၉၄၉ ခုနှစ် အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒါလစ်တွေကို မထိရ၊ မကိုင်ရဘူးဆိုတဲ့ အယူအဆကို တရားမ၀င်လို့ ကြေငြာခဲ့ပေမယ့် ရှေးရိုးစွဲ အတွေးအခေါ်တွေနဲ့ ဇာတ်ခွဲခြားမှုစနစ်ဟာ အိန္ဒိယနိုင်ငံတစ်ဝှမ်းမှာ ပျောက်ပျက်မသွားခဲ့ပါဘူး။

    မှတ်တမ်းတွေအရ အူတာပရာဒက်ရှ်ဟာ နောက်ထပ် လူမှုပဋိပက္ခ ဖြစ်နိုင်တဲ့ နေရာဖြစ်တယ်ဆိုတာကိုလည်း မြင်နေရပါတယ်။

    ၂၀၁၅ အတွက် ထုတ်ပြန်တဲ့ အစိုးရရဲ့ အချက်အလက်တွေထဲမှာ နိုင်ငံတစ်ဝှမ်း ဇာတ်နိမ့်တွေကို စော်ကားတိုက်ခိုက်တဲ့ အဖြစ်အပျက် ၃၈၅၆၄ မှုမှာ အူတာပရာဒက်ရှ်မှာ ဖြစ်ပွားခဲ့တာက ၈၃၅၇ ခု ရှိတယ်ဆိုတာ တွေ့ခဲ့ရပါတယ်။

    ၁၉၈၉ ခုနှစ်မှာ ဖက်ဒရယ်အစိုးရဟာ အမြစ်တွယ်နေတဲ့ ဇာတ်နိမ့်၊ ဇာတ်မြင့် ခွဲခြားမှုကို ဖြေရှင်းဖို့အတွက် ဥပဒေတစ်ခုကို ပြန်ဌာန်းခဲ့ပါတယ်။ Scheduled Caste and Scheduled Tribe (Prevention of Atrocities) Act လို့ခေါ်တဲ့ အဲဒီအက်ဥပဒေဟာ ဇာတ်ကိုအခြေခံပြီး ညှမ်းပမ်းနှိပ်စက်မှုဆိုတာ ဘာကိုခေါ်လဲဆိုတာကို ပထမဆုံး အဓိပ္ပါယ်ဖွင့်ခဲ့ပါတယ်။

    နေရာတကာ လွှမ်းမိုးထားတဲ့ ဇာတ်မြင့်တွေကို ရင်ဆိုင်ဖို့ နောက်မတွန့်တဲ့ ချန်ဒရာရှီခါရ်ဟာ ဇာတ်နိမ့် လူ့အဖွဲ့အစည်းအတွက် သူရဲကောင်း ဖြစ်လာခဲ့ပါတယ်။

    ဒါလစ်တို့ရဲ့အသံများ ကျယ်လာပြီ

    ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ဒါလစ်ဇာတ်နိမ့်တွေဟာ ဂုဏ်သိက္ခာရှိတဲ့ဘ၀မျိုး ရရှိဖို့အတွက် သူတို့ရဲ့ တောင်းဆိုမှုတွေကို မြှင့်တင်လာခဲ့ပါတယ်။ နွားအသေကောင်ကို သားရေခွာမှုကြောင့် ဒါလစ်လူငယ်တစ်ဦးကို ၀ိုင်းရိုက်ခဲ့ကြပြီးတဲ့နောက် ပြီးခဲ့တဲ့နှစ်တုန်းက နိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်မှာ ဒါလစ်တွေ အကြီး
    အကျယ် ဆန္ဒပြခဲ့ကြပါတယ်။

    “ဒါဟာ ဇာတ်မြင့်တွေရဲ့ ဗိုလ်ကျမှုကို ဒါလစ်တွေက ကာကွယ်နေရတယ် ဆိုရုံတင်မဟုတ်ပါဘူး။ ဒါလစ်တွေ အဆက်မပြတ် ရင်ဆိုင်လာရတဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကို ဒါလစ်တွေက ဆန့်ကျင်တယ်ဆိုတာ ခိုင်ခိုင်မာမာ ဖော်ပြလိုက်တာလည်းဖြစ်ပါတယ်” လို့ ဂူဂျာရတ်အခြေစိုက် ရှေ့နေတစ်ဦးဖြစ်တဲ့ ဂျစ်ဂ်နက်ရှ် မီဝါနီက
    Indian Express သတင်းစာမှာ ရေးသားခဲ့ပါတယ်။ သူဟာ ဒါလစ်တွေရဲ့ အခွင့်အရေးအတွက် လှုပ်ရှားနေတဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးလည်း ဖြစ်ပါတယ်။

    လူငယ်ရှေ့နေတစ်ယောက်ဖြစ်တဲ့ မီဝါနီဟာ ပြီးခဲ့တဲ့နှစ် ဂူဂျာရတ်မှာပြုလုပ်တဲ့ ဒါလစ်တွေရဲ့ ဆန္ဒပြမှုကို ဦးဆောင်ခဲ့သူပါ။ သူဟာ Bhim Army အဖွဲ့ကို ပွင့်ပွင့်လင်းလင်း ထောက်ခံသူလည်းဖြစ်ပါတယ်။

    “တိုင်းပြည်ကို ဟိန္ဒူရက်ရှ်ထရာနိုင်င်ငံအဖြစ် ပုံစံပြောင်းချင်တဲ့ Hindutva အဖွဲ့တွေဘက်က ဆန္ဒပြင်းပြမှုဟာ သွေးထွက်သံယိုမှု၊ အကြမ်းဖက်မှုတွေကို ဦးတည်နပါတယ်။ ဆဟာရန်ပူရ်ဟာ ဒီ အစီအစဉ်ရဲ့ နောက်ထပ် ဥပမာတစ်ခုပါပဲ” လို့ မီဝါနီက ရေးသားခဲ့ပါတယ်။

    ချန်ဒရာရှီခါရ်က လက်ရှိမှာ ပုန်းအောင်နေရပေမယ့် ဆိုရှယ်မီဒီယာကိုသုံးကာ သူ့ရဲ့ ဆော်သြတိုက်တွန်းမှုတစ်ချက်က အိန္ဒိယမြို့တော်မှာ နောက်ထပ် ဆန္ဒပြမှုကြီးတစ်ခု ဖြစ်လာခဲ့ပါတယ်။

    “ကျွန်တော်တို့ရဲ့ အခွင့်အရေးကို တောင်းမယ်ဆိုရင် သူတို့က ပေးမှာမဟုတ်ပါဘူး။ ကျွန်တော်တို့က လုယူရမှာပါ” လို့ ချန်ဒရာရှီခရ်က ဆန္ဒပြမှုမလုပ်ခင် ထောက်ခံသူတွေကိုပေးပို့တဲ့ အသံဖိုင်မှာ ပြောကြားခဲ့ပါတယ်။

    ရှေ့နေတစ်ဦးဖြစ်ပြီး တက်ကြွလှုပ်ရှားသူတစ်ဦးလည်းဖြစ်တဲ့ ချန်ဒရာရှီခါရ်ရဲ့ နည်းလမ်းဟာ ထိပ်တိုက်တွေ့တာမျိုး ဖြစ်နေပေမယ့် သူကတော့ ဒါလစ်တွေရဲ့ ဒီလှုပ်ရှားမှုဟာ ‘ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ဘောင်အတွင်း’ မှာ ရှိနေမှာဖြစ်တယ်လို့ ဆိုပါတယ်။

    Ref: Aljazeera

    (Aljazeera သတင်းဌာနမှ Dalit vs Thakur: Who is behind the simmering conflict? ဆောင်းပါးကို
    လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • မိုဟာမက် ရစ်ဒ်ဝမ် (သို့) စင်ကာပူဂုဏ်ဆောင် မွတ်စလင်အားကစားသမားတစ်ဦး

    မိုဟာမက် ရစ်ဒ်ဝမ် (သို့) စင်ကာပူဂုဏ်ဆောင် မွတ်စလင်အားကစားသမားတစ်ဦး

    မေ ၃၀၊ ၂၀၁၇
    M-Media

    – ‘ရွေးချယ်ခံရသူ’ လို့ ချစ်စနိုးနာမည်ရနေတဲ့ စင်ကာပူလက်ဝှေ့သမား မိုဟာမက် ရစ်ဒ်ဝမ်ဟာ ကမ္ဘာ့အဆင့် ချန်ပီယံဘွဲ့ကို ရရှိတဲ့ စင်ကာပူနိုင်ငံရဲ့ ပထမဆုံး ပရော်ဖက်ရှင်နယ် လက်ဝှေ့သမား ဖြစ်ပါတယ်။

    အသက် ၂၉ နှစ်အရွယ် ရစ်ဒ်ဝမ်ဟာ ပြီးခဲ့တဲ့တစ်ပတ်မှာ WBA ရဲ့ ပန်အာဖရိက ချန်ပီယံ တန်ဇန်းနီးယားက ဖဒ်ဟီလီ မာဂျီဟာကို ၄ ချီမှာ အလဲထိုး အနိုင်ရပြီး UBO ရဲ့ ဆူပါဖယ်သာဝိတ်တန်း ချန်ပီယံ ဖြစ်ခဲ့တာပါ။

    “အခုအချိန်မှာ စိတ်ထဲမှာ အမျိုးမျိုး ခံစားနေရတယ်ဗျ။ ဒါပေမယ့် အရေးပါဆုံးက ပရိတ်သတ်တွေ၊ စင်ကာပူပြည်သူတွေ ဂုဏ်ယူရအောင် လုပ်ပေးနိုင်ခဲ့တဲ့အတွက် ပျော်ရွှင်တာပါ။ သိပ်ကို ထူခြားတဲ့ ခံစားမှုပါပဲ။ သူတို့ကို ဒီလိုအောင်ပွဲ ပေးနိုင်ခဲ့တဲ့အတွက် ကျွန်တာ် အရမ်းဂုဏ်ယူပါတယ်” လို့ ရစ်ဒ်ဝမ်က ပွဲအပြီးမှာ ပြော
    ကားခဲ့ပါတယ်။

    ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဘ၀မှာ ၇ ပွဲကစား ရှုံးပွဲမရှိသေးတဲ့ ရစ်ဒ်ဝမ်တစ်ယာက် ပွဲ ၂၀ နိုင်၊ ၈ ပွဲရှုံး၊ ၄ ပွဲ သရေကျထားတဲ့ အသက် ၂၃ နှစ်အရွယ် မာဂျီဟာကို ရင်ဆိုင်ရာမှာ လွယ်ကူခဲ့တာတော့ မဟုတ်ပါဘူး။

    “အစီအစဉ်က သူ့ကို တစ်ချီပြီးတစ်ချီ မောအောင်လုပ်ဖို့ပါ။ သူ မြန်တယ်ဆိုတာ ကျွန်တော့်အသင်းက သိတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က သူ့ရဲ့ ခန္ဓာကိုယ်ကို ပစ်မှတ်ထားဖို့ လျှပ်တပျက် လက်သီးတွေ ပစ်သွင်းဖို့၊ သူ့ကို ဟန်ချက်ပျက်အောင်လုပ်ဖို့ ဖြစ်ပါတယ်။ အဆင်ပြေခဲ့ပါတယ်။ စတုတ္ထအချီမှာ သူဟာ အမှားတစ်ခု လုပ်ခဲ့ပြီး အဲဒါကတော့ နောက်ဆုံး ၁၀ စက္ကန့်မှာ အားမထည့်တော့တာပါ။ ကျွန်တော်က ဒါကို အသုံးချနိုင်ခဲ့ပါတယ်” လို့ ရစ်ဒ်ဝမ်က ဆိုပါတယ်။

    နောက်ပြီး အစီအစဉ်အတိုင်း သွားမယ်ဆိုရင် နောက်ဆုံးမှာ အလဲထိုးနိုင်မယ်ဆိုတာ အသင်းက သိနေကြောင်းလည်း သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ပြည်သူတွေရဲ့ အားပေးမှုကလည်း သူ့ကို ယုံကြည်မှု ပိုရှိလာစေကြောင်း ရစ်ဒ်ဝမ်က ဖွင့်ဟခဲ့ပါတယ်။

    “ပရိတ်သတ်က တော်တော်လေး အံ့သြစရာကောင်းပါတယ်။ သူတို့ဟာ ကွန်ပျူဂိမ်းကစားနေသလိုပဲ ‘နောက်ထပ်တစ်ချက်လောက်’ ဆိုပြီး အဆက်မပြတ် အော်နေကြပါတယ်။ ဒါက ကျွန်တော့်ရဲ့ အစီအစဉ်အတိုင်း ရှေ့ဆက်ဆောင်ရွက်ဖို့ အွန်းအားဖြစ်စေခဲ့ပြီး ပြိုင်ဘက်အပေါ် နိုင်လိုစိတ်တွေ၊ ဖိအားတွေ ပိုပေးဖို့လည်း
    အကူအညီ ဖြစ်စေခဲ့ပါတယ်။ ပရိတ်သတ်တွေရဲ့ အားပေးမှုက ပြိုင်ပွဲတစ်လျှောက်လုံး ကျွန်တော့်ကို အားဖြစ်စေခဲ့ပါတယ်”

    ရစ်ဒ်ဝမ်ဟာ ဆီးဂိမ်းမှာ ကြေးတံဆိပ် ၃ ခု ရရှိထားသူဖြစ်ပြီး အခု WBO ဆူပါဖယ်သာဝိတ် ခါးပတ်ဟာ ပြီးခဲ့တဲ့ ၇ ပတ်အတွင်း ဒုတိယအကြိမ်မြောက် ရရှိတဲ့ ကမ္ဘာ့အဆင့် အောင်ပွဲဖြစ်ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်က ရစ်ဒ်ဝမ်ဟာ အင်ဒိုနီးရှားက ၀ါလ်ဒို ဆာဘူကို အနိုင်ယူပြီး WBA ရဲ့ အာရှ ဆူပါဖယ်သာဝိတ် ချန်ပီယံဘွဲ့ကို ဆွတ်ခူးခဲ့ပါတယ်။

    “အခု ကျွန်တော် ခဏနားမယ်။ ပလာတာနည်းနည်း စားမယ်။ နောက်ထပ်ဘာလုပ်ရမလဲဆိုတာ ကျွန်တော့်မန်နေဂျာ၊ နည်းပြနဲ့ ဆွေးနွေးမယ်။ အရှေ့မှာ ပွဲပြီးပွဲကောင်းတွေ၊ အောင်မြင်မှုတွေ ထပ်ရှိနေမယ်လို့ မျှော်လင့်ပါတယ်” လို့ ရစ်ဒ် ၀မ်က ပြောကြားခဲ့ပါတယ်။

    ရစ်ဒ်ဝမ်ဟာ လက်ဝှေ့လောကကနေ အနားယူမယ်ဆိုတဲ့ အတွေးမျိုးလည်း ၀င်ခဲ့ပြီး ဒီလောကမှာ ဆက်လက်ရပ်တည်နိုင်ခဲ့တဲ့အတွက် ပျော်ရွှင်မိတယ်လို့လည်း ဆိုပါတယ်။

    “အားကစားလောကမှာ ဆက်ရှိနေတဲ့အတွက် ကျွန်တော် တော်တော်လေး ပျော်ရွှင်ပါတယ်။ (အရင်က) လက်ဝှေ့ဆက်ထိုးရမလား၊ နားရမလားဆိုတဲ့ အတွေးတွေနဲ့ နေ့တိုင်း လုံးပမ်းရဖူးပါတယ်။ လူတိုင်းရဲ့ အားပေးမှု၊ PSB Academy ရဲ့ စပွန်ဆာပေးမှု၊ အဖွဲ့သားတွေရဲ့ ကူညီမှုနဲ့ ကြီးကျယ်တဲ့ ခရီးတစ်ခုကို လျှောက်လှမ်းနိုင်ခဲ့ပြီး အောင်မြင်မှုတွေ ထပ်ရမယ်လို့လည်း မျှော်လင့်ပါတယ်”

    Ref : CNA

  • ပူတင်မှာ IS ထက် ကြောက်စရာကောင်းသည်ဟု ကန် အထက်လွှတ်တော်အမတ် ပြော

    ပူတင်မှာ IS ထက် ကြောက်စရာကောင်းသည်ဟု ကန် အထက်လွှတ်တော်အမတ် ပြော

    မေ ၃၀၊ ၂၀၁၇
    M-Media

    – ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်မှာ IS အဖွဲ့ထက် ပို၍ ကြောက်စရာကောင်းသည်ဟု အမေရိကန် အထက်လွှတ်တော်မှ သြဇာရှိ ရီပက်ဘလစ်ကန်အမတ် ဂျွန်မက်ကိန်းက ယမန်နေ့တွင် ပြောကြားလိုက်သည်။

    သြစတေးလျ ရုပ်သံ ABC နှင့် အင်တာဗျူးတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ရုရှားမှာ ‘ဒီမိုကရေစီ၏ အခြေခံကို ဖျက်ဆီးရန်’ ကြိုးစားနေသည်ဟုလည်း စွပ်စွဲခဲ့သည်။

    “IS က ဆိုးဆိုးဝါးဝါးအလုပ်တွေ လုပ်နိုင်တယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမယ့် ရုရှားက ဒီမိုကရေစီရဲ့ အခြေခံကို ဖျက်ဆီးဖို့နဲ့ အမေရိကန်ရွေးကောက်ပွဲရဲ့ ရလဒ်ကို ပြောင်းလဲဖို့ ကြိုးစားခဲ့တာပါ” ဟု မက်ကိန်းက ဆိုသည်။

    သို့သော်လည်း ၎င်းတို့ အောင်မြင်သည်ဆိုသည့် အထောက်အထားကို မတွေ့ရကြောင်း၊ နောက်ထပ်လည်း ထိုသို့ ရွေးကောက်ပွဲရလဒ်များကို ပြောင်းလဲရန် ကြိုးစားမည်ဖြစ်ကြောင်း၊ ထို့ပြင် ပြင်သစ်ရွေးကောက်ပွဲရလဒ်ကို လွှမ်းမိုးစေရန်လည်း ကြိုးစားခဲ့ကြောင်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

    ပူတင်ကလည်း ယမန်နေ့တွင် ပြင်သစ်သမ္မတ အီမန်နျူယဲလ် မာခရွန်နှင့် တွေ့ဆုံခဲ့ပြီး ပြင်သစ်ရွေးကောက်ပွဲတွင် မိမိတို့ ၀င်ရောက်စွက်ဖက်မှုမရှိကြောင်း၊ ရွေးကောက်ပွဲမတိုင်ခင် လက်ယာစွန်းသမ္မတလောင်း လီပန်နှင့် တွေ့ဆုံခြင်းမှာ ရွေးကောက်ပွဲကို လမ်းကြောင်းလွှဲရန် ကြိုးစားခြင်းမဟုတ်ကြောင်း မာခရွန်အားေ
    ပြာကြားခဲ့သည်။

    ရုရှားက ယူကရိန်းပြဿနာတွင် ပါဝင်မှုအတွက်လည်း မက်ကိန်းက ဝေဖန်ခဲ့ပြီး အမေရိကန်က ပိတ်ဆို့မှုများဖြင့် ရုရှားကို တုန့်ပြန်ရမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Haaretz.com

  • ရမ်ဇာန်ဥပုသ်လကို ဟောလီးဝုဒ်မင်းသားက ဘယ်လိုမြင်လဲ

    မ ၃၀၊ ၂၀၁၇
    M-Media
    – The Fast and the Furious၊ XXX ရုပ်ရှင်ဇာတ်ကားတွေအပါအ၀င် ဟောလီးဝုဒ်ဇာတ်ကား တော်တော်များများမှာ အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့တဲ့ နာမည်ကြီးမင်းသား ဗင်ဒီဇဲလ်က မွတ်စလင်တွေရဲ့ ရမ်ဇာန်ဥပုသ်လနဲ့ပတ်သက်ပြီး သူ့ရဲ့ အမြင်ကို ဒီဗီဒီယိုအတိုလေးမှာ ပြောပြထားပါတယ်။